Hmaw Nat Tha Mee
09/06/2025
အမျိုးသားတွေ မကြာခဏ လွဲမှားစွာ နားလည်တတ်ကြတဲ့ အချက်တစ်ခုရှိတယ် -
အမျိုးသမီးတစ်ယောက်က ချစ်တဲ့အခါ
တစ်ဝက်တစ်ပျက်ချစ်တာမဟုတ်ဘူး။
သူမ ရတဲ့အချစ်တွေကို ပြန်ပေးတယ်၊
ဒါတင်မကသေးဘူး ပိုတောင်ပေးတတ်ပါတယ်။
အမျိုးသမီးတစ်ယောက်ရဲ့ နှလုံးသားဟာ ပဲ့တင်သံတစ်ခုလို၊ စွမ်းအင်တွေရဲ့ ရောင်ပြန်ဟပ်မှုတစ်ခုလိုပါ။
သူမဟာ ယောက်ျားတစ်ယောက်ရဲ့ စကားလုံးတွေ၊
အပြုအမူတွေ၊ အသံအနေအထား၊ ရည်ရွယ်ချက်တွေကို scanဖတ်ပြီး ဒါတွေအားလုံး တစ်သားတည်းဖြစ်လာချိန်မှာ၊ သူမလည်း အလားတူ ရောင်ပြန်ဟပ်ပေးပါတယ်။
တစ်ခါတစ်လေ အဲဒီပြန်ဟပ်မှုမှာ နူးညံ့မှု၊ နွေးထွေးမှု၊
သစ္စာရှိမှု၊ စိတ်ချမ်းသာမှုတွေ ပေါ်လာတတ်ပါတယ် အမျိုးသားအတွက် နှလုံးသား အေးချမ်းစရာ
နေရာတစ်ခုပေါ့။
တစ်ခါတစ်လေကျတော့လည်း
အဲဒီပြန်ဟပ်မှုက တိတ်ဆိတ်မှု၊
ကွာဝေးမှု တွေ တိတ်တဆိတ် ပိတ်လိုက်တဲ့
တံခါးတစ်ချပ်လိုတွေ ဖြစ်သွားတတ်တယ်ပါ။
သူမဟာ အငြိုးထားတာမဟုတ်သလို၊
လက်စားချေတာမျိုးလည်း မဟုတ်ဘူး။
သူမက မှန်တစ်ချပ်လိုပါပဲ။
သင်ကိုယ်တိုင် သူမကို ပေးခဲ့တဲ့အရာကိုပဲ
သူမက ပြန်ပြီး ရောင်ပြန်ဟပ်ပေးတာပါ။
ဥယျာဉ်လေးတစ်ခု လိုချင်လား? ပြုစုပျိုးထောင်ပေးပါ။
ချစ်ခြင်းမေတ္တာ လိုချင်လား? သူမကို ချစ်ပေးပါ။
သစ္စာရှိမှု့ လိုချင်လား?
သူမ ယုံကြည်စိတ်ချရတဲ့သူတစ်ယောက် ဖြစ်အောင်နေပါ။
အေးချမ်းစွာနေတတ်ပြီး ကြင်နာတတ်တဲ့၊
သစ္စာရှိတဲ့ အမျိုးသမီးတစ်ယောက် သင့်ဘေးမှာရှိနေရင်၊
သင် ကံကောင်းတာမဟုတ်ပါဘူး -
သင်ကိုယ်တိုင် တည်ဆောက်ထားတဲ့အရာပါ။
တကယ်လို့ သူမဟာ အေးစက် နေမယ်၊
စိုးရိမ်နေမယ် ဒါမှမဟုတ် သင့်ဘေးမှာ
မရှိတော့ဘူးဆိုရင်လည်း အဲဒါက ပဟေဠိမဟုတ်ပါဘူး။
သင်ကိုယ်တိုင်ပဲ အဲဒီလိုဖြစ်အောင် ပုံသွင်းခဲ့တာပါ။
သူမကို လေ့လာပါ... တကယ့်ကို သေသေချာချာ
နားလည်အောင်ကြည့်ပါ။
ဘာလို့လဲဆိုတော့ သူမဟာ
သင့်ရဲ့အဖော်သက်သက်မဟုတ်ပါဘူး။
သူမဟာ သင့်ရဲ့ ရောင်ပြန်ဟပ်မှုပါ။
🥰🥰🥰🥰Credit
07/06/2025
Peace Be Upon You
Peach and blessings of Allah be upon you! 🌷🌷
Eid Mubarak to you all! 🌸🌸
Eid-ul-Adha 2025!
Pray & Wish For All 🤲🤲🤲🤲🤲, Many With Love 🤍🤍🤍🤍🤍.
🌬🌬🌬🌬🌬
19/09/2024
🚨🚨🚨🚨🚨
ရေကြီးနေချိန် သတိပြုရမည့်အချက်များ
September 13th, 2024
18/09/2024
17/04/2024
"နှစ်သစ်ဆုတောင်း"
တင်မိုး
အမြင်ကျဉ်းမြောင်း
စိတ်ကျဉ်းမြောင်း၍
တွင်းအောင်းရသည့်ဘဝမှ လွတ်ပါစေ။ ။
စိတ်ဓာတ်သေးနုပ်
ဉာဏ်သေးနုပ်၍
ချုပ်ချယ်မှုအမျိုးမျိုးမှ လွတ်ပါစေ။ ။
တို့အချင်းချင်း
ခေါင်းထက်နင်း၍
သိမ်ဖျင်းလုပ်ဇာတ်
စိတ်ယုတ်ပတ်နှင့်
ပုတ်ခတ်ကြသည့်ဘဝမှ လွတ်ပါစေ။ ။
သူက မမှန်
ငါက မှန်ဟု
တယူသန်စွဲ
စိတ်သေးဖွဲနှင့်
ငရဲဘဝမှလည်း လွတ်ပါစေ။ ။
သူ့ဂုဏ်ကိုချ
ကိုယ့်ဂုဏ်ပြကာ
မာန စကား
တဖွားဖွားနှင့်
အမှားကမ္ဘာမှလည်း လွတ်ပါစေ။ ။
မကောင်းမှု ခင်
ကောင်းမှု ကြဉ်သည့်
ဉာဉ်ဆိုးဉာဉ်မိုက်
မီးပုံမြိုက်၍
ငိုရှိုက်ရခြင်းမှလည်း လွတ်ပါစေ။
နှစ်သစ်မြတ်ဆု
ဤကောင်းမှုကြောင့်
သာဓု သာဓု ခေါ်စေသောဝ်။ ။
#ကဗျာဆရာ_တင်မိုး
Click here to claim your Sponsored Listing.
Category
Website
Address
Yangon