NET AGE

NET AGE

Share

28/03/2026

ကြိုးရှုပ်‌တာတွေ ၊ Wireless Connection မကောင်းလို့ Lag တာတွေ ၊ ဒီ အချက်တွေက Gamer တစ်ယောက်အတွက် တော့ အတော်လေး စိတ်ရှုပ်စရာကောင်းပါတယ် ။

ဒီလိုပြဿနာတွေကင်းဝေးဖို့အတွက်ဆိုရင်တော့ Rapoo V600SE လို Gaming Pad ကောင်းကောင်းတစ်ခုတော့ ရှိဖို့လိုပါတယ်

Rapoo V600SE Gaming Pad ကို‌ရွေးချယ်သင့်တဲ့ အချက်‌တွေက ...

📶 Wireless Mode & Wire Mode

- 2.4GHz Wireless နဲ့ (၁၀) မီတာအထိ အဝေးကနေ အေးဆေးဆော့လို့ရသလို၊ Type-C ကြိုးနဲ့ တိုက်ရိုက်ချိတ်ဆော့မယ်ဆိုရင်လည်း Lag တာမျိုး လုံးဝမရှိပါဘူး။

🔋 နာရီပေါင်းများစွာ Non-stop ဆော့

- 600mAh ဘက်ထရီ ပါဝင်လို့ တစ်ခါအားသွင်းထားရုံနဲ့ (၁၀) နာရီကနေ (၁၅) နာရီအထိ အသုံးခံပါတယ် ။

📳 Realistic Vi****or

- Dual Vibration Motors ပါဝင်တာကြောင့် ဂိမ်းထဲက Action တွေထဲကအတိုင်း တကယ်ဖြစ်‌နေသလိုကိုယ့်လက်ထဲမှာ ခံစားရစေမှာပါ။

🕹 Support Device

- Windows PC ဖြစ်ဖြစ်၊ Android ဖုန်းဖြစ်ဖြစ် အလွယ်တကူ ချိတ်ဆက်ကစားနိုင်ပါတယ့်အပြင် X/D/A mode တွေပြောင်းပြီး PS3 မှာပါ သုံးလို့ရပါသေးတယ်။)

🎯 သက်သောင့်သက်ရှိတဲ့ Design အပိုင်း

လက်ချွေးထွက်လို့ ချော်တာမျိုးမဖြစ်အောင် ဖန်တီးပေးထားတဲ့အပြင် ခလုတ်တွေကလည်း နှိပ်လိုက်တာနဲ့ ချက်ချင်းတုံ့ပြန်ပေးနိုင်စွမ်းရှိပါတယ် ။

ဒါ‌ကြောင့်စျေးနှုန်းလည်း သင့်တင့်ပြီး စွမ်းဆောင်ရည်လည်း ရှယ်ကောင်းတဲ့ Gamepad တစ်လုံးရှာနေတယ်ဆိုရင်တော့ Rapoo V600SE ကို သေချာပေါက် စမ်းသုံးကြည့်သင့်ပါတယ် ဗျ ။

ရန်ကုန်မြို့တွင်း ၊ မြို့ပြင် နှင့် တစ်ခြားမြို့များကို Royal Express Delivery ဖြင့်အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတဲ့အပြင် အိမ်ရောက်ငွေရရှိသော မြို့ များကိုလည်း COD စနစ်ဖြင့် ပို့ဆောင်ပေးပါတယ်ဗျ ... 🚚

ဆက်သွယ်ရန်

------

📱 𝟎𝟗 - 𝟗𝟒𝟑𝟎𝟏𝟎𝟐𝟖𝟒 , 𝟎𝟗 - 𝟕𝟓𝟎𝟎𝟔𝟒𝟐𝟔𝟏

📍 No ( 5 ) , Yadanar Theinkha Street, Sangyi Qtr , Mingalardon Township , Yangon.

🗺️ https://maps.app.goo.gl/n5EiLNP722Kwq9mp6

Photos from NET AGE's post 02/03/2026

External SSD နဲ့ External HDD ပစ္စည်းအနည်းငယ် ထပ်ရထားပါတယ်ခင်ဗျာ ။ လက်ရှိ ဈေးတွေပြန်တက်နေတာမို့ ဈေးတွေ အရမ်းမတက်ခင် လိုအပ်ပါက လက်သွက်ဖို့တော့လိုပါမယ်ဗျ ။

ပစ္စည်းတိုင်းက စိတ်အေးရတဲ့ Warranty နှင့်အတူ စစ်မှန်တဲ့ Quality နဲ့မို့ လိုအပ်ရင် နှစ်ခါစဉ်းစားစရာမလိုအောင် စိတ်ချရပါတယ် ခင်ဗျာ ... 💯

ရရှိနိုင်မည့် HDD , SSD များ
----------
𝐏𝐫𝐨𝐝𝐮𝐜𝐭 - 𝐄𝐱𝐭𝐞𝐫𝐧𝐚𝐥 𝐇𝐃𝐃
𝐂𝐚𝐩𝐚𝐜𝐢𝐭𝐲 - 𝟓𝟎𝟎 𝐆𝐁
𝐏𝐫𝐢𝐜𝐞 - 𝟔𝟎,𝟎𝟎𝟎 𝐊𝐬
𝐖𝐚𝐫𝐫𝐚𝐧𝐭𝐲 - 𝟔 𝐌𝐨𝐧𝐭𝐡𝐬
🎁🎁 𝐆𝐢𝐟𝐭 - 𝐌𝐨𝐯𝐢𝐞𝐬 𝐚𝐧 it𝐝 𝐒𝐞𝐫𝐢𝐞𝐬

𝐏𝐫𝐨𝐝𝐮𝐜𝐭 - 𝐄𝐱𝐭𝐞𝐫𝐧𝐚𝐥 𝐇𝐃𝐃
𝐂𝐚𝐩𝐚𝐜𝐢𝐭𝐲 - 𝟏𝐓𝐁
𝐏𝐫𝐢𝐜𝐞 - 𝟏𝟐𝟎𝟎𝟎𝟎𝐊𝐬
𝐖𝐚𝐫𝐫𝐚𝐧𝐭𝐲 - 𝟔 𝐌𝐨𝐧𝐭𝐡𝐬
🎁🎁 𝐆𝐢𝐟𝐭 - 𝐌𝐨𝐯𝐢𝐞𝐬 𝐚𝐧𝐝 𝐒𝐞𝐫𝐢𝐞𝐬

𝐁𝐫𝐚𝐧𝐝 - 𝐎𝐫𝐢𝐜𝐨
𝐌𝐨𝐝𝐞𝐥 - 𝐄𝐱𝐭𝐞𝐫𝐧𝐚𝐥 𝐇𝐃𝐃
𝐂𝐚𝐩𝐚𝐜𝐢𝐭𝐲 - 𝟏 𝐓𝐁
𝐏𝐫𝐢𝐜𝐞 - 𝟏𝟒𝟓,𝟎𝟎𝟎 𝐊𝐬
𝐖𝐚𝐫𝐫𝐚𝐧𝐭𝐲 - 𝟔 𝐌𝐨𝐧𝐭𝐡𝐬
🎁🎁 𝐆𝐢𝐟𝐭 - 𝐌𝐨𝐯𝐢𝐞𝐬 𝐚𝐧𝐝 𝐒𝐞𝐫𝐢𝐞𝐬

𝐏𝐫𝐨𝐝𝐮𝐜𝐭 - 𝐎𝐫𝐢𝐜𝐨 𝐄𝐱𝐭𝐞𝐫𝐧𝐚𝐥 𝐍𝐕𝐌𝐞 𝐌.𝟐 𝐒𝐒𝐃
𝐂𝐚𝐩𝐚𝐜𝐢𝐭𝐲 - 𝟏 𝐓𝐁
𝐏𝐫𝐢𝐜𝐞 - 𝟑𝟔𝟎,𝟎𝟎𝟎 𝐊𝐬
𝐖𝐚𝐫𝐫𝐚𝐧𝐭𝐲 - 𝟔 𝐌𝐨𝐧𝐭𝐡𝐬
🎁🎁 𝐆𝐢𝐟𝐭 - 𝐌𝐨𝐯𝐢𝐞𝐬 𝐚𝐧𝐝 𝐒𝐞𝐫𝐢𝐞𝐬

ရန်ကုန်မြို့တွင်း ၊ မြို့ပြင် နှင့် တစ်ခြားမြို့များကို Royal Express Delivery ဖြင့်အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတဲ့အပြင် အိမ်ရောက်ငွေရရှိသော မြို့ များကိုလည်း COD စနစ်ဖြင့် ပို့ဆောင်ပေးပါတယ်ဗျ ... 🚚

ဆက်သွယ်ရန်

------

📱 𝟎𝟗 - 𝟗𝟒𝟑𝟎𝟏𝟎𝟐𝟖𝟒 , 𝟎𝟗 - 𝟕𝟓𝟎𝟎𝟔𝟒𝟐𝟔𝟏

📍 No ( 5 ) , Yadanar Theinkha Street, Sangyi Qtr , Mingalardon Township , Yangon.

🗺️ https://maps.app.goo.gl/n5EiLNP722Kwq9mp6

16/02/2026

OpenClaw က တကယ်အလုပ်လုပ်တဲ့ AI Agent လား? ဒါမှမဟုတ် Security Nightmare တစ်ခုလား?

နည်းပညာတွေတရှိန်ထိုးတိုးတက်လာတာနှင့်အမျှ Ai နည်းပညာတွေရဲ့ တိုးတက်မှုဟာလည်း ကြောက်ခမှန်းလိလိပါပဲ ။ အခု 2026 အစောပိုင်းကာလမှာ Tech လောကတစ်ခုလုံး စိတ်ဝင်တစားဖြစ်စေမယ့် Openclaw ဆိုတဲ့ Ai Agent တစ်ခုပေါ်လာပြန်တယ် ။

ဒီ Ai Agent က ကျွန်တော်တို့ ခိုင်းလိုက်တဲ့ စာကိုပဲ ပြန်ရေးပေးတာ မဟုတ်ဘူး ။ ကျွန်တော်တို့အစား တကယ် "အလုပ်လုပ်ပေးတဲ့" (Action-Oriented) AI Agent လို့သတ်မှတ်လို့ရတယ် ။

ကျွန်တော်တို့တွေအနေနဲ့ အရင်က AI ကို "Email ရေးပေးပါ" လို့ ပြောရင် Ai ကစာရေးပေးတယ်။ ကိုယ်တိုင် Copy ယူပြီး Send နှိပ်ရတယ်။ OpenClaw ကျတော့ အဲ့လိုမဟုတ်တော့ဘူး။ "ဒီ Email ကို Client ဆီပို့လိုက်၊ ပြီးရင် Calendar မှာ Meeting မှတ်လိုက်" လို့ ပြောလိုက်တာနဲ့ သူ့ဘာသာ Gmail API နဲ့ ချိတ်မယ်၊ ပို့မယ်၊ Calendar မှာ Schedule ဆွဲမယ်။ Everything is automated လို့တောင်ပြောလို့ရတယ် ။

The Security Nightmare
--------------

Cisco လို ကုမ္ပဏီကြီးကတော့ ဒါဟာ "Security Nightmare" (လုံခြုံရေးဆိုင်ရာ အိပ်မက်ဆိုး) လို့တောင် သတိပေးထားပါတယ်။ ပြဿနာက "Permission" ပါ။

OpenClaw က "အလုပ်လုပ်နိုင်တယ်" ဆိုတဲ့ သဘောက သင့်ရဲ့ အကောင့်တွေ၊ Wallet တွေ၊ Server တွေကို ဝင်ရောက်ထိန်းချုပ်ခွင့် ပေးထားရတယ်ဆိုတဲ့ သဘောပါပဲ။ ဥပမာ - သင့် OpenClaw ကို Hacker တစ်ယောက်ကများ Control ရသွားခဲ့ရင် (သို့မဟုတ်) Prompt Injection နဲ့ လှည့်စားလိုက်နိုင်ရင် သင့် Bank Account ထဲက ပိုက်ဆံတွေ ပါသွားနိုင်သလို၊ သင့် Server တစ်ခုလုံးကိုလည်း ဖျက်ပစ်လိုက်လို့ရပါတယ်။

Cisco တို့လို့ နာမည်ကြီး Tech Blog မှာဆိုရင် OpenClaw လို Personal AI Agents တွေဟာ Corporate Network တွေအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ ဝန်ထမ်းတစ်ယောက်က အလုပ်မြန်ချင်လို့ OpenClaw ကို သုံးလိုက်တာနဲ့ ကုမ္ပဏီရဲ့ Internal Data တွေအကုန်လုံးက AI လက်ထဲ (သို့မဟုတ် ) Third-party server) လက်ထဲ ရောက်သွားနိုင်လို့ပါ။

နောက်ပိုင်းဘာဆက်ဖြစ်မလဲ?

" Bots talking to Bots "

ဒါကတော့ နည်းနည်း creepy ဖြစ်တယ်လို့ပြောလို့ရတယ် ။ ဘာလို့လဲဆို OpenClaw Agent တွေဟာ သူတို့အချင်းချင်း ပြန်ချိတ်ဆက်ပြီး "Social Network" တစ်ခုကို တည်ဆောက်နေကြပြီလို့ ဆိုပါတယ်။ ဆိုလိုတာက သင့်ရဲ့ AI Agent က တခြားသူရဲ့ AI Agent နဲ့ စကားပြောပြီး သတင်းအချက်အလက် ဖလှယ်တာ၊ Deal လုပ်တာမျိုးတွေ လုပ်လာနိုင်ခြေ ရှိနေပါတယ်။ သိပ္ပံရုပ်ရှင်တွေထဲကလို လူတွေမပါဘဲ စက်ရုပ်အချင်းချင်း communicate လုပ်နေတဲ့ ကမ္ဘာတစ်ခုက လက်တွေ့ဖြစ်လာနေပြီလို့ပြောလို့ရတယ် ။ ပြီးတော့ အချင်းချင်း ပိုင်ရှင်အကြောင်းအတင်းအုပ်တယ်ဆိုတာကြီးကတော့ တကယ်စားတယ် ။
-
ပြောရမယ်ဆို OpenClaw က Game Changer ဖြစ်လာနိုင်ပြီးတော့ Productivity ကိုလည်းပိုကောင်းစေနိုင်တဲ့ Tool တစ်ခုဖြစ်ပေမယ့် "Risk and Reward" ကိုတော့ ချိန်ဆရပါလိမ့်မယ်။

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

No 5, Yathanartheinkha Street, Sangyiwa Qtr, Mingalardon Township
Yangon