Rises up
11/05/2022
😍Coming soons new products for
our valuable customer.
! Rises up☺️☺️☺️
11/05/2022
Coming Soon products 😊😊😊
28/04/2022
Inverter များကို
Overload ခနခန သုံးမိခြင်း
EPC မီးအားအဝင် ဆောင့်တတ်ခြင်း
Battery (+),(-) မှားတပ်မိခြင်း
အထက်ပါ အဓိက အကြောင်းအရင်း များကြောင့်လည်း FET များ ထိခိုက်ပျက်စီးရပါသည်။
ထို့ကြောင့် မိတ်ဆွေ Custormer များအနေဖြင့် စက်ရဲ့ သတ်မှတ်ထားသော
ဝန်အားပမာဏရဲ့ 70-80 % လောက် သုံးချင်သည်သာ အသင့်တော်ဆုံးဖြစ်ပါသည်။
(FET field effect transistor)
Me
ပေးပါတယ် ခင်ဗျာ။
Thanks 4 knowledge sharing.
🙏🙏🙏
26/04/2022
Motor Troubleshootings အပိုင်း(1)(2)(3)
မော်တာပြစ်ချက်ရှာဖွေခြင်းအကြောင်း
ပြန်လည်စုစည်းဖော်ပြခြင်းဖြစ်ပါသည်။
အပိုင်း(1)
မော်တာပြစ်ချက်ရှာဖွေရာမှာ
ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဖြေရှင်းနိုင်စေဖို့
ရည်ရွယ်ပြီး သိထားသမျှလေးတွေ
မျှဝေပေးချင်ပါတယ်။
၁။Motor မလည်ခြင်း
(a)Controller မကောင်းခြင်း
(b)Single Phase ဖြစ်ခြင်း(Input Circuitမှာလား၊motor windingမှာလားစစ်ပါ)
(c)Rotor,Bearing သို့မဟုတ် Driven Loadမှာ Locked ဖြစ်ခြင်း(Loadဖြုတ်ပြီး အလွတ်လည်ကြည့်ပါ)
၂။Motor လည်နေရင်း Tripဖြစ်ခြင်း
(a)Overload Relay ကြောင့်(Sizeနှင့် Setting စစ်ပါ)
(b)Starting Time ကြာခြင်းကြောင့်
(Time Setting ပြန်စစ်ပါ၊ယေဘုယျအားဖြင့်
Small 10s,Medium 12s,Large 15sထက်
ပိုကြာလျှင် o/l Trip ဖြစ်သည်)
၃။Motor နှေးကွေးစွာလည်ခြင်း
(a)Voltage Drop များခြင်းကြောင့်(Running Voltage က Supply Voltageအောက် 3%ထက်
ပိုလျော့လျှင်)
*ဒီနေရာမှာ Voltage Dropဖြစ်စေတဲ့အကြောင်းရင်းတွေဟာအရေးပါလာပါတယ်။
1.Overload ကြောင့် မနိုင်ဝန်ထမ်းရလို့
Voltage Drop များနိုင်ပါတယ်။
ဒါဆိုရင် Load ကိုလျှော့ရင်လျှော့ ၊မော်တာအကြီး
ပြောင်းသုံးရင်သုံး၊ အဆင်ပြေပါတယ်။
ဒီနေရာမှာ
Motorက Loadကို တကယ်မနိုင်လို့
Overloadဖြစ်တာမဟုတ်ဘဲ
တခြားအကြောင်းကြောင့် Overloadဖြစ်နိုင်တာကို
သိထားရပါမယ်။
(i)Hight Resistance Connectionကြောင့်လည်းဖြစ်တတ်ပါတယ်၊Connectionတွေပြန်စစ်ပါScrewတွေပြန်ကြပ်ပါ)
(ii)Power Line Undersizeပါ။သင့်လျော်တဲ့ကြိုးဆိုဒ် ပြန်လဲပါ)
(iii)Capactor Bank တည်ဆောက်ပုံလွဲရင်လည်း
ဖြစ်တတ်ပါတယ်)
ဒုတိယပိုင်း ဆက်ပါမယ်။
Motor Troubleshootings အပိုင်း(2)
(b)Motor နှေးကွေးစွာလည်စေခြင်းရဲ့
နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့
Starting Loadများခြင်းကြောင့်လည်း
ဖြစ်နိုင်ပါတယ်။ Starting Loadကို လျော့ပေးခြင်းအားဖြင့် ဖြေရှင်းနိုင်ပါတယ်။
(c)နောက်တစ်ချက်က
Starting Torqueမလုံလောက်လို့လည်း
ဖြစ်နိုင်ပါတယ်။ Reduce Voltage Starting System သုံးတဲ့အခါ
(i)Star/Delta
(ii)Part Winding
(iii)Auto-Transformer Starting
စတဲ့ System တွေထဲက
Starting Torqueပိုကောင်းနဲ့ Systemကို
သုံးခြင်းအားဖြင့်လည်းကောင်း၊
Time Setting (1st stage to 2nd stage)ကို
လျော့ချပေးခြင်းဖြင့်သော်လည်းကောင်း
ဖြေရှင်းနိုင်ပါတယ်။
Soft Starterသုံးရင်တော့
Torque နဲ့ Time Setting ကိုယ်လိုသလို
ချိန်ညှိအသုံးပြုနိုင်ပါတယ်။
(၄)Motor ကိုယ်ထည်ပူခြင်းနှင့် Tripဖြစ်ခြင်း
ကိုယ်ထည်ပူခြင်းနှင့် Tripဖြစ်ခြင်းတို့ဟာ
(a)Motor လောင်ကျွမ်းသွားခြင်းကြောင့်၊
(b)Operation Cycleအတွင်းမှာ Start အကြိမ်ရေများလွန်းခြင်းကြောင့်၊
(c)Motorရဲ့ Ambient Temperatureက
40°C(104°F)အထက် ကျော်လွန်ခြင်းကြောင့်၊
(d)Ventilationမကောင်းသောကြောင့်၊
(e)Motor Controllerမှာ အပူချိန်မြင့်မားသောကြောင့် စတဲ့အကြောင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။
တတိယပိုင်းမှာ
ကျန်တဲ့ သိသင့်တာလေးတွေ
ဆက်လက်မျှဝေပေးပါ့မယ်။
ဝေဖန်ထောက်ပြအကြံပြုဆွေးနွေးခြင်းတွေ
ပြုလုပ်ပေးဖို့လည်း ခေါ်ဖိတ်ပါတယ်ခင်ဗျာ။
Motor Troubleshootings အပိုင်း(3)
(၅)Motor လည်သော်လည်းName Plate Speed ထက် လျော့နေခြင်း
(a)Speed Measurement မတိကျတာလည်း
ဖြစ်နိုင်ပါတယ်။ သေချာတိုင်းပါ။
(b)High Overloadကြောင့်လည်းဖြစ်နိုင်ပါတယ်။
(c)Excessive Voltage Dropကြောင့်လည်း
ဖြစ်နိုင်ပါတယ်။
(Voltage drop 10 to 15%ရှိပါက
Motorရဲ့ Speedကို 1 to 2%အထိ လျော့နည်းစေပါတယ်။)
(၆)Motorဆူညံသံ ထွက်ပေါ်လာခြင်း
Single Phase ဖြစ်ခြင်းကြောင့်ဖြစ်ပါတယ်။
Motor သည် Over heatဖြစ်ပြီး Tripကျပါလိမ့်မယ်။
Powerပိတ်ပြီး Start ပြန်လုပ်ကြည့်ပါ။
မော်တာက ညဉ်းသံထွက်ပြီး ပူလာပြီး မလည်ဘူးဆိုရင် Single Phaseဖြစ်ဖို့ သေချာသလောက်ရှိပါတယ်။
*Motor Starting Current နဲ့
အသုံးဝင်မယ့် အနီးစပ်ဆုံး Assumptionလေး
ပေးချင်ပါတယ်။
1.Direct On Line-------7Times of FLA
2.Auto-Transformer(75%Tap)-------4Times
3.Star/Delta or (60%Tap)------2/3 Times
4.Startor-Rotor Starter-------1 to 2 Times
ဖတ်ရှုပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဒီ ပို့စ်တွေကိုဖတ်ပြီး Motor ပြစ်ချက်ရှာဖွေဖို့အတွက်
အထောက်အကူ အထိုက်အလျောက်ရနိုင်မယ်လို့
မျှော်လင့်ပါတယ်။
Motor နဲ့ပတ်သက်လို့
သိသင့်သိထိုက်တာလေးတွေ
ဆက်လက်မျှဝေပေးသွားပါ့မယ်ခင်ဗျာ။
Click here to claim your Sponsored Listing.