Future Stars Football Training

Future Stars Football Training

Share

Photos from Future Stars Football Training's post 02/06/2026

🌱 ကလေးတို့ရဲ့ ပြုံးပျော်သံတွေနဲ့ ပြည့်နှက်ခဲ့တဲ့ အခမဲ့ နွေရာသီ သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲ 🏆🏅

​ရန်ကုန်တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်၊ Yangon City FC နှင့် Future Stars Football Training တို့ ပူးပေါင်းဖွင့်လှစ်ခဲ့တဲ့ တောင်ဥက္ကလာပမြို့နယ်၊ မြသီတာဘောလုံးကွင်းက "အခမဲ့နွေရာသီဘောလုံးသင်တန်း" လေး အောင်မြင်စွာ ပြီးမြောက်လို့ သင်တန်းဆင်းပွဲနဲ့ ဆုပေးပွဲလေး ကျင်းပခဲ့ပါတယ်။ ⚽✨

​အခြေခံကစပြီး စနစ်တကျ သင်ယူချင်တဲ့ ကလေးငယ် ၅၀ ကျော်ကို အဓိကထား သင်ကြားပေးခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့ April နဲ့ May (၂) လတာအတွင်းမှာ အသက် (၈) နှစ်ကနေ (၁၄) နှစ်အရွယ်ရှိတဲ့ မျိုးဆက်သစ်ကစားသမားလေး ၅၀ ကျော် ဟာ အခြေခံဘောလုံးပညာရပ်တွေကို စိတ်အားထက်သန်စွာ လေ့လာသင်ယူခဲ့ကြပါတယ်။ 🏃‍♂️

​🏆 ဂုဏ်ယူဖွယ်ရာ ဆုပေးပွဲအခိုက်အတန့် -
သင်တန်းဆင်းပွဲမှာ တစ်ဦးချင်း ထူးချွန်ဆုရရှိသူတွေကိုလည်း ဂုဏ်ပြုဆုတံဆိပ်တွေ၊ သင်တန်းဆင်းလက်မှတ်တွေကို ကလေးတို့ရဲ့ ရင်ထဲမှာ စိတ်ဓာတ်ခွန်အားဖြစ်စေဖို့အတွက် ပျော်ရွှင်စရာကောင်းစွာ ချီးမြှင့်ပေးအပ်ခဲ့ကြပါတယ်။ 🎖️⭐

​🤝 အထူးကျေးဇူးတင်ရှိလွှာ -
ဒီသင်တန်းလေး အောင်မြင်စွာ ဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီပေးကြတဲ့ -
🔹 ရန်ကုန်တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ် နှင့် Yangon City FC
🔹 လှပတဲ့ ဂျာစီများ ပံ့ပိုးပေးသော LA Pharma နှင့် Olympic Sports Collection တို့ကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။
🔹 ဒါ့အပြင် အားတက်သရော လာရောက်လေ့ကျင့်ကြတဲ့ ကလေးတွေ၊ ယုံကြည်စွာ ပံ့ပိုးပေးတဲ့ မိဘတွေနဲ့ စိတ်စေတနာအပြည့်နဲ့ သင်ကြားပေးခဲ့ကြတဲ့ နည်းပြဆရာများ အားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ 🙏❤️

​✨ အောင်မြင်မှု ခြေလှမ်းများ -
ယခုနှစ် ၂၀၂၆ နွေရာသီကျောင်းပိတ်ရက်ကာလမှာ အခမဲ့နွေရာသီဘောလုံးသင်တန်း တန်းခွဲ (၂) ခုကို A&T Football Training Centre နဲ့ မြသီတာဘောလုံးကွင်းများမှာ ဖွင့်လှစ်ပြီး ကလေးငယ်ပေါင်း ၁၅၀ ကျော်ကို အခမဲ့ သင်ကြားပေးခဲ့ပြီးဖြစ်ပါတယ်။ 💯🌟

​နောင်နှစ်တွေမှာလည်း ဒီထက်ပိုကောင်းတဲ့ အစီအစဉ်တွေ၊ ပိုမိုပြည့်စုံတဲ့ ပြင်ဆင်မှုတွေနဲ့ အခမဲ့သင်တန်းတွေကို ထပ်မံဖွင့်လှစ်ပေးနိုင်ဖို့ FSFT က ဆက်လက်ပြီး အတတ်နိုင်ဆုံး ကြိုးစားသွားပါမယ်။ 🥰

​📍 FSFT ၏ ပုံမှန်တန်းခွဲများ
နွေရာသီသင်တန်းတွေ ပြီးဆုံးသွားပေမယ့်လည်း ကလေးတို့ရဲ့ ဘောလုံးအိပ်မက်တွေကို ဆက်လက်အကောင်အထည်ဖော်ဖို့အတွက် FSFT ရဲ့ ပုံမှန်တန်းခွဲများကို ရန်ကုန်မြို့တစ်ခွင်ရှိ မိုးလုံလေလုံကွင်းများနှင့် မြက်ခင်းတုကွင်းများမှာ တန်းခွဲ (၁၂) ခု ဖြင့် တစ်နှစ်ပတ်လုံး ပုံမှန်ဖွင့်လှစ်သင်ကြားပေးနေပါတယ်။ 🏟️👟

​☎️ အသေးစိတ်စုံစမ်းရန်: 09405276076

​

Photos from Future Stars Football Training's post 29/05/2026

⚽️ THIRD PLACE MATCH MEMORIES ⚽️

Future Stars U15 Tournament ရဲ့
တတိယနေရာလုပွဲဆိုပေမယ့်…
Intensity ကတော့ Final အတိုင်းပါပဲ 🔥

⏱️ နောက်ဆုံးမိနစ်အထိ အရှုံးမပေးတဲ့ Fighting Spirit
⚡️ ရင်ခုန်သံမြန်စေတဲ့ Last minute Goals တွေ
🌧️ မိုးသည်းသလောက် ဂိုးမိုးတွေရွာခဲ့တဲ့ အကြိတ်အနယ်ရှိတဲ့ပြိုင်ပွဲ

တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် တိုက်စစ်ဆင်ကစားကြပြီး ပရိသတ်တွေပါ ထိုင်မရလောက်အောင် Exciting ဖြစ်ခဲ့တဲ့ Third Place Match Memories တွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် 📸🔥

ဒီပွဲကတော့
🥅 Goals
💥 Passion
⚔️ Competition
👏 Team Spirit
အားလုံးပြည့်စုံခဲ့တဲ့ လူငယ်ဘောလုံးပွဲကောင်းတစ်ပွဲပါပဲ ⚽️🏆

ဘယ် Goal က အမိုက်ဆုံးလဲ 👀🔥

Photos from Future Stars Football Training's post 28/05/2026

🔥 MOST EXCITING FINAL MATCH MOMENTS 🔥

Future Stars U15 Tournament Final ပွဲစဉ်ကြီးကတော့ အသက်ရှူမှားလောက်အောင် ရင်ခုန်စရာ Moment တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ် ⚽️💥

မိုးရေစက်တွေအောက်မှာ အကြိတ်အနယ်ယှဥ်ပြိုင်ရင်း ...
💨 အမြန်နှုန်းပြင်းတဲ့ Counter Attack တွေ
🎯 အံ့အားသင့်စေတဲ့ Goals တွေ
🧤 Incredible Saves တွေ
🔥 အရှုံးမပေးတဲ့ Fighting Spirit တွေ
👏 ပရိသတ်တွေရဲ့ အားပေးသံတွေ…

Final Match တစ်ပွဲလုံးက လူငယ်ဘောလုံးသမားလေးတွေရဲ့ Passion, Teamwork နဲ့ Winning Mentality ကို အပြည့်အဝ မြင်တွေ့ခဲ့ရတဲ့ ပွဲကြီးတစ်ပွဲပါ 🏆

ဒီနေ့ရဲ့ Most Exciting U15 Final Match Moments တွေကို Future Stars Family တွေ အတွက် တင်ဆက်ပေးလိုက်ပါတယ် 📸⚡️🔥

တတိယလုပွဲ၊ ဆုပေးပွဲနဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ Moments တွေကိုလည်း ဆက်လက် တင်ဆက်ပေးသွားမှာမို့...

နောက်ရက်တွေမှာလည်း စောင့်မျှော်အားပေးကြပါအုံးနော် 😘🤗

Photos from Future Stars Football Training's post 26/05/2026

⚽️ AFC Grassroots Football Day 2026 အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့တဲ့
🏆 Future Stars U15 Tournament 2026

AFC Grassroots Football Day 2026 ကို ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် Future Stars U15 Tournament ပြိုင်ပွဲလေးကို သုဝဏ္ဏဘောလုံးကွင်းတွင် အောင်မြင်စွာ ကျင်းပခဲ့ပါတယ် 🔥

U15 လူငယ်ဘောလုံးသမားလေးတွေဟာ
💥 တက်တက်ကြွကြွ ယှဉ်ပြိုင်ကစားကြပြီး
⚡ လှပတဲ့ သွင်းဂိုးတွေ
⚡ အားမာန်အပြည့်နဲ့ Team Work တွေ
⚡ တိုးတက်လာတဲ့ ဘောလုံးစွမ်းရည်တွေကို မြင်တွေ့ရတာ တကယ်ကို အားရစရာပါပဲ 🙌

ဘောလုံးပြိုင်ပွဲတွေက ကလေးတွေအတွက်
✅ Confidence တိုးလာစေတယ်
✅ Teamwork နဲ့ Discipline ကို သင်ယူစေတယ်
✅ Match Experience ရရှိစေပြီး
✅ Winning Mentality နဲ့ Fighting Spirit ကို တည်ဆောက်ပေးတယ်
✅ Football Skill နဲ့ Game Understanding ပိုမိုတိုးတက်လာစေတယ် ⚽️🔥

အနာဂတ်ရဲ့ကြယ်ပွင့်လေးတွေဖြစ်တဲ့ Future Stars လေးတွေ ကြိုးစားယှဉ်ပြိုင်ကစားနေတဲ့ Future Stars U15 Tournament ပုံရိပ်လေးတွေကို အားပေးကြည့်ရှုကြပါအုံး ❤️📸

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00