RITZ Professional Test Center
07/03/2026
😱 စာမေးပွဲခန်းရောက်ရင် Failed တယ်ဆိုတာ စာမရလို့ထက် ပြာသွားတာရယ်၊ Preparation အလွဲလေးတွေရယ်ကြောင့် အမှတ်လျော့သွားတာပါ။
စာမေးပွဲဖြေဖို့ (၂၄) နာရီအလိုဟာ ခေါင်းထဲကို "အသစ်" တွေ ထပ်ထည့်ရမယ့် အချိန် မဟုတ်ပါဘူး။ ထည့်လည်း ဝင်မှာ မဟုတ်တော့ဘူး။
ဒီအချိန်မှာ ခေါင်းအေးအေး စိတ်အေးအေးထားပြီး အခုပြောပြမယ့် အချက်လေးတွေကိုသာ မလွဲမှားအောင် ဂရုတစိုက် ပြင်ဆင်သွားပါ။
1️⃣ ID မမေ့ပါနဲ့။
▪️NRC (သို့) Passport မူရင်းကို စာမေးပွဲဖြေရင် ယူသွားမယ့် အိတ်ထဲ ကြိုထည့်ပါ။ မိတ္တူ လုံးဝ မရပါဘူး။
▪️Register လုပ်ထားတဲ့ နာမည်နဲ့ ID ပေါ်က နာမည် တူရဲ့လား တိုက်စစ်ပါ။ တစ်လုံးလွဲတာနဲ့ ဖြေခွင့်ပိတ်ခံရနိုင်ပါတယ်။
2️⃣ အေးတတ်ရင် အနွေးထည်ယူသွားပါ။
▪️Test Center တွေရဲ့ ထုံးစံအတိုင်း Aircon အမြဲဖွင့်ထားလို့ အေးပါတယ်။ ကိုယ်က အအေးမခံနိုင်ဘူးဆိုရင် လက်တွေတုန်၊ အာရုံစိုက်မရ ဖြစ်တတ်လို့ အနွေးထည် ယူသွားတာ မမှားပါဘူး။
3️⃣ အိမ်ကနေ စောထွက်ပါ။
▪️Google Map ကို မယုံပါနဲ့။ ကားပိတ်မှာကိုပါ ထည့်တွက်ပြီး အိမ်ကနေ ဘယ်အချိန်ထွက်ရမလဲဆိုတာ ကြိုတွက်ထားပါ။ စာမေးပွဲ မစခင် မိနစ် (၃၀) လောက် စောရောက်နေတာ ကောင်းပါတယ်။
4️⃣ ရေသောက် ဆင်ခြင်ပါ။
▪️တချို့က စိတ်လှုပ်ရှားပြီး ရေတွေချည်း လှိမ့်သောက်မိတတ်တယ်။ စာမေးပွဲ ဖြေခါနီးမှာ ရေ၊ ကော်ဖီ အများကြီး မသောက်ပါနဲ့။ Toilet သွားဖို့ လိုရင် စာမေးပွဲခန်းထဲ မဝင်ခင်တည်းက ကြိုသွားထားပါ။
5️⃣ အိပ်ရေးဝဝ အိပ်ပါ။
▪️ညလုံးပေါက် မအိပ်ဘဲ Cramming မလုပ်ပါနဲ့။ ကိုယ်အကောင်းဆုံး ပြင်ဆင်ထားပြီးပြီပဲ၊ ယုံကြည်စိတ်မွေးပါ။ အိပ်ရေးဝမှ ဦးနှောက်က ကြည်လင်လန်းဆန်းပြီး ၁၀၀% အလုပ်လုပ်မှာ ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ အားပေးချင်တာက ကိုယ်တစ်ယောက်တည်း စာမေးပွဲ လာဖြေရတယ်ဆိုပြီး အားမငယ်ဖို့ပါပဲ၊ လိုအပ်တာကို ကူညီပေးဖို့ Ritz Team တစ်ခုလုံးက အတူရှိနေပါတယ်။ 🤗
ဒီ Checklist လေးကို သိမ်းထားပြီးတော့ စာမေးပွဲ ဖြေရမယ့် သူငယ်ချင်းရှိရင်လည်း Dos and Dont's လေးတွေ သူသိသွားအောင် ပို့ပေးလိုက်ပါဦးနော်။
𝗥𝗶𝘁𝘇 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 𝗧𝗲𝘀𝘁 𝗖𝗲𝗻𝘁𝗲𝗿
📞 +95 9 45319 3857
🌐 https://exam-center.ritz.com.mm
📍 Room 6, Building 7, MICT Park, Hlaing Tsp., Yangon, Myanmar
🗺 ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံကို သွားချင်လဲ❓
US လား၊ UK လား၊ Australia လား ... မြေပုံပေါ်မှာ ဘယ်လောက်ဝေးဝေး အိပ်မက်တွေ နီးစေဖို့ Ritz ကနေ စတင်နိုင်ပါတယ်။
ကိုယ်ရည်မှန်းထားတဲ့ နိုင်ငံ၊ တက္ကသိုလ်၊ အလုပ်အကိုင်အတွက် အရင်ဆုံး ကျော်ဖြတ်ရမယ့် 🥊 Challenge တစ်ခုတော့ ရှိတယ်။
အဲ့တာက International Certification အတွက် ဖြေဆိုရမယ့် စာမေးပွဲပါပဲ။
လနဲ့ချီ အိပ်ရေးပျက်ခံ ကြိုးစား၊ အကောင်းဆုံး ပြင်ဆင်ခဲ့ပြီး Exam Day ရောက်မှ External Factors တွေကြောင့် အဆင်မပြေဖြစ်သွားရင် ရင်နာဖို့ ကောင်းလွန်းပါတယ်။
❌ ဘယ်တော့မှ ကိုယ့်အနာဂတ်ကို ကံတရားအပေါ် ပုံအပ်မထားလိုက်ပါနဲ့။
🧑💻 အကောင်းဆုံး ရလဒ်ထွက်ချင်တယ်ဆိုရင် Ritz Professional Test Center ကို ရွေးချယ်လိုက််ပါ။
✅ စိတ်အေးလက်အေး Focus အပြည့် ဖြစ်စေဖို့ State-of-the-Art Facilities တွေ ပြည့်စုံတယ်။
✅ နည်းပညာ အခက်အခဲရှိမှာ လုံးဝ စိတ်မပူနဲ့၊ လိုအပ်တာကို Full Technical Support ပေးသွားမယ်။
✅ စာမေးပွဲ ဖြေဆိုရတာ ချောမွေ့အောင် ကူညီပေးသွားမယ့် Certified Proctors & Staff တွေ အသင့်ရှိတယ်။
ဒါကြောင့် ကိုယ့်ဘက်ကသာ အကောင်းဆုံး ပြင်ဆင်လာခဲ့ပါ။ ကမ္ဘာကို ခြေဆန့်မယ့် စိတ်ကူးအိပ်မက်တွေအတွက် Ritz ကနေ အပြည့်အဝ ကူညီပံ့ပိုးပေးသွားပါမယ်။
သိချင်တာရှိရင် Comment မှာ မေးမြန်းသွားနိုင်ပါတယ်။
𝗥𝗶𝘁𝘇 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 𝗧𝗲𝘀𝘁 𝗖𝗲𝗻𝘁𝗲𝗿
📞 +95 9 45319 3857
🌐 https://exam-center.ritz.com.mm
📍 Room 6, Building 7, MICT Park, Hlaing Tsp., Yangon, Myanmar
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |