MaxiMax Travel & Tour
19/04/2026
လေယာဉ်စီးပြီး ခရီးသွားမည့် မိတ်ဆွေများ သိထားသင့်တဲ့ အချက် (၁၀) ချက်
(၁) လေဆိပ် Terminal အဝင်အတွက် ကြိုတင်ပြင်ဆင်ပါ
🔸လေဆိပ်ဝင်းထဲဝင်တာနဲ့ လုံခြုံရေးစစ်ဆေးမှုရှိတတ်လို့ Passport ၊ မှတ်ပုံတင် နဲ့ Booking Confirmation (E-ticket) ကို အလွယ်တကူ ထုတ်ပြနိုင်အောင် ပြင်ထားပါ။
(၂) Check-in Counter နှင့် Flight Status ကို စစ်ဆေးပါ
🔸လေဆိပ် Terminal ထဲရောက်တာနဲ့ Departure LED Screen မှာ မိမိစီးမည့် လေယာဉ်အချိန် ပြောင်းလဲမှု ရှိ/မရှိ (Delay ရှိမရှိ) အရင်ကြည့်ပါ။
🔸မိမိလေကြောင်းလိုင်းရဲ့ Check-in လုပ်ရမယ့် Row (ဥပမာ - Row A, B, C) ကို ရှာဖွေပြီး တန်းစီပါ။
(၃) Boarding Pass ထုတ်ယူခြင်းနှင့် Luggage အပ်နှံခြင်း
🔸Passport ၊ မှတ်ပုံတင် နဲ့ Booking Confirmation (E-ticket) ကို အသင့်ထုတ်ထားပါ။
🔸အိတ်ကြီး (Check-in Baggage) ထဲမှာ Power Bank နဲ့ Battery ပါဝင်တဲ့ ပစ္စည်းများ လုံးဝမထည့်ရပါ။
🔸အိတ်အလေးချိန်ဟာ သတ်မှတ်ကီလိုထက် မကျော်ပါစေနဲ့။ Boarding Pass ရပြီဆိုရင် ကိုယ့်နာမည်၊ ဂိတ်နံပါတ်နဲ့ ထိုင်ခုံနံပါတ်တို့ကို တစ်ချက်ပြန်စစ်ပါ။
(၄) လက်ဆွဲအိတ် (Hand Carry) အတွက် သတိပြုရန်
🔸အရည် (Liquid) ပစ္စည်းများ ယူဆောင်မယ်ဆိုရင် တစ်ဗူးကို 100ml ထက်မကျော်ရပါ (စုစုပေါင်း 1000ml ထက်မပိုရ)။
🔸ကပ်ကြေး၊ ဓားဦးချွန် စတဲ့ ပစ္စည်းတွေကို လက်ဆွဲအိတ်ထဲ မထည့်မိဖို့ အထူးသတိပြုပါ။
(၅) Departure Card နှင့် Immigration စစ်ဆေးမှု
🔸Departure Card ကို Immigration မှာ တန်းမစီခင် ကြိုတင်ဖြည့်ထားပါ။
🔸Immigration မှာ Passport၊ မှတ်ပုံတင် နဲ့ Boarding Pass တို့ကို ပြသပြီး မျက်နှာ Scan ဖတ်ခြင်း၊ လက်ဗွေနှိပ်ခြင်းတို့ ပြုလုပ်ရပါမည်။
(၆) Security Check
🔸ခါးပတ်၊ နာရီ၊ ဖုန်း၊ ပိုက်ဆံအိတ်၊ အနွေးထည်နဲ့ Laptop/iPad တို့ကို ဗန်းထဲ သီးသန့်ထုတ်တင်ရပါမယ်။
🔸ကိုယ်ပေါ်မှာ သတ္တုပစ္စည်းတွေ မကျန်အောင် သတိထားခြင်းက အချိန်ကုန်သက်သာစေပါတယ်။
🔸ရေးသန့်ဘူးခွံ တော့ သယ်ဆောင်သွားလို့ရပါတယ်။ရေသန့်ဘူးထဲ ရေပါ ခဲ့ရင် ရေသွန် ခဲ့ရပါတယ်။
(၇) Gate (ဂိတ်နံပါတ်) ဆီသို့ ကြိုတင်သွားရောက်ပါ
🔸Security ဖြတ်ပြီးတာနဲ့ Duty Free ဆိုင်တွေမှာ အချိန်အကြာကြီး မဖြုန်းမိပါစေနဲ့။
🔸ကိုယ့်ရဲ့ Gate က ဘယ်နားမှာလဲဆိုတာ အရင်သွားကြည့်ထားပါ။ လေယာဉ်မထွက်ခင် မိနစ် ၃၀-၄၀ အလိုမှာ Gate Close တတ်လို့ အချိန်မီ ဂိတ်ရှေ့ရောက်နေဖို့ လိုပါတယ်။
(၈) လေယာဉ်ပေါ်တက်ခြင်းနှင့် နေရာယူခြင်း
🔸Boarding ခေါ်တဲ့အခါ Business Class ပြီးမှ Economy Class ကို ခေါ်ပါတယ်။
🔸လေယာဉ်ပေါ်ရောက်ရင် မိမိအိတ်ကို အပေါ်အံဆွဲ (Overhead Bin) ထဲ စနစ်တကျထည့်ပြီး မိမိထိုင်ရမည့် ထိုင်ခုံမှာ ထိုင်ပါ။
(၉) လေယာဉ်အတွင်း လိုက်နာရမည့်စည်းကမ်းများ
🔸လေယာဉ်စတက်ချိန်နဲ့ ဆင်းချိန်မှာ Seat Belt ကို သေချာပတ်ထားပါ။
🔸လေယာဉ်မှူးနဲ့ လေယာဉ်မယ်တွေရဲ့ လုံခြုံရေးလမ်းညွှန်ချက် (Safety Demo) ကို သေချာနားထောင်ပါ။ အရေးပေါ်ထွက်ပေါက် ဘယ်နားမှာရှိလဲဆိုတာ ကြိုကြည့်ထားပါ။
(၁၀) လိုရာခရီးရောက်ရှိခြင်းနှင့် အိတ်ပြန်ယူခြင်း
🔸လေယာဉ်ဆင်းပြီးနောက် Immigration မှာ တုံးထု (သို့မဟုတ်) Scan ဖတ်ပြီးတာနဲ့ Baggage Claim (အိတ်ပြန်ယူသည့်နေရာ) သို့ သွားပါ။
🔸မိမိစီးလာတဲ့ Flight Number ပြထားတဲ့ Belt နံပါတ်မှာ ကိုယ့်အိတ်ကို စောင့်ယူပါ။
📌 Ko Leo Vlog မှ အကြံပြုချက်
🔸Time Management: အပြည်ပြည်ဆိုင်ရာခရီးစဉ်တွေအတွက် လေဆိပ်ကို ၃ နာရီ ကြိုရောက်တာ အကောင်းဆုံးပါ။
🔸Documentation: မိမိရဲ့ Passport ကို ဖုန်းနဲ့ ဓာတ်ပုံရိုက်ထားပါ၊ သို့မဟုတ် Copy တစ်စုံ သီးသန့်ဆောင်ထားပါ။
🔸အိတ်ချင်း မှားယူသွားတာမျိုး မဖြစ်ရလေအောင်အိတ်မှာ အမှတ်အသားတစ်ခုခု လုပ်ထားတာ ပိုကောင်းပါတယ်။
🔸Check In Counter မှာ မိမိရဲ့ Luggage မအပ်မှီ ဓါတ်ပုံ ရိုက်ထားပါ။
"ခရီးသွားမိတ်ဆွေများ အားလုံးအဆင်ပြေကြပါစေ"
Wishing you and your family a peaceful and prosperous Eid ul-Fitr
Eid Mubarak 🌙
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
261, Second Floor, Bo Myat Tun Street , Upper Block
Yangon
11161
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 15:00 |