ProLearn Training Centre - PLTC

ProLearn Training Centre - PLTC

Share

01/05/2026

🌍✨ May Day အထိမ်းအမှတ် ဆုတောင်း ✨🌍

ယနေ့ May Day (အလုပ်သမားနေ့) အထိမ်းအမှတ်အဖြစ်
ProLearn Training Center- PLTC မှ
အလုပ်လုပ်ကြိုးစားနေသော လူအားလုံးအတွက်
လေးနက်စွာ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်… 🙏🤍

💼 ကြိုးစားအားထုတ်မှုတိုင်း
👉 တန်ဖိုးရှိပါစေ…

💪 အခက်အခဲတွေကြားက
👉 အားမလျော့ဘဲ ရပ်တည်နိုင်ပါစေ…

🌱 ယနေ့ချွေးစိုက်မှုများက
👉 မနက်ဖြန်အောင်မြင်မှုအဖြစ် ပန်းပွင့်လာပါစေ…

🤍 စိတ်ဓာတ်ခိုင်မာပြီး
👉 မိမိဘဝအိပ်မက်များကို တစ်ဆင့်တစ်ဆင့် အကောင်အထည်ဖော်နိုင်ကြပါစေ…

✨ “ကြိုးစားမှုသည် အောင်မြင်မှု၏ မျက်နှာစာဖြစ်သည်” ✨

ProLearn Training Center - PLTC မှ
လူတိုင်းအတွက် အောင်မြင်မှု၊ ကျန်းမာရေးနှင့်
စိတ်ချမ်းသာမှုများ ပြည့်ဝကြပါစေကြောင်း ဆုတောင်းအပ်ပါသည် 🙏🤍

16/05/2025

ကွန်ပျူတာကို အသုံးပြုလို သူများအတွက် – စတင်သင်မယ့် အခြေခံသင်တန်းဖွင့်ပြီ!

Computer Basic Class (Beginner Level)
မတတ်သေးလို့ စတင်ဖို့ စိတ်ဝင်စားနေပေမယ့် ဘယ်မှစရမယ် မသိသေးလား?
ဒီသင်တန်းလေးက အဲ့ဒီလိုသူတွေအတွက် တစ်ထပ်တည်း စပြီး နားလည်အောင် သင်ပေးမှာပါ။

သင်ကြားမည့်အကြောင်းအရာများ -
• Computer အခြေခံအသုံးပြုနည်း
• Microsoft Word (ရုံးစာ ရေး၊ Format ပြင်ဆင်ခြင်း)
• Microsoft Excel (Data တွဲနည်း၊ Formula များ၊ Basic Calculation)
• Microsoft PowerPoint (Presentation ပြင်နည်း၊ Design နည်းများ)
• File/folder များစီမံနည်း
• USB/Internet သုံးနည်း & Email ပေးပို့နည်း

သင့်အတွက် အထူးအခွင့်အရေးများ -
• လက်တွေ့ကျကျ သင်ကြားပေးခြင်း
• သင်ယူသူတစ်ဦးစီကို ဂရုစိုက်သင်ပြခြင်း
• စမယ်သူတွေအတွက် လွယ်ကူအောင် အဆင်ပြေဆုံးနည်းဖြင့် သင်ပေးခြင်း
• Assignment & Practice File များ ဖြင့် လေ့ကျင့်ခွင့်

သင်တန်းအချက်အလက် -
• သင်တန်းကာလ – ၁လ အပြတ်
• တက်ရောက်စရာနေရာ – နေသူရိန်လမ်းထိပ် နိမ္ဗာန်ကျောင်းလမ်း PLTC
• စာရင်းသွင်းရန် – 09795747435

“ကွန်ပျူတာကိုတော်တော်လေးသိလာဖို့… ဒီတစ်ခါ PLTC မှာ စပါ!”
#အခြေခံကွန်ပျူတာသင်တန်း

15/03/2025

📢 ProLearn EduAscend Group – ဝန်ထမ်းခေါ်ယူခြင်း

ProLearn EduAscend Group မှ အောက်ပါရာထူးများအတွက် တိုးတက်လိုစိတ်ရှိသော ဝန်ထမ်းများ ကို ခေါ်ယူလိုပါသည် –

1️⃣ လက်ထောက် ကွန်ပျူတာသင်တန်း ဆရာ/ဆရာမ (Assistant Computer Trainer) – ၂ ဦး

📌 လစာ – ညှိနှိုင်း
📌 အသက် – ၃၀ နှစ်အောက်
📌 ပညာအရည်အချင်း – အထက်တန်းအောင်
📌 တာဝန်များ –
✔️ သင်တန်းကာလအတွင်း Senior Trainer ကို ထောက်ပံ့ခြင်း
✔️ သင်ကြားမှုဆိုင်ရာ အစီအစဉ်များတွင် ပါဝင်ကူညီခြင်း
✔️ သင်ကြားမှု အားဖြင့် သင်တန်းသားများကို လမ်းညွှန်ခြင်း

2️⃣ အကြီးတန်း ကွန်ပျူတာသင်တန်း ဆရာမ (Senior Computer Trainer) – ၂ ဦး

📌 လစာ – ညှိနှိုင်း
📌 အတွေ့အကြုံ – အနည်းဆုံး ၆ လ သင်ကြားမှုအတွေ့အကြုံရှိရမည်
📌 ပညာအရည်အချင်း – သင်ကြားမှုနှင့်သက်ဆိုင်သော Certificate/ Diploma ရှိသူ ဦးစားပေးမည်
📌 တာဝန်များ –
✔️ သင်တန်းသားများအား ကိုယ်တိုင် သင်ကြားပေးခြင်း
✔️ သင်ကြားမှု များအတွက် သင်ရိုးညွှန်းတမ်းများ တာဝန်ယူပြုစုခြင်း
✔️ သင်တန်းသားများ၏ တိုးတက်မှုများကို မန်နေဂျာများအား တင်ပြခြင်း

3️⃣ ပညာရေး အကြံပေး အလုပ်သင် (Education Consultant Internship) – ၂ ဦး (မ/ဖ)

📌 လစာ – ညှိနှိုင်း
📌 ပညာအရည်အချင်း – အထက်တန်းအောင်
📌 တာဝန်များ –
✔️ ပညာရေးနှင့် သက်ဆိုင်သော အကြံပေးမှုများ ပြုလုပ်ခြင်း
✔️ သင်တန်းသားများနှင့် Trainer များကို တိုးတက်မှုအတွက် ကူညီခြင်း
✔️ သင်တန်းဆိုင်ရာ အုပ်ချုပ်မှုဆိုင်ရာ တာဝန်များတွင် ပါဝင်ကူညီခြင်း
📞 အသေးစိတ် သိရှိလိုပါက ဆက်သွယ်ရန် –
📱 Viber – 09795747435
📱 ဖုန်း – 09254701883
📍 ProLearn EduAscend Group တွင် ပညာသင်ကြားမှု လောကထဲ ဝင်ရောက်ပြီး တိုးတက်မှု ရရှိလိုက်ပါ!

Photos from ProLearn Training Centre - PLTC's post 07/03/2025

လေ့ကျင့်ခန်းများကိုစနစ်တကျသင်ကြားပေးခြင်း

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Hlegu Township
Yangon