Classical 90
09/09/2025
ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတုန်းက စပါးအသင်းကို (၁၇) နှစ်ကြာဝေးကွာနေခဲ့တဲ့ ဆုဖလားအောင်မြင်မှု ပြန်ယူပေးနိုင်ခဲ့ပြီး ယူရိုပါလိဂ်ချန်ပီယံအဖြစ်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါသယ်ဆောင်ပေးသွားနိုင်ခဲ့သူ စပါးနည်းပြ ပိုစတီဂလူ ကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် (၁၇) နေရာမှာ ရပ်တည်ခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ပြီးတော့ ဒီနေရာမှာ ဘရန့်ဖို့ဒ်နည်းပြ သောမတ်ဖရန့် နဲ့ပြန်လည်အစားထိုးခဲ့ပါတယ်။
လက်ရှိ ပရီးမီးယားလိဂ်ပွဲစဉ် (၃) ပွဲကစားအပြီးမှာတော့ ပိုစတီဂလူ အနေနဲ့ EPL ကိုတစ်ကျော့ပြန်လာဖို့အကြောင်းဖန်လာခဲ့ပါပြီ။ နော့တင်ဟမ်ဖောရက်စ် အသင်းကသူတို့ရဲ့နည်းပြချုပ် နူနိုဆန်းတို့စ် ကိုထုတ်ပယ်စတင်မြင်တွေ့သွားရဖို့ရှိနေပြီဖြစ်ပါတယ်။
07/09/2025
ချဲလ်ဆီး ရဲ့ စီးပွားရေးပြန်ရှာဖွေနိုင်မှုကြီးကတော့ ကြောက်စရာပါပဲ။
လက်ရှိမှာ နီကိုလပ်ဂျက်ဆင် ကို ဘိုင်ယန်မြူးနစ် အသင်းဆီတစ်ရာသီအငှားချထားလိုက်နိုင်ပြီဖြစ်ပါတယ်။ တကယ်တော့ ဂျက်ဆင် ကအရောင်းစာရင်းတင်ထားတဲ့ကစားသမားပါ။ သူ့အတွက်အပြီးသတ်ပြောင်းရွှေ့ကြေးဟာ ယူရိုသန်း (၆၀) နဲ့ (၇၀) အကြားပဲဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် နီကိုလပ်ဂျက်ဆင် ကိုစိတ်ဝင်စားမှုပြလာတဲ့ ဘိုင်ယန်မြူးနစ် အသင်းနဲ့ ညှိနိူင်းဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။ ကစားသမားကို ဒီစျေးကွက်မှာအပြီးသတ်ဝယ်ယူဖို့တော့အဆင်မပြေခဲ့ပေမယ့် အငှားခေါ်ယူဖို့တော့ အဆင်ပြေခဲ့ပါတယ်။
ထူးခြားတာက နီကိုလပ်ဂျက်ဆင် အတွက် တစ်နှစ်တာအငှားစာချုပ်အတွက် ယူရို (၈၁.၅) သန်းအထိပေးချေရမှာပဲဖြစ်ပါတယ်။ ဒါဟာ ဘောလုံးသမိုင်းတစ်လျှောက်ကြေးအကြီးဆုံးအငှားခေါ်ယူမှုအဖြစ် စံချိန်တင်သွားခဲ့ပါပြီ။
ဘိုင်ယန်မြူးနစ် ဘုတ်အဖွဲ့ဝင်တွေရဲ့ ညှိနိူင်းမှုကိုလည်း ဒီနေရာမှာအံ့ဩရပါတယ်။ ဘယ်လိုစတင်ခဲ့ပြီး ဘာတွေပြောခဲ့ကြသလဲမသိပေမယ့် တစ်ခါထဲဝယ်လိုက်ရင်တောင် ဒီ့ထက်နည်းတဲ့စျေးနဲ့ရရှိမှာပါ။ အခုတော့ တစ်နှစ်သာအငှားရခဲ့ပြီး ဂျက်ဆင် ကိုဝယ်မယ်ဆိုရင် နောက်ထပ်ပြောင်းရွှေ့ကြေးတစ်ရပ်အသုံးပြုရဦးမှာဖြစ်ပါတယ်။
02/09/2025
ဒီရာသီမှ လေဗာကူဆင်အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခြင်းခံထားရတဲ့ အဲရစ်တန်ဟက်ခ်ျ က ရာသီစလို့ ဘွန်ဒက်လီဂါ (2) ပွဲကိုင်တွယ်အပြီး လေဗာကူဆင် နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရပြီဖြစ်ပါတယ်။
အဲရစ်တန်ဟက်ခ်ျ ရဲ့ လေဗာကူဆင်နည်းပြသက်တမ်းက (2) လသာကြာမြင့်ခဲ့ပါတယ်။
Click here to claim your Sponsored Listing.