Hörnum Guitar Class
ထိုင်းက မိတ်ဆွေတစ်ဦးက မဟာဂီတ (ဂစ်တာ) သင်ဖို့ ဆက်သွယ်လာပါတယ်။ မဟာဂီတသင်သူက တစ်နှစ်နေလို့မှ တစ်ယောက်နှစ်ယောက်ပဲ ရှိပါတယ်။ ဝမ်းသာပါတယ်။
Warm Up
Song Intros - 6
Come As You Are - Nirvana
21/02/2026
အခုတော့ ဒီအတန်းရယ်၊ Basic Fingerpicking အတန်းရယ် အတက်များကြတယ်၊ ကျေးဇူးပါ။
''Chord Concept Class''
ကျနော့် ဂစ်တာအတန်းတွေအနက် ကျနော်ကျေနပ်အားရမှုအရှိဆုံး အတန်းတစ်ခုကတော့ Chord Concept အတန်းပဲဖြစ်ပါတယ်။
ထူးဆန်းတာက ဒီအတန်းဟာ Chord အယူအဆပိုင်းချည်းသီးသန့် သင်ပေးဖို့တောင်းဆိုခဲ့သူ မိတ်ဆွေတစ်ယောက်တည်းကိုသာ သင်ဖို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အခုဆိုရင် သင်တန်းသားမိတ်ဆွေပေါင်း အယောက် ၄၀ ကျော် ရှိသွားပါပြီ။
Theory ကို လက်တွေ့အသုံးချနိုင်ရေးအတွက် အဓိကဦးစားပေးထားတဲ့ သင်ခန်းစာတွေဖြစ်တာနဲ့အမျှ ဒီအတန်းတက်ရောက်သူတွေကို ကြည့်လိုက်ရင် လုပ်ငန်းခွင်ဝင် ဂစ်တာသမားတွေ၊ တေးရေးတွေ၊ ဂစ်တာသင်တန်းဆရာတွေ ဖြစ်နေကြတာ များပါတယ်။
Drop chord တွေ၊ Reharmonization အခြေခံတွေ၊ 251 တွေ၊ Modal တွေ စသဖြင့် ပြည့်ပြည့်စုံစုံ စီစဉ်ပေးထားပါတယ်။
သင်တန်းကာလ ၃ လ ဖြစ်ပြီး သင်တန်းကြေးကတော့ 210000 ဖြစ်ပါတယ်။ အများနဲ့ရောသင်တာမဟုတ်ဘဲ တစ်ဦးချင်းစီအတွက် သီးသန့်စီစဉ်ပေးတာ ဖြစ်ပါတယ်။
ဒီအတန်းမှာသင်တဲ့ lesson လေးတစ်ဖြတ်ကို နမူနာကြည့်နိုင်ဖို့ ကော်မန့်မှာ link ပေးထားပါတယ်။
အခု ဒီအတန်း join သူများအတွက် အခြား group အတန်း 2 ခုကိုပါ free လက်ဆောင်ပေးပါတယ်။
မိတ်ဆွေများအားလုံးကို ချစ်ခင်လေးစားလျက်။ ☺️
Click here to claim your Sponsored Listing.