JS ECU Repair

JS ECU Repair

Share

15/05/2025

Automatic Front lighting (AFS) System

# **Automatic Front Lighting System (AFS) for Toyota Cars**

Toyota ၏ **Automatic Front Lighting System (AFS)** သည် ညဘက်မောင်းနှင်ရာတွင် လမ်းကြောင်းကို ပိုမိုရှင်းလင်းစွာ မြင်နိုင်စေရန် ဒီဇိုင်းထုတ်ထားသော အလိုအလျောက် မီးစနစ်တစ်ခုဖြစ်သည်။ ဤစနစ်သည် ကားမောင်းသူ၏ လမ်းကြောင်းအား အကောင်းဆုံးအလင်းရောင်ပေးစွမ်းရန် ကားလမ်းအနေအထား၊ ကွေ့သည့်အချိန်နှင့် အမြန်နှုန်းပေါ်မူတည်၍ မီးမောင်းဦးတည်ရာကို အလိုအလျောက်ညှိပေးသည်။

# # **AFS ၏ အလုပ်လုပ်ပုံ**
Toyota AFS စနစ်သည် အောက်ပါအချက်များကို အခြေခံ၍ အလိုအလျောက်ညှိပေးသည် -

1. **Steering Angle Sensor**
- ကားကွေ့သည့်အခါ **မီးမောင်းဦးတည်ရာကို လိုက်၍ ညှိပေးသည်**။
- ဥပမာ - လက်ဝဲဘက်ကွေ့လျှင် မီးမောင်းများလည်း ဘယ်ဘက်သို့ လှည့်ပေးသည်။

2. **Vehicle Speed Sensor**
- အမြန်နှုန်းမြင့်လာပါက **မီးမောင်းအကွာအဝေးကို တိုးပေးသည်**။
- နှေးသွားပါက အနီးမီးမောင်းသို့ ပြောင်းပေးသည်။

3. **Yaw Rate & G-Force Sensors**
- ကားစီးနင်းမှုအနေအထား (ဥပမာ - တောင်တက်နေခြင်း၊ ချောက်ဆင်းနေခြင်း) ကို ထည့်သွင်းစဉ်းစားပြီး **မီးမောင်းအနိမ့်အမြင့်ကို ညှိပေးသည်**။

4. **Automatic High Beam (AHB)**
- Toyota ၏ အချို့သောမော်ဒယ်များတွင် **Automatic High Beam** ပါရှိပြီး၊ ရှေ့မှ ကားမရှိပါက အဝေးမီးကို အလိုအလျောက်ဖွင့်ပေးကာ ကားနောက်ကပ်လာပါက အနီးမီးသို့ ပြောင်းပေးသည်။

# # **AFS ၏ အကျိုးကျေးဇူးများ**
✅ **ညဘက်အမြင်အာရုံ ပိုမိုကောင်းမွန်စေခြင်း**
✅ **ကွေ့ရာတွင် လမ်းကြောင်းပိုမိုရှင်းလင်းစွာမြင်ရခြင်း**
✅ **အခြားယာဉ်မောင်းများအား မီးစူးခြင်းမှ ကာကွယ်ပေးခြင်း**
✅ **မိုးရွာ/မြူထူသောအချိန်တွင် အန္တရာယ်ကင်းစွာမောင်းနှင်နိုင်ခြင်း**

# # **Toyota မော်ဒယ်များတွင် AFS ပါဝင်မှု**
Toyota ၏ အဆင့်မြင့်မော်ဒယ်များဖြစ်သည့် -
- **Toyota Camry**
- **Toyota RAV4 (High-end trims)**
- **Toyota Land Cruiser**
- **Lexus RX, LS, ES** (Lexus မော်ဒယ်များ)

တို့တွင် AFS စနစ်ကို စံသတ်မှတ်ထားသော အင်္ဂါရပ်အဖြစ် ထည့်သွင်းပေးထားသည်။

# # **သတိပြုရန်**
- AFS စနစ်သည် **LED/HID မီးမောင်းများနှင့်သာ အလုပ်လုပ်သည်** (သာမန်ဟာလိုဂင်မီးများတွင် မပါဝင်ပါ)။
- **ကားဘက်ထရီအားနည်းနေပါက** AFS စနစ် အလုပ်မလုပ်နိုင်ပါ။
- **မီးမောင်းပြောင်းလဲပါက** စနစ်ကို ပြန်လည်ညှိရန် လိုအပ်နိုင်သည်။

# # # **နိဂုံး**
Toyota ၏ **Automatic Front Lighting System (AFS)** သည် ညဘက်မောင်းနှင်မှုကို ပိုမိုဘေးကင်းလုံခြုံစေပြီး မော်ဒန်ကားများ၏ အဆင့်မြင့်နည်းပညာတစ်ခုဖြစ်သည်။ ဤစနစ်ပါသော Toyota/Lexus ကားများကို ဝယ်ယူမည်ဆိုပါက ညဘက်မောင်းနှင်မှုတွင် ပိုမိုယုံကြည်စိတ်ချရမည်ဖြစ်သည်။

13/05/2025

**Toyota KDSS Suspension **

# # # **KDSS ဆိုတာဘာလဲ?**
**KDSS (Kinetic Dynamic Suspension System)** ဆိုတာက Toyota ရဲ့ ထူးခြားတဲ့ ကားဘောင်စနစ် (chassis system) တစ်မျိုးဖြစ်ပြီး၊ ကားရဲ့ **အောက်ဆစ် (suspension)** ကို လမ်းအခြေအနေနဲ့ အလိုက်သင့် ပြောင်းလဲပေးနိုင်တဲ့ နည်းပညာဖြစ်ပါတယ်။ ဒီစနစ်က **အားကစားကားများ (Off-road SUVs)** နဲ့ **အမြန်မောင်းကားများ (Performance SUVs)** တွေမှာ အသုံးပြုပါတယ်။

---

# # # **KDSS စနစ် ဘယ်လိုအလုပ်လုပ်လဲ?**
KDSS မှာ **Hydraulic System (ဟိုက်ဒရောလစ်စနစ်)** နဲ့ **Stabilizer Bars (ချိန်ညှိဘားများ)** တို့ ပါဝင်ပါတယ်။ ဒီစနစ်က **အောက်ပါအခြေအနေတွေမှာ အလိုအလျောက်ပြောင်းလဲပေးနိုင်တယ်** -

1. **Off-Road (ကြမ်းတမ်းတဲ့လမ်း)**
- Stabilizer bars ကို **လျော့ပေးပြီး** ဘီးတွေကို မြေပြင်နဲ့ ပိုပြီးထိကိုင်နိုင်အောင် လုပ်ပေးတယ်။
- ကားရဲ့ **အတက်အဆင်း (articulation)** ကောင်းစေပြီး၊ ချော်မကျအောင် ကူညီပေးတယ်။

2. **Highway (မြန်နှုန်းမြင့်မောင်းနှင်ချိန်)**
- Stabilizer bars ကို **တင်းကျပ်စေပြီး** ကားကို ပိုတည်ငြိမ်အောင် ထိန်းပေးတယ်။
- ကွေးကောက်တဲ့လမ်းတွေမှာ **Body Roll (ကားယိုင်မှု)** ကို လျှော့ချပေးတယ်။

---

# # # **KDSS ရဲ့ အကျိုးကျေးဇူးများ**
✅ **Off-Road Performance ကောင်းမွန်ခြင်း** – ကြမ်းတမ်းတဲ့လမ်းမှာ ဘီးတွေ မြေပြင်နဲ့ ပိုထိကိုင်နိုင်ပြီး အတက်အဆင်း ကောင်းစေတယ်။
✅ **Highway Stability မြင့်မားခြင်း** – မြန်နှုန်းမြင့်မောင်းရင် ကားယိုင်မှုနည်းပြီး လုံခြုံစိတ်ချရတယ်။
✅ **Comfortable Ride** – လမ်းအခြေအနေအလိုက် အောက်ဆစ်ကို ချောမွေ့စွာ ညှိပေးနိုင်တဲ့အတွက် စီးရချောမွေ့တယ်။

---

# # # **KDSS ပါတဲ့ Toyota ကားများ**
- Toyota Land Cruiser (Prado & 200/300 Series)
- Toyota 4Runner (TRD Pro Model)
- Lexus GX460 / GX550
- Lexus LX570 / LX600

---

# # # **သိထားသင့်သည့် အချက်များ**
🔹 KDSS က **အလိုအလျောက်စနစ်** ဖြစ်တဲ့အတွက် မောင်းသူက ဘာမှ ခလုတ်နှိပ်စရာမလိုပါ။
🔹 ဒီစနစ်ပါတဲ့ကားတွေက ဈေးနှုန်းအနည်းငယ် ပိုမြင့်ပါတယ်။
🔹 Off-road အတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပြီး၊ လမ်းချော်တဲ့ဒေသမျိုးမှာ အထူးအသုံးဝင်ပါတယ်။

**အကျဉ်းချုပ်** – KDSS စနစ်က Toyota/Lexus ကားတွေရဲ့ **အောက်ဆစ်စနစ်** ကို ပိုမိုထိရောက်စွာ ထိန်းချုပ်ပေးပြီး၊ **လမ်းအမျိုးမျိုးမှာ စွမ်းဆောင်ရည်မြင့်မားစေတဲ့ နည်းပညာတစ်ခု** ဖြစ်ပါတယ်။

19/11/2024

Mercedes CLA 180 Driver Side Power Window Repair

10/08/2023

ကားတစ်စီးဝယ်မယ်ဆိုရင် မဖြစ်မနေ စစ်ဆေးသင့်တဲ့ အချက် (၈) ချက်

၁။ အရိုးဆစ် ကောင်း မကောင်း ကြည့်မယ် – အရိုးဆစ်ကောင်း မကောင်းကို အရင်ဦးဆုံးရှေ့က ဘောနပ် (စက်ဖုံး)ကို ဖွင့်ပါ ရှော့ဘား အထိုင် နေရာ ပတ်လည် ချက်စီတန်းနေရာ ပတ်လည်ကို အသေချာကြည့်ပါ။ တစ်ချို့ကား တွေမှာ ချက် စီတန်းက ထိုင်ခုံအောက်မှာ ရှိပါတယ် အောက်မှာ ပုံနှင့်တကွ ပြပေးထားပါတယ် အဲဒီနေရာတွေမှာ ပုံမှန် အနေထားမဟုတ်ပဲ တစ်ခုခု လွှဲမှားနေသလား..?ဥပမာ/ ဆေးတွေ ကြမ်းနေလား ပတ်တီးအက်ကြောင်းဖြစ်နေလား ပိန်နေလား လိမ်နေလား ပုံမှန် အနေထား ဟုတ်လား မဟုတ်လား အသေချာကြည့်ပါ ပုံမှန် အနေထားမဟုတ်ရင် သိသာပါတယ်။ထိုနည်းတူ တခြားနေရာတွေလည်း ဒီအတိုင်းပဲ စစ်ပါ တံခါးလေးဘက်အတွင်း နောက်ဖုံး အတွင်း ရေတိုင်ကီတန်း အပေါ် အောက်ကို ကြည့်ပါမယ် အဆက်နေရာလေးတွေမှာ အော်ရယ်ဂျင်နယ် စပေါ့ အချိုက်သေးသေးလေးတွေပါ ရပါမယ်။ ဒါဆိုရင် အရိုးဆစ် ကြည့်တဲ့ ကိစ္စလုံလောက်ပါပြီ” ယာဉ်မှန် မမှန် ကညနရုံးမှာ မစစ်ဘူး ဆိုရင်တော့ ရေဝိုက်ပါ ကာဘာ အဖုံးကို ဖြုတ်ကြည့်ဖို့ လိုပါမယ် ထိုင်ခုံအောက်ဆိုရင်လည်း ထိုင်ခုံဖြုတ်ပြီး ကြမ်းခင်း ခဏခွာကြည့်ဖို့ လိုပါမယ် ကညနရုံးမှာ ယာဉ်မှန်မမှန် စစ်မယ် ဆိုရင်တော့ ဒါတွေ ဖြုတ်ကြည့်ခွာကြည့်ဖို့ မလိုပါ ရုံးက တာဝန်ရှိသူတွေ အဲဒီနေရာတွေကို စစ်ပါလိမ့်မည်”

၂။ ဘော်ဒီ ကောင်း မကောင်းကြည့်မယ် – ဘော်ဒီကောင်း မကောင်း ဘယ်လို ကြည့်မလည်း ဆိုတော့ အရင်ဦးဆုံး ဆယ်ပေအကွာလောက်ကနေ ဘော်ဒီဂျော (အကြော) ပုံမှန် ဟုတ်မဟုတ် တစ်ချက် ရှိုးမယ်။ ပြီးရင် ဘော်ဒီနေရာအနှံ့ လက်ညှိုးနဲ့ ဖြစ်စေ လက်ခလည်နဲ့ ဖြစ်စေ ဇယ်တောက်သလိုလေး လိုက်ခေါက်ကြည့်ပါ ပုံမှန်အသံက သံပြား အသံ အသံမာမာလေး ထွက်ရပါမယ်။ ဒီလို မဟုတ်ပဲ သစ်သားပုံး တစ်ခုခုကို ခေါက်နေရသလို တဘုတ်ဘုတ်နဲ့ ဖြစ်နေရင်တော့ ထိခိုက်ထားပြီး ပြန်ပြင်ထားတာပါ ဘော်ဒီကို စစ်ဆေးတာ ဒီလောက်ဆို လုံလောက်ပါပြီ”

၃။ မှန်စပေါ့ မှန် အက်ကြောင်း – ရှိမရှိ စစ်မယ် ဒါစစ်တာကတော့ လွယ်ပါတယ်လူတိုင်း ကြည့်တက်ပါတယ် သတိထားရမှာက ရှေ့လေ ကာမှန်ဆိုရင် အနားသက်လေးတွေမှာ အမဲရောင် ကွတ်ထားတာလေးတွေ ရှိပါတယ်။အမဲ နေရာလေးတွေမှာ အက်ကြောင်းရှိနေရင် အမှတ်တမဲ့ ဆို မမြင်နိုင်ပါဘူး အသေချာကြည့်ပါ”ဒါဆို လုံလောက်ပါပြီ”

၄။ ဘော်ဒီကြမ်းခင်း ဆွေး မဆွေး ကြည့်မယ်ဒါလည်း လွယ်ပါတယ်။ အခင်းတခုရှာပါ ခေါင်းဝင်ပြီး ပက်လပ် လှန်ကြည့်ပါ အရမ်းနိပ်တဲ့ ကားဆိုရင် အလွယ်တကူ စင်ပေါ်တင်လို့ရတဲ့ နေရာဆိုရင် စင်ပေါ်တင်ကြည့်ပါ။ဥပမာ ရေဆေးခုံလိုနေရာ ဝပ်ရှော့လိုနေရာ ဒါဆိုရင် လုံလောက်ပါပြီ။

၅။ အင်ဂျင် ကောင်း မကောင်းစစ်မယ် – မိတ်ဆွေအနေနဲ့ အရမ်းခက်ခဲမယ်လို့ တွေးထင်ထားမှာပါ။ ဟုတ်ပါတယ် မသိရင်တော့ ခက်ခဲပါတယ်။ ကျွန်တော် ဆိုရင် အချိန်တွေ အမှားတွေ အများကြီးရင်း ပြီးမှ သိခဲ့ရတာပါ။မိတ်ဆွေအနေနဲ့ ကျွန်တော့်လို အများကြီး ရင်းစရာမလိုပါဘူး စာလေး နှစ်ကြောင်း သုံးကြောင်း ဖက်လိုက်တာနဲ့ သိပါပြီ အိုင်တင်ခံနေတယ်။လို့ မထင်ပါနဲ့ စာပေရဲ့ ကျေးဇူး စာတကြောင်းရဲ့ ကျေးဇူးသိအောင် ပြောပြတာပါ။အရင်ဦးဆုံး ကားကို စက်နှိုးထားပါမယ်။ အင်ဂျင်ဝိုင်တိုင်းတဲ့ ဂိတ်တံလေးကို ဆွဲဖွင့်လိုက်ပါအောက်မှာ ပုံနဲ့လည်း ပြပေးပါမယ်။ မီးခိုးမှုတ်လား မမှုတ်ဘူးလား ကြည့်ပါ။ သိပ်ပြီး မသင်္ကာဘူးထင်ရင် လီဘာနင်း ကြည့်ပါမီးခိုးမှုတ်နေရင် အင်ဂျင်ကျနေပါပြီ အင်ဂျင် မကောင်းပါ။ အပေါ် ဖွင့် အောက် ဖွင့် လုပ်ရပါတော့မယ်။ အခန့်မသင့်ရင် အင်ဂျင် အလုံးလိုက်ချိန်းရပါမယ်။ တခြားအသံတွေကတော့နားထောင်လို့ လွယ်ပါတယ်။ ကွန်ပရာဆာ ဘောသံရေလည်အုံ ဘောသံတိုက်ဗစ် မည်သံ တခြားအသံတွေ ထွက် မထွက်နားထောင်ရင် ရပါပြီ ။ဒါဆိုရင် အင်ဂျင်ကောင်းမကောင်း စစ်ဆေးတာ လောက်ပါပြီ”

၆။ ဒိုင်ခွက်က သတိပေး – မီးများ ပုံမှန် ဟုတ် မဟုတ်စစ်ဆေးမယ်ဒါကလည်း လွယ်ပါတယ်။ ယာဉ်မောင်းထိုင်ခံမှာ ထိုင်ပါသော့မှာ အချက်သုံးချက်ပါမယ် ပထမအကြိမ် လှည့်တဲ့ အချက်က ကက်ဆက် နဲ့ ဆေးလိပ်မီးပေါက် ကို မီးပို့ပါတယ်။ ဒုတိယ တစ်ကြိမ်က ဒိုင်ခွက်မှာ ရှိတဲ့ မီးတွေရယ် ကွန်မြူတာဘောက်နဲ့ တခြား မီးရောက်ရမဲ့ နေရာတွေကို အကုန်လုံး မီးပို့ပါတယ်။ တတိယအကြိမ်မှာ စက်နှိုးတယ် ဒါကတော့ လူတိုင်းသိပါတယ် ဒုတိယကြိမ် ဒုတိယ အချက်မှာ ဒိုင်ခွက်မှာရှိတဲ့ မီးတွေ အကုန်လင်းရပါမယ် အင်ဂျင်ချက် မီးအဲယားဘက်မီးဘတ္ထရီ ပုံအင်ဂျင်ဝိုင် ချက် မီး ABS ချက် မီးလင်းရမဲ့ မီးအကုန်လင်း ရပါမယ် စက်နှိုးပြီးသွားရင် အဲဒီမီးတွေ အကုန်ညိမ်းရပါမယ်။ မီးတစ်ခုခု လင်းနေရင် Error တခုခုရှိနေပါပြီ နောက်တစ်ခုရှိတာက ဟွန်ဒါ အုပ်စုမှာ အများဆုံး တွေ့ရမှာပါ ဘတ္ထရီနဲ့ အင်ဂျင်တွဲပြီး အလုပ်လုပ်တဲ့ ကားတွေမှာ ဆိုရင် ဘတ္ထရီ ကောင်း မကောင်း နဲ့ ရှာဂျင်ဝင် မဝင် ကြည့်ရပါမယ်။အဲဒီကားတွေဆိုရင် ဟိုပ်ဗစ်ဆိုပြီး အမည် ပေးထားပါတယ် ဒါပေမဲ့ မြန်မာပြည် ရောက်နေကားတော်တော်များများကတော့ ဘတ္ထရီ သက်တမ်းကုန်နေကြပါပြီ ဟိုပ်ဗစ် မဟုတ်ရင် အဲဒါတွေ ခေါင်းထဲ ထည့်စရာမလိုပါ ဒါဆိုရင် ဒိုင်ခွက်က သတိပေး မီးတွေ စစ်ဆေးမှု လုံလောက်ပါပြီ”

၇။ အောက်ပိုင်း ကောင်း – မကောင်း ဂီယာချိန်းပုံ မှန်မမှန် မောင်းစစ်မယ် ဒါကတော့ ကားမောင်းကြည့်ပြီး စစ်ဆေးရမဲ့ အပိုင်း ရောက်လာပြီ အောက်ပိုင်းကတော့ စစ်ရတာ လွယ်ပါတယ် ကီလို 30 ကျော် 40 လောက်ထိ မောင်းကြည့်ပါ။ဘရိတ်ဖမ်းကြည့်ပါ အသံနားထောင်ပါ လမ်းသိပ်မကောင်းတဲ့ အဖုအထစ်လေးတွေ ရှိတဲ့နေရာ မောင်းကြည့်ပါ တချို့ကား စီယာတိုင် ဂန်းက လမ်းအကောင်းမှာ လုံးဝအသံမထွက်ပါ။ဂီယာဘောက်အပိုင်းမှာ ကတော့ အော်တိုဂီယာ အင်ဂျင်ပါဝါကြီးတဲ့ကား ဆိုရင် ကီလို 80 လောက်ထိ မောင်းကြည့်ပါ ပါဝါ သေးရင်တော့ 50 ကျော် 60 လောက် မောင်းကြည့်ပါ။ဒါဆိုရင် ဂီယာအစုံအစိ ရောက်ပါပြီ ရိုးရိုးမန်နူရယ် ဂီယာဘောက်ဆိုရင် နံပါတ်တစ် ဂီယာကနေ 2345နောက်ဆုံးထိ ထည့်မောင်း စမ်းပါ ဂီယာချိန်းတာပုံမှန်ဖြစ်သလား။ ဂီယာ ဆောင့်သလား တွန့်ဆုတ်တွန့်ဆုတ် ဖြစ်သလား ဂီယာ ငြီးသံကြား သလား နားထောင်ပါ ဒါဆိုရင် အောက်ပိုင်းနဲ့ ဂီယာ စစ်ဆေးမှု လုံလောက်ပါပြီ”

၈။ ယာဉ် မှန် မမှန် စစ်မယ် – ဒီအပိုင်းက အခုနောက်ပိုင်း ကညန ရုံးမှာပဲ သွားစစ်ကြတာများပါတယ် ကိုယ်တိုင် စစ်မယ် ဆိုရင်တော့ နံပါတ် (၁) အပိုင်းမှာ ပြောထားသလို ချက်စီတန်းနေရာတစ်ဝိုက်ကို ဖြုတ်ပြီး ခွာပြီး စစ်ရပါမယ် ပြီးရင် အုံနာဘုတ် စာအုပ်နဲ့ ဝှီးတက် မှန်မမှန် စစ်ပါမယ်။ လိုင်စင်စစ်တဲ့ ဆောဝဲ ဒေါင်းလော့ဆွဲထားပါ။ဒီထက်ပိုပြီးသေချာချင်ရင် ခိုင်မာတဲ့ နေရာမှာ စာချုပ်ချုပ်ပါ အိမ် သို့မဟုတ် ရုံး စာချုပ် ချုပ်ငွေချေနေတဲ့ ပုံစံတွေ ဓာတ်ပုံရိုက်ယူထားပါ”ဒါဆိုရင် ယာဉ်မှန် မမှန် စစ်တဲ့ အပိုင်းမှာ လုံလောက်ပြီလို့ ထင်ပါတယ်။ဒီလောက်ဆိုရင် ကားနဲ့ ရင်းနီးပြီးသား သူတွေ အတွက် ဇဝေဇဝါ ဖြစ်စရာ အကြောင်း မရှိတော့ပါ အရင်က တစ်မိုင်လောက်ကနေ မြင်ရတဲ့ အရာက အခု တစ်ပေလောက်ကနေ ကြည့်ရသလို ရှင်း သွားမှာပါ”ပထမပို့စ်မှာ ပြောပြထားတဲ့ အကြမ်းဖြင်း (၈)ချက်ကိုတော့ အသေချာမှတ်ထားပါ ကားကြည့်တော့မယ်ဆိုရင် အဲဒီ အစဉ်တိုင်း စစ်ဆေးပါ အစဉ်တိုင်း မစစ်ရင် ဟိုဟာ ကျန် ဒါ ကျန်နဲ့ကျွန်တော့်လို ဖြစ်ပါမယ်။နောက်တစ်ပိုင်းကတော့ ကားနဲ့ မရင်းနီးသေးတဲ့ သူတွေအတွက်ပါ ကားနံပါတ်တွေမှာ အက္ခရာတွေ ဂဏန်းတွေ ရှိပါမယ် နောက်မှာ ကABCD ကနေ အခုဆိုရင် R အထိ ထွက်နေပါပြီ။ကားလောကမှာတော့ ရှေ့က 123456789ကို ထွေထွေထူးထူး ထည့်တွက်လေ့မရှိပါ နောက်က Aတန်း Bတန်းCတန်းကနေ R တန်းထိ ဒီလိုပဲ တွက်ပါတယ်တက္ကစီတွေမှာဆိုရင်တော့ AA “BB ကနေ HH နောက်ဆုံးထွက်ထားပါတယ်။ရှေ့ဂဏန်းတွေကို မကြည့်ပဲ နောက်က ABCD ကနေ Rထိကို အစဉ်လိုက် အနှိပ်အမြင့် တွက်ပါတယ် တက္ကစီမှာလည်း AA BB ကနေ HH ထိ အစဉ်လိုက် အနှိပ် မြင့်တွက်ပါတယ် မော်ဒယ်တွေက ပြောပြစရာမလိုလောက်ဘူးလို့ ထင်ပါတယ်။ဒီလောက်ဆို ရှင်းမယ်လို့ ထင်ပါတယ် ကျွန်တော်သိသမျှတော့ ဒါ အကုန်ပဲ ကားပွဲစားနဲ့ ကားလောကထဲမှာလည်း ကုန်သလောက်ပါပဲ ဒီထက်သိတဲ့ ဆရာများရှိရင်လည်း ကျွန်တော့်ကို ပြန်လည် မျှဝေနိုင်ပါတယ်။

#မူရင်းရေးသားသူအားလေးစားစွာ Credit ပေးပါတယ်

#ကူးယူမျှဝေခွင့်ပြုပါ

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

အမှတ်(2)လမ်းမကြီး၊တောင်မြောက်လမ်းဆုံမှတ်တိုင်ရှေ့၊မြောက်ဒဂုံမြို့နယ်။
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00