Korean Language Self Study
그런 날 있지.
ဒီလိုနေ့မျိုး ရှိတယ်မလား
사는게 재미없고
အသက်ရှင်နေရတာက စိတ်ဝင်စားစရာမရှိဘဲ
나 없어도 세상은 여전히 잘 돌아가는 같을 때
ငါမရှိလည်းပဲ လောကကြီးကပုံမှန်အတိုင်း ကောင်းကောင်းလည်ပတ်နေတယ်လို့ ထင်ရတဲ့အခါ
우리 마지막으로 웃었던 날이 언제였을까?
ငါတို့နောက်ဆုံး ရယ်မောခဲ့တဲ့နေ့က ဘယ်အချိန်ဖြစ်ခဲ့မလဲ
걱정없이 꿈을 꿀 수 있는 날이 다시 올까?
အပူအပင်မရှိ အိမ်မက်မက်နိုင်တဲ့ နေ့ရက်တွေက တဖန်ပြန်လာပါဦးမလား
요즘은 바쁘게 뭔가를 하다가도
အခုတစ်လော မအားမနေတစ်ခုခုကိုလုပ်နေရင်းတောင်
밥을 잘 먹디가도 운다.
ထမင်းကောင်းကောင်း စားနေရင်းတောင်မှ ငိုမိတယ်
자다가도 베개가 짖어 깬다.
အိပ်နေရင်းတောင်ခေါင်းအုံးကစိုစွတ်လာလို့နိုးလာမိတယ်
다시 들지 않는 잠에 노래를 들으려는데
ပြန်ပြီးအိပ်မပျော်တဲ့အိပ်စက်ခြင်းမှာ သီချင်းနားထောင်မလို့လုပ်ပေမဲ့
그노래가 너무 슬퍼서 또 우는 거 있잖아.
အဲ့ဒီသီချင်းက အရမ်းဝမ်းနည်းစရာကောင်းလို့ ထပ်ပြီးငိုမိတာလဲရှိတယ်မလား
모두 고민을 안고 산다는데
အကုန်လုံးက စိုးရိမ်ပူပန်မှုတွေကို ထွေးပိုက်ပြီးနေနေကြပေမဲ့
내가 보기엔 다들 행복해 보이는 거 있잖아.
ငါ့အမြင်မှာတော့ လူတိုင်းပျော်နေတဲ့ပုံပေါ်နေတာမျိုး ရှိတယ်မလား
그럴때.
အဲ့လိုအခါမျိုး
박지영
번역가-혜린
매일 고민만 하면 어떡해요
နေ့တိုင်း စိတ်ပူပန်ပဲနေရင် ဘယ်လိုဖြစ်မလဲ
맛있는 것도 먹고
အရသာရှိတာလည်း စားပြီး
좋아하는 길도 걷고
သဘောကျတဲ့ လမ်းကို လျှောက်ပြီး
보고 싶은 친구와 수다도 떨어요
သတိရနေတဲ့ သူငယ်ချင်းနဲ့လည်း စကားပြောကြည့်ပါ
예쁜 옷도 입고
အကျီလှလှလေးလည်း ဝတ်ပြီးတော့
카페 창가 자리에 앉아
ကော်ဖီဆိုင် ပြတင်းပေါက်နေရာမှာ ထိုင်ရင်း
좋아하는 노래도 들어요.
သဘောကျတဲ့ သီချင်းကိုလည်း နားထောင်ကြည့်ပါ
특별한 하루는 아니어도
ထူးခြားတဲ့ နေ့တစ်ရက်မဟုတ်ရင်တောင်မှ
이렇게,
ဒီလိုမျိုး
내가 좋아하는 하루가 만들어질 거예요.
ကိုယ် သဘောကျရတဲ့ တစ်ရက်တာကို ဖန်တီးနိုင်မှာပါ
글배우
31/12/2021
Use your brain😊😂😂
Click here to claim your Sponsored Listing.