Treasure Land

Treasure Land

Share

27/04/2026

My Aura!
My Sakura 🌸

12/04/2026

Eternal Truth Mindfulness Practices (Level -1)
Thingyan Camp

“Eternal Truth Mindfulness Practices Thingyan Camp” ကို
တစ်နေ့တာမှာ အတန်းချိန် (၃) ချိန်ဖြင့် (၄) ရက်တာကာလ နာရီပေါင်း(၃၂)နာရီ သင်္ကြန်ကာလအတွင်းမှာ သင်တန်းအဖြစ် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

🔰Knowledge Sharing

🌊 လောကဓံလှိုင်းတွေကြားမှာ စစ်မှန်တဲ့ "ငြိမ်းချမ်းမှု" ကို ရှာဖွေခြင်း

လောကမှာ လူတိုင်းဟာ Emotions (စိတ်ခံစားချက်) တွေရဲ့ စိုးမိုးမှုကို ခံနေကြရပါတယ်။ ဒီခံစားချက်တွေရဲ့ နောက်မှာ မျောပါသွားတဲ့အခါ "အသိသတိ" ကို လက်လွှတ်လိုက်ရတတ်ပါတယ်။ တကယ်တော့ Mindfulness ဆိုတာ စိတ်အေးချမ်းဖို့ သက်သက်ထက်ပိုပြီး Reality (လက်တွေ့ဘဝ) မှာ ခိုင်မာစွာ ရပ်တည်နိုင်ဖို့ ကျင့်ကြံရတဲ့ အရာတစ်ခု ဖြစ်ပါတယ်။

✨ Manthara Larnar ရဲ့ Mindfulness အယူအဆ

Manthara Larnar Mindfulness ကျင့်စဉ်ဟာ Reality မှာ တည်မြဲနိုင်ဖို့ ကျင့်ကြံခြင်းဖြစ်ပြီး Positive Foundation ကို အခြေခိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။ အထူးသဖြင့် Negative Reverse Theory ကို ပြုလုပ်နေသူတွေအတွက် Negative ရဲ့ ဆွဲချမှုကနေ ရုန်းထွက်နိုင်ဖို့ အဓိက ကူညီပေးတာပါ။ နေ့စဉ်ဘဝမှာ Silence Frequency နဲ့ ချိတ်ဆက်ပြီး လောကဓံရဲ့ ရိုက်ခတ်မှုတွေကြားမှာ တည်ငြိမ်စွာ တုန့်ပြန်နိုင်ဖို့ ရည်ရွယ်ပါတယ်။ မိမိရဲ့ Spiritual Emotional Check-in တွေကို စဉ်ဆက်မပြတ် ခပ်စိတ်စိတ် ပြုလုပ်နိုင်စွမ်းရှိလာဖို့ ဒီကျင့်စဉ်က လေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။

💧 Emotions ဆိုတာ စီးဆင်းနေတဲ့ ရေလိုပါပဲ

ခံစားချက်တွေဟာ စက္ကန့်မလပ် စဉ်ဆက်မပြတ် ဖြစ်တည်နေတတ်ပါတယ်။ စဉ်ဆက်မပြတ် စီးဆင်းနေတဲ့ ရေလှိုင်းတွေလိုပဲ ဖမ်းဆုပ်ရခက်သလို တားဆီးဖို့လည်း ခက်ခဲပါတယ်။ Emotions တိုင်းရဲ့ ပေါက်ဖွားမှုနှုန်းကို အသေးစိတ် Observation ပြုလုပ်နိုင်ဖို့ဆိုတာ လူတစ်ယောက်အတွက် မလွယ်ကူလှပါဘူး။ ဒါကြောင့် Emotions တွေကို Positive Energy Field မှာတည်ပြီး ကြည်ဖြူစွာ လက်ခံပေးနိုင်ဖို့ လိုအပ်ပါတယ်။ Emotions တစ်ခုချင်းစီမှာ သူ့ရသနဲ့သူ ရှိနေပြီး ပေးစွမ်းနိုင်တဲ့ အကျိုးကျေးဇူးတွေလည်း မတူညီကြပါဘူး။

🧬 DNA Activation နဲ့ သမာဓိရဲ့ စွမ်းအား

Mindfulness ကျင့်စဉ်မှာ Level မြောက်မြားစွာ ရှိပါတယ်။ အခြေခံ Level မှာတင် မိမိရဲ့ Physical Body မှ ထုတ်လွှတ်လိုက်တဲ့ Frequency တွေကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိဖို့လိုသလို Conscious မှ Logic Power ကိုလည်း တစ်ပါတည်း မြှင့်တင်ရပါတယ်။
Medivation တွေပြုလုပ်ပြီး DNA Activate လုပ်တဲ့အခါ DNA ထဲမှာရှိတဲ့ Light Code တွေ ပွင့်လာပြီး Physical Body က ဉာဏ်ပေါက်လာတတ်ပါတယ်။ သမာဓိအား မြင့်မားလာလေလေ မိမိရဲ့ Judgment Power Level မြင့်လာပြီး ခံစားချက်တွေကို အပေါ်စီးကနေ Observation ပြုလုပ်နိုင်စွမ်း ရှိလာလေလေပါပဲ။ သမာဓိရဲ့ စွမ်းအားကြောင့် မိမိရဲ့ Stillness Power ကို မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။

🎭 ပြယုဂ်နောက်ကွယ်က အမှန်တရားနဲ့ Bounce Frequency

Mindfulness ကျင့်စဉ်မှာ လောကဓံရဲ့ ရိုက်ခတ်မှုလှိုင်းတွေကို ခံစားသိရှိနိုင်သလို၊ လူ့လောကရဲ့ ပြယုဂ်ဖြစ်စဉ်ကိုလည်း သဘောပေါက်နားလည်လာနိုင်ပါတယ်။ သဘာဝတရားရဲ့ Bounce Frequency ကို နားလည်လာတဲ့အခါ Emotions တွေ ပေါက်ဖွားလာတဲ့ ဖြစ်စဉ်တွေကို ကြည့်ရှုရင်း သံဝေဂရယူနိုင်ပါတယ်။ ပြယုဂ်နဲ့ နောက်ကွယ်က ဖြစ်စဉ်ရဲ့ ကွဲပြားခြားနားတဲ့ Emotions ပေါက်ဖွားမှုတွေကို သိမြင်လာပြီး ခံစားချက်တွေကပေးတဲ့ သင်ခန်းစာတွေကို မိမိဉာဏ်အလင်းရနိုင်သလောက် ကျင့်ကြံရယူနိုင်မှာ ဖြစ်ပါတယ်။

⚠️ အထူးသတိထားရမည့် "အတုအယောင် ငြိမ်းချမ်းမှု"

Mindfulness ကျင့်စဉ်မှာ အထူးသတိထားရမှာက အေးချမ်းတည်ငြိမ်သွားတဲ့ စိတ်ရဲ့ "စစ်မှန်မှု" ပဲ ဖြစ်ပါတယ်။ လောကမှာ လူတိုင်းနီးပါးဟာ လောကဓံရိုက်ခတ်မှုကို လက်မခံနိုင်ကြဘဲ ရုန်းကန်ရခြင်း (Struggle) ကို ကြောက်ရွံ့မှုနဲ့ ရင်ဆိုင်တတ်ကြပါတယ်။ အကြောက်တရားကို ပြန်လည်ကြောက်ရွံ့ခြင်းကြောင့် သောကစက်ဝန်းကနေ ရုန်းထွက်ဖို့ ခက်ခဲလာပါတယ်။

အခက်အခဲတွေကို ရင်ဆိုင်ဖို့ ကြောက်တဲ့အတွက် မိမိကို ခက်ခဲစေတဲ့ Emotions တွေကို "ဖိနှိပ်ခြင်း" (Suppression) နဲ့ အေးငြိမ်းမှုကို ရယူတတ်ကြပါတယ်။ ဒါဟာ အမုန်းတရားဆိုတဲ့ Emotions ကို အသုံးပြုနေတာဖြစ်လို့ Negative Energy Field မှာ တည်နေတဲ့ အေးချမ်းမှုသာ ဖြစ်ပါတယ်။ တစ်ချိန်မှာ မိမိဖိနှိပ်လိုက်တဲ့ အစိတ်အပိုင်းတွေရဲ့ တွန်းလှန်မှုကို ခံစားရမှာဖြစ်ပြီး Ego Revolution ဖြစ်စဉ်တွေနဲ့ ကြုံတွေ့လာရပါမယ်။ မိမိအမှန်တကယ် သံသရာစက်ဝန်းကနေ ထိုးဖောက်ဆန်တက်ရမယ့်အချိန်မှာ ဒီဖိနှိပ်ထားတဲ့ အစိတ်အပိုင်းတွေရဲ့ ဆွဲချခြင်းကို ခံစားရတတ်ပါတယ်။

💪 စစ်မှန်တဲ့ ငြိမ်းချမ်းမှုအတွက် "သတ္တိ"

ဒါကြောင့် မှန်ကန်တဲ့ အေးချမ်းတည်ငြိမ်မှုနဲ့ ဘဝကို တည်ဆောက်ဖို့ဆိုရင် Mindfulness ကို စနစ်တကျ ကျင့်ကြံဖို့ လိုပါတယ်။ မိမိကိုယ်ကို Positive Energy Field မှာ အမှန်တကယ် တည်နေသလားဆိုတာ ဆန်းစစ်ရပါမယ်။ ဖိနှိပ်ထားတဲ့ အရာတွေရှိရင် ပြန်လည်ဖော်ထုတ်ပြီး ကြည်ဖြူစွာ လက်ခံပေးဖို့ လိုအပ်ပါတယ်။မိမိကိုယ်မိမိ Manipulation ပြုလုပ်နေတဲ့ Emotions ဖြစ်စဉ်တွေကို လမ်းမှန်ရောက်အောင် ကျင့်ကြံဖို့လိုအပ်ပါတယ်။ ဒါကြောင့် Mindfulness ကို ကျင့်ကြံဖို့ဆိုတာ "သတ္တိ" ရှိဖို့ အမှန်တကယ် လိုအပ်တာ ဖြစ်ပါတယ်။

🌟 Mindfulness ကျင့်စဉ်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ

(၁)သမာဓိမြင့်မားလာအောင် ကျင့်ကြံနိုင်ခြင်း: စိတ်တည်ငြိမ်မှု အားကောင်းလာပြီး အာရုံစူးစိုက်မှု မြင့်မားလာစေပါတယ်။

(၂)Positive Energy Field မှာ စစ်မှန်စွာ တည်ရှိခြင်း - အတုအယောင် မဟုတ်ဘဲ စစ်မှန်တဲ့ စွမ်းအင်နယ်ပယ်ထဲမှာ နေထိုင်နိုင်လာပါမယ်။

(၃)Emotions များရဲ့ လိုအပ်ချက်ကို သိရှိပြီး လက်ခံပေးနိုင်ခြင်း- ခံစားချက်တွေရဲ့ အရင်းအမြစ်ကို နားလည်လာပြီး ငြိမ်းချမ်းစွာ လက်ခံနိုင်စွမ်း ရှိလာပါမယ်။

(၄)Emotions များကို မသုံးသင့်တဲ့အချိန်မှာ ခေတ္တရပ်တန့်နိုင်ခြင်း- စိတ်ခံစားချက်နောက်ကို ပါမသွားဘဲ မိမိကိုယ်မိမိ ထိန်းကျောင်းနိုင်စွမ်း မြင့်မားလာပါမယ်။

(၅)လောကဓံကို တည်ငြိမ်စွာ ရင်ဆိုင်ဖြတ်ကျော်နိုင်ခြင်း-ဘဝရဲ့ အတက်အကျလှိုင်းတွေကြားမှာ မတုန်လှုပ်ဘဲ ရင်ဆိုင်နိုင်စွမ်း ရှိလာပါမယ်။

(၆)မိမိရဲ့ ဖြစ်တည်မှုအတွက် အမှန်တကယ် လိုအပ်ချက်တွေကို ဖော်ထုတ်နိုင်ခြင်း - ဘဝရဲ့ အရေးကြီးဆုံး အမှန်တရားတွေကို ဉာဏ်အလင်းနဲ့ ဖော်ထုတ်နိုင်လာမှာ ဖြစ်ပါတယ်။

🎯 Mindfulness Practices Thingyan Camp အစီအစဉ်

စစ်မှန်သော အေးချမ်းတည်ငြိမ်မှုနဲ့ ဘဝကို မှန်ကန်စွာ တည်ဆောက်ချင်သူများအတွက် သင်္ကြန်ကာလ (၄) ရက်တာ အထူးသင်တန်းကို ဖိတ်ခေါ်လိုက်ရပါတယ်။

💎 သင်ခန်းစာတွင် ပါဝင်မည့် အခြေခံကျင့်စဉ် (၇) မျိုး

Mindfulness ရဲ့ အခြေခံ Level မှာတင် မိမိရဲ့ အတွင်းစိတ်နဲ့ စွမ်းအင်တွေကို စနစ်တကျ ထိန်းကျောင်းနိုင်ဖို့ အောက်ပါအတိုင်း အသေးစိတ် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

၁။ Spiritual Emotional Check-in - မိမိရဲ့ စိတ်ခံစားချက်တွေကို နေစဉ်မှာ အသိသတိနဲ့ အစဉ်အမြဲဆန်းစစ်တတ်စေဖို့။

၂။ Emotions များနှင့် ဆွေးနွေးခြင်း - ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို ရန်သူလို သဘောမထားဘဲ မိတ်ဆွေလို ရင်းနှီးစွာ ဆွေးနွေး နားလည်နိုင်စွမ်းရှိစေဖို့။

၃။ Emotions များကို ခေတ္တရပ်တန့်စေခြင်း - ခံစားချက်တွေရဲ့ လွှမ်းမိုးမှုအောက်မှာ မျောပါမသွားဘဲ မိမိအလိုရှိတဲ့အချိန်မှာ ခေတ္တရပ်တန့် အနားပေးနိုင်တဲ့ စွမ်းအားကို တည်ဆောက်ဖို့။

၄။ Emotions များကို ကြည်ဖြူစွာ လက်ခံပေးခြင်း - မိမိလိုချင်တဲ့ ခံစားချက်ဖြစ်စေ၊ မလိုချင်တဲ့ ခံစားချက်ဖြစ်စေ ငြင်းဆန်ခြင်းမရှိဘဲ Positive Energy Field မှာ အေးချမ်း တည်ငြိမ်စွာ လက်ခံတတ်စေဖို့။

၅။ Unconscious နှင့် ချိတ်ဆက်ကာ Emotion Cycle ကို ဉာဏ်ဖြင့် လေ့လာခြင်း - မသိစိတ် (Unconscious) ထဲမှာ ဖြစ်ပေါ်နေတဲ့ Emotions တွေရဲ့ စက်ဝန်းကို ထိုးထွင်းသိမြင်တဲ့ ဉာဏ်နဲ့ အသေးစိတ် လေ့လာဆန်းစစ်နိုင်ဖို့။

၆။ Conscious မှ Logic Power ကို မြှင့်တင်ခြင်း - သိစိတ် (Conscious) ရဲ့ ဆင်ခြင်တုံတရား စွမ်းအားကို မြှင့်တင်ပြီး ခံစားချက်တွေအပေါ်မှာ ယုတ္တိရှိရှိ ထိန်းကျောင်းနိုင်စွမ်းရှိလာဖို့။

၇။ Energy Field ထဲတွင် Frequency ထွက်ပေါ်လာမှုကို Observation ပြုလုပ်ခြင်း - မိမိရဲ့ စွမ်းအင်နယ်ပယ် (Energy Field) အတွင်းမှာ Frequency လှိုင်းများ ထွက်ပေါ်လာပုံကို အပေါ်စီးကနေ သတိကပ်ပြီး စောင့်ကြည့်လေ့လာနိုင်ဖို့။

🔰သင်တန်းအသေးစိတ်

📅 သင်တန်းရက်: 13.4.26 မှ 16.4.26 အထိ

⏰ သင်တန်းအချိန်: တစ်ရက် (၃) ကြိမ် (Live Sessions)

ပထမအချိန်: ညနေ (၂) နာရီ - (၅) နာရီ

ဒုတိယအချိန်: ည (၆) နာရီ - (၈) နာရီ

တတိယအချိန်: ည (၉) နာရီ - (၁၂) နာရီ

🛡️ သင်ကြားမှု ပုံစံ:

Higher Beings များက Light Language ဖြင့် တိုက်ရိုက် Energy ပေးပို့သင်ကြားပေးမှာဖြစ်ပြီး ဆရာမများက မြန်မာဘာသာဖြင့် အသေးစိတ် ပြန်လည်ဘာသာပြန်ပေးမှာ ဖြစ်ပါတယ်။ DNA Activation နဲ့ Healing အတွက် Medivation အသံဖိုင်များကိုလည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။

💰 Energy Exchange: Happy Money Energy Exchange
(Remark: မနှစ်က Thingyan Camp တွင် Reward ရရှိထားသူများ Happy Money သို့မဟုတ် No Happy Money ဖြင့် တက်ရောက်နိုင်ပါသည်။)

⚠️ အရေးကြီးစည်းကမ်းချက်များ

Camera On: Energy Healing အပြည့်အဝရရှိရန် ကင်မရာဖွင့်ပြီး တက်ရောက်ရပါမည်။
No Recording: Live Session သီးသန့်ဖြစ်ပြီး Recording ပြန်ပေးမည်မဟုတ်သလို ကိုယ်တိုင် Record လုပ်ခွင့်လည်း မရှိပါ။

💌 တက်ရောက်လိုသူများ:

ဒီ Post ရဲ့ Comment မှာ “Mindfulness Practices Thingyan Camp Class ကို တက်ရောက်လိုပါသည်။” ဟု ရေးပေးပါ။

စာရင်းသွင်းရန် Messenger (CB) မှတစ်ဆင့် Google Form ပေးပို့ပေးပါမယ်။

📅 Deadline: 13-4-26 (Mon) မြန်မာစံတော်ချိန် မနက် (၁၂) နာရီအထိ။

“စစ်မှန်သော အေးချမ်းတည်ငြိမ်မှုကို ရယူနိုင်ကြပါစေ” 🙏✨

RResonance InfinityMManthara Larnar - Wenity Infinity Healing PlatformMManthara Larnar - Wenity Infinity Arts & Creations Healing PlatformUUniverse Method Spiritual Retreat Journey

12/04/2026

Good morning everyone 🍃

09/04/2026

🌸 မြင်နိုင်သောအရာများဖြင့် တိုင်းတာ၍မရသော ဘုန်းကံ (သို့မဟုတ်) ဖြစ်တည်မှုတိုင်း၏ တန်ဖိုး 🌸

🍃"ဘုန်းကံပါတဲ့ အမျိုးသမီးဆိုတာ ဘယ်တော့မှ မဆင်းရဲဘူး... မချမ်းသာရင်တောင် ချို့ချို့တဲ့တဲ့ မနေရဘူး"
ဒီလိုစကားမျိုးကို ကျွန်မတို့ ပတ်ဝန်းကျင်မှာ ခဏခဏ ကြားဖူးကြပါလိမ့်မယ်။ ပြောတဲ့သူရဲ့ ဘဝအတွေ့အကြုံနဲ့ အမြင် (Perspective) အရတော့ ဒီစကားဟာ မှန်ကောင်းမှန်နိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ လူတိုင်းအတွက် သတ်မှတ်လို့ရတဲ့ 'တစ်ပြေးညီပေတံ' တစ်ခုတော့ မဟုတ်ပါဘူး။

🍃ဒီစကားကို ကြားလိုက်တိုင်း ကျွန်မ တွေးမိတဲ့ မေးခွန်းတစ်ခု ရှိပါတယ်။
"ဒါဆိုရင် လောကကြီးမှာ ရိုးသားစွာနဲ့ ဆင်းရဲကြပ်တည်းစွာ ရုန်းကန်နေရတဲ့ အမျိုးသမီးတွေ၊ မေတ္တာကြီးမားတဲ့ မိခင်တွေဟာ ဘုန်းကံ မရှိကြတော့ဘူးလား...?" 🤔

🍃တကယ်တော့ 'ဘုန်းကံ' ဆိုတာ မျက်စိနဲ့ မြင်နိုင်၊ လက်နဲ့ ကိုင်တွယ်လို့ရတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ၊ အပြင်ပန်း ချမ်းသာကြွယ်ဝမှုတွေနဲ့ချည်းပဲ တိုင်းတာလို့ရတဲ့ အရာမဟုတ်ပါဘူး။ ဆင်းရဲခြင်း၊ ချမ်းသာခြင်းဆိုတာ ကံတရားရဲ့ အလှည့်အပြောင်းတွေ သက်သက်သာ ဖြစ်ပါတယ်။

🍃လောကကြီးထဲမှာ ကျွန်မတို့ မျက်စိနဲ့ မမြင်နိုင်တဲ့ နက်ရှိုင်းမှုတွေ အများကြီး ရှိပါတယ်။ ဘဝရဲ့ အနိမ့်ဆုံး အခြေအနေတွေမှာ ရုန်းကန်နေရပေမယ့်၊ ဖြူစင်တဲ့ မေတ္တာတရားတွေ၊ ကြီးမားတဲ့ သည်းခံခြင်း ပါရမီတွေနဲ့ နေ့စဉ် ကျင့်ကြံအားထုတ်နေကြတဲ့ 'ဘုရားအလောင်း' တွေ၊ သူတော်စင်တွေဟာ ဖြစ်တည်မှု စရိုက်မျိုးစုံနဲ့ ကျွန်မတို့ ပတ်ဝန်းကျင်မှာ အများကြီး ရှိနေနိုင်ပါတယ်။ 🌞

🍃ဒါကြောင့် လူတစ်ယောက်ရဲ့ အပြင်ပန်း ရုပ်ဝတ္ထု ပိုင်ဆိုင်မှုကို ကြည့်ပြီး သူတို့ရဲ့ ဘုန်းကံနဲ့တန်ဖိုးကို ဘယ်တော့မှ အလွယ်တကူ ဆုံးဖြတ်လို့ မရပါဘူး။ ဖြစ်တည်မှုတိုင်း၊ ဘဝခရီးစဉ်တိုင်းမှာ လေးစားထိုက်တဲ့ သူ့တန်ဖိုးနဲ့သူ ရှိနေပါတယ်။
ဘယ်လိုအခြေအနေမျိုးမှာပဲ ရပ်တည်နေရပါစေ...
လူသားတိုင်းရဲ့ ရုန်းကန်မှုနဲ့ ဖြစ်တည်မှုတိုင်းကို အချင်းချင်း နားလည်မှု၊ မေတ္တာတရားတွေနဲ့ လေးစားစွာ တန်ဖိုးထားနိုင်ကြပါစေရှင်...။ 🙏🏻✨

Want your practice to be the top-listed Clinic in Singapore?
Click here to claim your Sponsored Listing.

Website

Address


Singapore
769305