To Be A Good Mom

To Be A Good Mom

Share

09/09/2025

မေမေဘဝရောက်မှ
ကိုယ်ဆင်ပေးတဲ့ အင်္ကျီလေးနဲ့
ချစ်ဖို့ကောင်းနေတဲ့ သမီးလေးကို
တစိမ့်စိမ့်ကြည့်ရင်းကြည့်ရင်း
ပိုက်ဆံကုန်မှန်းလဲ မသိ
အပိုလား အလိုလားတောင် မခွဲတက်တော့အောင် သုံးမိနေပါပြီရှင် 🥺😢
ကလေးက ချွေးတအားထွက်လို့
ချွေးစုပ်တဲ့ ဝါးသားအိဖက်ဆွဲသားလေး ဝယ်မိပြန်ပြီး
ကိုယ့်ကလေးက သမီးလေးဆိုတော့
အင်္ကျီဆင်ပေးရတာလဲ ကိုယ်ရဲ့crazy အသစ်ဘဲ 😬🤭

#ဘေဘီသွန်း

24/04/2025

နေ့လည်စာနဲ့ ညစာ ဖို့ ၂ခါစားရတယ်
ဝါစိမ်းနီရယ် နေ့တိုင်းစုံအောင် မကျွေးဖြစ်ပေမဲ့ ဒီနေ့ ဝါပြီးရင် နောက်နေ့ စိမ်းမယ် 😁
🌽
Blog video လေးရိုက်ချင်ပေမဲ့ အလုပ်တဖက်နဲ့မို့ မရိုက်အားတော့ ပုံလေးတော့ အမိအရ ရိုက်မိ တင်မိတာပါ

19/04/2025

သားသမီး ဘုန်းကံဆိုတာရှိတယ်
မိဘတိုင်းက စေတနာအပြည့်နဲ့ ကျွေးမွေးစောင့်ရှောက်နိုင်ဖို့ကလဲ စိတ်ချည်းဘဲမရ အသပြားလဲ ပေါင်းနိုင်မှ အလုပ်ဖြစ်တာပါ။
သားသမီးမွေးလာပြီးမှ အဆင်ပြေလာတယ်။ ဝင်ငွေလေးတွေ ဖြောင့်လာတယ်။
ကိုယ့်ကလေးလေးတွက် လိုအပ်တာလေးတွေ ထောင်ဂဏန်းကအစ သောင်းဂဏန်း သိန်းဂဏန်းကအဆုံး မကျပ်တည်းဘဲ ဝယ်ပေးနိုင်တယ်။
သူတို့လေးတွေ ငယ်ဘဝရဲ့ လ်ိုအပ်ချက်လေးတွေကို ဖြည့်စည်းပေးနိုင်တာလဲ သူတို့ရဲ့ ဘုန်းကံဘဲ 💖

#မာမီနွယ် #ဘေဘီသွန်း

16/03/2025

ကလေးတယောက်က မိဘတွေကို ဆုံးရှုံးသောအခါ ငါတို့တွေက သူ့ကို မိဘမဲ့ကလေးလို့ သုံးနုန်းကြတယ်
ဒါပေမဲ့ မိဘတွေက သူတို့ကလေးကို ဆုံးရှုံးရတဲ့အခါ ဒါကို ဘယ်လိုခေါ်သင့်လဲ .... ငါငိုနေပါပြီး IU ရေ 😭

ကိုယ်လဲ ကလေးအမေဆိုတော့ ဒီအခန်းမှာ တကယ် ကြေကွဲစို့နင့်နေတာ
သူ့ကို ဖက်ပေးပါလို့ တောင်းဆိုနေတဲ့ကလေးလေးကို အမေတယောက်အနေနဲ့မဖက်ပေးလိုက်ရဘူး 💔
သူကလေးတောင်းတဲ့သကြားလုံးလေးလဲ မကျွေးလိုက်ရဘူး 💔

ဇာတ်လမ်းဆိုပေမဲ့ မျက်စိတမှိတ်အတွင်း သတိမမူလိုက်တာလေးကနေ ကိုယ့်ရင်သွေးကိုဆုံးရှုံးလိုက်ရတဲ့ သားသမီးကို ချစ်တဲ့မိဘတိုင်းအတွက် တကယ် ထိရှတဲ့ဇာတ်ဝင်ခန်းပါ

Crd photo

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon
05013