Future Computer Training and Sale Center
11/03/2024
အဲ့လိုပါဆို🤧
crd
26/02/2024
Credit to မောင်သစ်ဆင်း, Nay Gyi /
ဒီလို.......နဲ့
-------------------------------------
တစ်ယောက်ပြီးတစ်ယောက်
မေးလာလိုက်တာ ...
ကျွန်တော့်အလှည့်ရောက်လာပါတယ်။
ကျွန်တော့်နာမည်ခေါ်သံကြားတာနဲ့ ထရပ်လိုက်ပါတယ်။
အသက်တချက် ပြင်းပြင်းရှူ လိုက်တယ်။
ဟုတ်ကဲ့..........
"ကျွန်တော်မှားပါတယ် ..."
----------
ကြိမ်လုံးအကြောင်းစဉ်းစားမိတိုင်း
အထက်တန်းကျောင်းသားဘ၀တုန်းက
ကြုံခဲ့ရတာလေးတစ်ခုကို အမြဲသတိရ
နေမိပါတယ်။
မြန်မာစာအချိန်မှာ
ပင်ရင်း စကားပြေ လက်ရွေးစင်ထဲက
မင်းတုန်းမင်းနှင့် ငါးခြောက်ပြား
ဆောင်းပါးကို သင်ပြီးစပေါ့။
မင်းတုန်းမင်း
ငယ်ရွယ်စဉ် မောင်လွင်ဘ၀က
စံကျောင်းဆရာတော်ဆီမှာ ပညာသင်ကြားခဲ့ရတယ်။
တနေ့မှာ အင်းသားကြီးငကြူးက
ငါးခြောက်ပြားကြီး တစ်ပြားလာပြီး
လှူတယ်။
ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။
ကျောင်းမှာကလည်း ငါးခြောက်ပြတ်လပ်နေချိန်
ဖြစ်တော့...
ဆရာတော်က မောင်လွင်ကို
ကျက်သရေခန်းထဲမှာ သေသေချာချာ
သိမ်းခိုင်းလိုက်ပါတယ်။
နောက်တနေ့ ဆရာတော် ဆွမ်းဘုဉ်းပေးတဲ့အခါ
မောင်လွင့်ကို ငါးခြောက်ဖုတ်ခိုင်းတော့
ငါးခြောက်က ရှာမတွေ့တော့ဘူး။
ဆရာတော်ကတော့ လက်ဆေးပြီး
နှမ်းဆီမွှေးမွှေးနဲ့ ရောက်လာမယ့်
ငါးခြောက်ဖုတ်ကို စောင့်နေတာပေါ့။
မောင်လွင်မှာ ဘယ်လိုမှ ရှာဖွေ မေးမြန်း
စုံစမ်းလို့မရဘဲ ဗျာများနေခိုက် ...
" ဟဲ့ ... ငလွင်မရသေးဘူးလား" လို့
မေးလိုက်တော့ ....
ညှိုးညှိုးငယ်ငယ်နဲ့ပဲ ငါးခြောက်ပြားကြီး
ပျောက်ဆုံးသွားတဲ့အကြောင်း
တင်လျှောက် ရပါတော့တယ်။
" ငလွင် ... လာခဲ့" လို့
ထား၀ယ်ကြိမ်ကို ဆွဲပြီး ခေါ်လိုက်တဲ့
ဆရာတော်အသံက ကျောင်းသား အားလုံးရဲ့
နှလုံးသားကိုကန့်လန့်ဖြတ်၀င်သွားပါသတဲ့။
________________________
"ဟဲ့ ... ငလွင် ...
နင်ဟာ ဘုရင့်သား၊
အကြောင်းညီညွတ်ရင် နိုင်ငံကို
အုပ်ချုပ်မင်းလုပ်ရမယ့်သူ။
ဒီလိုလူက ငါးခြောက်ပြား တချပ်ကိုတောင်
လုံခြုံအောင် မစောင့်ရှောက်နိုင်ရင်
နိုင်ငံကို နင်ဘယ်လို လုံခြုံအောင်
လုပ်နိုင်တော့မှာလဲ" လို့ မိန့်ပြီး
အချက်ပေါင်းများစွာ ရိုက်နှက်ဆုံးမပါသတဲ့
ဒီဆောင်းပါးကို သင်ပြီးတော့ ဆရာက
သင်ရိုးထဲက မေးခွန်းတွေကို ဖြေခိုင်းပါတယ်။
မေးခွန်း တစ်ခုက
စံကျောင်း ဆရာတော်၏ဆုံးမမှု ကို
သင်လက်ခံပါသလား လို့ အဓိပ္ပါယ်မျိုးသက်ရောက် တဲ့ မေးခွန်းပါ။
-------
နောက်တနေ့ မြန်မာစာအချိန်ရောက်တော့
ဆရာဟာ အတန်းထဲကို ခြေသံပြင်းပြင်းနဲ့
၀င်လာပါတယ်။
အဖြေလွှာတွေကို စားပွဲပေါ်
ဘုန်းခနဲ့မြည်အောင် ပစ်ချလိုက်တယ်။
ဆရာ့မျက်နှာက နီပြီးတင်းလို့။
တတန်းလုံးကို ဝေ့ဝဲပြီးကြည့်တယ်။
တတန်းလုံးကလည်း ငြိမ်လို့။
ဆရာ ...ဘာဖြစ် လာတာပါလိမ့်လို့ တွေးနေကြပုံပဲ။
ဆရာက ကျောင်းသားတစ်ယောက်ရဲ့
နာမည်ကို ခေါ်ပြီး အတန်းရှေ့ ထွက်ခိုင်းပါတယ်။
တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ ...
ထိုကျောင်းသားရဲ့ အလှည့်ရောက်လာပါတယ်။
နာမည်ခေါ်သံကြားတာနဲ့ အဖြေရှင်
ထိုကျောင်းသားဟာ ထရပ်လိုက်ပါတယ်။
အသက် တစ်ချက် ပြင်းပြင်း ရှူသံကြားလိုက်တယ်။
ဆရာက အဖြေလွှာတစ်ရွက်ကို ဆွဲထုတ်ပြီး
အဲဒီကျောင်းသားကို ပေးလိုက်တယ်။
" ဒါ........ မင်း အဖြေလား "
" ဟုတ်....... ဟုတ်ပါတယ်ဆရာ "
" ဘယ်သူ့မှာ တာဝန်ရှိလဲ "
ဟုတ်ကဲ့..........
"ကျွန်တော့်မှာ တာဝန်ရှိပါတယ် ..."
"အေး ... တတန်းလုံး ကြားအောင် ဖတ်စမ်း"
နည်းနည်း အံ့သြနေပုံနှင့် ...
ကျောင်းသားက သူ့အဖြေကို
ဖတ်ပါတယ်။
" မှတ်မိသလောက်ဆိုရင်
စံကျောင်းဆရာတော်ရဲ့ဆုံးမပုံကို
မကြိုက်ကြောင်း၊
ဆရာတော်ရဲ့
အဲဒီအချိန်က စိတ်ခံစားမှုဟာ
တပည့်ကို လမ်းညွှန်ချင်စိတ်ထက်
မိမိအလွန်တရာ ကြိုက်နှစ်သက်တဲ့
ငါးခြောက်ဖုတ်ကို ဘုဉ်းမပေးရတဲ့အတွက်
ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်က
ပိုပြီး ကြီးမားနေနိုင်ကြောင်း၊
ပြီးတော့ ဒီကိစ္စဟာ ဒီလောက် ရိုက်နှက်
အပြစ်ပေးစရာ မလိုကြောင်း၊
နား၀င်အောင်ဆုံးမလျှင် ရပါလျက်နှင့်
သေရာပါ အမာရွတ်ထင်အောင်
ရိုက်နှက်ခြင်းဟာ
ဒေါသစိတ်ကြောင့် ဟု
သံသယဖြစ်စရာရှိကြောင်း၊
ဘုရားသားတော်တို့ မည်သည်
ရသတဏှာအဖြစ်
ဆွမ်းဘုဉ်း မပေးသင့်သည်ကို
သတိရသင့်ကြောင်း၊
ဆရာကိုယ်တိုင်က
ဤဝိနည်းကို မထိန်းသိမ်းနိုင်ပါဘဲ
တပည့်ကို ဆုံးမခြင်းမှာ
စဉ်းစားဖွယ်ဖြစ်ကြောင်း၊
အသားနာမှ အရိုးစွဲမှတ်မည် လို့ထင်ပြီး
ပြင်းပြင်းထန်ထန် အပြစ်ပေးဆုံးမခဲ့ပေမယ့်
မင်းတုန်းမင်း လက်ထက်မှာ
အောက်မြန်မာနိုင်ငံ တစ်ခုလုံးကို
အင်္ဂလိပ် လက်သို့ ထိုးပေးလိုက်ရတဲ့အတွက်
ဒီဆုံးမနည်းဟာ မအောင်မြင် ဟု ယူဆနိုင်ကြောင်း"
အဲဒီလိုတွေ ဖြေထားတာကို ဖတ်ပြပါတယ်။
တတန်းလုံးက တခိခိနဲ့ရယ်ကြတယ်၊
သူတကြောင်းဖတ်လိုက်၊
ခိခနဲ ကျိတ်ရယ်လိုက်ကြနဲ့။
ဆရာကတော့ ကျောင်းသားတွေရယ်လေ
ဒေါသထွက်နေလေပါပဲ။
ကျောင်းသား ဖတ်သွားပြီးတော့
ဆရာက သူ့ကိုမေးတယ်။
"မင်း ငါ့ကို နောက်တာလား"
"ဟာ ..... မဟုတ်ပါဘူး ဆရာ၊
ကျွန်တော် မေးခွန်းကို ဖြေတာပါ"
"ကဲ .... အားလုံး ...
သူဖြေတာကို လက်ခံကြသလား၊
တစ်ယောက်စီ မေးမယ်၊
ကဲ ... မင်းကစ၊
သူဖြေတာ မှန်သလား မှားသလား
ပထမဆုံး အမေးခံလိုက်ရတဲ့
ရှေ့ဆုံးခုံက ကျောင်းသားဟာ
ရုတ်တရက် ဘာဖြေရမှန်း သိပုံ မရဘူး။
အဖြေရှင်ကျောင်းသားကို ကြည့်လိုက်၊
ဆရာ့ကို ကြည့်လိုက်၊ ဘေးဘီကို ကြည့်လိုက်နဲ့။
ကျွန်တော့် စိတ်ထဲမှာတော့ ...
အဲဒီကျောင်းသားရဲ့ အဖြေကိုကြိုက်နေတယ်။
ကျွန်တော်လည်း သူ့လိုခံစားမိတာပဲ။
ဒါပေမယ့် ... သူ့လို ... မဖြေတတ်ဘူး။
သူ့လို ထောင့်စေအောင် မမြင်တတ်ဘူး။
ပြီးတော့ သူ့လို ... မဖြေရဲဘူး။
တတန်းလုံး လိုလိုလည်း
ကျွန်တော့်လိုဘဲ ... ထင်တယ်။
သူတို့ မျက်နှာတွေကို ကြည့်ရင်သိသာပါတယ်။
"ဟေ့ကောင် ... ဖြေလေကွာ"
ရှေ့ဆုံးက ကျောင်းသားခမျာ တုန်သွားပါတယ်။
အဖြေရှင်ကျောင်းသားကို
တချက်ခိုးကြည့်ပြီး ခေါင်းငုံ့ချ လိုက်တယ်။
တကယ်တော့ ...
ဆရာက ... မှန်သလား၊ မှားသလားဆိုတဲ့
မေးခွန်းနှစ်ခုကို မေးနေတယ် ဆိုပေမယ့်
အမူအရာ၊ လေသံ၊ ဖန်တီးထားတဲ့ ၀န်းကျင်
အငွေ့အသက်တွေက မှားတယ်လို့ ဖြေစမ်း၊
မဖြေရင် ကြိမ်လုံး လို့ပြောပြီးသား ဖြစ်နေပါပြီ။
ဆရာက ကျောင်းသားတွေကို လိမ်နေသလို
သူတရားပါတယ် ဖြစ်အောင် ...
သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါ။
ဒါကို အဲဒီကျောင်းသားလည်း
သဘောပေါက်ဟန် ... တူ ..ပါရဲ့။
"သူဖြေတာ ... မှားပါတယ်"
"ဟုတ်ပြီ၊ နောက်တစ်ယောက်"
"မွား .... အဲ ...မှားပါတယ်"
"နောက်တစ်ယောက်"
"မှားပါတယ် ..."
တစ်ယောက်ပြီးတစ်ယောက်
မေးလာလိုက်တာ ...
ကျွန်တော့်အလှည့်ရောက်လာပါတယ်။
ကျွန်တော် ထရပ်လိုက်ပါတယ်။
အသက် တစ်ချက် ပြင်းပြင်း ရှူလိုက်တယ်။
"မှားပါတယ် ..." ခင်ဗျ
အဖြေရှင်ကျောင်းသားကို မကြည့်ရဲပါဘူး။
ခေါင်းငုံ့ပြီး ခုံပေါ်က ...
စာအုပ်ကိုပဲ စိုက်ကြည့် နေမိတယ်။
ထူးခြားတာက
ကျောင်းသားအားလုံးလည်း ဒီလိုပါပဲ။
လူကုန်သွားတော့
ဆရာက အဲဒီကျောင်းသားကို
နောက်ပြောင်မှု နဲ့ အတန်းထဲမှာ ရိုက်ပါတယ်။
ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း ကျွန်တော့်
ခန္ဓာကိုယ် တစ်နေရာမှာ နာနာသွားသလိုပဲ။
ကျွန်တော်ကိုယ်တိုင် အရိုက်ခံနေရသလိုပဲ။
တတန်းလုံးလည်း
ကျွန်တော့လိုဘဲ ခံစားနေရမှာကပါ။
အဲဒီကျောင်းသားဟာ ကျောင်းပြောင်းသွားပါတယ်။
ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း
ပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကို
ကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။
ဆရာမှာ ဒီလိုတပည့်မျိုးဆုံးရှုံးလိုက်ပါတယ်။
ကျောင်းမှာ
အဲဒီလို ...ကျောင်းသားမျိုးး
ဆုံးရှုံးလိုက်ပါတယ်။
အဲဒီက ဆန့်တွေးလိုက်ရင်တော့ ...
နိုင်ငံပေါ့ခင်ဗျာ
ဒါ ... ဆုံး ရှုံး မှု ပါ
ဘာဖြစ်လို့
ကျွန်တော်ဟာ ခံစားမှုခြင်း တူပါလျက်နဲ့
ဘာလို့ သူ့လို မဖြေရဲခဲ့တာလဲ။
ဖြေရဲသူ ရှိလာတာတောင် ကျွန်တော်က
ဘာဖြစ်လို့ သူမှန်တယ်လို့ မပြောရဲခဲ့တာလဲ။
အာရုံထဲမှာတော့ ငယ်စဉ်ကတည်းက
ကြုံ ကြိုက် ဆုံစည်းခဲ့ရတဲ့
ကြိမ်လုံးတွေ ...
ကြိမ်လုံးတွေ ....
ကြိမ်လုံးတွေ .........။
ခက်ထန်တဲ့ အမူအရာတွေ။
အဲဒီလို ကျွန်တော်တို့ရဲ့သွေးထဲမှာ
အကြောက်မျိုးစေ့တွေ ပွားများလာပြီး
အရွယ်ရလာတာနဲ့အမျှ
ကြောက်သီးတွေ တတွဲတွဲ၊
ကြောက်ပွင့်တွေ တဝေဝေနဲ့ ...။
လုပ်ငန်းခွင်ထဲမှာ ပြုပြင် ပြောင်းလဲဘို့
လိုအပ်တဲ့ ပြဿနာတွေ၊ အခက်အခဲတွေ
ရှိရင်လည်း ကျွန်တော်ဘာမှ မပြောရဲဘူး။
အပြု ဘက်က မြင်ပြီး
ပြောင်းလဲပစ်လိုက်ရင်
အကျိုးရှိမယ်ဆိုတာ
သေသေချာချာကြီး သိမြင်နေပါလျက်ကနဲ့
အထက် လူကြီးမကြိုက်မှာစိုးလို့
ကျွန်တော်ဘာမှ အကြံမပြု ရဲဘူး။
ကျွန်တော့်ဆီက အကြံ၊ အေတွး၊ အမြင်၊
သဘောထားတွေကိုလည်း
ဘယ်သူကမှ ... မတောင်းကြဘူးလေ။
သင်ခဲ့ရတဲ့ ပညာတွေ
စာအုပ်ထဲ ပြန်သွားလည်း သွားပေရော့ပေါ့။
ဟောဒီ ပရောဂျက်ဟာ ဘယ်နေရာမှာ
မှားနေတယ်လို့ ကျွန်တော် မြင်ပေမယ့် ဒါဟာ
ပြောရမယ့် ကိစ္စလို့ ကျွန်တော် မထင်တော့ဘူး၊
တဖြည်းဖြည်းနဲ့ ... အဲဒါ ...
ကျွန်တော်မှန်တယ်လို့ ထင်လာတယ်။
ဒီလို ယဉ်ကျေးမှုမျိုးပေါ်ထွန်းဖို့ထက်
အထက် အဆင့်ဆင့်၊
အောက်အဆင့်ဆင့်က လူတွေအားလုံးက
ဒီလို ဖြစ်စဉ်မျိုး ကြုံလာရင်
ဒါကို မှန်တယ် ထင်လာကြရင်ဖြင့် ......
ဌာန မနာဘူးလား
တိုင်းပြည် မနာဘူးလား
ပညာရပ်အမြင်နဲ့ ကြည့်ရင်
တကမ္ဘာလုံးနဲ့ လူသားအားလုံး နာပါတယ်။
ဒါပေမယ့် .......
ကျွန်တော် အိမ်ပြန်ရောက်တော့
အကြီးကောင်ရဲ့ ငိုသံပြဲကြီးကို ကြားရပါတယ်။
သူ့အမေ လက်ထဲမှာ တုတ်တစ်ချောင်းနဲ့။
"ဘယ်လိုဖြစ်နေကြတာလဲကွာ"
"ဘယ်လိုဖြစ်ရမလဲ၊
တော့် သားက ...
အိမ်စာပြီးအောင် မလုပ်ဘဲ
ကမြင်းတာလေ၊ ပန်းကန်တစ်လုံး ကွဲပြီ။"
"ဘာဖြစ်လဲကွ၊
ကလေးဆိုတာ ... ဒီအရွယ်မှာ ..."
"တော် ... စာအုပ်ထဲက
ဟာတွေ လာပြောမနေနဲ့၊
ပန်းကန်တစ်လုံး ...
ဘယ်လောက် အောက်မေ့လို့လဲ၊
ရှင့် ၀င်ငွေက ဘယ်လောက် ....."
ရွယ်ထားတဲ့ တုတ်အောက်ကနေပြီး
သားကြီးက အကြောက်မျက်လုံးများနဲ့
ကျွန်တော့်ကို ...
အားကိုးတကြီး ကြည့်နေရှာပါတယ်။
ဒါပေမယ့် ဖေဖေ့မျက်လုံးတွေကလည်း
သားရဲ့ မျက်လုံးတွေလိုဘဲ ...
ဖြစ်နေတာ ကြာပါပြီကောလား ... သားရယ်။ 😢😭
Credit မောင်သစ်ဆင်း
Photo crd
05/12/2023
Computer ဖွင့်တိုင်း သူ့ကို လန့်နေရတယ်။ မရှိမကောင်း ရှိမကောင်း😬🤣
Photo crd
07/11/2023
အေ့လေ😅
Photo Crd
26/10/2023
ရင့်ကျက်သန်မာတဲ့သူဖြစ်ဖို့
=========================
လူတိုင်းမှာ .......
အားနည်းချက် ကိုယ်စီရှိကြတယ်။
ကိုယ့်ရဲ့ရုပ်ရည်၊ ကိုယ့်ရဲ့ပိုင်ဆိုင်မှုနဲ့ ကိုယ့်ရဲ့
တစ်ခြားသော အားနည်းချက်တွေကြောင့်
ကိုယ့်ကိုကိုယ် မလုံမလဲ စိတ်တွေဝင်လာကြတယ်။
ကိုယ့်ရဲ့အားနည်းချက်တွေကို လက်မခံနိုင်ဘဲ
ဖုံးကွယ်ဖို့ကြိုးစားရင်းကနေ သိမ်ငယ်စိတ်တွေပါ
ဝင်လာကြတယ်။ ကြာလာတော့ ဘဝကို ရင်မဆိုင်
ရဲကြတော့ဘဲ ကြောက်ရွံ့လာကြပါတယ်။
လွယ်လွယ်နဲ့ အရူံးပေးချင်လာကြပါတယ်။
ဒါက လုံးဝကြောက်စရာကောင်းတဲ့ ရှင်သန်မှုပဲလို့
ကျွန်တော်ထင်တယ် ။ တကယ်လဲ ရှိပါတယ် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလဲ တချို့ဆိုရင် သိမ်ငယ်စိတ်တွေကို တမလွန်အထိ ယူဆောင်သွားကြတယ် ။ တော်တော်စိတ်မကောင်း ဖြစ်မိတယ် ။
အဲ့တော့ အသက်အရွယ် ငယ်တုန်းကနေစပြီး..
ကျွန်တော်တို့ စနစ်တကျနဲ့ ဘဝကို ပြင်ဆင်နေထိုင်သွားသင့်တယ်
လို့ ထင်တယ် ။
ဘဝကို မကြောက်မရွံ့ရင်ဆိုင်ဖို့၊ လွယ်လွယ်နဲ့
အရူံးမပေးဖို့ဆိုရင် သင်ဟာ ရင့်ကျက်ဖို့ လိုပါတယ်။
၁-ဘယ်သူ့ကိုမှ မကြောက်ရဘူး။
ရှင်ဘုရင်ပဲဖြစ်ဖြစ်၊ ဆင်ရဲသားပဲ ဖြစ်ဖြစ်
ရုပ်ချောချော၊ ရုပ်ဆိုးဆိုး၊ ချမ်းသာတဲ့ သူဖြစ်ဖြစ်၊
ဘယ်သူပဲဖြစ်နေပါစေ အေးအေးဆေးဆေး
ရင်ဆိုင်ရဲရမယ်။
၂-ပျာယာခက်တဲ့ အကျင့်ကို ဖျောက်ရမယ်။
ခြေတုန်၊ လက်တုန်တာမျိုးတွေ မလုပ်ရဘူး။
မလောရဘူး။
၃-ရဲရဲကြည့်ရမယ်။ ပြုံးပြနိုင်ရမယ်။
တစ်စုံတစ်ယောက်နဲ့ စကားပြောတဲ့ အခါပဲ
ဖြစ်ဖြစ်၊ နုတ်ဆက်တဲ့ အခါပဲ ဖြစ်ဖြစ် မျက်လုံး
ချင်းဆိုင်ရမယ်။
၄-ရိုးသားရမယ်။ ဖြူစင်ရမယ်။ ဘယ်သူ့ကိုမှ
လူလည်မကျရဘူး။ မညစ်ပတ်ရဘူး။
မယုတ်မာနဲ့။
၅-ပြတ်သားရမယ်။ အားမနာသင့်တဲ့အခါ အားနာ
မနေနဲ့။ သည်းခံနိုင်တဲ့ အတိုင်းအတာထိပဲ
သည်းခံရမယ်။
၆-ရဲရင့်ရမယ်။ သန်မာရမယ်။ သတ္တိရှိရမယ်။
၇-လူတွေရဲ့အမြင်ကို သောက်ဂရုမစိုက်နဲ့။
လူတိုင်း သဘောကျအောင်မနေနဲ့။
၈-ကလေးဆန်တဲ့ အကျင့်တွေ ပြင်ရမယ်။
လိုချင်တာ မရလို့ ကလေးဆန်ဆန် ငိုတာမျိုး၊
မျှော်လင့်သလို ဖြစ်မလာလို့ ဒေါသထွက် ပူဆွေး
နေတာမျိုးတွေကို ရှောင်ရမယ်။
၉-ငြင်းပယ်မှုကို လက်ခံနိုင်ရမယ်။ ခါးသီးမှုတွေကို
လက်ခံနိုင်ရမယ်။ စွန့်လွှတ်မှုတွေကို နားလည်
နိုင်ရမယ်။
၁၀-ပွင့်လင်းရမယ်။ အရှိကို အရှိအတိုင်း လက်ခံ
နိုင်ရမယ်။ ဟန်ဆောင်မနေနဲ့။
၁၁-လွတ်လပ်စွာနေရမယ်။ ဘယ်သူ့ရဲ့ လွှမ်းမိုးမှု
ကိုမှ မခံနဲ့။ လောင်းရိပ် မမိစေနဲ့။
၁၂-လူတိုင်းကို လေးလေးစားစား ဆက်ဆံနိုင်
ရမယ်။ နိုင်တဲ့သူကို နှိမ်တာမျိုး မလုပ်ရဘူး။
၁၃-မလိုအပ်တာတွေကို စွန့်လွှတ်နိုင်ရမယ်။
၁၄-လူတွေကို အရမ်းကြီး အပြစ်မမြင်နဲ့။
အဝေအဖန် မစောစေနဲ့။
၁၅-အလိုက်သိတတ်ရမယ်။
၁၆-ဘယ်အရာမှ အလကား မလိုချင်နဲ့။
သူတစ်ပါးဆီက အရာတွေကို လူလည်ကျ
အလကား လိုချင်တာမျိုးတွေကို ရှောင်ပါ။
၁၇-မလိုအပ်ပဲ အကူအညီ မတောင်းနဲ့။
ကိုယ်တိုင်လုပ်နိုင်အောင် ကြိုးစားပါ။
၁၈-ကိုယ့်ဘဝကိုယ် ကျေနပ်ရမယ်။
အခြားသူတွေနဲ့ ယှဉ်ပြီး သိမ်ငယ်နေတာဟာ
မရင့်ကျက်ခြင်းပဲ။
၁၉-အမှီအခိုကင်းရမယ်။ တစ်ယောက်ထဲလည်း
ရပ်တည် နိုင်ရမယ်။ ကိုယ်လုပ်မှ ကိုယ်စားရမှာ။ ဒါကြောင့်
တစ်ယောက်ထဲ ရှင်သန်နိုင်ဖို့ ဘာကိုမှ
ကြောက်မနေသင့်ဘူး။
၂၀-ကိုယ့်အိမ်မက်ကိုယ် အကောင်အထည်ဖော်
နိုင်ရမယ်။ ရူံးမှာကို မကြောက်သင့်ဘူး။
၂၁-စာဖတ်ရမယ်။ စာဖတ်ခြင်းက လောကကို
ရင်ဆိုင်နိုင်ဖို့ တွန်းအားတစ်ခုပဲ။
လဲကျနေရင် ပြန်ထပါ ဘယ်တော့မှ
ခြေလှမ်းတွေကို မရပ်တန့်မိပါစေနဲ့။
ပထမခြေလှမ်းမှာ ခြေတုံချတုံဖြစ်နေမှာက
လူသားလို့ ခံယူထားသူတိုင်း ကြုံရမှာပါ ..
ဒါက ပုံစံပဲလေ ဒါမဲ့ အဲ့ပုံစံကနေ ကိုယ်ကိုယ်တိုင်
ရုံးထွက်နိုင်အောင် ကြိုးစားရမှာလေ.....
နောက်ဆုံးပြောချင်တာ...
ဒီစာကိုဖတ်နေတဲ့ ကျွန်တော်ရဲ့ Friend
လေးတွေ အတွက် စကားလက်ဆောင်လေးကတော့...
သက်မဲ့ သစ်ရွက်လေးတွေတောင်မှ..
လေမင်းရဲ့ စေခိုင်းမှုနဲ့ လွန့်လူးကြ..
ဝဲပြန်ပြရသေးတာပဲ...
ငါက.. လူသားတစ်ယောက်ပဲ...
သူတပါးခိုင်းစေတာကို ဘာလို့စောင့်နေမှာလဲ
မိမိဦးနှောက်က မိမိကိုယ်ကို ခိုင်းစေ
တတ်အောင် အဖန်ဖန်ကြိုးစားပါ ။
အားအင်တစ်ခု ရပါစေ 🙏
မေတ္တာဖြင့် တဆင့်_
ပြန်လည်မျှဝေသည်.....
လေးစားစွာဖြင့်...
18/10/2023
မင်းဟာ အမြင့်မှာနေရင်
လေတိုက်ခံရမယ်
အနိမ့်မှာနေရင် လှံစိုက်ခံရမယ် ။
အလယ်မှာနေရင်
မင်းကိုပုခုံးချင်းယှဉ်တိုက်လိမ့်မယ်
ဘေးထွက်နေရင်
မကောင်းပြောကြလိမ့်မယ် ။
မင်းကမနေနိုင်လို့လုပ်ပေးတော့
အရူးထနေတာလို့ပြောကြမယ် ။
မင်းဘာမှမလုပ်ပဲနေတော့
မင်းကို ငပျင်းလို့ပြောကြလိမ့်မယ် ။
ဒီမှာ
မင်းကို မင်းရဲ့ပတ်ဝန်းကျင်က
ချီးမွန်းတဲ့စကားထက်
မင်းကိုကဲ့ရဲ့အပြစ်တင်ဖို့
မင်းရဲ့ မှားကွက်ကို
စောင့်နေကြတယ် ။
မင်းအောင်မြင်နေတဲ့အချိန်
မင်းကိုကပ်ဖားပြီး
မင်းကျရှုံးတဲ့အချိန်
မင်းကိုနှာခေါင်းရှုံ့ကြလိမ့်မယ် ။
မျက်နှာဖုံးစွပ်တွေများတဲ့
လောကကြီးထဲမှာ
မိတ်ဆွေကောင်း
အင်မတန်ရှားပါးတယ် ။
မင်းမှန်တယ်ထင်ရင်
တကယ်လည်းမှန်နေရင်
ပတ်ဝန်းကျင်ကို
မင်းသိပ်ပြီးဂရုမစိုက်နဲ့ ။
မင်းစားနေတဲ့ထမင်းလုပ်အတွက်
မင်းကိုယ်တိုင်
ကိုယ့်ဒူးကိုယ်ချွန်နေတာမို့
မင်းမှာ အဲ့လောက်တော့
မာန ရှိသင့်တယ် ။
အထီးကျန်နေရလို့လည်း
စိတ်မပျက်နဲ့
မှားယွင်းနေတဲ့ လူတွေနဲ့
ဆုံစည်းနေရတာထက်
တစ်ယောက်တည်းနေရတာက
ပိုကောင်းပါတယ် ။
ရုန်းကန်လှုပ်ရှားရအကောင်းဆုံး
အရွယ်မှာဇိမ်ခံသက်သာတဲ့လမ်းကို
မင်းမရွေးပါနဲ့ ။
တစ်သက်လုံး
ရေလိုက်ငါးလိုက်နေသွားဖို့က
လွယ်ကူပေမယ့်
ထိုးဖောက်ထွက်ဖို့ကျ
မင်းအတွက်ခက်ခဲသွားလိမ့်မယ် ။
Mahatma Gandhi ရဲ့
အဆို အမိန့်တစ်ခုရှိတယ်
The future depends on
what you do today "
မင်းရဲ့အနာဂါတ်ဟာ
မင်းဒီနေ့လုပ်ရပ်အပေါ်မှာပဲ
မူတည်ပါတယ် " တဲ့
ပြဿနာတိုင်းကို
အပြုံးလေးနဲ့ဖြေရှင်းလိုက်
ပြုံးနေခြင်းက
မင်းအတွက်အားသာချက်ပဲ
ဒါပေမယ့်
မဲ့ပြုံးတော့မဖြစ်စေနဲ့ပေါ့ ။
မင်းပတ်ဝန်းကျင်က
လူတွေကြောင့် စိတ်မညစ်နဲ့
လူတိုင်းက ကိုယ်နဲ့
ထပ်တူမကျနိုင်ဘူးဆိုတာ
မင်းမမေ့နဲ့
မင်းရင့်ကျက်လာတာနဲ့အမျှ
မင်းပတ်ဝန်းကျင်က
မင်းကိုမုန်းနေတဲ့သူတွေကို
မင်း ဥပေက္ခာပြုသွားနိုင်မှာပါ.....
- Original Author
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Yangon
11431
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 19:00 |
| Sunday | 09:00 - 19:00 |