Beauty By Pyae Sone
07/12/2023
တစ်လအတွင်း 9 ပေါင်ဝိတ်ကျစေမယ့် စားနည်း😮
တကယ်တော့ ကိုယ်က ပေါ့သေးသေးလူစားမဟုတ်ဘူး
(188)ပေါင်ရှိပါတယ် ❤️🔥
ငယ်စဉ်ကတည်းက ၀တဲ့သူမလို့ ၀တဲ့အပေါ် ဘာfeeling မှမရှိပါဘူး။
အ၀တ်အစားဝတ်ရတာ သိပ်အဆင်မပြေတဲ့အခါ ငါဝလာပြီလို့ ရွတ်မိရုံလောက်ပါပဲ....💞
အခုနောက်ပိုင်း အသက်ရလာတော့ သွေးတိုးချင်လာပြီ..
မတ်တတ်ရပ်ရတာများတဲ့နေ့ဆို ခြေချင်းဝတ်က ၀ိတ်ရဲ့ဒဏ်ကို မခံနိုင်တော့တာကြောင့် ဆန္ဒပြလာပါပြီရှင်...🥺
အခု ပုံလေးတွေရဲ့ ရည်ရွယ်ချက်ကတော့
ကိုယ့်လို over weight ဖြစ်နေသူတွေ
အကြောင်းအမျိုးမျိုးကြောင့် လေ့ကျင့်ခန်းမလုပ်ဖြစ်သူတွေအတွက် တကယ်အကျိုးရှိတဲ့နည်းလမ်းလေးပါ😮
တစ်ခုရှိတာက ကိုယ်တိုင်လိုက်လုပ်မှ အဲ့ဒီအကျိုးကို ကိုယ်တိုင်ခံစားရမှာပါ 💗
ဒီနည်းကိုသိခဲ့တာ နှစ်တော်တော်ကြာပါပြီ
မလုပ်ဖြစ်ခဲ့ပါရှင်...
♥️♥️လွန်ခဲ့တဲ့ တစ်လကျော်ကစပြီး♥️♥️
📣မနက်စာ ...
ထိုဖူးနွေး ရှမ်းခေါက်ဆွဲ ထမင်း အိကြာကွေး tea coffeeအကုန်နှစ်သက်ရာ ဗိုက်ပြည့်အောင်စားပါတယ်
📣နေ့လည်စာ... ပုံပါအတိုင်းစားပါတယ်
📣ညနေစာ... ပုံထဲကကဲ့သို့အချိုးအစား ရအောင်စားပါတယ် မိသားစုနဲ့အတူစားချိန်ဆိုတော့ နေ့လည်စာလို ပန်းကန်ထဲပုံမစားဖြစ်တာပါ
♥️ဟင်းရွက် ၅၀%
♥️အသား ၂၅%
♥️ထမင်း ၂၅% ဖြစ်အောင် ကြိုးစား စားတာပါရှင်
😁လေ့ကျင့်ခန်း မလုပ်ဖြစ်သေးပါ
😁ကြားရက်တွေမှာ အပြင်ဆိုင်မှာသွားစားတာ ၂ ရက်လောက်ရှိပါတယ် အဲ့ဒီအခါလည်း စားချင်တာကို ၀အောင်စားပါတယ်
♥️♥️တစ်လအကြာမှာ ၁၈၈ပေါင်မှ ၁၇၉ ပေါင်ဖြစ်လာပါပြီရှင်♥️♥️
😘ဒီလိုလေး လိုက်စားချင်သူတွေအတွက် အကြံပေးချင်တာက ဟင်းသီး ဟင်းရွက်ကို မိမိစားနိုင်သလို အရသာရှိအောင်ချက်စားဖို့ပါပဲ ဒါမှရေရှည်စားနိုင်ပါတယ်
အသားပါမှကြိုက်ရင် အသားလည်းလှီးထည့်ရောကြော်နိုင်ပါတယ်...
😘ဝိတ်ချတယ်ဆိုတာထက်..healthy life styleရောက်အောင် သွားနေတယ်ဆိုတဲ့ စိတ်လေးနဲ့ စားဖြစ်နေပါပြီ...
📣မူရင်း page လေးကိုသွားကြည့်ချင်သူတွေ အတွက် ပုံလေးတွေနောက်ဆုံးမှာ ထည့်ပေးထားပါတယ်နော်
♥️♥️Be healthy and wealthyဆိုတဲ့pageလေးပါ♥️♥️
😘😘တစ်ဦးတစ်ယောက်လေးမျှပင် အကျိုးရှိစေမယ်ဆိုရင် ကျေနပ်ပါတယ်...
😘😘အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းဖြင့်ပြည့်စုံန်ုင်ကြပါစေရှင်.....
credit shwe war oo
11/11/2023
အစားအသောက်ရွေးစားတဲ့အခါ calorie ကိုတွက်ချက်စားပါ။
🥚ကြက်ဥပြုတ်က 80 cal ပဲရှိပေမယ့်
🍳ကြက်ဥကြော်ကြတော့ 219 cal ရှိပါတယ်။
စမူဆာ ၃ခုမှ 91 cal ရှိပေမယ့်
အီကြာကွေးကြတော့ 314 cal ပါ။
စားတော့မယ်ဆို ဒီ ဇယားလေး ကြည့်ကြည့်ပီး
cal တွက်ချက်စားပါ 😊😊😊
ဥပမာ- လူတယောက်က ပေါင် ၁၅၀ ရှိတယ်ဆိုရင်
သူစားဖို့ လိုအပ္တတဲ့ cal က 3000 cal ပါ။
အဲ့ လိုအပ်တဲ့ 3000 cal အစား 1000 cal လျှော့ပီးတစ်ရက် 2000 cal တွက်ချက်စားရင် weight က တဖြေးဖြေး ကျကို ကျပါတယ်။
ကိုယ်စားတဲ့ အစားအသောက်ကို
cal တွက်ချက်စားခြင်းဖြင့်
ဝိတ်လျှော့ကြရအောင် 😍
ကယ်လိုရီတန်ဖိုးများ
----------------------
🍯🥔🍠ကစီဓာတ်( carbohydrate)🍠🥔🍯
ထမင်း(ပန်းကန်လုံးတလုံးစာ)- ၂၀၀ ကယ်လိုရီ
ခေါက်ဆွဲခြောက်တထုပ် - ၂၀၀ ကယ်လိုရီ
ပြောင်းဖူးတဖူး - ၁၃၀ ကယ်လိုရီ
အာလူးတလုံး - ၇၀ ကယ်လိုရီ
ပေါင်မုန့်တချပ် - ၃၀ ကယ်လိုရီ
ချပါတီတချပ် - ၈၀ ကယ်လိုရီ
နံပြားတချပ် - ၉၀ ကယ်လိုရီ
cracker - ၁၆ ကယ်လိုရီ
ကိတ်မုန့်တလုံး(အရှည်) - ၂၄၀ ကယ်လိုရီ
မုန့်တီတပွဲ - ၃၀၀ ကယ်လိုရီ
သကြား(လက်ဖက်ရည်တဇွန်း) - ၁၆ ကယ်လိုရီ
ပျားရည်(လက်ဖက်ရည်တဇွန်း)- ၂၁ ကယ်လိုရီ
🥩🍗🍖အသားဓာတ် (protein)🍖🍗🥩
ကြက်ပေါင် - ၁၃၅ ကယ်လ်ုရီ
ကြက်ရင်အုပ် - ၁၆၅ ကယ်လိုရီ
ဝက်သား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
အမဲသား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
ဘဲသား(လက်တဖဝါးစာ) - ၃၃၀ ကယ်လိုရီ
ဆိတ်သား(လက်တဖဝါးစာ) - ၂၁၀ ကယ်လိုရီ
ငါးကြင်းတကောင် - ၂၈၀ ကယ်လိုရီ
ငါးခူးတကောင် - ၁၁၀ ကယ်လိုရီ
ကြက်ဥတလုံး - ၈၀ ကယိလိုရီ
ငုံးဥတလုံး - ၁၅ ကယ်လိုရီ
🧀🧈အဆီဓာတ် (fat )🧈🧀
ဆီ(လက်ဖက်ရည်တဇွန်း) - ၄၀ ကယ်လိုရီ
ဆီ(ထမင်းစားဇွန်း တဇွန်း) - ၁၂၀ ကယ်လိုရီ
နေကြာစေ့(လက်ခုပ်တခုစာ) - ၁၈၀ ကယ်လိုရီ
သစ်ကြားသီးတလုံး - ၂၅ ကယ်လိုရီ
🥭🍇🥑သစ်သီး🍇🥭🥑
ပန်းသီး - ၉၀ ကယ်လိုရီ
လိမ္မော်သီး - ၆၀ ကယ်လိုရီ
ငှက်ပျောသီး - ၁၀၀ ကယ်လိုရီ
သစ်တော်သီး - ၁၀၀ ကယ်လိုရီ
သရက်သီး - ၁၃၀ ကယ်လိုရီ
သခွားသီး - ၄၅ ကယ်လိုရီ
နာနတ်သီး - ၄၅၀ ကယ်လိုရီ
စပျစ်သီး - ၃ ကယ်လိုရီ
စတော်ဘယ်ရီသီး - ၄ ကယ်လိုရီ
ကြက်မောက်သီး - ၇ ကယ်လိုရီ
ရှောက်သီး - ၂၅ ကယ်လိုရီ
သံပုရာသီး - ၂၀ ကယ်လိုရီ
ဖရဲသီး - ၁၃၇၀ ကယ်လိုရီ
ရွှေဖရုံသီး - ၃၀၀ ကယ်လိုရီ
ဂရိတ်ဖရု - ၁၀၀ ကယ်လိုရီ
သလဲသီး - ၇၀ ကယ်လိုရီ
မာလကာသီး - ၄၀ ကယ်လိုရီ
ထောပတ်သီး - ၂၄၀ ကယ်လိုရီ
(သစ်သီးတွေက အရွယ်အစားပေါ်မူတည်ပြီး ကယ်လိုရီတွေ မတူကြဘူး၊ ဥပမာ ခြောက်လက်မလောက်ပဲရှ်တဲ့ ငှက်ပျော်သီးတလုံးဟာ ၇၀ ကယ်လိုရီလောက်ပဲရှ်ပြီး ကိုးလက်မကျော်အရွယ်စားရှ်တဲ့ ငှက်ပျောသီးတလုံးဟာ ၁၃၀ ကယ်လိုရီလောက်ရှိတယ်။ ဖော်ပြထားတဲ့ ကယ်လိုရီတွေက ပျမ်းမျှအရွယ်အစားရှိတဲ့ သစ်သီးတွေရဲ့ ကယ်လိုရီပမာဏတွေ ဖြစ်ပါတယ်။ သစ်သီးတလုံးမြင်တာနဲ့ အနီးစပ်ဆုံး ခန့်မှန်းနိုင်ရင် လုံလောက်ပါပြီ)
🥬🍅ဟင်းသီးဟင်းရွက်🍅🥬
ခရမ်းချဉ်သီး - ၂၀ ကယ်လိုရီ
ကြက်သွန်ဖြူတစိတ် - ၄ ကယ်လိုရီ
ကြက်သွန်နီတလုံး - ၄၀ ကယ်လိုရီ
ခရမ်းသီး - ၃၅ ကယ်လိုရီ
မုန်လာဥနီတတောင့် - ၄၀ ကယ်လိုရီ
ပဲသီး၊ပဲတောင့်ရှည်(၁၀၀ဂရမ်) - ၈၀ ကယ်လိုရီ
ဟင်းနုနွယ်(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ပန်းမုံလာ(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ကိုက်လန်(၁၀၀ဂရမ်)- ၅၀ ကယ်လိုရီ
ကညွတ်တချောင်း - ၃ ကယ်လိုရီ
(၁၀၀ ဂရမ်က လက်သီးဆုပ် သို့မဟုတ် လက်ဆုပ်တခုစာ ပမာဏနဲ့ ညီမျှတယ်လို့ အလွယ်မှတ်ပါ)
🍹🍻ဖျော်ရည်နဲ့ ယမကာ🍹🍻
နွားနို့တခွက် - ၁၂၀ ကယ်လိုရီ
ဒိန်ချဉ်တခွက် - ၁၄၀ ကယ်လိုရီ
ကိုလာ(သံဗူး) - ၁၄၀ ကယ်လိုရီ
ကိုလာဗူးကြီး(1.25L) - ၅၄၀ ကယ်လိုရီ
ရေခဲမုန့်တခွက် - ၁၃၀ ကယ်လိုရီ
အုန်းရည်တခွက် - ၅၀ ကယ်လိုရီ
ကော်ဖီမှုန့် ( 1 teaspoon) - ၄ ကယ်လိုရီ
ကော်ဖီတခွက် - ၅၀ ကယ်လိုရီ
လက်ဖက်ရည် - ၇၀ ကယ်လိုရီ
ကျွဲရိုင်းတဗူး - ၁၁၀ ကယ်လိုရီ
အရက်တခွက်(45ml) - ၁၀၀ ကယ်လိုရီ
ဘီယာတခွက် - ၂၀၀ ကယ်လိုရီ
ဘီယာသံဗူး - ၁၅၀ ကယ်လိုရီ
ဝိုင်တခွက်(150ml) - ၁၂၀ ကယ်လိုရီ
(🔺ဘီယာတခွက်ဟာ ထမင်းတပန်းကန်စာနဲ့ ကယ်လိုရီညီမျှတယ်ဆိုတာ အရင်မှတ်သားသင့်တယ်။
🔺ကော်ဖီ ☕️ ၊လက်ဖက်ရည်တွေကတော့ နို့ဆီ၊ သကြားထည့်တာပေါ်မူတည်ပြီး ကယ်လိုရီတွေကွာခြားသွားတယ်။
🔺ပြီးတော့ ရိုးရိုး နွားနို့နဲ့အဆီထုတ်ထားတဲ့ နွားနို့နဲ့ မတူပါဘူး၊ ကယ်လိုရီ ၃၀ လောက်ကွာတယ်။
🔺ဟင်းတခွက်ရဲ့ ကယ်လိုရီတန်ဖိုးကို တွက်မယ်ဆိုရင် ပါဝင်ပစ္စည်းတွေကို တစ်ခုချင်းကြည့်ပြီး ပြန်ပေါင်းလိုက်ရုံနဲ့ အလွယ်တကူ တွက်ချက်နိုင်မှာဖြစ်ပါတယ်
Crd. Photo
20/09/2023
👉 #လက်ရှိခန္ဓာကိုယ်ကနေပြောင်းလဲချင်တယ်ဆိုရင်လုပ်သင့်တဲ့အခြေခံအကျဆုံးအချက်(၃)ချက်
၁-အချိန်မှန်မှန်စားပါ/တော်သင့်ရုံစားပါ
အတင်းကြီးလျှော့စားတာ/ကောင်းရင်ကောင်းသလိုမတရားစားပစ်လိုက်တာမျိုးမလုပ်ပါနဲ့
၂-အချိန်မှန်မှန်အိပ်ပါ(အိပ်ချိန်ပြည့်မီအောင်အိပ်ပါ)
၃-လေ့ကျင့်ခန်း၁ရက်နာရီဝက်လုပ်ပါ
မလုပ်နိုင်ရင်လမ်းလျှောက်ပါ
#နေ့စဉ်ဘဝမှာလမ်းပိုလျှောက်ပါ
#မိမိနဲ့ကိုယ်ညီတဲ့ပုံစံနဲ့ပဲဝိတ်ချပါ
04/12/2022
😱😱😱😱😱😱😱😱😱😱
#ကိုယ့်မှာ
🚩🚩🚩Heffey Skincare🚩🚩🚩သူံးပီး
နေတဲ့ သူမကို ကြည့်ပီး
👩မိန်းကလေးချင်တောင်👩👭
😘😘😘ကြွေမြိပန်ရော 😍😍😍
💥💥💥💥Special Review💥💥💥💥
Click here to claim your Sponsored Listing.