Digital Innovate Myanmar
24/12/2022
😍 ခရစ်စမတ်နေ့အတွက် အထူးအစီအစဉ်တစ်ခု
Digital Innovate Myanmar မှ တင်ထားသော ပို့စ်တိုင်းကို မိမိ Profile အကောင့်သို့ Tag အများဆုံးတွဲပြီး Share ပေးပါ။ Screenshot အား ယခုပို့စ်အောက်မှာ မန့်ပေးပါ။ အချိန်အမြန်ဆုံး Share နိုင်သူ (၁၀) ဉီးအား ခရစ်စမတ်နေ့ ည (၇) နာရီမှာ ဖုန်းဘေနှင့် ငွေသား လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်
22/12/2022
သလဲသီးကောင်းကျိုးများ
သလဲသီးဟာ ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ် သလဲသီးဟာ အရသာရှိသလို ခန္ဓာကိုယ်အတွက် ကောင်းကျိုး အများကြီးပြုတဲ့ အသီးဖြစ်ပါတယ်
ဒါဆို သလဲသီးက ခန္ဓာကိုယ်အတွက် ဘယ်လိုအကျိုးကျေးဇူးမျိုး ပေးတာပါလဲ
⁃ သလဲသီးက အူတွင်းရောင်ရမ်းမှုကို လျော့ကျစေပြီး အစာချေစနစ်ကို ကောင်းမွန်စေပါတယ်
⁃ သလဲသီးမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမျှင်ဓာတ်၊ အသားဓာတ်၊ ဗီတာမင် C၊ ဗီတာမင် K၊ ဖောလစ်အက်ဆစ်၊ ပိုတက်ဆီယမ်စတဲ့ ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်
⁃ သုတေသန စမ်းသပ်ချက်တွေအရ သလဲသီးဟာ အစာအိမ် ရောင်ရမ်းမှုကို လျော့ကျစေသလို ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာမှာ ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တာကို တွေ့ရပါတယ်
⁃ သလဲသီးဟာ ဆီးကျိတ်ကင်ဆာကိုလည်း သက်သာစေပါတယ်
⁃ ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ရောဂါတမျိုးဖြစ်ပါတယ် သလဲသီးဟာ ကင်ဆာဆဲလ် ပြန့်ပွါးမှုကို နှေးကွေးစေပါတယ်
⁃ သလဲသီးက မှတ်ဥာဏ်ကိုကောင်းမွန်စေသလို နှလုံးရောဂါနှင့် သွေးတိုးရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်
⁃ ဘက်တီးရီးယားနဲ့ မှိရောဂါတွေကို တိုက်ထုတ်ရာမှာလည်း အကူအညီပေးနိုင်လို စားသုံးသင့်တဲ့အသီးတစ်မျိုးပဲ ဖြစ်ပါတယ်
21/12/2022
ဒီနေ့ခေတ်မှာတော့ Digital Marketing ဟာ လုပ်ငန်းတိုင်းမှာ လိုအပ်နေပြီး လူတော်တော်များများကလည်း Digital Marketing ကိုလေ့လာနေကြပါပြီ။ Digital Marketing ကို ကောင်းစွာအသုံးချခြင်းဖြင့် လုပ်ငန်းများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်စေပါတယ်။ Digital Innovate Myanmar Company မှ လူငယ်များအတွက် ရည်ရွယ်ပြီး Digital Marketing လေ့လာဖို့ Website ကောင်း (၁၀) ခု ကို တင်ဆက်လိုက်ပါတယ်။
၁။ Content Marketing Institute
Digital Marketing, Content Marketing နှင့် ပတ်သက်သော နေ့စဉ်သတင်းများ လေ့လာနိုင်မည့် Website ဖြစ်သည်။
၂။ Contently
Content Marketing Strategy ချမှတ်နည်းများကို တစ်နေရာထဲတွင် စုံလင်စွာလေ့လာနိုင်မည့် Website ဖြစ်သည်။
၃။ HubSpot
Content Marketing,Marketing တို့ လေ့လာရန်အတွက် HubSpot သည်လည်း အကောင်းဆုံး Website များထဲတွင် ပါဝင်သည်။
၄။ MOZ – The Moz Blog
SEO Beginner များအတွက် လေ့လာရန်သင့်တော်သော Website တစ်ခုဖြစ်သည်။
၅။ Four Dots
SEO, link building, digital and content marketing တို့ကို စုံလင်စွာ လေ့လာနိုင်မည့် Website တစ်ခုဖြစ်သည်။
၆။ Neil Patel
Digital Marketing လေ့လာနေသူများအတွက် တစ်ဆင့်ချင်းစီ သင်ကြားပေးသော Website ဖြစ်သည်။
၇။ Social Media Examiner
Video Guide, Infographic များဖြင့် အမျိုးအစားစုံလင်စွာ လေ့လာနိုင်မည့် Website တစ်ခုဖြစ်သည်။
၈။ Social Media Explorer
Digital Marketing Tips များဖြင့် လွယ်ကူစွာ လေ့လာနိုင်မည့် Website တစ်ခုဖြစ်သည်။
၉။ Buffer
ယနေ့ Digital Marketing အကြောင်းကို up to date လေ့လာနိုင်မည့် Website တစ်ခုဖြစ်သည်။
၁၀။ Google Inside AdWords
Google ၏ တရားဝင် Blog ဖြစ်ပြီး Google Advertising Program များ၊ Update သတင်းများကို လေ့လာနိုင်မည့် နေရာဖြစ်သည်။
Click here to claim your Sponsored Listing.