Kick Spot
09/09/2025
` အင်္ဂလန်နဲ့ပွဲမှာ လူမျိုးရေးမခွဲခြားဖို့လိုတဲ့ ဆားဘီးယားပရိသတ် ‘
ဆားဘီးယားဘောလုံးအဖွဲ့ချုပ်က သူ့တို့အသင်းပရိ သတ်တွေကို အင်္ဂလန်အသင်းနဲ့ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ လူမျိုးရေးခွဲခြားတာတွေထပ်မလုပ်ဖို့ ပရိသတ်တွေကိုသတိပေးထားပါတယ်။ အရင်အန်ဒိုရာနဲ့ ကစားခဲ့တဲ့ပွဲမှာ လူမျိုးရေးခွဲခြားတဲ့အပြုမူတွေကြောင့် အိမ်ကွင်းပရိသတ် ၁၅% လျော့ချပြီး အရေးယူခံထားရပါတယ်
ဆားဘီးယားဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ သူတို့အသင်းပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားတဲ့အပြုမူတွေကြောင့် ပြီးခဲ့တဲ့ ၅နှစ်အတွင်းမှာပဲ FIFA နဲ့ UEFA ကိုဒါဏ်ငွေ ပေါင် ၆၀၀၀၀၀ ကျော်အထိဆောင်ခဲ့ရကြောင်း ထုတ်ပြန်ထားပါတယ်။အခုတစ်ကြိမ်ထပ်ပြီး ပြစ်ဒါဏ်ချမှတ်ခံရရင်တော့ အိမ်ကွင်းမှာပရိသတ်မပါပဲ ကစားရတော့မှာပါ
31/08/2025
` VAR ဒိုင်လူကြီးလဲလိုက်ရတဲ့ Super Sunday ရဲ့ လီဗာပူးလ်-အာဆင်နယ် ပွဲစဉ် ‘
ဒီတစ်ပတ်ရဲ့အကောင်းဆုံးပွဲစဉ်အတွက် ဒိုင်လူကြီးအဖွဲ့အစည်း PGMOL ကမူလစီစဉ်ထားတဲ့ VAR ဒိုင်လူကြီး `အတ်ဒ်ဝဲလ်’ ကို `ဂျွန်ဘရွတ်’နဲ့အစားထိုးလိုက်ပါတယ်။ အကြောင်းရင်းကတော့ စနေနေ့က ကစားခဲ့တဲ့ ချယ်လ်ဆီး-ဖူလ်ဟမ် ပွဲမှာ ဖူဟမ်လ်အသင်းရဲ့သွင်းဂိုးကို မပေးပဲ VAR ကြည့်ပြီးပြန်ဖျက်လိုက်လို့ပါပဲ
အဲ့ဒီ့မှားယွင်းတဲ့ဆုံးဖြတ်ချက်ကို ပရိသတ်တွေကအပြင်း အထန်ဝေဖန်ခဲ့တာကြောင့် ဒိုင်အကြီးအကဲ `ဟောင်းဝက်ဒ်ဝပ်’ ကိုယ်တိုင် ဖူလ်ဟမ်အသင်းကို လူသိရှင်ကြားတောင်းပန်ခဲ့ရပါတယ်။ EPL ဘက်ကတော့သူတို့ဟာ ဘယ် လောက်အထိ ပွင့်လင်းမြင်သာမှုရှိပြီး ဘက်မလိုက်ကြောင်းကို သက်သေပြချင်နေပုံရပါတယ်
24/08/2025
` အထင်ကြီးစရာ ကျောင်းသားလေးတစ်ယောက်ရဲ့ ခြေစွမ်း ‘
အရံခုံကနေလူစားဝင်ခြေစွမ်းပြပြီး နောက်ကျပင်နယ်တီတစ်လုံး ယူပေးနိုင်ခဲ့တဲ့ သူကတော့ ၁၅နှစ်အရွယ် ကစားသမားလေး ဒေါင်းမန်းပါ။ ဒီအသက်ရွယ်လေးနဲ့ တည်ငြိမ်တဲ့ အထင်ကြီးစရာခြေစွမ်းကြောင့် စီနီယာ ဒါဏ်ရာရ ကစားသမားတွေများနေတဲ့ အချိန်မှာ နည်းပြအာတေတာတစ်ယောက် အသက်ရှူချောင်သွားရပါတယ်
လွန်ခဲ့တဲ့တစ်လကမှကျောင်းတက်နေဆဲ ကျောင်းသားလေးဟာ အခုလိုခြေစွမ်းပြနိုင်မယ်လို့ ဘယ်သူမှမထင်ထားပါဘူး။ ဟားဗတ်ဇ် ၊ အိုဒီဂတ်နဲ့ ဆာကာတို့ ဒါဏ်ရာရနေချိန်မှာ ကစားချိန်ပိုရမယ့် ဒေါင်းမန်းဟာ ဘယ်လောက်ထိသင်ယူနိုင်မလဲ နည်းပြအာတေးတားရဲ့အာရုံကို ဘယ်လောက်ဖမ်းစားနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ
23/08/2025
` ပိုင်ရှင်နဲ့နည်းပြအခွါအပြဲကြားက နော်တင်ဟမ်ဖောရက်စ် ‘
နည်းပြ`ဆန်းတို့စ်’နဲ့ ပိုင်ရှင်`မယ်ရီနားကစ်’တို့နှစ်ယောက် ရဲ့ဆက်ဆံရေးဟာ မနှစ်ကလိုကောင်းမွန်မနေတော့ပဲအကွဲအပြဲဇတ်လမ်းတွေစလာပါပြီ။ အသင်းရဲ့သတင်းစာ ရှင်းလင်းပွဲမှာလဲ နည်းပြဆန်းတို့စ်က ပြသနာတွေရှိနေလို့သာ ကောလဟာလ ထွက်လာရတာဆိုပြီး သူတို့နှစ်ဦးကြားက အဆင်မပြေမှုကို အတည်ပြုပေးသွားပါတယ်
၁၉၉၆ခုနှစ်နောက်ပိုင်း ဥရောဝင်ခွင့်ပြန်ရခဲ့လို့ ဇွန်လကမှ နည်းပြကိုဆန်းတို့စ်ကို သုံးနှစ်သက်တမ်းတိုးထားတာဖြစ်ပါတယ်။ ပိုင်ရှင်နဲ့နည်းပြကြားမှာ ဒီလိုပြသနာတွေတက်နေတာ အသင်းအတွက်တော့ မကောင်းပါဘူး။ စပါးနည်းပြဟောင်း `ပိုစတီကိုဂလူ’ကို ပိုင်ရှင်တွေဘက်မျက်စိကျနေပြီး `ဆန်းတိုစ့်နေရာမှာ အစားထိုးဖို့လျာထားပါတယ်
20/08/2025
` အရန်ခုံက ရိုဒရီဂို Premier League ကိုပြောင်းတော့မလား ‘
ရီးရဲလ်အသင်းနဲ့ အိုဆာဆူနာတို့ ကစားခဲ့တဲ့လာလီဂါအဖွင့်ပွဲစဉ်မှာ ပွဲထွက်ခွင့်မရပဲ အရန်ခုံမှာသာထိုင်ခဲ့ရတဲ့ ရိုဒရီဂိုဂိုတစ်ယောက် Premier league အသင်းတွေနဲ့သတင်းတွေ ပြန်ထွက်လာပါတယ်။ နည်းပြအလွန်ဆိုကတော့ ၂၄နှစ်အရွယ်ဒီကစားသမားကို အသင်းဘက်ကလိုအပ်နေဆဲပါပဲလို့ ပြောကြားထားပါတယ်
ဒါပေမယ့် ဘာပေ ၊ ဗီနီနဲ့ ဘယ်လင်ဂမ်တို့ ၃ယောက်အတွဲကြောင့်ဆက်နေမယ်ဆိုရင်တောင် ရိုဒရီဂိုတစ်ယောက်နေရာတစ်နေရာရဖို့ မလွယ်ပါဘူး။ ရီးရဲလ်အသင်းကတော့ ရိုဒရီဂိုအတွက် ယူရိုသန်း၁၀၀ တောင်းဆိုထားပြီး လောလောဆယ် တရားဝင်ဆက်သွယ်လာတဲ့ အသင်းတွေတော့မရှိသေးပါဘူး
20/08/2025
` ခြေပျက်လို့ကောင်းနေဆဲ အက်သလက်တီကို ‘
ပြီးခဲ့တဲ့နှစ် Champions League မှာရီးရဲယ်ကို ပင်နယ်တီနဲ့ရှုံးခဲ့ပြီးကတည်းက ခြေပျက်သွားတဲ့ အက်သလက်တီကို အသင်းဟာ အခုချိန်အထိ လမ်းကြောင်းမှန်ပေါ် ပြန်မရောက်သေးပါဘူး။ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း အုပ်စုအဆင့်ကနေ အရှက်ကွဲပြီးထွက်ခဲ့ရပါသေးတယ်
လက်ရှိတစ်နှစ်လစာပေါင် ၂၅သန်းရနေပြီး ကမ္ဘာ့လစာအများဆုံးရတဲ့ နည်းပြတွေထဲကတစ်ယောက်ဖြစ်တဲ့ ဆီမြွန်နီဟာ ပြီးခဲ့တဲ့နှစ်ကစပြီး ဂျူလီယန် အဲဗရက်စ်တို့လိုစိတ်ကြိုက်ကစားသမားတွေ ခေါ်ထားခဲ့ပေမယ့် သူတို့ရဲ့ခြေစွမ်းကာင်းနဲ့လိုက်မယ့် ကစားကွက်ကိုရှာမတွေ့သေးပါဘူး
လာလီဂါပွဲစဉ်အစမှာလည်း ရာသီကြိုပြင်ဆင်မှု ပေါင်၆ သန်းပဲသုံးထားတဲ့အက်စပန်ညိုကို ၂-၁ နဲ့ရှုံးထားလို့ အချိန်မှီအသင်းကိုလမ်းကြောင်းမှန်ပေါ်ပြန်မပို့ပေးနိုင်ရင်တော့ သက်တော်ရှည်နည်းပြ ဆီမြွန်နီရဲ့လည်း ရာထူးကနေ ထုတ်ပယ်ခံရမှာပါ
Click here to claim your Sponsored Listing.
Category
Website
Address
11111
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |
| Sunday | 09:00 - 18:00 |