Cosmopolitan Learning Center
What is Science?
07/04/2026
သင်္ကြန်ပြီးရင် ကိုယ့်ရဲ့ အနာဂတ်အောင်မြင်မှုလမ်းကြောင်းအတွက် GED ပညာရေးကို စတင်ဖို့ အဆင်သင့်ဖြစ်ပြီလား? 💦📚
အဆင်သင့် ဖြစ်နေပြီဆိုရင်တော့ အဲဒီအခွင့်အရေးက သင့်လက်တစ်ကမ်းမှာ ရှိနေပါပြီနော်။ 🙌
Cosmopolitan Learning Center (CLC) ကနေပြီးတော့ သင်္ကြန်ကာလအထူး Surprise Promotion အနေနဲ့ GED တက်ရောက်လိုတဲ့ ကျောင်းသူ/ကျောင်းသားများအတွက် GED အောင်မြင်ဖို့ အဓိက အရေးအပါဆုံးဖြစ်တဲ့ GED ဘာသာရပ်တွေရဲ့ အခြေခံသဘောတရားတွေကို သေချာနားလည်စေဖို့အတွက် Pre-GED အတန်းကို (၃) လတိတိ အခမဲ့ တက်ရောက်ခွင့်ပေးသွားမှာဖြစ်ပါတယ်။
🎓 CLC ရဲ့ Pre-GED အတန်းမှာ ဘာတွေသင်ကြားပို့ချပေးသွားမှာလဲ ❓
✅ GED အတွက် လိုအပ်တဲ့ အခြေခံအုတ်မြစ်များကို အစကနေ နားလည်လွယ်ကူအောင် စနစ်တကျ သင်ကြားပေးမှာပဲ ဖြစ်ပါတယ်။
✅ ဒါ့အပြင် ကျွမ်းကျင်ပြီး အတွေ့အကြုံရှိတဲ့ ဆရာ၊ ဆရာမများက တစ်ဦးချင်းစီရဲ့ တိုးတက်မှုကို အနီးကပ်လမ်းညွှန်ပေးသွား မှာလည်း ဖြစ်တာမို့ အခွင့်ရေးရတုန်းကို လက်လွတ်မခံပဲ အရယူလိုက်ပါနော်..
🎓 Pre-GED အတန်းအသေးစိတ်
🗓 ကာလ - မေလမှ ဇူလိုင်လအထိ (၃ လ)
🚀 အတန်းစတင်မည့်ရက် - မေလ ၄ ရက်နေ့
⏰ အချိန် - နံနက် ၉:၀၀ နာရီ မှ နေ့လည် ၂:၃၀ နာရီအထိ
📅 ရက် - တနင်္လာနေ့ မှ သောကြာနေ့အထိ
လူဉီးရေအကန့်အသတ် ရှိတာဖြစ်လို့ အချိန်မဆွဲဘဲ အခုပဲ စာရင်းပေးသွင်းထားလိုက်တော့နော်…
💬 အသေးစိတ်သိရှိလိုပါက ဖုန်း ( သို့ ) Messenger မှာ မေးမြန်းနိုင်သလို၊ CLC သင်တန်းကျောင်းသို့လည်း လာရောက် စုံစမ်းနိုင်ပါတယ်။
📍 Cosmopolitan Learning Center
📞 09786698405
🏠 အခန်းအမှတ် (၉၀၂/ ဘီ)၊ မဟာနဝရတ်ကွန်ဒို၊ လမ်း (၅၀) အောက်ဘလောက်၊ ဗိုလ်တထောင်မြို့နယ်။
#သင်္ကြန်အထူးအစီအစဉ်
20/03/2026
နောက်ပိုင်း GED က ဘာလို့ အရေးပါလာရတာလဲ ⁉
ယနေ့ လို အစစ အရာရာ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်မှာ အချိန်ကို အကျိုးရှိရှိ အသုံးချပြီး နိုင်ငံတကာအဆင့်မီ ပညာရေးလမ်းကြောင်းပေါ်ကို မြန်မြန်တက်လှမ်းချင်တဲ့ ဆယ်ကျော်သက် လူငယ်တွေအားလုံးအတွက် GED က အကောင်းဆုံး Shortcut တစ်ခု ဖြစ်လာလို့ပါပဲ။
🎓 GED ဆိုတာ ဘာကြီးလဲ?
GED ဆိုတာ General Educational Development ရဲ့ အတိုကောက်ဖြစ်ပြီးတော့ အမေရိကန်နိုင်ငံရဲ့ အထက်တန်း ပညာရေး အဆင့်နဲ့ ညီမျှတဲ့ အထက်တန်း အောင်လက်မှတ်တစ်ခုပါ။
အကြောင်းအမျိုးမျိုးကြောင့် ဆယ်တန်း မပြီးမြောက်ခဲ့ရတဲ့ လူငယ်တွေအတွက်သာမက နိုင်ငံခြားမှာ တက္ကသိုလ်တက်ဖို့အတွက် ရည်ရွယ်ထားတဲ့ ကျောင်းသားကျောင်းသူတွေအတွက်ပါ Grade 12 ပညာရေး အရည်အချင်းနဲ့ တန်းတူ ပြည့်မီကြောင်း သက်သေပြနိုင်တဲ့ စာမေးပွဲတစ်ခုလည်း ဖြစ်ပါတယ်။
🎓 GED မှာ ဘယ်ဘာသာရပ်တွေ ဖြေရမှာလဲ?
GED မှာဆိုရင် သက်ဆိုင်ရာ ဘာသာရပ်တွေကို အများကြီး ကျက်နေစရာ မလိုအပ်ပါဘူး။ အဓိက အရေးကြီးတဲ့ Core Subjects (၄) ခုပဲ ဖြေရမှာပါ။
အဲဒီ Subjects (၄) ခုကတော့ -
🔷 Mathematical Reasoning (သင်္ချာ)
🔷 Reasoning Through Language Arts
(အင်္ဂလိပ်စာ - ဖတ်ရှုခြင်းနှင့် ရေးသားခြင်း)
🔷 Social Studies (လူမှုရေးသိပ္ပံ) နဲ့
🔷 Science (သိပ္ပံ)
ဘာသာရပ်တို့ပဲ ဖြစ်ပါတယ်။
🎓 ဘယ်သူတွေ ဖြေသင့်တာလဲ?
💼 အထက်တန်းပညာရေးကို အချိန်တိုအတွင်း အောင်မြင်ပြီးမြောက်ချင်တဲ့ ကျောင်းသားကျောင်းသူတွေ၊
💼 ပြည်ပတက္ကသိုလ်တွေကို အချိန်မဖြုန်းဘဲ မြန်မြန်ဆန်ဆန်နဲ့ တိုက်ရိုက် တက်ရောက်ချင်တဲ့လူငယ်တွေ၊
💼 အလုပ်ခွင်ဝင်နေရင်း တစ်ဖက်တစ်လမ်းကနေ ကိုယ့်ရဲ့ ပညာအရည်အချင်းကို မြှင့်တင်ချင်သူတွေ
အားလုံး GED ကို တက်ရောက်ဖြေဆိုသင့်ပါတယ်နော်။
💼 အမှတ်ပေးစနစ် (Scoring) ကရော?
ဘာသာရပ်တစ်ခုချင်းစီကို အမှတ် (၂၀၀) ဖိုး သတ်မှတ်ထားပြီး အောင်မှတ်ကတော့ (၁၄၅) မှတ်ပဲ ဖြစ်ပါတယ်။
✅ 145 - 164 (Pass)
✅ 165 - 174 (College Ready)
✅ 175 - 200 (College Ready + Credit)
💼 GED အောင်ရင် ဘာဆက်လုပ်လို့ရလဲ?
GED အောင်လက်မှတ်ရှိထားရုံနဲ့ မြန်မာပြည်က Private College နဲ့ Universities တွေအပြင် ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဂျပန် စတဲ့ နိုင်ငံတကာက Private & Public တက္ကသိုလ်ပေါင်းများစွာမှာ ဆက်လက်တက်ရောက်နိုင်မှာဖြစ်ပါတယ်။
💼 GED အတွက် ကုန်ကျစရိတ်ကရော ?
စာမေးပွဲကြေးကတော့ 1.4.2026 မှ စပြီး တစ်ဘာသာကို US $90 ကျသင့်မှာဖြစ်ပြီး (၄) ဘာသာလုံးအတွက် US $360 ရှိပါမယ်။
Ready Practice Test - US $ 7.90 per Subject ပါရှင်။
⭕️ သတိထားရမှာလေးတစ်ခုကတော့ Ready Practice Test အောင်မြင်မှသာလျှင် Real Test ကို ဖြေဆိုရမှာပါနော်
ဒါကြောင့် လူငယ်တွေအနေနဲ့ ကိုယ့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဆက်ပြီး အချိန်ဆွဲမနေနဲ့တော့… GED နဲ့သာဆိုရင် ပြည်ပ တက္ကသိုလ်တွေမှာ တက်ရောက်ခွင့် ရရှိနိုင်မယ့် အခွင့်အရေးက သင့်ရဲ့ အနီးအနားလေးမှာပါပဲ။ 🙌
ဒီ GED လမ်းကြောင်းအတွက် Cosmopolitan Learning Center က ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ သိချင်ရင်တော့ Messenger မှာ အသေးစိတ် လာရောက်ဆွေးနွေးလို့ ရနေပြီနော်။
GED နဲ့ ပတ်သက်ပြီး သိချင်တဲ့ အကြောင်းအရာများ ရှိနေသေးတယ်ဆိုရင်လည်း 📥 Comment မှာ ဝင်ရောက် မေးသွားခဲ့နိုင်ပါတယ်ရှင့် 👏
Click here to claim your Sponsored Listing.
Category
Website
Address
Yangon