Terminators Fc
06/05/2023
We are back...
Sry for late guys..
This week match ✌️✌️
are Terminators Fc
26/04/2023
အပျော်တန်းအသင်း မှ ပထမဆုံးခြေလှမ်းများ
ကျွန်တော်တို့အသင်း ကို ၂၀၂၂ ၊ ၈ ပိုင်းမှာ စ တည်ထောင်ခဲ့ပါတယ်။ ကျွန်တော်လူငယ်တစ်ယောက်အနေနဲ့ဦးဆောင်ပြီးပေါ့။
လူ မျိုးစုံနဲ့ တွေ့ကြုံ ခဲ့ရသလို အခက်အခဲမျိုးစုံနဲ့ လဲ တွေ့ ခဲ့ရတာပေါ့ အလုပ်ကလဲတစ်ဖက် ဝါသနာ ကို ရင်းပြီး လုပ်ခဲ့တာပေါ့။
ဒီ post လေးကို တင် တာက လဲ အပျော်တန်း အသင်း လေး တွေ ရေ ရှည်တံတည့် နိုင် ဖို့ ခက်ခဲ တဲ့အကြောင်း အရင်းလေးတွေကို sharing လုပ်ချင်တာပါ။
အပျော်တန်း အသင်း အနေနဲ့ လုပ်ခဲ့တဲ့ ကာလမှာ ကိုယ့်အသင်းမှာ လူမြဲ အောင်ထိန်း ဖို့က အင်မတန် ခက်ခဲတဲ့အရာ တစ်ခုပါ ဘာလိူ့လဲဆိုတော့ တစ်ခါ မှ မသိဖူးသေးတဲ့လူ တွေအကုန်စု ပြီး တစ်သင်း ထဲ ဆော့ရတယ် ပြီးတော့ အပျော်တန်း ဆိုတဲ့အတိုင်း အားလပ်ရက်Sunday ပဲအကုန်အားကြတာဆိုတော့ပေါ့။
အဲလူမြဲမှ ပဲ team work က ရှိမှာဆိုတော့။
အဲလို team workရှိဖို့ကလဲ တစ် ပတ်တစ်ရက်ထဲ ကန်လို့မဖြစ် training ကရှိအုံးမှကို။
ဒီလိုနဲ့ပဲ ကျွန်တော် အသင်းကို စစလုပ်ပြီး လူ စုပြီးခြင်းမှာပဲ Sunday တစ်ရက်ကို တခြားအပျော်တန်းအသင်းတွေနဲ့မချိန်းပဲ အသိအသင်း တစ်သင်းနဲ့ပဲ တစ်လ လောက် အရင် trainပါတယ်။
ပြဿနာတွေက တဖြည်းဖြည်း စ လာပါတော့တယ် အသင်းသား တစ်ယောက်ထွက်တာနဲ့အုပ်စုလိုက်ထွက်တာ တွေဖြစ်လာတော့တာပဲ။ တစ်ချို့ဆို ထွက်မယ်မပြော လာချင်သလိုလာ တစ်ပတ်တစ်ရက်လေးတောင် လေးစားမှုမရှိကြပါဘူး။
အဲလို တွေ ဖြစ်လာ ခြင်းတွေက ပဲ ကျွန်တော်တို့ Terminators အသင်း လူမညီမှုပြသနာများဖြစ်ပေါ်လျက်ရှိပါတယ်။
အဲလို အမှား တွေ ကြောင့် ခု အသင်းက လူမရှိခြင်း ပြဿနာကို အမြဲ ကြုံရပါတယ်။
ဒါတောင် အိတ်စိုက်ရတာတွေ မပါသေးဘူးပေါ့ ဂျာစီတစ်ခါလုပ်ရင် အသိသာဆုံးပါ leader ကပဲ ခေါင်းခံရတယ် ဒါတွေကလဲ sponsor မရှိခြင်းရဲ့ပြဿနာတွေပေါ့။
သေချာ ကိုင်တွယ် ဖြေရှင်းရမယ် ဆိုတဲ့စိတ် နဲ့ပဲ ခု ကနေ စပြီးခုလက်ရှိ Terminators Fc အသင်းသား အကုန်လုံးကို အသင်း က နေ လွတ်လပ်စွာ ထွက်ခွာ ခွင့်ပြုပါတယ်။
ကျွန်တော်တို့ Terminators Fc အသင်း အနေနဲ့ အသက် 22 အောက် တွေ ကိုပဲ လက်ခံပြီး U-21 ပြိုင်ပွဲတွေ U -20 ပြိုင်ပွဲတွေဝင်ဖို့အတွက်ပဲ အာရုံ စိုက်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တဲ့အတွက် အသင်းသား သစ်များကို နေရာစုံ ခေါ် ယူသွားတော့မှာ ဖြစ်ပါတယ်။
are Terminators Fc
Click here to claim your Sponsored Listing.