Lumen Libris

Lumen Libris

Share

Photos from Lumen Libris's post 01/07/2026

• ‎“လူငယ်နှင့်ပျော်ရွှင်သောလုပ်ငန်းခွင်တည်ဆောက်ခြင်း” စာအုပ်ဟာ ဆရာသရာနောင်ရေးသားပြီး ဆောင်းစုရတီစာပေမှ ထုတ်ဝေသော တတိယမြောက်စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ လုပ်ငန်းခွင်ဝင်ဖို့ပြင်ဆင်နေတဲ့လူငယ်တွေနဲ့ လုပ်ငန်းခွင်မှာ လက်တွေ့ကိုင်နေတဲ့လူငယ်တွေအတွက် လက်ရှိလုပ်ငန်းခွင်ထဲမှာ ရှိတဲ့ လူငယ်စာရေးဆရာတစ်ယောက်က ရေးသားထားပြီး စာစု(၃၈)ပုဒ် ပါဝင်ပါတယ်။

• ‎“အလုပ်ရွေးချယ်တဲ့နေရာမှာ မိမိကိုယ်ကိုမိမိ သိရှိဖို့လိုပါတယ်။ ကိုယ်က ဘာကိုစိတ်ဝင်စားတာလဲ၊ ဘာတွေလုပ်နေရရင်ပျော်နေတာလဲ၊ ဘာကိုကျွမ်းကျင်တာလဲ စတာတွေကို အရင်ဆုံးသိအောင် လုပ်သင့်ပါတယ်။ ကိုယ့်ရည်ရွယ်ချက်ကဘာလဲ ဘာဖြစ်ချင်တာလဲ အဲဒါတွေကို သိမှဖြစ်မှာပါ။ အလုပ်ရရင်ပြီးရော ဝင်ငွေရရင်ပြီးရောဆိုပြီး အလုပ်လုပ်ခဲ့ရင် ကြာရင် အဓိပ္ပာယ်မဲ့သလို ခံစားရပါလိမ့်မယ်” လို့ စာအုပ်ထဲမှာဖော်ပြထားပါတယ်။
‎===
‎
‎စာအုပ်ထဲတွင် လုပ်ငန်းခွင်ထဲကို ဝင်လာမယ့်လူငယ်တွေ၊ လက်ရှိအလုပ်လက်မဲ့ဖြစ်နေပြီး လမ်းပျောက်နေတဲ့ လူငယ်တွေကို ကိုယ့်ဘဝကို ပျော်ရွှင်အောင်လုပ်ဖို့ ဘယ်လိုအလုပ် ရွေးချယ်ရမယ်၊ ကိုယ့်ရည်ရွယ်ချက်ကို ဘယ်လိုရှာဖွေရမယ် ဆိုတာကို လက်တွေ့အတွေ့အကြုံနဲ့ ရိုးရိုးရှင်းရှင်း နားလည်လွယ်အောင်ညွှန်ပြထားတာမို့ ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

• လူငယ်နှင့် ပျော်ရွှင်အောင်မြင်သော လုပ်ငန်းခွင်တည်ဆောက်ခြင်း

• သရာနောင်

• 7000 MMK


#သရာနောင် #စာဖတ်ပါ

Photos from Lumen Libris's post 28/06/2026

ဖတ်လိုက်တာနဲ့ ကိုယ့်အတွက် အကျိုးရှိစေမယ့် စာအုပ်တွေကြီးပဲမို့ လက်လွှတ်မခံပါနဲ့


#စာဖတ်ပါ

Photos from Lumen Libris's post 26/06/2026

_ကိုယ်ချင်းစာတရားခေါင်းပါးလှသည့် အိမ်ရှင်မကြောင့် ကြေကွဲဖွယ်ရာ ဒုက္ခတွေ့ခဲ့ရသော အိမ်အကူမလေး အကြောင်းကို “မြက်ကလေးတစ်ပင်”၊
‎
‎_မျက်နှာလေးလှရေးသာ အားထုတ်နေသော ညံ့ဖျင်းသည့် မိန်းမတစ်ဦး၏ အဖြစ်ကို”လှတစ်မျက်နှာ”၊
‎
‎_ဒုလ္လဘရဟန်းဘဝမှ ဘယာကြောင့် ဝတ်ဖြစ်ရင်း ဒကာကြောင့် မြဲသွားရပုံကို “သံသရာဘေး”၊
‎
‎_လွတ်ရာ ကျွတ်ရာနေလိုပါလျှက် ဘဝလှိုင်းလုံးဒဏ်ကို ရှောင်မရခဲ့သော သီလရှင်၏အဖြစ်ကို “ခေမာရီ”၊
‎
‎_လင်၊ သမီး၊ သားမက်၊ မြေး ဒုက္ခများ ခါးစည်းခံရ၍ အငယ်အနှောင်း ယူကုန်ကြသည့် လင်နှင့်
‎သားမက်တို့နှင့်ပါ ကြုံရပုံကို”တွေးတစိမ့်စိမ့်”
‎
‎_အဂတိလိုက်စားမှုကို မခံလိုသဖြင့် ကိုယ်တိုင် ကြိုးစားလုပ်ကိုင်ပါမှ ပိုဆိုးသွားရှာသည့် မိန်းမပျိုတစ်ဦး၏ အဖြစ်ကို”အဝယ်နှင့်အလျော်”
‎
‎_အိမ်စေမကို မယားလုပ်သော မုဆိုးဖိုဖခင်ကြောင့် အစဥ်ဒေါမနဿ ပွားနေရသည့် သမီးအပျိုကြီးကို “သည်အပူ”၊
‎
‎_မိန်းမပျင်း မိန်းမဖျင်းအမူအကျင့် ရှိသော မိန်းမတစ်ဦးအဖြစ်ကို”အားမကျပေါင်ရှင်”၊

_သူဆင်းရဲမ အဖွားအိုတစ်ဦး၏အဖြစ်ကို “ကာဖီ”၊
‎
စသည်ဖြင့် လက်ကမချနိုင်အောင် ဆွဲခေါ်သွားစေမည့် စာရေးသူ၏ ကြားတတ်၊ မြင်တတ်၊ သနားကရုဏာသက်တတ်ပုံ အဖွဲ့ကောင်းတို့မှာ လက်ဖျားခါလောက်စရာ ရေးသားထားသော စာအုပ်တစ်ဖြစ်ပါပေသည်

_ တွေးတစိမ့်စိမ့်
_ ဂျာနယ်ကျော်မမလေး
_ 10000 MMK


#ဂျာနယ်ကျော်မမလေး #တွေးတစိမ့်စိမ့် #စာဖတ်ပါ

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Category

Address

Yangon