Let's Learn English Together

Let's Learn English Together

Share

02/07/2025

This ,That, These , Those ကို ဘယ်လိုသုံးမလဲ ❓❓❓

This ကိုတော့ ကိုယ်လက်လှမ်းမှီတဲ့ နေရာမှာရှိတဲ့ ကိုယ့်အနီးက အရာ(တစ်ခုကိန်း)ကို ရည်ညွှန်းပြောတဲ့အခါမှာ သုံးတယ်
ဥပမာ This is my book.👉📘
ဒါကျွန်တော့်စာအုပ်ပါ။

That ကိုတော့ ကိုယ်လက်လှမ်းမမှီတဲ့ နေရာမှာရှိတဲ့ ကိုယ့်အဝေးက အရာ(တစ်ခုကိန်း) ကို ရည်ညွှန်းပြောတဲ့အခါမှာ သုံးတယ်
ဥပမာ That is your book.👉 📗
ဟိုဟာ ခင်ဗျားစာအုပ်ပါ။

These ကိုတော့ This လိုပဲ ကိုယ့်အနီးမှာရှိတဲ့ အရာတွေကို ရည်ညွှန်းတဲ့အခါမှာသုံးတယ် ဒါပေမယ့် Theseကို အများကိန်းကို ရည်ညွှန်းတဲ့အခါသုံးတယ်
ဥပမာ These are my books .👉📚
ဒါတွေက ကျွန်တော့်စာအုပ်တွေပါ။

Those ကိုလည်း Thatလိုပဲ ကိုယ့်အဝေးမှာ ရှိတဲ့ အရာတွေကို ရည်ညွှန်းပြောတဲ့အခါမှာသုံးတယ် Those ကို အများကိန်းကို ရည်ညွှန်းပြောတဲ့အခါမှာသုံးတယ်
ဥပမာ Those are your books .👉 📚
ဟိုဟာတွေက ခင်ဗျားစာအုပ်တွေပါ။

ဒီလောက်ဆို This, That, These, Those အသုံးကို ရပြီလို့ မျှော်လင့်ပါတယ်။ပုံထဲက exercise လေးတွေဖြေသွားကြည့်ပါနော်။💁

English
's Learn English Together
Khine

24/06/2025

How to make suggestions?
ငါတို့ ရေသွားကူးကြရအောင်လား ငါတို့ မုန့်လုပ်စားကြရအောင် စသဖြင့် အကြံပြုစကားလေးတွေကို English လိုဘယ်လိုပြောကြမလဲ ??🤷

ဒီအောက်က phrases လေးတွေကို အသုံးပြုပြီး ပြောလို့ရပါတယ်👇

Let's+infinitive (V1).
Shall we +infinitive(V1).
Why don't we+ infinitive(V1).
How about+Gerund (Ving).

Let's go for a swim.🏊
ရေသွားကူးကြရအောင် ။

Shall we go for a swim?🏊
ရေသွားကူးကြမလား။

Why don't we go for a swim? 🏊
ငါတို့ ရေသွားကူးကြရအောင်။

How about going for a swim? 🏊
ငါတို့ရေသွားကူးကြရအောင်။

English
's learn English Together
Khine

26/05/2025

Internal Organs တွေအကြောင်းလေ့လာကြမယ်

22/05/2025

Hand Action Verbs တွေကိုလေ့လာကြမယ်

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon

Opening Hours

Monday 09:00 - 17:00
Wednesday 09:00 - 17:00
Friday 09:00 - 17:00