HIV Knowledge Myanmar

HIV Knowledge Myanmar

Share

11/09/2024

New KP or "One Night Stand"

Hiv နှင့် ကာလသားတိုက်ဖျက်ရေးတွေမှာ အဓိကထားပြီး လုပ်ဆောင်ရတဲ့ လူတွေရှိပါတယ်..ကူးစက်နိုင်ခြေ မြင့်တဲ့သူတွေပေါ့..ဘယ်လိုလူမျိူးတွေလဲဆိုရင် MSM(အမျိုးသားချင်း လိင်တူဆက်ဆံသူများ).TG (အမျိုးသမီးလိင်စိတ်ခံယူထားပြီး အမျိူးသမီးလို ဝတ်စားဆင်ယင်သူများ) SW(အမျိူးသမီးပြည်တန်ဆာများ) နှင့်..PWID( မူးယစ်ဆေးအကြောထဲထိုးသွင်းသူများ) ဖြစ်ပါတယ်..အဲအုပ်စုမှာပါဝင်တဲ့သူတွေအများစုဟာ ကူးစက်ရောဂါ ဖြစ်နိုင်ခြေများတဲ့ လုပ်ရပ်တွေနဲ့ ထိတွေ့တဲ့အခြေအနေများလို့ Key Poppulation (KP) ဆိုပြီး ဆေးလောက က သတ်မှတ်ထားကြတယ်...

ဒါကြောင့် မို့ ဒီလိုလူတွေအတွက် ကျန်းမာရေး အသိပညာပေးမှုတွေ ကွင်းဆင်းစစ်ဆေးမှုတွေ လိင်ကျန်းမာရေးပညာပေးတာတွေကို ကျန်းမာရေး ဝန်ထမ်းတွေက စွမ်းစွမ်းတမံ လုပ်ဆောင်ပေးကြလို့ အခုဆို ထိုသူတွေဟာ ကျန်းမာရေး အသိပညာတွေရပြီး ကွန်ဒုံးစနစ်တကျသူံးစွဲတာတွေ..တခါသူံးဆေးထိုးအပ်တွေသုံးတာတွေ Hiv ကာကွယ်ဆေးသောက်တာတွေကိုပြုလုပ်လာလို့ ကူးစက်မှုနှုန်းတွေဟာ တော်တော်လေးကျသွားပါတယ်....

လူတယောက်ဟာ Gay တယောက် ပြည့်တန်ဆာ တယောက်ကို မြင်လိုက်တာနဲ့ သူဟာ Hiv ရှိတယ်လို့ အလွယ်သတ်မှတ်လို့မရတော့ပါဘူး..တချို့တွေဟာ ကျန်းမာရေးစောင့်ရှောက်တွေရကြလို့..ဒီစွပ်စွဲမှုဟာ ရာနှုန်းပြည်မမှန်တော့ပါဘူး.

ဒီနေ့ ကျွန်တော်စိတ်ပူရတဲ့ လူအုပ်စုတမျိုးထွက်လာပါတယ်..သူတို့တွေဟာ ကျား/မ ဖြစ်နိုင်သလို LGBT တွေထဲကလည်းဖြစ်နိုင်ပါတယ်..ONS လို့ ခေါ်တဲ့ one night stand တွေ စပ်ယှက်ကြတဲ့သူတွေပါ..ကလပ်မှာတွေ့တယ်. ကဲတယ် ဒိတ်ကြတယ်. အဆင်ပြေရင်ပြေသလို အလွယ်ဒိတ်တယ် အကာကွယ် မသူံးကြဘူး..အခုလိုနိုင်ငံခြားသွားကြဖို့ လုပ်နေကြချိန်မှာ သွေးစစ်ကြတော့ Hiv Positive ဖြစ်ကြတယ်..တကယ်စိတ်မကောင်းစရာပါပဲ..ဒါကြောင့် မို့ ONS တွေဟာ ကျနော့်အတွက်တော့ KP ပါပဲ..ဒါကြောင့် ဒီလူငယ်လေးတွေဟာ ကျန်းမာရေး အသိတွေ ကျန်းမာရေးစောင့်ရှောက်မှူတွေနဲ့ အများကြီးထိတွေ့ဖို့ လိုနေပြီဆိုတာကို သတိပေးချင်ပါတယ်..ကဲတာကရပါတယ်..စနစ်တကျ ကဲတတ်ဖို့ ကျန်းမာရေး အသိဟာအရေးကြီးပါတယ်.မဟုတ်ရင် တခါကဲ ပြီး တဘဝစာ ဖြစ်နိုင်တာမို့ အထူးသတိပေးလိုက်ပါတယ်

#သွေးစစ် #ဂနို #လိင်အင်္ဂါ #အင်္ဂါကြွက်နို့ #ကူးစက်ရောဂါ
#ကွန်ဒုံး #ကာလသားရောဂါ #ကွန်ဒုံး #ကာလသားရောဂါ

22/03/2024

ပိုးကူးစက်ခံရခြင်း ရှိ၊မရှိ သိနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းက သွေးစစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။
HIV စစ်ဆေးတဲ့နည်းတွေအရ Antibody (ခေါ် ) HIV ပိုး ခန္ဓာကိုယ်သွေးထဲသို့ ကူးစက်ခံရတဲ့အခါ ခုခံအားစနစ်မှထုတ်လွှတ်သော ပဋိပစ္စည်းတစ်မျိုး ကို ရှာဖွေခြင်းဖြင့် စစ်ဆေးတာဖြစ်ပါတယ်။

HIV ပိုး အတွက် စစ်ဆေးသိရှိနိုင်ရန် လုံလောက်တဲ့ Antibody ထွက်ရှိလာနိုင်ဖို့အတွက် ကိုယ့်ရဲ့ ခုခံအားစနစ်ပေါ်မူတည်ပြီး ၃ လအထိ ကြာမြင့်တတ်ပါတယ်။

ကူးစက်နိုင်တဲ့ အခြေအနေရှိခဲ့ပြီး ၃ လမတိုင်ခင် သွေးစစ်မယ်ဆိုရင် အဖြေကို တိကျစွာ သိနိုင်မည်မဟုတ်ပါ။
ဒါကြောင့် ကူးစက်နိုင်သည့်အခြေအနေရှိခဲ့သည့် နေ့မှ (၃) လပြည့်သည့်အချိန်တွင် သွေးစစ်ဆေးမှသာ တိကျသည့် သွေးအဖြေကို သိရှိနိုင်မှာဖြစ်ပါတယ်။

#လိင်အင်္ဂါကြွက်နို့ #ကူးစက်ရောဂါ
ာလသားအခမဲ့စစ်ဆေးကုသကူညီပေး # #ကွန်ဒုံး #ကာလသားရောဂါ # #ကွန်ဒုံး #ကာလသားရောဂါ

17/03/2024

လိင်အင်္ဂါကြွက်နို့ - Human Papillomavirus

လိင်အင်္ဂါကြွက်နို့လို့ခေါ်တဲ့ Human Papillomavirus (HPV) ပိုးဟာ လိင်ဆက်ဆံခြင်းကနေအလွယ်တကူကူးစက်နိုင်ပြီး အမျိုးသား၊ အမျိုးသမီးမရွေးဖြစ်နိုင်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ အမျိုးသားတွေမှာ လိင်တံနှင့် ကပ္ပါယ်အိတ်မှာဖြစ်တတ်ပြီး အမျိုးသမီးတွေမှာတော့ မိန်းမကိုယ်၊ သားအိမ်လမ်းကြောင်းနံရံ၊ သားအိမ်ခေါင်းနှင့် စအိုတစ်ဝိုက်မှာဖြစ်ပေါ်တတ်ပါတယ်။

အဓိကအားဖြင့် HPV ဗိုင်းရပ်စ်ဟာ

🔸အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း
🔸တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိခြင်း
🔸အခြားလိင်ကတဆင့်ကူးစက်ရောဂါများရှိနေခြင်းနှင့်
🔸အသုံးအဆောင်ပစ္စည်းများမျှဝေသုံးစွဲခြင်းတွေကြောင့် ကူးစက်ခံရတတ်ပါတယ်။

လိင်အင်္ဂါကြွက်နို့ဟာ စတင်ပေါက်ဖွားချိန်မှာ ဆန်စေ့အရွယ်ပမာဏသာရှိတတ်ပြီး ကုသမှုမရှိတဲ့အခါမှာတော့ လက်သီးဆုပ်အရွယ်အထိ လျင်မြန်စွာကြီးထွားကာ ပန်းဂေါ်ဖီ (သို့) မှိုပုံစံအဖြစ်သို့ ပြောင်းလဲသွားတတ်ပါတယ်။

တစ်ပြိုင်နက်တည်းမှာပဲ

💠လိင်ဆက်ဆံဖော်သို့ ကူးစက်နိုင်ခြင်း
💠ဆီးလမ်းကြောင်းပိတ်ဆို့ခြင်း
💠စအိုလမ်းကြောင်းပိတ်ဆို့ခြင်း
💠ယားယံပြီး သွေးထွက်ခြင်း
💠အခြားနေရာများသို့ ပျံ့နှံ့ကူးစက်ခြင်း
💠ကင်ဆာအကျိတ်အဖြစ် ပြောင်းသွားခြင်းတွေအထိ အခြေအနေဆိုးရွားသွားတတ်တာကြောင့် အထူးကုဆရာဝန်ကြီးများနဲ့ စောစီးစွာတိုင်ပင်ကုသသင့်ပါတယ်။

#လိင်အင်္ဂါကြွက်နို့ #ကူးစက်ရောဂါ
ာလသားအခမဲ့စစ်ဆေးကုသကူညီပေး # #ကွန်ဒုံး #ကာလသားရောဂါ #

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon