Betta Hugo

Betta Hugo

Share

Photos from Betta Hugo's post 21/01/2023

Discuss (အထီး အမ) ခွဲနည်း နှင့် သားဖောက်နည်း

၁။ အထီးက အမထက် အရွယ်အစားပိုကြီးပါတယ်

၂။ နှုတ်ခမ်းကိုကြည့်ပါ အထီးက ရန်လိုတိုက်ခက်တက်တဲ့သဘောရှိတာကြောင့်​ အမနှခမ်းထက် ပိုကြီးနေမည်။

၃။ အပေါ်ရေခွဲတောင်ကိုကြည့်ပါ အထီးက ချွန်နေပြီး အမသည် ဝိုင်းနေလိမ့်မည်။

၄။ ငါးအပြုမူကိုလေ့လာပါ အထီးက အများအားဖြင့် ရန်လိုတတ်ပြီး မိမိကိုယ်ကို အမြဲတစေကာကွယ်တတ်သည်။ တခြားငါးများနှင့်တွဲထားပါက အမကိုပါကာကွယ်ပေးထားဟန်မြင်ရပေမည်။

၅။ စအိုကိုကြည့်ပါ အမက ဥဥရန်အတွက်ဥအိမ်ပါဝင်သောကြောင့် အထီးထက်ပိုကြီးနေလိမ်မည်။

၆။ ငါးအရောင်ကိုကြည့်ပါ အထီးများသည် အမများထက် အရောင်ပျော့နေလိမ်မည်။
* သင့်ငါးများ၏ကျန်းမာရေးအနေအထားရှိသောကြောင့် ထိုအချက်ကို နောက်ဆုံးထား၍ကြည့်သည့်သည် *

Discuss Breed (မျိုးပွားခြင်း)

၁။ ၂လက်မ မှစတင်၍ အထီးသည် (13)လ မှစတင်မျိုးပွားရန်အနေထားရှိသည်။ အမသည် (9)လမှစတင်သည်။

၂။ ကန်အနေထားမှာ 50ဂါလံဆံ 15လက်မအနက်ရှိရမည်။

၃။ ရေအရည်သွေး 6.5မှ 7.0 PH ရှိရမည်။

၄။ အပူချိန် 82°F ( 27C) ရှိရမည်။

၅။ နေတိုင်း ရေ 10%လဲပေးပါ။ ၁ ပတ်အနည်းဆုံး 20% မှ 30%လဲပေးရမည်။

၆။ အမဲနှလုံး ဟင်းနုနွယ် ပီရူလိုင်းနား ပေါင်းကျွေးပါ

၇။ ဥတိုင်ထည့်ပါ

၈။ Methylene အရည်ကို Eyedrooper နှင့်ထည့်ပါ။

၉။ ရေမြုတ် Filter သုံးပါ အောက်စီဂျင်ကို ညင်သာစွာပေးပါ။

၁၀။ ဥပါက ဥများကို ၃ရက်စောင့်ကြည့်ပါ။ ဥများကိုစားပါက အကာကွယ်လုပ်ပေးပါ။

၁၁။ ရေကို ၉လက်မသာထားပါ

၁၂။ ရေကူပြီး၅ရက်အကြာမှ အာတီးမီးယား တစ်နေ့ ၄ကြိမ်ကျွေးပါ။

၁၃။ ၆ပါတ် အကြာမှ အစာပြောင်းကျွေးပါ

၁၄။ ၂လက်မအရွယ်မှစတင်ရောင်းပါ။

မူရင်းရေးသားသူနှင့်ပုံပိုင်ရှင်အားလေးစားစွာ Credit ပေးပါသည်။ * ကူးယူမျှဝေခွင့်ပြုပါခင်ဗျ *
ဒေါက်တာမောင်မောင်အေး (B.V.S)

Reference source - Aquarium Fish Myanmar. Ctto.

Photos from Betta Hugo's post 01/01/2023

သားဖောက်ပြီးတဲ့အခါ အနည်းနဲ့အများတော့ ထိခိုက်မိတာ၊ အမြီးအတောင်ပျက်ကုန်တာ မျိုးတွေကြုံတွေ့နိင်တာကြောင့် ပြစ်ထားမိရင် သေနိင်တဲ့ထိဖြစ်နိင်ပါတယ်

ဒါကြောင့် ရေကိုအဓိကဂရုစိုက်ပေးပြီး အစာရှင်ကျွေးသင့်ပါတယ် သားဖောက်ပြီးတဲ့ငါးမ တစ်ကောင်က ၂ပတ်လောက်အနားပေးပြီးရင် ပြန်ဖောက်လို့ရတယ်ဆိုပေမယ့် သူထိခိုက်တာအနည်းအများပေါ်မှုတည်ပြီး ၁လလောက်တော့အချိန်ပေးသင့်ပါတယ်။
Credit photo to alamy.com.

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon