Yangon Healthcare Unit

Yangon Healthcare Unit

Share

Photos from Yangon Healthcare Unit's post 26/05/2022

⚕ Monkeypox ခေါ် မျောက်ကျောက်ရောဂါအတွက် သိသင့်တဲ့ အဓိကအချက် (၉) ချက် ⚕

1️⃣ ကျောက်ကြီးရောဂါ (Smallpox) အတွက် ထိုးခဲ့ကြတဲ့ ကျောက်ရောဂါ ကာကွယ်ဆေးဟာ အခု Monkeypox ရောဂါကိုလည်း ကာကွယ်နိုင်တယ်လို ဆိုပါတယ်။ (၁၉၈၀ ခုနှစ်မှာ ကျောက်ရောဂါကို ကမ္ဘာပေါ်ကနေ အမြစ်ဖြတ်နှိမ်နင်းနိုင်ပြီလိုကြေငြာခဲ့ပါတယ်။ အဲ့ဒီမတိုင်မီတုန်းကဆို ကျောက်ရောဂါကာကွယ်ဆေးတွေ ထိုးခဲ့ကြရပါတယ်။ အိမ်မှာ အကြမ်းအားဖြင့် အသက် ၄၀ အထက် လူကြီးတွေရှိရင် သူတိုလက်မောင်းမှာ ကျောက်ရောဂါကာကွယ်ဆေး ထိုးထားတဲ့ အမာရွတ် အဝိုင်းကြီးတွေကို မြင်နိုင်ပါတယ်။) ယခုအခါ Monkeypox ရောဂါအတွက် ကာကွယ်ဆေးသစ်များကို ဖော်စပ်ထားပြီးဖြစ်သလို အဲ့ဒီထဲက တစ်မျိုးဖြစ်တဲ့ JYNNEOS® ဟာ Monkeypox ကိုကာကွယ်ရေးအတွက် သုံးနိုင်ကြောင်း အတည်ပြုချက်ရရှိပြီး ဖြစ်ပါတယ်။ အဲ့ဒီ ကာကွယ်ဆေးကို အားပျော့ချည့်နဲ့သွားအောင် လုပ်ထားတဲ့ Vaccinia virus (Ankara strain) ကနေထုတ်ထားတာဖြစ်ပြီး ထိုးမယ်ဆို နှစ်ကြိမ်ထိုးရမယ်လို ဆိုပါတယ်။ JYNNEOS® ကာကွယ်ဆေးကို ဒိန်းမတ်နိုင်ငံရှိ Bavarian Nordic ကုမ္ပဏီက ထုတ်လုပ်ပါတယ်။

2️⃣ Monkeypox ရောဂါဟာ သူ့နာမည်အတိုင်းပဲ မျောက်ကျောက် ဗိုင်းရပ်စ် (Monkeypox virus) ကြောင့်ဖြစ်ရတာပါ။ အဲ့ဒီ Monkeypox Virus ဟာ Orthopoxvirus မျိုးစုအဖွဲဝင်ဖြစ်ပြီး Poxviridae မျိုးရင်းတွင် ပါဝင်ပါတယ်။

3️⃣ Monkeypox ရောဂါဟာ အများအားဖြင့် သူ့ဟာသူ ပျောက်ကင်းသွားတတ်တဲ့ ရောဂါဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေက ၂ ပတ်ကနေ ၄ ပတ်အထိ ကြာတတ်ပါတယ်။ သိုသော် အချိုသောသူများမှာ ပြင်းထန်တတ်လို မပေါ့ဆသင့်ပါ။ မကြာသေးမီက ရရှိထားသော အချက်အလက်များအရ ရောဂါဖြစ်ပွားသူတွေမှာ သေဆုံးမှုနှုန်းဟာ ၃-၆ ရာခိုင်နှုန်းခန့် ရှိတာကို တွေ့ရပါတယ်။

4️⃣ Monkeypox ရောဂါဟာ လူတွေဆီကို အနီးကပ်ထိတွေ့ခြင်းကနေ ကူးစက်လာတာပါ။ ရောဂါဖြစ်နေတဲ့လူနာ/ ရောဂါဖြစ်နေတဲ့ တိရစ္ဆာန်နဲ့ ထိတွေ့တာ နှင့် ရောဂါပိုးရှိနေတဲ့ အရာဝတ္ထုတွေနဲ့ ထိတွေ့တာတွေကို ဆိုလိုပါတယ်။

5️⃣ Monkeypox ရောဂါဟာ လူတစ်ယောက်ကနေ အခြားလူတစ်ယောက်ကို ကူးစက်တဲ့ နေရာမှာတော့ မျောက်ကျောက်ရောဂါ အရည်ကြည်ဖုတွေ/အနာတွေကို ထိမိတာ၊ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေကို ကိုင်တွယ်မိတာတွေအပြင်၊ ချောင်းဆိုး/နှာချေကထွက်တဲ့ အရည်စက်ကလေးတွေနဲ့ ပိုးမွားတွေ ပေကျံနေတဲ့ အိပ်ရာခင်းကဲ့သိုသော အရာဝတ္ထုတွေကတစ်ဆင့် ကူးစက်နိုင်ပါတယ်။

6️⃣ Monkeypox ရောဂါဟာ တိရစ္ဆာန်ကတစ်ဆင့် ကူးစက်တဲ့ ဗိုင်းရပ်စ်ရောဂါ (Viral zoonotic disease) တစ်ခုဖြစ်ပြီး အာဖရိကတိုက် အလယ်ပိုင်းနှင့် အနောက်ပိုင်းရှိ အပူပိုင်း မိုးသစ်တောဒေသတွေမှာ အဓိကအားဖြင့် ဖြစ်ပွားလေ့ရှိပါတယ်။ တစ်ခါတစ်ရံမှသာ အဲ့ဒီဒေသတွေကနေ အခြားအရပ်ဒေသတွေကို ပျံ့နှံရောက်ရှိသွားတတ်ပါတယ်။

7️⃣ ကျောက်ကြီးရောဂါ (Smallpox) ကိုကုသရာမှာ အသုံးပြုခဲ့တဲ့ Tecovirimat ခေါ် ဗိုင်းရပ်စ်ပိုးဟန့်တားဆေးတစ်ခုကို ယခုဖြစ်ပွားနေတဲ့ Monkeypox ရောဂါကုသရာမှာ အသုံးပြုနိုင်တယ်လို ဆိုပါတယ်။ သုံးဖိုလည်း လိုင်စင်ရထားပြီး ဖြစ်ပါတယ်။

8️⃣ Monkeypox ရောဂါရဲ့ လက္ခဏာများဟာ ၁၉၈၀ ခုနှစ်ကတည်းက အမြစ်ပြတ်နှိမ်နင်းလိုက်ပြီဖြစ်တဲ့ ကျောက်ရောဂါ (Smallpox) ရဲ့လက္ခဏာများနဲ့ ဆင်တူပါတယ်။ သူတို ဗိုင်းရပ်စ် နှစ်မျိုးစလုံးက Orthopoxvirus မျိုးစုတွေပဲ ဖြစ်ကြပါတယ်။ ကံကောင်းတာက Monkeypox ရောဂါက ကျောက်ရောဂါထက် ကူးစက်မှုနှုန်းရော၊ ပြင်းထန်မှုပါ လျော့နည်းပါတယ်။

9️⃣ Monkeypox ရောဂါဖြစ်ပြီဆိုရင် ဖျားတာ၊ အရည်ကြည်ဖု/အဖုအပိမ့် အနီကွက်ထွက်တာနဲ့ ပြန်ရည်ကျိတ်တွေကြီးလာတဲ့ လက္ခဏာတွေ တွေ့ရများပါတယ်။ အဲ့ဒီကနေမှတစ်ဆင့် လက္ခဏာပြင်းထန်သူတွေမှာ နောက်ဆက်တွဲ ရှုပ်ထွေးမှုအမျိုးမျိုး ဖြစ်စေနိုင်တာမို မပေါ့ဆဘဲ စနစ်တကျ ကာကွယ်ကုသသင့်ပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)
25.5.2022

Reference
-------------
WHO Fact sheet – Monkeypox https://www.who.int/news-room/fact-sheets/detail/monkeypox
JYNNEOS Smallpox (Monkeypox) vaccine https://www.precisionvaccinations.com/vaccines/jynneos-smallpox-monkeypox-vaccine

09/02/2022

ဒီ program ကို အမျိုးသားညီညွတ် ရေးအစိုးရ၊ ကျန်းမာ ရေးဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် သူနာပြုဆရာ၊ဆရာမများက ဦး ဆောင်သင်ကြား ပေး နေခဲ့ရာ ယခုအခါ Batch-3 ကို ဖွင့်လှစ် တော့မယ်လို သိရပါတယ်

📚📖 သင်ခန်းစာများ

- စေတနာ့ဝန်ထမ်း ကျန်းမာရေးစောင့်ရှောက်သူတစ်ဦး၏ တာဝန်ဝတ္တရားများနှင့် အ ခြေခံကျင့်ဝတ်များ
- အခြေခံအာဟာရပညာများနှင့် ဆေးဝါးပညာများ
- အ ခြေခံသူနာပြုစုမှုပညာများ
- ထိခိုက်ဒဏ်ရာရ သောလူနာများအား အ ရေး ပေါ်ပြုစုကုသမှုများ
- Covid-19 ရောဂါအပါအဝင် ရောဂါပိုးများအား ထိန်းချုပ်ကာကွယ်ခြင်းနှင့် ပြုစုခြင်းအသိပညာများ

သင်တန်းပြီးဆုံးသွားသောအခါ ၊ သင်တန်းမှ ရရှိသော အသိပညာနှင့်ဗဟုသုတများကို ၊ မိမိတို မိသားစု၊သူငယ်ချင်းနှင့် မိတ်ဆွေများအား ပြည်လည်ဝေမျှခြင်း၊ မိမိတို့ တတ်အားသလောက် စေတနာ့ဝန်ထမ်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပါဝင်ကူညီခြင်းများ, လုပ်ဆောင်နိုင်ပေးနိုင်မည့် အကျိုး ကျေးဇူးကို ရရှိပါမည်။
သိုဖြစ်ပါ၍ "ပြည်သူမှ ပြည်သူသို့ ကူညီနိုင်ရန်" စိတ်ပါဝင်စားသူများအ နေဖြင့် Volunteer Health Care Assistant training page messenger မှာ register link ကို ရယူနိုင်ပါသည်။

https://www.facebook.com/vhca.moh.nug.mm/

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address

Yangon
11181