Sunme_makes_it
24/05/2026
ထုတ်ချင်တာတွေများလွန်းလို့
ဘယ်ဟာကို ဘယ်လို ထုတ်ရမှန်းတောင်
မသိတော့သူတစ်ဦး🤭🛍️
19/05/2026
Giveaway winner လေးပါရှင့်🫶🏻
Cb မှာ လာဆက်သွယ်ပေးပါဦးနော်💕
28/04/2026
သဲနု - The First Love 💗
နာမည်လေးနဲ့တစ်ထပ်တည်း
ကွက်တိကျတဲ့အိတ်ကလေး ။
ဒီအိတ်လေးရဲ့ ပထမဆုံး Customer လေးက
ဒါလေးကိုမြင်တော့ အချစ်ဦးကိုတောင်
ပြန်တွေ့ရသလိုပါပဲတဲ့ ။
အဲ့လို သိမ်မွေ့မှုမျိုးလေးကို ဒီအိတ်ကလေးက ပေးတာ 💗
27800 mmk | Preorder
24/04/2026
အမှတ်တရ ၅ နှစ် ။
(giveaway included)
Sunme တို့ရဲ့ Sunme လေးက ခုဆို ဆယ်စုနှစ်တစ်ဝက် 5 နှစ်ဆိုတဲ့အတိုင်းအတာတစ်ခုထိ ရောက်ခဲ့ပါပြီ ။ ဒီအတောအတွင်းဟာ လူတိုင်း ကိုယ်စီ ရုန်းကန်နေရတာမို့ Sunme တို့ကိုယ်တိုင်လည်း ဒီလုပ်ငန်းလေး စ မလုပ်ခင်အချိန်ကရော အခု ၅ နှစ်ပြည့်တဲ့ အချိန်ထိပါ Personal ရော Professional life မှာပါ ရုန်းကန်ရတာတွေ အများကြီး ရှိခဲ့ရပါတယ် ။ ဒီကာလတွေမှာ နေ့ရက်တွေက ရှင်သန်ဖို့ပိုခက်ခဲလာလေ ကိုယ်ချစ်တဲ့အရာတွေကို ပိုပြီးမြဲမြဲဆုပ်ကိုင်တတ်လာလေလို့ ပြောရမှာပါ ။ ဒီလိုပဲ Sunme Makes It ဟာ Sunme တို့ရဲ့ တန်ဖိုးရှိတဲ့ ဆုပ်ကိုင်ထားရမယ့် ခရီးတစ်ခုလို့ပြောရင် မှားမယ်မထင်ဘူး ။
ရွေးချယ်စရာတွေ အများကြီးရှိတဲ့ထဲကမှ Sunme Makes It ကို သတိတရနဲ့ ယုံကြည်ပြီး ဝယ်ယူအားပေးကြတဲ့ Customer တွေကြောင့်သာ Sunme တို့ ချစ်တဲ့ ၊ တန်ဖိုးထားရတဲ့ ဒီလုပ်ငန်းလေးကို နေ့တိုင်းနေ့တိုင်း ဆက်ပြီး လုပ်ကိုင်ခွင့်ရနေတာမို့ အမြဲတမ်းကို ကျေးဇူးတင်ရပါတယ် ။
5 နှစ်ဆိုတဲ့အတိုင်းအတာမှာ အမှားတွေ ၊ လိုအပ်ချက်တွေ အများကြီးရှိခဲ့ပါတယ် ။ ဒါကို နားလည်ပေးပြီး အစဉ်မပြတ် အားပေးခဲ့တဲ့အတွက် Sunme တို့က ကျေးဇူးတင်သလို Sunme တို့ဘက်ကလည်း မလျော့သော Service တွေ ၊ Quality product တွေကို ထပ်ပေးနိုင်ဖို့ နေ့ရက်တိုင်း ကြိုးစားနေတယ်ဆိုတာလေးကိုလည်း သိပေးထားပါနော် ❤️
အားလုံးကို ကျေးဇူးတင်တဲ့အနေနဲ့ Sunme တို့က 100,000 တန် Gift Voucher လေးကို Sunme တို့ Customer တွေထဲက တစ်ဦးကို လက်ဆောင်ပေးပါရစေနော် ၊ ဘာမှလုပ်ပေးစရာမလိုပါဘူး ၊ Comment လေးမှာ အမှတ်တရစကားလေးတစ်ခွန်းဖြစ်ဖြစ် ၊ feedback လေးဖြစ်ဖြစ် တစ်ခုပဲ ရေးသွားရင် Giveaway အစီအစဉ်ထဲမှာ ပါပြီးသွားဖြစ်သွားပါပြီ ။ 🩷
ဝယ်ယူအားပေးမှုတိုင်း ၊ ချစ်တဲ့အလုပ်ကို နေ့စဉ်လုပ်ခွင့်ရနေတဲ့ အခွင့်အရေးတိုင်းအတွက် ကျေးဇူးတင်ပါတယ် ။ အားလုံးပဲ ရေကြည်လေးလို လန်းဆန်းအေးချမ်းပြီး ငှက်ကလေးတွေလို ကူးလူးပျံသန်းနိုင်ကြပါစေ ။
ချစ်ခြင်းမေတ္တာဖြင့်
ဆန်းမီ ။
Click here to claim your Sponsored Listing.
Contact the business
Website
Address
Opening Hours
| Monday | 09:00 - 22:00 |
| Tuesday | 09:00 - 22:00 |
| Wednesday | 09:00 - 22:00 |
| Thursday | 09:00 - 22:00 |
| Friday | 09:00 - 22:00 |
| Saturday | 09:00 - 22:00 |