မြန်မာကြေးဘောလုံးဒိုင်

မြန်မာကြေးဘောလုံးဒိုင်

Share

Photos from မြန်မာကြေးဘောလုံးဒိုင်'s post 13/04/2026

ပရီးမီးယားလိဂ်၊ စီးရီးအေနဲ့ လာလီဂါ ပွဲကြိုသုံးသပ်ချက်

မန်ယူ - လိဒ်စ် (ဧပြီ ၁၄ ရက်နေ့ နံနက် ၁း၃၀ နာရီ)

ပရီးမီးယားလိဂ်က လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် (၅)နေရာ ရရှိမှာဖြစ်တာကြောင့် မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့က စိတ်ချရတဲ့အနေအထားဖြစ်နေပြီလို့ ဆိုရမှာပါ။ လိဒ်စ်ကတော့ အဆင့်(၁၅)နေရာမှာ ရှိနေပေမဲ့ အဆင့်(၁၈)နေရာက ဝက်စ်ဟမ်းနဲ့ (၃)မှတ်သာ ကွာဟတာကြောင့် တန်းဆင်းအန္တရာယ်ရှိနေပါတယ်။ လတ်တလောခြေစွမ်းမှာလည်း လိဒ်စ်က ပြိုင်ပွဲစုံနောက်ဆုံး(၄)ပွဲဆက် ရှုံးပွဲမရှိအောင် ကစားထားတာကြောင့် အိမ်ကွင်းဖြစ်ပေမဲ့ မန်ယူအသင်း သတိထားဖို့ လိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အိမ်ကွင်း(၅)ပွဲဆက် အနိုင်ကစားထားတဲ့ မန်ယူအသင်းကိုပဲ ရွေးချယ်ရမှာပါ။

ဖီအိုရင်တီးနား - လာဇီယို (ဧပြီ ၁၄ ရက်နေ့ နံနက် ၁း၁၅ နာရီ)

ဖီအိုရင်တီးနားက တန်းဆင်းဇုန်နဲ့ဝေးဖို့ ကြိုးစားနေတဲ့အသင်းဖြစ်ပြီး လာဇီယိုကတော့ ဥရောပဝင်ခွင့်လည်း ရနိုင်ခြေမရှိတော့တာကြောင့် ဖိအားကင်းနေပါတယ်။ လတ်တလောခြေစွမ်းမှာ လာဇီယိုအသင်းက ပိုကောင်းနေပေမဲ့ အမှတ်လိုအပ်ချက် ပိုရှိနေတဲ့ အိမ်ရှင်အသင်းကိုပဲ ရွေးချယ်ချင်ပါတယ်။

လီဗန်တေး - ဂီတာဖေး (ဧပြီ ၁၄ ရက်နေ့ နံနက် ၁း၃၀ နာရီ)

လီဗန်တေးက လာလီဂါမှာ အမှတ်ပေးဇယားအောက်ဆုံးရောက်နေပေမဲ့ တစ်ပွဲလျော့အနေအထားမှာ အဆင့်(၁၇)နေရာကအသင်းနဲ့ (၇)မှတ်သာ ကွာဟတာကြောင့် တန်းဆင်းဇုန်က လွတ်မြောက်ဖို့ မျှော်လင့်ချက်ရှိနေပါသေးတယ်။ ဂီတာဖေးကလည်း ဥရောပဝင်ခွင့် မျှော်မှန်းနိုင်စွမ်းရှိနေတာကြောင့် အကြိတ်အနယ်အမှတ်လုမယ့်ပွဲ ဖြစ်လာနိုင်ပါတယ်။ လောလောဆယ် ခြေစွမ်းပိုကောင်းနေတဲ့ ဂီတာဖေးဘက်က ရပ်တည်ချင်ပါတယ်။

Crd

#မြန်မာကြေးဘောလုံးဒိုင်

Photos from မြန်မာကြေးဘောလုံးဒိုင်'s post 10/04/2026

လာမယ့်နွေရာသီမှာ မာတင်နယ်လီအပါအဝင် စီနီယာကစားသမား(၅)ဦးကို အာဆင်နယ်ရောင်းထုတ်ဖွယ်ရှိ

အာဆင်နယ်အသင်းဟာ လာမယ့်နွေရာသီမှာ ဘရာဇီးလ်တောင်ပံကစားသမား မာတင်နယ်လီအပါအဝင် စီနီယာကစားသမား(၅)ဦးကို ရောင်းထုတ်ဖွယ်ရှိကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အခုနောက်ပိုင်းနှစ်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်တိုက်ပြုလုပ်လာတ့အသင်းဖြစ်ပြီး အဲဒီအတွက်ပဲ ပြိုင်ပွဲတိုင်းမှာ ဆုဖလားကို စိန်ခေါ်နိုင်တဲ့အသင်း ဖြစ်လာခဲ့တာပါ။

အာဆင်နယ်အသင်းဟာ အခုရာသီမှာ ဖလားလေးလုံးအောင်ပွဲကို မျှော်လင့်နိုင်တဲ့ အနေအထား ရောက်ရှိခဲ့ပြီး လိဂ်ဖလားနဲ့ FA ဖလားတို့ကို လက်လွှတ်ခဲ့ရပြီဖြစ်ပေမဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေအတွက် မျှော်လင့်ချက်အပြည့်ရှိနေပါတယ်။

အထူးသဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်ပွဲလျော့မန်စီးတီးကို (၉)မှတ်ဖြတ်ထားတဲ့အတွက် ချန်ပီယံဆုရရှိဖို့ အလားအလာကောင်းနေပါတယ်။

အာဆင်နယ်အသင်းတာဝန်ရှိသူတွေကတော့ ဒီရာသီမှာ ဘယ်လိုပဲအဆုံးသတ်ပါစေ အသင်းကို ပိုမိုတောင့်တင်းအောင် တည်ဆောက်သွားဖို့ ရည်ရွယ်ထားတဲ့အတွက် အရည်အသွေးပိုင်း လိုအပ်ချက်ရှိနေတဲ့ ကစားသမားတွေကို ရောင်းထုတ်ပြီး ထိပ်တန်းကစားသမားတွေ ပြန်လည်အားဖြည့်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

Mirror ရဲ့ဖော်ပြမှုအရ အာဆင်နယ်အသင်း ရောင်းထုတ်ဖို့ စီစဉ်နေတဲ့ ကစားသမားတွေက မာတင်နယ်လီ၊ ဂျေးဇူး၊ စကယ်လီ၊ နွမ်နရီနဲ့ ဘင်ဝှိုက်တို့ဖြစ်ကြောင်း သိရပါတယ်။

Crd

#မြန်မာကြေးဘောလုံးဒိုင်

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon