Rachel Japanese Language Center
🟩 Tokutei Driver
=================
✔️Male only
🏠 အလုပ်နေရာ -Saitama
📋လိုအပ်ချက်များ-
⭐ဂျပန်စာ JLPT N3အောင်လက်မှတ်နဲ့ အထက်ရှိသူများ
⭐Tokutei Driver လက်မှတ်ရှိသူ
💴လစာ - 260,000円 + Other allowance
အချိန်ပို-ရှိ
လျှောက်ချင်သူများ Rachel Japanese Language Center Page Messenger မှာ လာရောက်စုံစမ်းပေးပါ။
02/07/2026
🙏🙏🙏
🍀ဖုဌဿဂါထာ (၉) ရက် အဓိဌာန်
(၉) ရက်တိုင်တိုင် တစ်ရက်လျှင် (၁၀၈) ခေါက်နှုန်းဖြင့် ဖုဌဿဂါထာကို ရွတ်ဆိုပူဇော်ပြီး စိတ်တည်ငြိမ်မှု၊ မေတ္တာတရားနဲ့ ကုသိုလ်စိတ်များ တိုးပွားစေရန် အတူတကွ အဓိဌာန်ဝင်ကြပါစို့။ 🙏
📿 ဖုဌဿဂါထာ
ဖုဌဿ လောကဓမ္မေဟိ
စိတ္တံ ယဿ န ကမ္ပတိ
အသောကံ ဝိရဇံ ခေမံ
ဧတံ မင်္ဂလမုတ္တမံ။
📖 အသံထွက်
ဖုတ်ထဿ လောကဓမ်မေဟိ
စိတ်တံ ယဿ န ကမ်ပတိ
အ-သောကံ ဝိရဇံ ခေမံ
အေတံ မင်္ဂလ မုတ်တမံ
🌿 အနက်အဓိပ္ပါယ်
လောကဓံတရား (၈) ပါးနှင့် ကြုံတွေ့ရသည့်အခါ စိတ်မတုန်လှုပ်ဘဲ တည်ငြိမ်နေနိုင်ခြင်း၊ ဝမ်းနည်းပူဆွေးမှုကင်းခြင်း၊ လောဘရမ္မက်ကင်းခြင်း၊ ဘေးအန္တရာယ်ကင်းကာ ငြိမ်းအေးလုံခြုံစွာ ရပ်တည်နိုင်ခြင်းသည် အမြတ်ဆုံးသော မင်္ဂလာတရားတစ်ပါး ဖြစ်ပါသည်။
🌿 (၉) ရက် အဓိဌာန်ဝင်ပုံ 🌿
အဓိဌာန်ကာလ – (၉) ရက်တိတိ
တစ်ရက်လျှင်
🔹 ပုတီး (၁) ပတ် = (၁၀၈) ခေါက်
သို့မဟုတ်
🔹 တာလီဖြင့် (၁၀၈) ခေါက် ရွတ်ဆိုပူဇော်ပါ။
🙏 အဓိဌာန်မဝင်မီ ပြင်ဆင်ပုံ
•ဘုရားကျောင်းဆောင်နေရာမှာ ဘုရားပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူနိုင်ပါက ကပ်လှူပါ။
• ဘုရားရှေ့တွင် ငါးပါးသီလ ခံယူပါ။ (အဆင်ပြေသူများ ၈ ပါးသီလ ခံယူနိုင်ပါသည်။)
• ခင်ပွန်းကြီး (၁၀) ပါးအား ကန်တော့တောင်းပန်ပါ။
🙏 အဓိဌာန်တင်ပုံ
ဘုရားရှေ့တွင် လက်အုပ်ချီပြီး အောက်ပါအတိုင်း (၃) ကြိမ် ရွတ်ဆိုပါ။
"ဘုရားတပည့်တော်သည် ယနေ့မှစ၍ (၉) ရက်တိုင်တိုင် ဖုဌဿဂါထာတော်ကို တစ်ရက်လျှင် (၁၀၈) ခေါက်နှုန်းဖြင့် မပျက်မကွက် ရွတ်ဆိုပူဇော်ပါမည်။ ဤအဓိဌာန်ကို အောင်မြင်စွာ ပြီးမြောက်နိုင်စေရန် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးတို့မှ စောင့်ရှောက်ချီးမြှင့်တော်မူပါဘုရား။"
ထို့နောက် ဖုဌဿဂါထာ ကို (၁၀၈) ခေါက် ပြည့်အောင် ရွတ်ဆိုပူဇော်ပါ။
🌸 ပူဇော်ပြီးနောက် ဆုတောင်းပုံ
"ဤဖုဌဿဂါထာ ပူဇော်ရသော ကုသိုလ်အစုစုကို မိဘဆရာသမားများ၊ ကျေးဇူးရှင်များ၊ မိသားစုဝင်များနှင့် သတ္တဝါအပေါင်းတို့အား အမျှပေးဝေပါ၏။
ဤကုသိုလ်အရှိန်အဝါကြောင့် လောကဓံတရားများကြားတွင် စိတ်တည်ငြိမ်နိုင်သော ဉာဏ်ပညာ၊ စိတ်ချမ်းသာမှု၊ ကိုယ်ကျန်းမာမှုတို့ ပြည့်စုံပြီး ကုသိုလ်တရားများ တိုးပွားကာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံနိုင်ပါစေ။ အားလုံး စိတ်ရော ကိုယ်ပါ ချမ်းသာကြပါစေ။"
🙏 သာဓု... သာဓု... သာဓု...
🤍 မေတ္တာရပ်ခံချက်
✅ဒီစာလေးကို ရေချယ်က ကိုယ်တိုင် တစ်လုံးချင်းစီ အချိန်ယူ ရေးသားထားတာဖြစ်လို့ Copy ယူပြီး ပြန်လည်တင်ခြင်းမျိုး မပြုလုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်။
ကုသိုလ်တရားများ လူအများထံ ပိုမိုပျံ့နှံ့စေချင်တာကြောင့် Original Post ကို လွတ်လပ်စွာ Share ပေးနိုင်ပါတယ်။ 🙏
အားပေးမှုနဲ့ လေးစားမှုအတွက် အထူးကျေးဇူးတင်ပါတယ်။ 🤍
#ရေချယ်မိုးမြင့်
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon