Treat With Me

Treat With Me

Share

06/12/2025

"Hearts in Harmony" "နှလုံးသားတို့ နီးကြဖို့" အနုပညာပြပွဲ ၂၀၂၅ ခုနှစ် အတွက် အနုပညာဖန်တီးမှုအား ဖိတ်ခေါ်ခြင်း 🎨

ဒီအနုပညာပြပွဲဟာဆိုရင်တော့ With Me Foundation အနေနဲ့ အနည်းဆုံး တစ်နှစ်ကို တစ်ကြိမ် ပြုလုပ်ကျင်းပနေကျ အနုပညာပြပွဲ တစ်ခုဖြစ်ပြီး ဒီနှစ် ၂၀၂၅ ခုနှစ်မှာတော့ Future Bridge Initiative နဲ့အတူ ပူးတွဲစီစဉ်တင်ဆက်တာဖြစ်ပါတယ်။

ဒီပြပွဲမှာ ပြပွဲရဲ့ ဆိုလိုရင်းနဲ့ လိုက်ဖက်ကိုက်ညီတဲ့ အနုပညာဖန်တီးမှုလက်ရာတွေကို မေတ္တာနဲ့ ပြသဖို့အတွက် အနုပညာရှင် Artist များကို လေးစားချစ်ခင်စွာ ဖိတ်ခေါ်ချင်ပါတယ်။

ကျွန်မတို့ လူသားတွေမှာ နှလုံးသားတွေကိုယ်စီရှိကြပါတယ်။ ဒီနှလုံးသားလေးတွေ တစ်ခုနှင့်တစ်ခု နီးစပ်ကြမယ်ဆိုရင် လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းအတွင်းမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေ၊ ပွတ်တိုက်မှု‌တွေ၊ မပြေလည်မှုတွေဟာ အထိုက်အလျောက် လျော့ပါးသွားမှာဖြစ်ပြီး လူသားတစ်ယောက်ချင်းစီရဲ့ ကာယသုခ၊ စိတ္တသုခ၊ မိတ္တသုခတို့နဲ့ ပြည့်စုံတဲ့ နေပျော်တဲ့ဘဝကို ရရှိပိုင်ဆိုင်‌နိုင်မှာ ဖြစ်ပါတယ်။ ဒီလို နှလုံးသားချင်း နီးဖို့အတွက် ကျွန်မတို့ စီစဉ်တဲ့ အခုပြပွဲလေးက တံတားလေး တစ်စင်း ဖြစ်ပါရစေ။

အထက်ဖော်ပြပါ အဓိပ္ပာယ်ဂုဏ်သတ္တိများနဲ့အတူ ကျွန်မတို့ ပြပွဲရဲ့ အမည်ကို "နှလုံးသားတို့ နီးကြဖို့ - Hearts in Harmony "လို့ အမည်ပေးထားပြီး လူသားတွေမှာ ကိုယ်စီရှိကြတဲ့ နှလုံးသားတွေတစ်ခုနဲ့တစ်ခု နီးနီးစပ်စပ်ရှိကြခြင်းအားဖြင့် လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းအတွင်းမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေ၊ ပွတ်တိုက်မှု‌တွေ၊ မပြေလည်မှုတွေ အထိုက်အလျောက် လျော့ပါးစေဖို့နဲ့ မည်သည့်လုပ်ငန်းနယ်ပယ်မှာမဆို စားသုံးသူကို ဗဟိုပြုတဲ့ ကိုယ်ချင်းစာတရားအခြေခံသော အခင်းအကျင်းကို ပေါ်ပေါက်စေလိုတဲ့ အဓိပ္ပာယ်လေးပဲဖြစ်ပါတယ်။

အထူးသဖြင့် အောက်ပါနယ်ပယ်များမှာ နှလုံးသားချင်း နီးစပ်ခြင်းဖြင့် လူသားတစ်ယောက်ချင်းစီရဲ့ ကာယသုခ၊ စိတ္တသုခ၊ မိတ္တသုခတို့နဲ့ ပြည့်စုံတဲ့ နေပျော်တဲ့ဘဝဖန်တီးပုံဖော်နိုင်စေချင်တာပဲဖြစ်ပါတယ်။

ဒီတစ်ခေါက် အနုပညာပြပွဲလေးရဲ့ Themes အနေနဲ့......
✓စားသုံးသူရေးရာတရားမျှတမှုနှင့် အကာအကွယ်ရရှိမှု (Consumers Justice and Protection)
✓မျိုးဆက်ပွားကျန်းမာရေးနှင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ နယ်ပယ် (CSE and HIV/AIDS)၊
✓ဂျဲန်ဒါ ရေးရာ တန်းတူညီမျှမှုနှင့် လူမှုရေးရာ ထည့်သွင်းပါဝင်မှုဆိုင်ရာ နယ်ပယ် (Gender Equality and Social Inclusion)၊
✓စိတ်ကျန်းမာရေးဆိုင်ရာ နယ်ပယ် (Mental Health)၊
✓မျိုးဆက်ကွာဟမှု (Generation Gap) နှင့် မိဘအုပ်ထိန်းမှုဆိုင်ရာ နယ်ပယ် (Parenting) တို့ကို အဓိကထား ပြသသွားမှာပဲ ဖြစ်ပါတယ်။

ဒီအနုပညာပြပွဲမှာ သက်ဆိုင်ရာ ပြပွဲရဲ့ Themes များအောက်ကနေ မတူညီသော ပန်းချီ အနုပညာလက်ရာများ၊ ပေါင်းစပ် ပုံဖော်ထားသော ရုပ်ဝတ္ထု အနုပညာ လက်ရာများ၊ ကဗျာနှင့် သံချပ်ရွတ်ဖတ်မှုများ၊ စကားဝိုင်းများကို မြိုင်မြိုင်ဆိုင်ဆိုင် ထည့်သွင်းစီစဥ်သွားမှာ ဖြစ်တဲ့အတွက် မတူညီတဲ့ အနုပညာလက်ရာတွေကို လူငယ်များနဲ့ လူတန်းစာအလွှာအစုံ ကြည့်ရှုခံစားနိုင်စေဖို့ အနုပညာဖန်တီးမှုများဖြစ်တဲ့ ပန်းချီ၊ ပေါင်းစပ်ပုံဖော်ထားတဲ့ ရုပ်လုံးကြွအနုပညာများကို အဓိကထား လာရောက်ပြသနိုင်ကြောင်း သတင်းကောင်းပါးရင်း ဖိတ်ခေါ်အပ်ပါတယ်ခင်ရှင်။

ပေးပို့ရန် နောက်ဆုံးရက်အနေနဲ့ ဒီဇင်ဘာလ ၉ ရက်နေ့ကို သတ်မှတ်ထားပြီး ပွဲအချက်အလက်များကိုလည်းဖော်ပြလိုက်ရပါတယ်။

🔗Event Name - "Hearts in Harmony" Art Exhibition (နှလုံးသားတို့နီးကြဖို့)

🔗Event Date - 10.12.2025

🔗Event Time - 9:30 AM to 12:30 PM

🔗Event Location - PBS Training Center, G 103&105, Ground Floor, Diamond Tower, Corner of Pyay Road and Nar Nat Taw Road, Kamaryut Tsp, Yangon, Myanmar.


ပါဝင်ပြသမည့် အနုပညာဖန်တီးသူများအနေဖြင့် စိတ်ဝင်စားမှုနှင့် သဘောတူညီမှုဖောင်ကို ဖြည့်သွင်းပေးရန် လိုအပ်မှာဖြစ်ပြီး အောက်ပါ အချက်အလက်များကိုလည်း ကြိုတင်အသိပေးမေတ္တာရပ်ခံအပ်ပါသည်။

၁။ ပြပွဲတွင် ပြသမည့် အနုပညာဖန်တီးမှုများသည် ဖန်တီးသူများဘက်မှ မေတ္တာဖြင့် (အခမဲ့) ကူညီပြသသွားရမည်ဖြစ်ကြောင်း ရှင်းလင်းစွာ သိရှိထားပြီး ဖြစ်စေအပ်ပါသည်။

၂။ အောက်ပါ အချက်များသည် ပြပွဲစီစဉ်သူများဘက်မှ အနုပညာဖန်တီးသူများအပေါ် လုပ်ဆောင်ပေးမည့်အရာများဖြစ်ကြောင်း ရှင်းလင်းစွာသိရှိပြီး ဖြစ်စေအပ်ပါသည်။

- ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်း၊
- ပြပွဲအတွင်း ရိုက်ကူးသည့် ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းများကို ပြန်လည်ပေးခြင်း၊
- ရုပ်သံမှတ်တမ်းတွင်း ကျေးဇူးတင်လွှာတွင် အမည်ထည့်သွင်းရေးသားဂုဏ်ပြုခြင်း၊
- အနုပညာရှင်အမည်များအား စင်မြင့်ထက်မှတဆင့် ကျေးဇူးတင်လွှာ ဖတ်ကြားကြေညာဂုဏ်ပြုခြင်း တို့အားစီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

၃။ ပါဝင်ပြသမည့် အနုပညာဖန်တီးမှုတစ်ခုချင်း အတွက် ဖန်တီးမှု အမည်၊ ဖန်တီးမှုအမျိုးအစား (ဥပမာ-ပန်းချီ၊ ကာတွန်း၊ သုံးဘက်မြင်ရုပ်စုံ စသည်)၊ အရွယ်အစား၊ ရောင်းချပါက ဈေးနှုန်း၊ အသေးစိတ်ဖော်ပြချက် တို့ကို ရေးသားပေးပါရန် မေတ္တာရပ်ခံပါသည်။
(အသေးစိတ်ဖော်ပြချက် မပါဝင်ပါက ပြပွဲစ္စဉ်သူများဘက်မှ "ကြည့်ရှုသူ၏ခံစားမှုဖော်ပြချက်" ဖြင့် Details Description ကိုဖော်ပြသွားမည်ဖြစ်ကြောင်း ခွင့်တောင်းအပ်ပါသည်။)

၄။ ပြပွဲလာရောက်ကြည့်ရှုသူများအား ရောင်းချလိုပါက မိမိကိုယ်ပိုင်ဈေးနှင့်တကွ ရောင်းချနိုင်ပြီး ဖန်တီးမှု ပစ္စည်းအား ပြပွဲပြီးမှသာ ယူဆောင်သွားနိုင်မည်ဖြစ်ကြောင်း သိရှိပြီးဖြစ်ပါသည်။

အထက်ပါအချက်များကို သဘောတူညီပြီးပါက အောက်ပါဖောင်အတွင်း ဖြည့်သွင်း၍ အနုပညာဖန်တီးသူများ၏ ဖန်တီးမှုများအား ပြပွဲအတွင်း အကောင်းဆုံးထားရှိပြသနိုင်ဖို့ ချိတ်ဆက်ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ပါသည်။

💥Open Call Form for Artists (Hearts in Harmony Art Exhibition 2025)

https://docs.google.com/forms/d/e/1FAIpQLSdj5LHllzExWnMQxCmF-I7mwxgBarLYakofWnIbENQmaUvxug/viewform?usp=dialog

💥အသေးစိတ်ဆက်သွယ်မေးမြန်နိုင်ရန် တာဝန်ခံအမည်နှင့် ဖုန်းနံပါတ် - မနော်မိုးပြည့်ပြည့်အောင် (09766259795)

💥ပေးပို့ရန်လိပ်စာ - အမှတ်(၆၆၄/ခ)၊ ဒုတိယထပ်၊ ဝရုဏာ(၄)လမ်း(အထက် ဘလောက်)၊ (၁၃)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

အနုပညာဖန်တီးသူတဦးချင်းစီမှ ပေးပို့လာမည့် အနုပညာဖန်တီးမှုလက်ရာ တစ်ခုချင်းစီသည် ပြပွဲဖြစ်မြောက်ရေးနှင့် ပြပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရောက်ရှိအောင်စွမ်းဆောင်ပေးနိုင်လိမ့်မည်ဖြစ်ကြောင့် ပြပွဲစီစဉ်သူများဘက်မှ အပြည့်အဝယုံကြည်ပါသည်။ တချိန်တည်းမှာလည်း အနုပညာဖန်တီးမှုလက်ရာ တစ်ခုချင်းစီကို တန်ဖိုးထားမြတ်နိုး ဂုဏ်ယူစွာပြသသွားမည်ဖြစ်ကြောင်း ကတိပြုပါသည်။

အနုပညာဖန်တီးသူများအား ပါဝင်ပူးပေါင်းကူညီပေးပါရန် နွေးထွေးစွာဖိတ်ခေါ်လျက်......


#နှလုံးသားတို့နီးကြဖို့






#တသားတည်း

03/12/2025

Together With Me Group နှင့် Treat With Me ၏ Founder နှင့် Chief Visionary Officer ဖြစ်သူ ကိုမျိုးမင်းသူ၏ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အတွက် အထူးအမှာစကား။
(၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်။)

Special Message from Mr. Myo Min Thu, Founder and Chief Visionary Officer of Treat With Me and Together With Me Group, on the occasion of the International Day of Persons with Disabilities
(3 December 2025)

05/10/2025

မင်္ဂလာပါ..... လူငယ်တို့ရေ .....🧡

Treat With Me ရဲ့ Volunteer Recruitment Program လေးဟာဆိုရင် Batch-8 ကို ရောက်ရှိလို့လာပြီမို့ အခွင့်အလမ်းသစ်တွေကို စောင့်မျှော်နေတဲ့ လူငယ်တွေကို Together With Me Group ရဲ့ အဖွဲ့ခွဲတစ်ခုဖြစ်တဲ့ Treat With Me Public Health Support Organization ကနေ တဖန်ပြန်လို့ ကြိုဆိုလိုက်ပါတယ်....... 🎉

ဒီတစ်ခေါက်မှာလဲ စေတနာ့ဝန်ထမ်း Peer Educator Volunteers ဦးရေ ၄၀ ကို ၆ လကြာ တူတူလေ့လာ၊ တူတူလေ့ကျင့်၊ တူတူမျှဝေဖို့ ဖိတ်ခေါ်သွားမှာဖြစ်ပါတယ်။

ဒီတစ်ခေါက် Peer Educator Volunteer Program ဟာဆိုရင် အရင့်အရင် Batch တွေတုန်းက "ကိုယ်တိုင်လေ့လာ၊ Training ယူ၊ လူငယ်တွေကို ပြန်မျှ‌ဝေ" ဆိုတဲ့ ပုံစံကိုမှ ပိုမိုထိရောက်စွာ လှုပ်ရှားဆောင်ရွက်နိုင်ဖို့ ပိုမိုလေးနက်ပြင်းထန်တဲ့ သင်ကြားမှု၊ သင်ယူမှု အစီအစဉ်များနဲ့အတူ စနစ်တကျ စီစဉ်ထားတာဖြစ်ပါတယ်ရှင့်။

ဒီတခေါက် Peer Educator Volunteer Program မှာပါဝင်ဖို့ဆိုရင် လူငယ်တို့အနေနဲ့ ဒီအချက် (၂) ချက် ရှိဖို့ အဓိကလိုအပ်ပါတယ်။

(၁) Passion စိတ်ဆန္ဒပြင်းမှု
>> လိင်မှုနှင့် မျိုးဆက်ပွားကျန်းမာရေး၊ ကိုယ်ခန္ဓာကျန်းမာရေး၊ ဂျဲန်ဒါရေးရာ စတာတွေနဲ့ သက်ဆိုင်တဲ့ ဗဟုသုတ၊ အသိပညာတွေကို မိမိ လူမှုပတ်ဝန်းကျင် Community မှာရှိတဲ့သူများ၊ အခြားသူများကို ပြန်လည် မျှဝေပြောပြသင်ကြားလိုစိတ်ရှိသူ၊ မြန်မာနိုင်ငံရှိ ပြည်သူများ၊ အထူးသဖြင့် မျိုးဆက်သစ်လူငယ်များရဲ့ လိင်နဲ့မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေး အသိပညာ Comprehensive Sexuality Education (CSE) သိမှု Level အဆင့်ကို မြှင့်တင်လိုစိတ်ရှိသူ၊ ဆန္ဒပြင်းပြသူ ဖြစ်ဖို့.....

(၂) Commitment ကတိတည်မှု
>> လေ့လာခြင်း - လေ့ကျင့်ခြင်း - ပြန်လည်မျှဝေခြင်း ခရီးစဉ်တလျှောက်တွင် သတ်မှတ်ကာလတစ်ခု ပြီးဆုံးသည်အထိ ကတိကဝတ်ရှိရှိ တက်တက်ကြွကြွ အတူပါဝင်လုပ်ဆောင်နိုင်သူ ဖြစ်ဖို့.....

ဒီအချက် (၂) ချက်နဲ့ပြည့်စုံပြီဆိုရင်တော့ Treat With Me Team က မိတ်ဆွေနဲ့အတူ ၆ လတာ အတူလက်တွဲလုပ်ဆောင်ဖို့ရာ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုလျက်ရှိပါတယ်ရှင့်။

ဒီ Volunteer Program မှာ ဘာလို့ပါဝင်သင့်တာလဲ၊ ပါဝင်လိုက်လို့ ဘာတွေဘယ်လိုအကျိုးရှိသွားမှာလဲ ဆိုတာလေးတွေ ဆက်မပြောခင် ကျွန်မတို့ Treat With Me Organization ရဲ့လုပ်ဆောင်နေတဲ့ အကြောင်းအချင်းအရာ ၊ CSE Peer Educator ဆိုတာက ဘာတွေလဲဆိုတာလေးကို ဦးစွာအရင်မိတ်ဆက်ပေးပါရစေရှင့်🌷

🔸Treat With Me ဆိုတာကတော့ လူတွေရဲ့ အခြေခံကျန်းမာ‌ရေးကို ကူညီထောက်ပံ့ပေးနေတဲ့ Non-Profit အဖွဲ့အစည်းတစ်ခုဖြစ်ပြီး Together With Me Group တသားတည်းလူငယ်အဖွဲ့အစည်းကြီးရဲ့ Division အဖွဲ့အစည်းအခွဲ တစ်ခုလည်းဖြစ်ပါတယ်။ CSE ဆိုတာကတော့ Comprehensive Sexuality Education - ပြီးပြည့်စုံသော လိင်မှုဘဝဆိုင်ရာအသိပညာပေးခြင်းဆိုင်ရာ လုပ်ငန်းတွေဖြစ်ပြီး Peer Educator ဆိုတာကတော့ ဒီ CSE အပါအဝင် ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် အခြေခံသိသင့်သိထိုက်တဲ့ ဗဟုသုတပညာရပ်တွေကို ကျွမ်းကျင်သူများထံမှ စနစ်တကျ နှံ့နှံ့စပ်စပ်သင်ယူလေ့လာထားပြီး အကြိမ်ကြိမ်အဖန်ဖန်လေ့ကျင့်မှု ပြည့်ဝအောင်ပြုလုပ်ကာ လူငယ် အချင်းချင်းပြန်လည်မျှဝေပေးနိုင်သူများကို ဆိုလိုတာပဲ ဖြစ်ပါတယ်။

Treat With Me ရဲ့ အကြောင်းအသေးစိတ်ကိုတော့အောက်ပါ Link လေးမှာ ဖတ်ရှုနိုင်ပါတယ်။ (Volunteer လျှောက်မဲ့သူများကတော့ မဖြစ်မနေ ဖတ်ပေးဖို့လိုအပ်ပါတယ်။)

https://m.facebook.com/story.php?story_fbid=240965412061947&id=100084454684147&mibextid=Nif5oz

ဒီလို လူမှုအကျိုးပြုအဖွဲ့အစည်းတခုမှာ Volunteer လုပ်ရင်း ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကတော့ 💁‍♀️

✅သက်ဆိုင်ရာ ကျန်းမာရေးနယ်ပယ်က ဝါရင့် ဆရာ၊ ဆရာမ၊ ပညာရှင်များရဲ့ စနစ်တကျ Design ဆွဲထားတဲ့ Training သင်ရိုးတွေ၊ လေ့ကျင့်သင်ကြားပြသပေးမှုတွေ.....

✅ကိုယ်လုပ်ကိုင်ရတဲ့ Position နယ်ပယ်က လုပ်နည်းကိုင်နည်းတွေ၊ လမ်းညွှန်ပြသမှုတွေ၊ အတွေ့အကြုံတွေ၊ ဗဟုသုတတွေ.....

✅နယ်ပယ်အစုံက လူအများနဲ့ အတူတူလေ့လာ၊ အလုပ်အတူတူလုပ်ရင်း ရလာမယ့် ၆ လတာမှ တသက်တာချည်နှောင်နိုင်မဲ့ သံယောဇဥ် Network တွေ.....

✅လူတွေရဲ့ ကျန်းမာရေးအခက်အခဲတွေကို အတူတူဝေမျှခံစား ကူညီအဖော်ပြုပေးရင်းကနေ ရလာမယ့် ဘာနဲ့မှလဲလို့မရတဲ့ ပီတိတွေ.....

✅Volunteering ကာလမှာ သင်ယူသွားနိုင်မဲ့ Problem Solving Skill ၊ Soft Skill တွေ၊ EQ နဲ့ Attitude တွေ.....

✅Volunteer ကာလပြီးသွားရင် ရနိုင်မဲ့ အသိအမှတ်ပြု Certificate တွေ ဖြစ်ပါတယ်ရှင့်။

✅ဒါတွေအပြင် CSE Online/ Offline Awareness ပွဲတွေကို မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ ပြည်နယ် ၆ ခုက တချို့သောနေရာများ၊ ရန်ကုန်မြို့ရဲ့ နေရာအနှံ့မှာပြုလုပ်ခြင်းမှတဆင့် စုံလင်ကွဲပြားလှတဲ့နေရာအသီးသီးမှ ပြည်သူတွေရဲ့အ‌တွေးအမြင်၊ နေထိုင်မှုပုံစံ၊ မျိုးဆက်ပွားကျန်းမာရေးအခန်းကဏ္ဍက သူတို့ရဲ့ လက်ရှိ နေ့စဉ်လက်တွေ့ဘဝမှာ ဘယ်လိုအတိုင်းအတာ၊အခြေအနေတွေအထိ ပါဝင်သက်ရောက်နေမှု စတဲ့ ဖြစ်ရပ်အစုံစုံ၊ ကိစ္စရပ်ပေါင်းများစွာ၊ အတွေ့အကြုံကောင်း များစွာကို ကိုယ်တိုင်ကိုယ်ကျ ရရှိ၊ သိရှိနိုင်မှာ အသေအချာပဲဖြစ်ပါတယ်။

အခုခေါ်ယူတဲ့ စေတနာ့ဝန်ထမ်းနေရာက ဘယ် Position အတွက်လဲ ဆိုရင်တော့ 🤔

🎗 Peer Educator Volunteers (40 Posts)

Volunteer Duration ကတော့ ၆ လ ဖြစ်ပါတယ်။ 🗓 အောက်တိုဘာ ၁၅ ရက်နေ့ကနေ စမှာပဲဖြစ်ပါတယ်။

🎯 ဒီ ၆ လအတွင်းမှာ ဘာတွေလုပ်ဆောင်ရမှာလဲ။

✓ ကိုယ်တိုင် CSE Knowledge တွေပြည့်ဝနေစေဖို့ Team နဲ့အတူတူ Training တက်၊ လေ့လာမှုတွေ၊ ဆွေးနွေးမှုတွေလုပ်ကြရမယ်။
✓ ပုံမှန် တလမှာ အနည်းဆုံး တကြိမ်တော့ မျက်နှာစုံညီ Meetingလေးတွေရှိမယ်။
✓ Activities Idea လေးတွေအတူတကွ Brainstorm လုပ်ကြမယ်။
✓ လစဉ် CSE & HIV/AIDS Awareness Session လေးတွေကို Online/Offline ကနေ Team နဲ့အတူ Sharing Session လေးတွေ လုပ်ကြရမှာပဲ ဖြစ်ပါတယ်။

ဒီလို ကိုယ်တိုင်ရော၊ Community အတွက်ပါ အကျိုးများစေမဲ့ လှုပ်ရှားမှုလေးတွေ ပုံမှန်လုပ်သွားကြရင်း တိုးတက်မှုတွေကို အကောင်အထည်ဖော်ရင်း လူမှုအကျိုးပြုလှုပ်ရှားမှုတွေကို အင်တိုက်အားတိုက် လုပ်ဆောင်သွားကြမှာဖြစ်ပါတယ်။🫶

🚨ဒါ့အပြင် ဒီတစ်ခေါက် Batch မှာ စီစဉ်ထားတဲ့ နောက်ဆက်တွဲထပ်တိုး အစီအစဉ်ကတော့ (၆) လတာ Volunteer ကာလ ပြီးမြောက်သွားပြီဖြစ်တဲ့ Peer Educators တွေရဲ့ သိရှိ၊တတ်မြောက်ထားတဲ့ အခြေအနေအရပ်ရပ်ပေါ်မူတည်ပြီး၊ နှစ်ဦးနှစ်ဖက် အဆင်ပြေပါက Treat With Me Organization မှာ ပင်တိုင် Peer Educator အနေနဲ့ အချိန်အတိုင်းအတာတစ်ခုအထိ တာဝန်ပေးခန့်အပ်ကာ အပြန်အလှန်သဘောတူညီမှုနဲ့တကွ ရေရှည်အတူလက်တွဲ လုပ်ဆောင်သွားကြမှာပဲဖြစ်ပါတယ်။

အခု Volunteer လျှောက်ဖို့ လုပ်ရမဲ့အချက်လေးတွေကတော့

1️⃣ Treat With Me Page လေးကို Like and Follow လုပ်ပေးထားရပါမယ်။

2️⃣ Treat With Me Page မှာတင်ထားတဲ့ Post တွေထဲက Post တခုခုကိုဖတ်ပြီး အဲ့ Post အောက်မှာ မိမိနှစ်သက်ရာ Comment တခုခုမန့်ပေးရပါမယ်။ (Sticker ဖြစ်ဖြစ်၊ စာသားဖြစ်ဖြစ်ရပါတယ်။)

3️⃣ ပြီးရင်တော့ Application Form လေးဖြည့်ပြီး လျှောက်ထားလို့ရပါပြီရှင် ။ 🤗

Application Form လေးကို သေသေချာချာ ပြည့်ပြည့်စုံစုံလေး ဖြေပေးလေလေ၊ အရွေးချယ်ခံရဖို့ အခွင့်အရေးပိုရှိလေလေ ဖြစ်တာမို့လို့ တကယ်စိတ်ပါဝင်စားတယ်ဆိုရင် သေချာလေးဖြည့်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ ✊

(အရင်လျှောက်ဖူးပေမဲ့ ရွေးချယ်ခြင်းမခံခဲ့ရတာမျိုးရှိရင်လည်း ထည့်သွင်းရေးသားစေချင်ပါတယ်။ သေချာပြန်လည်စီစစ်ပြီး ဦးစားပေး စစ်ဆေးပေးပါ့မယ်။ နောက်ဆုံးရွေးချယ်ခြင်းခံရခြင်း၊ မခံရခြင်းကတော့ ဖြေဆိုထားမှုအပေါ်တွေမှာ လူမှန်၊ နေရာမှန်ဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ အဓိကထား ဆုံးဖြတ်ရွေးချယ်သွားမှာပဲ ဖြစ်ပါတယ်။)

"လျှောက်ထားရန် သက်ဆိုင်ရာ link "
-------------------------------------------------------

🔗Batch 8 Volunteer Application Form link -

https://docs.google.com/forms/d/e/1FAIpQLSfZrITPRHXnk3GJhS-Dsp-wCbqB-J_7pD1NQlBsDbCd9Kq8kg/viewform?usp=header
---------------------------------------------
--------------

Application Form ကိုတော့ အောက်တိုဘာလ ၁၁ ရက်နေ့၊ စနေနေ့၊ နေ့လယ် ၁ နာရီတိတိမှာ ပိတ်မှာဖြစ်လို့ Deadline မတိုင်မီ လျှောက်ထားပေးပြီး Volunteer လုပ်ချင်တဲ့ သူငယ်ချင်းတွေရှိရင်လည်း လက်တို့ပေးလိုက်ကြပါဦးနော်။ 🥰

ရွေးချယ်ခံရတဲ့သူတွေကိုတော့ အောက်တိုဘာလ ၁၅ ရက်နေ့ ည ၁၂ နာရီမတိုင်ခင်မှာ Email ပို့ပေးပြီး ဖုန်း SMS ဖြင့်သော်လည်းကောင်း၊ ဖုန်းဆက်၍‌သော်လည်းကောင်း အကြောင်းကြားပေးသွားမှာလည်းဖြစ်ပါတယ်။ 🥳
(၁၅ ရက်နေ့အတွင်း ဆက်သွယ်လာခြင်း မရှိပါက ယခုတခေါက်မှာ အကြောင်းကြောင်းကြောင့် ရွေးချယ်ခြင်းမခံရ‌တာဖြစ်ကြောင်း အလိုအလျောက်သိရှိစေအပ်ပါတယ်ရှင့်။)

ဒီကာလကြီးမှာ ပြည်သူအချင်းချင်းလည်းကူညီခွင့်ရပြီး ကိုယ့်ရဲ့ Development ကိုရော Community Development ကိုပါ Attitude မှန်မှန်နဲ့ လုပ်ဆောင်နိုင်ဖို့ ရလာတဲ့အခွင့်အရေးကို လက်မလွှတ်ပဲ ချက်ချင်းဆုပ်ကိုင်လိုက်ပါစို့နော်။ မိုးရွာတုန်း ရေခံရတာဖြစ်လို့ လူမှန်၊ နေရာမှန်၊ အချိန်မှန် ဖြစ်တယ်လို့ယူဆရင် ချက်ချင်းသာ လျှောက်လိုက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ✊🧡





#တသားတည်း

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon