Life Sharing by Mezzo

Life Sharing by Mezzo

Share

11/05/2025

ပုံမှန်စိတ်လေး💚
''''''''''''''""""""""""""""""""""""""
ကိုယ့်အပေါ်မုန်းနေသူ
ဘယ်သူဘဲ ဖြစ်နေပါစေ မတုံပြန်ဘဲ
ပုံမှန်စိတ်လေးထားပြီး ဆက်ဆံလိုက်ပါ
တစ်နေ့ သူ့လမ်းသူသွားပါလိမ့်မယ်။

ကိုယ့်ရဲ့အတင်းအဖျင်းပြောနေသူ
ဘယ်သူဘဲ ဖြစ်နေပါစေ
လိုက်ဖြေရှင်းမနေဘဲ
ပုံမှန်စိတ်လေး ထားပြီးနေထိုင်လိုက်ပါ
တစ်နေ့ သူ့ဗီဇ အမှန် ပေါ်လာပါလိမ့်မယ်။

ကိုယ့်ရဲ့သိက္ခာကိုထိပါးအောင်လုပ်နေသူ
ဘယ်သူဘဲ ဖြစ်နေပါစေ
ပြန်ပြီးမတိုက်ခိုက်ဘဲ
ပုံမှန်စိတ်လေးထားပြီးရပ်တည်လိုက်ပါ
တစ်နေ့ အဖြေမှန် ပေါ်လာပါလိမ့်မယ်။

ကိုယ့်ကိုယ် တုပ
ပြိုင်ဆိုင်ပြီး ကျရှုံးအောင်
လုပ်နေသူ ဘယ်သူဘဲ ဖြစ်နေပါစေ
ပြန်လည် မပြိုင်ဆိုင်ဘဲ
ပုံမှန်စိတ်လေး ထားပြီးကြိုးစားလုပ်ကိုင်ပါ
တစ်နေ့ ကိုယ့်စေတနာ ကိုယ့်အကျိုးပေးပါလိမ့်မယ်

ကိုယ့်ကို ထိကပါး ရိကပါး
စောင်းမြောင်း စော်ကားနေသူ
ဘယ်သူဘဲ ဖြစ်နေပါစေ မတုံပြန်ဘဲ
ပုံမှန်စိတ်လေး ထားပြီးဥပေက္ခာပြုလိုက်ပါ
တစ်နေ့ သူ့အတ္တက သူ့ကို ဒဏ်ခတ်ပါလိမ့်မယ်

ဘယ်သူတွေ
ဘာတွေပြောပြော ဘာတွေလုပ်လုပ်
ကိုယ်အတွက် ဘာမှဆုတ်ယုတ်မသွားပါဘူး

မနာလိုစိတ် ( မစ္စရိယ )
များနေတဲ့ လူတွေကိုသာ
ပတ်ဝန်းကျင်ကစက်ဆုပ်ရွံရှာကြတာ
သဘာဝပါဘဲ

ဒါ့ကြောင့်
အရေးမပါတဲ့ အကြောင်းအရာတွေအတွက်
လိုက်ဖြေရှင်းရင်းအချိန်ကုန်မခံပါနဲ့

တစ်နေ့

ဘယ်သူဘာလဲ ဆိုတာ
အချိန်က အဆုံးအဖြတ် ပေးပါလိမ့်မယ်

အဓိကကိုယ့်ဘက်က

ပုံမှန်စိတ်လေး ထားတတ်ဖို့ပါဘဲ။

#စိတ်ချမ်းသားချင်ရင်မသိချင်ယောင်ဆောင်လိုက်ပါ


#ဘဝစာပေ

07/05/2025

အထက်တန်းစားနှင့်အောက်တန်းစား
---------------------------------

အထက်တန်းစားစိတ်ရှိသူတို့မှာ မည်ကဲ့သို့သော သူမျိုးတွေ ဖြစ်ကြသနည်း။

(၁) တန်ဖိုးသိသူ (Value-driven)

ဆင်းရဲ၊ ချမ်းသာ ခွဲခြားခြင်း မရှိပါ။ လူကို လူလိုမြင်တတ်သည်။ လူတိုင်းမှာ သီးခြားတန်ဖိုးတစ်ခုစီ ရှိနေခြင်းကို နားလည်သဘောပေါက်ပေးသူဖြစ်သည်။

(၂) ကိုယ်ချင်းစာတရားရှိသူ (Empathetic)

“ငါမှငါ” ဆိုခြင်းထက် “သူဘယ်လိုနေမလဲ” ဆိုကာ သူ့အပေါ်နားလည်ပေးပြီး သူ့စကားကို နားထောင် ပေးတတ်သူများဖြစ်သည်။ ရှုံးနိမ့်သူကို အပြစ်မြင်သည့်အကြည့်ဖြင့်မကြည့်။ ဘဝအတက်အကျ၊ အနိမ့်အမြင့် တစ်ခုအနေဖြင့် သဘောထားကို ရှုမြင်တတ်သည်။

(၃) တည်ငြိမ်သူ (Emotionally mature)

လူသားဖြစ်၍ မုန်းတတ်၊ ဝမ်းနည်းတတ်သော်လည်း ကိုယ့်ခံစားချက်နှင့် သူတစ်ပါးကို နစ်နာစေရန် ဘယ်သော အခါမျှ မပြုသူဖြစ်သည်။ ပြဿနာတစ်ခုခုကြုံလာလျှင် အေးဆေးစွာဖြင့် သုံးသပ်သည်။ ချက်ချင်း တုံ့ပြန်မှုမျိုး ဘယ်သောအခါမျှ မလုပ်တတ်သူတွေလည်း ဖြစ်သည်။

(၄) မျှတစွာ ဆုံးဖြတ်တတ်သူ (Balanced in judgemenat)

ငါ့ဆွေ၊ ငါ့မျိုး၊ ငါ့သား၊ ငါ့သမီး၊ ငါ့ဇနီးပြောတာမှအမှန်။ ငါ့အသိုင်းအဝိုင်း ပြောတာမှ အမှန်ဆိုကာ ငါစွဲမထား တတ်သူမျိုးဖြစ်သည်။ မည်သည့်အရာကိုမဆို မှန်၊ မမှန် ကိုယ်ပိုင်အတွေးဖြင့် ဆုံးဖြတ်သည်။ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိသောသူမျိုးဖြစ်သည်။

(၅) မြင့်မြတ်သောစိတ်ထားရှိသူ (Noble-spirited)

ချီးကျူးလည်း မတုန်လှုပ်၊ ကဲ့ရဲ့လည်း မတုန်လှုပ် မိမိလုပ်စရာရှိသည့်အလုပ်ကို တိတ်တိတ်လေး ကောင်းအောင် လုပ်သွားတတ်သည်။ ကိုယ့်အတွက်သာမက အခြားသူအတွက်ပါ ထည့်စဉ်းစားတတ်သည်။

အောက်တန်းစားကို ပိုင်းဖြတ်ရာတွင်

(၁) အသိဉာဏ်နည်းသူ၊ ရိုင်းစိုင်းသူ၊ တန်ဖိုးမဲ့စကားတွေကို ပြောတတ်သူ

(၂) အမြင်ကျဉ်းသူ၊ မိမိအကျိုးသာကြည့်သူ၊ သဘောထားသေးသိမ်သူ

(၃) အဆင့်အတန်းမရှိသူ၊ ခံစားမှုမဲ့သူ၊ မယဉ်ကျေးသူ

(၄) သူတစ်ပါးကို နှိမ့်ချသော အပြုအမူ၊ အပြောအဆိုကိုလုပ်တတ်သူတို့ဖြစ်သည်။

ပညာရေးအားနည်းလျှင် ယဉ်ကျေးမှုအားနည်းတတ်သည်ဟု ဆိုပါသည်။ ကျောင်းမနေဘူးသူများ၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကောင်းတွင် မွေးဖွားကျင်လည်ခြင်းမရှိသူများသည် ယဉ်ကျေးမှု အားနည်း တတ်ခြင်းကြောင့် “Morally low” ဖြစ်နိုင်သည်ဟု ဆိုကြပါသည်။

ဤနေရာတွင် ပညာရှိတစ်ယောက်သည်ပင်လျှင် အောက်တန်းကျသူ (Vulgar/ morally low) ဖြစ်သွားနိုင် ကြောင်း သတိပြုသင့်ပါသည်။

မည်သူမဆို အောက်တန်းစားလည်းဖြစ်နိုင်သည်၊ အထက်တန်းစားလည်းဖြစ်နိုင်သည်ဆိုခြင်းကို သတိပြုသင့်ပါ သည်။

Morally low ဆိုသည်ကို အနည်းငယ်ရှင်းရန်လိုပါသည်။

Morally low ဆိုသည်မှာ ပညာနှင့်မဆိုင်ပါ။ တန်ဖိုးထားရမည့်အရာကို တန်ဖိုးမထားခြင်း၊ အပြုအမူ အလေ့အထ ရိုင်းစိုင်းခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကျပ်မပြည့်ခြင်းတို့နှင့်လည်း သက်ဆိုင်ပါသည်။ အောက်တန်းစား ဖြစ်ရခြင်းမှာ မိမိကျင်လည်သည့် ပတ်ဝန်းကျင်နှင့်လည်းဆိုင်ပြီး မိမိကိုယ်တိုင် ထိုအလေ့အထတို့အပေါ် သာယာခြင်း၊ ရွေးချယ်မိခြင်းတို့ကြောင့်လည်း အောက်တန်းကျလိုစိတ်များဝင်လာသည်ဟု ဆိုနိုင်ပါသည်။

အချို့သော လူ့ဘောင်များတွင် ဘွဲ့ရသွားလျှင် ပညာရှိ၊ ပညာတတ်တွေ ဖြစ်သွားပြီဟူ၍ထင်တတ်ကြသည်။

ဘွဲ့ရတိုင်း ပညာရှိသလား

ဘွဲ့ရတိုင်း ပညာတတ်သလား စမ်းစစ်ရန်လိုပါသည်။

ဤနေရာတွင် ပညာရှိနှင့် ပညာတတ်ကို ခွဲခြားသိရန်လိုသည်။

ပညာရှိ (Wise Person) ဆိုသည်မှာ

- ကိုယ်သိတာထက်ပိုနားလည်သူ

- ကိုယ်တတ်ထားသည့် ပညာကို အသုံးချတတ်သူ

- လူမှုပေါင်းသင်းဆက်ဆံရေး၊ ကိုယ်ကျင့်တရားတို့တွင် ဆင်ခြင်သုံးဖြတ် အသုံးချတတ်သူ

- စဉ်းစားနားလည် တွေးခေါ်နိုင်စွမ်းရှိပြီး အကျိုးရှိအောင် အကောင်အထည်ဖော်တတ်သူကိုဆိုလိုသည်။

ပညာတတ် (Knowledgeable person) ဆိုသည်မှာ

- စာအုပ်ထဲပါသော အကြောင်းအရာ အချက်အလက်များကိုသာသိသူ

- စာအုပ်ထဲပါ အကြောင်းအရာများကိုသာမေးလျှင် ဖြေတတ်သူ

- စာအုပ်ထဲပါ ဗဟုသုတတွေရှိသူ

- စာရေးစာဖတ်များပြီး ကျောင်းကောင်းကောင်းတက်ဖူးသူတွေကို ဆိုလိုသည်။

မိမိကိုယ် ပညာရှိလား၊ ပညာတတ်လားခွဲခြားဆန်းစစ်ရန်ဖြစ်သည်။

ပညာရှိနှင့် ပညာတတ်ဘာကွာသနည်း။

ပညာတတ်သူက စက်ပစ္စည်းတစ်ခုကို မည်သို့အသုံးပြုရမည်ဆိုခြင်းလောက်သာသိသည်။

ပညာရှိသူက ထိုစက်ကို မည်သည့်အချိန်တွင်၊ မည်သို့အသုံးပြုမှသာ အကောင်းဆုံးဖြစ်လာနိုင်မည် ဆိုခြင်းကို ကောင်းစွာသိသူဖြစ်သည်။

ပလေတိုက

"Knowledge" is not the same as "Wisdom.

Knowledge is having the facts. Wisdom is knowing what to do with them. ဟုဆိုခဲ့သည့်သဘော အတိုင်းပင်။

ဘွဲ့ရတိုင်း ပညာရှိမဟုတ်ပါ။

ပညာတတ်တိုင်း အထက်တန်းစားစိတ်ရှိသူများ မဟုတ်နိုင်ပါ။

#တင်ညွန့်
#မူရင်းရေးသားသူအားလေးစားစွာCrdပေးပါသည်

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address

Yangon
11061