Mindlog
27/06/2026
PII (Personally Identifiable Information)
PII ဆိုတာ ဘာလဲ ?
သင့်ကိုယိတိုင် ကို သီးခြား သတ်မှတ်ထားသော် အချက်အလက်တွေ ဖြစ်ပါတယ်…
တန်ဖိုးကြီးတဲ့ အချက် အလက်တွေဖစ်ပါတယ်
ဥပမာ
1) မွေးသက္ကရဇ်(Birth Date)
2) NRC Number ( National ID Card)
3) Phone Number
4) Email
5) နေရပ်လိပ်စာ
6) Bank Accounts Number
PII ကို တခြားသူ (မသကာ်တဲ့သူ စီရောက်သွားရင် ဘာတွေဖြစ်နိုင်မလဲ)
🔺Account ကို သိမ်းပိုက်နိုင်ခြင်း
🔺 ငွေကြေးလိမ် လည်မှု
🔺 phishing နည်းဖြင့် လိမ်လည်မှု
🔺 Fake Account အနေဖြင့် အသုံးပြုခြင်း
မသကာ်တဲ့ သူစီရောက်သွားရင် ဘယိလို ကာကွယ်မလဲ
🔹Password ကို strong ဖစ်အောင် ထားပါ
ရိုးရိုးရှင်းရှင်း password တွေ မထားပါနဲ့….
(ဥပမာ hlahla123 ,mgmg123, apple123)
Account တွေကို same password မထားပါနဲ့….
ဥပမာ ABC bank လဲ hlahla123 , DEF bank လဲ hlahla123)
Birth date အတိုင်း ထားထားတဲ့ password ကို ချက်ချင်းပြောင်းပါ
(ဥပမာ 11 March 1998 မှာ မွေးတဲ့ သူဆိုရင်
“110398” ဆိုပီး ထားတတ်ကြတေ)
(အမြန်ဆုံး ပြန်ပြောင်းပါ)
🔹 Two Factor ( Multi Factor) နည်းလမ်း သုံးပါ
🔹 ကိုမသိတဲ link တွေ (တခြား သူက ပေးတဲ့
ဘာကံစမ်းမဲ ညာကံစမ်းမဲ ဆိုပီးတဲ့ ပေးတဲ့ link တွေကို
လုံးဝ မနိုပ်ပါနံဲ့)
🔹SMS (Phone massage) ကလာတဲ့ OTP code 6လုံံးကိုဘယ်သူ့ဘယ်ဝါမှ မပြောပါနဲ့…
အရမ်းအရေးကြီးပါတယ် ဘယ်သူ ဘယ်သူကိုမျှ မပေးပါနဲ့…..
(သက်ဆိုင်ရာ ဘဏ်ရဲ့ဝန်ထမ်းတောင် သိခွင့်မရှိပါ)
(မေးခွင့်မရှိပါ)
ဥပမာ မိမိ၏ phone ကိုခေါ်ပီး ကျနော်/ကျမ သည်
ဘယ် bank ရဲ့ manager ဖြစ်တယ် ဝန်ထမ်းဖြစ်တယိ/ မိမိ phone msg ထဲ တွင်ဝင်လာသော်
OTP code 6လုံးလေးပြောပြပါဆိုရင် သေချာပါတယ် scam (အလိမ်တွေပါ)
🔹ကိုယ်ရေးကိုယ်ထာ အချက် အလက်တွေကို
ရင်းနှီးတဲ့ သူပဲဖစ်ဖစ် မရင်းနှီးတဲ့ သူပဲဖစ်ဖစ်
လုံးဝ လုံးဝ မပေးပါနဲ့……
Knowledge sharing မျှသာ ဖော်ပြလိုက်ပါတယ်
03/06/2026
ကား Brake ပေါက်ခြင်းဆိုတာ ဘာကြောင့်ဖြစ်တာလဲ ?
ကားမောင်းသူတိုင်း သိထားသင့်တဲ့ အန္တရာယ်များတဲ့ ပြဿနာတစ်ခုက Brake Failure (Brake ပေါက်ခြင်း) ဖြစ်ပါတယ်။
Brake ပေါက်ခြင်းဟာ အများအားဖြင့် အောက်ပါအကြောင်းရင်းတွေကြောင့် ဖြစ်တတ်ပါတယ်။
1. Brake Fluid (ဘရိတ်ဆီ) ပြဿနာ
ကား Brake System အများစုဟာ Hydraulic System ကို အသုံးပြုပါတယ်။
Brake Fluid နည်းသွားခြင်း၊ ယိုစိမ့်ခြင်း ဖြစ်လာရင် Brake Pedal ကို နင်းပေမဲ့ ဖိအားကို ကောင်းကောင်းမပို့နိုင်တော့ပါဘူး။အဲ့ဒီအချိန်မှာ Brake မမိခြင်း ဖြစ်နိုင်ပါတယ်။
2. Brake Pad / Brake Shoe ကုန်ခြင်း
Brake Pad တွေဟာ အသုံးပြုတိုင်း တဖြည်းဖြည်း ပါးလာပါတယ်။အချိန်မီ မလဲဘဲ ဆက်သုံးနေရင် Brake ဖမ်းအား လျော့ကျလာပြီး အန္တရာယ်ရှိနိုင်ပါတယ်။
3. Brake System အပူလွန်ခြင်း (Brake Fade)
တောင်ဆင်းလမ်းတွေမှာ Brake ကို အကြာ
ကြီး ဆက်တိုက်နင်းထားခြင်းကြောင့် အပူလွန်ပြီး Brake Performance ကျနိုင်ပါတယ်။
4. Brake Line ပေါက်ခြင်း / လေဝင်ခြင်း
Brake ပိုက်လိုင်း ပျက်စီးခြင်း၊ လေဝင်ခြင်း ဖြစ်လာရင် Hydra Pressure မတည်ငြိမ်တော့ဘဲ Brake မမိနိုင်ပါ။
5. Maintenance မလုပ်ခြင်း
ကားမှာ ပြဿနာကြီးတွေဟာ သေးငယ်တဲ့ လက္ခဏာတွေကနေ စတတ်ပါတယ်။
Brake အသံထွက်လာခြင်း၊ Brake နင်းရတာ ပျော့လာခြင်း၊ Brake ဆီလျော့နေခြင်းတွေကို မလျစ်လျူရှုသင့်ပါ။
ကားတစ်စီးရဲ့ အရေးကြီးဆုံး Safety System က Brake ပါ။
Click here to claim your Sponsored Listing.
Website
Address
Yangon
11071