SAFE Delivery
*30.4.2026 Update
ချစ်ခင်ရပါသော ကာကာများရှင် 🙏🙏🙏
- စာရင်းဟောင်းများကို 98% ကျော်ထိ ပြုစုပြီး ငွေစာရင်းများကိုလည်း သက်ဆိုင်ရာ Account ထဲသို့ ဒီနေ့ ထည့်ပေးမှာ ဖြစ်ကြောင်း အကြောင်းကြားအပ်ပါတယ်ရှင်။
- ကာကာများ အဆင်ပြေနိုင်ရန်အတွက် 8.4.2026 မှ စပြီး အပ်လိုက်သော ပစ္စည်းများအားလုံးကို ပို့ပြီးသည် ဖြစ်စေ၊ မပို့ရသေးသည်ဖြစ်စေ သင်္ကြန်ရက်အတွင်းတွင် ငွေများကို ကြိုတင်ရှင်းပေးထားပါတယ်ရှင်။ အကြောင်း အမျိုးမျိုးကြောင့် ပို့မရခဲ့သော ပစ္စည်းများနှင့် Application သစ်တွင် Tracking လိုက်လို့ရအောင် ထည့်ပေးထားသော ပစ္စည်းများအတွက် ကြိုရှင်းထားသော ငွေပမာဏကိုလည်း My Wallet ထဲမှ ပြန်လည် နှုတ်သွားမည် ဖြစ်ကြောင်း အကြောင်းကြားအပ်ပါတယ်ရှင်။
- ဒီရက်ပိုင်းမှာ စာအဝင်နှင့် ဖုန်းအဝင် ပုံမှန်ထက် ပိုမိုများနေသောကြောင့် စာပြန်ခြင်းနှင့် ဖုန်းဖြေခြင်း ဝန်ဆောင်မှုများ ပုံမှန်ထက် ပိုမိုကြန့်ကြာသွားသည့်အတွက်လည်း တောင်းပန်ပါတယ်ရှင့်။
- ယခု ချိန်မှ စပြီး SAFE Delivery ၏ ဝန်ဆောင်မှု အားလုံး ပုံမှန်ပြန်လည်ဖြစ်သွားပြီ ဖြစ်ကြောင်းလည်း အကြောင်းကြားအပ်ပါတယ်ရှင်။
- ငွေထုတ်ခြင်းများကိုလည်း ပုံမှန်အားဖြင့် Gazetted Public Holidays တွင် ငွေလွှဲပေးခြင်း မရှိသော်လည်း ကာကာများ အဆင်ပြေနိုင်ရန် အတွက် 30.4.2026 နှင့် 1.5.2026 တွင် ငွေထုတ်များကို ပုံမှန် လွှဲပေးသွားမည် ဖြစ်ပါတယ်ရှင်။
- ဒီကာလအတွင်း SAFE Delivery ကို ယုံကြည်စိတ်ချပြီး စောင့်ဆိုင်းပေးခဲ့တဲ့ အတွက်လည်း SAFE Delivery မှ ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ 🙏🙏🙏
*19.4.2026 Update
ချစ်ခင်ရပါသော ကာကာများရှင် 🙏🙏🙏
- SAFE Delivery Application မှ Main Breakdown တစ်ခုဖြစ်နေသောကြောင့် ကာကာများ ပစ္စည်းပို့ရာတွင် ပိုမို အဆင်ပြေစေရန်အတွက် SAFE Delivery Application ကို Reset ချပြီး ပစ္စည်းပို့ ပစ္စည်းကောက်များကို 𝟐𝟎.𝟒.𝟐𝟎𝟐𝟔 တွင် ပုံမှန် ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း အကြောင်းကြားအပ်ပါတယ်ရှင်။
- Application ကို Reset ချထားသောကြောင့် Application မှ ယခင်က Way များကို ကြည့်လို့ရမည် မဟုတ်သေးပါ။ ယခင်က ပို့ထားသော စာရင်းများကိုလည်း Manual ဖြင့် 21.4.2026 တွင် နောက်ဆုံးထားပြီး Update လုပ်ပေးသွားပါမယ်ရှင်။ စာရင်းအားလုံး Update ပြီးပါက စာရင်းတိုက်လို့ရအောင် Statement တွေ ထုတ်ပေးပါမယ်ရှင်။ စာရင်းများစစ်ရန် Viber 09 7500 98 988 ထဲသို့လည်း စာပို့ပြီး မေးထားလို့ ရပါတယ်ရှင်။
- Manual Cash Out Request Form ကို လည်း 20.4.2026 နေ့လည် ၁၂ နာရီထိ လက်ခံမှာဖြစ်ပြီး 20.4.2026 တွင် အပြီး လွှဲပေးသွားပါမည်ရှင်။ Cash Out မထုတ်ရသေးသော ကာကာများအတွက် 21.4.2026 နှင့် 22.4.2026 တွင် ကျန်ငွေများကို System အသစ်၏ "My Wallet" ထဲသို့ Transfer လုပ်ပေးသွားမည်ဖြစ်ပြီး ယခု Application တွင် ယခင်ကဲ့သို့ 24/7 ငွေထုတ်နိုင်မည် ဖြစ်ပါတယ်ရှင်။
- Application သို့ Log In ဝင်ရာတွင် ယခင် ဖုန်းနံပါတ်နှင့် Password ကို အသုံးပြုပြီး ဝင်ရောက်နိုင်ပါတယ်ရှင်။ Log In ဝင်ရာတွင် အခက်အခဲ ရှိပါက Hotline 09 777 100 101 ကို ဆက်သွယ်နိုင်ပါတယ်ရှင်။
- ယခုကဲ့သို့ Application Breakdown ကြောင့် ကာကာများ အဆင်မပြေမှု များစွာဖြစ်ခဲ့သည့် အတွက် SAFE Delivery မှ အားနာစွာ တောင်းပန်ပါတယ်ရှင်။ နောက်နောင်တွင် ယခုကဲ့သို့ Breakdown များ မဖြစ်စေရန်အတွက် ကြိုတင်ကာကွယ်မှုများနှင့် Backup Plan များကိုလည်း ပြင်ဆင် ဆောင်ရွက်ထားသောကြောင့် ကာကာများ စိတ်ချလို့ ရပါတယ်ရှင်။
- SAFE Delivery ကို အစဉ်အမြဲ ယုံကြည်စိတ်ချပြီး နားလည်ပေးသော ချစ်ကာကာများကိုလည်း SAFE Delivery မှ အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်ရှင်။ အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်ရန်လည်း အမြဲ ကြိုးစားသွားပါမယ်ရှင်။ 🙏🙏🙏
- Application ကို အောက်ပါ Link တွင် Download နိုင်ပါတယ်ရှင်။
📲Google Play Store: https://play.google.com/store/apps/details?id=com.gigagates.client.safe&fbclid=IwZXh0bgNhZW0CMTAAYnJpZBExSlpJZEEyVW03NjFWU1oxWXNydGMGYXBwX2lkEDIyMjAzOTE3ODgyMDA4OTIAAR4nZ0NDWz1HslgxiJLF5wFUmu2ewCJYf0MUKvugOSFmbs9M69hcxjbA_lAFEA_aem_OLhIsPeWoet4ydUXcZo4Zg
📲iOS App Store: https://apps.apple.com/us/app/safe-delivery-myanmar/id6473803850
*12.4.2026 Update
လေးစားရပါသော ကာကာများရှင် 🙏🙏
- SAFE Delivery ရဲ့ System က ပုံမှန်ပြန်ရဖို့ အချိန် ရက်ပိုင်းလေး ထပ်လိုနေကြောင်း အားနာစွာ အကြောင်းကြားအပ်ပါတယ်ရှင်။
- ယခုအခါ ကာကာများ အဆင်ပြေနိုင်ရန်အတွက် Cash Out Request ကို အောက်ဖော်ပြပါ Form မှာ တင်ပြီး Manual ဖြင့်ပြန်လည် လွှဲပေးသွားမှာဖြစ်ပါတယ်ရှင်။
- အချိန် ကြန့်ကြာမှု ရှိခဲ့တဲ့အတွက် များစွာ အားနာရပါသဖြင့် SAFE Delivery မှ သင်္ကြန်ရက် အတွင်း ပိတ်ရက်မရှိ ငွေများကို ထုတ်ပေးမည်ဖြစ်ကြောင်းလည်း အသိပေးအပ်ပါတယ်ရှင်။
- ကောက်ထားသော ပစ္စည်းအများစုမှာလည်း ပို့ပြီးသွားပြီဖြစ်ပြီး ကျန်သော ပစ္စည်းများကို ဒီနေ့ အပြီး ကြိုးစားပို့ပေးသွားမှာဖြစ်သောကြောင့် စိတ်အရမ်းမပူရန် အသိပေးအပ်ပါတယ်ရှင်။
- Manual Cash Out ကိုလည်း Cash, Wave, Kpay, AYA Pay, KBZ Bank, AYA Bank, CB Bank မှတစ်ဆင့် ပြန်လည် ထုတ်ပေးမှာပါရှင်။ Banking များကို အချိန်နဲ့ တပြေးညီ လွှဲပေးမှာ ဖြစ်ပြီး Cash ကို 18.4.2026 ရုံးပြန်ဖွင့်ရက်မှသာ ပေးပို့နိုင်မှာ ဖြစ်ပါတယ်ရှင်။ Cash ကို အရေးတကြီး လိုအပ်ပါက သင်္ကြန်ပိတ်ရက် အတွင်း မနက် ၉ နာရီ မှ ညနေ ၃နာရီထိကို 09 7500 98988 ဆက်သွယ်ပြီး ကြည့်မြင်တိုင်ရုံးတွင် လာရောက်ထုတ်ယူ နိုင်ပါတယ်ရှင်။
- အဆင်မပြေမှုများစွာ ဖြစ်ခဲ့ရတဲ့အတွက် SAFE Delivery မှ ထပ်မံ တောင်းပန်ပါရစေရှင်။ SAFE Delivery မှ လည်း ကာကာများအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမည်လို့လည်း ကတိပြုအပ်ပါတယ်ရှင်။ ယခုချိန်ထိ SAFE Delivery ကို ယုံကြည်စိတ်ချပြီး ချစ်ပေးသော ကာကာများကိုလည်း SAFE Family မှ ကျေးဇူး အထူးတင်ပါတယ်ရှင်။
ငွေထုတ်ရန် အောက်ဖော်ပြပါ Form ကို ဖြည့်ပေးပါရှင်
https://forms.gle/VPzwbmRzAocGhLeS9
ကာကာများသို့ တောင်းပန်စာ 🙏🙏
ချစ်ရသော ကာကာများရှင်။
- 9.4.2026 မနက်တွင် SAFE Delivery Application မှ မထင်မှတ်သော Main Breakdown တစ်ခုဖြစ်ခဲ့ပါသည်။ Breakdown ဖြစ်ခဲ့သည့် အချိန်မှ စ၍ IT Team မှ System ပုံမှန်ပြန်ရအောင် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်ရှင့်။ အဆင်မပြေမှု များစွာဖြစ်ခဲ့တဲ့အတွက် SAFE Delivery မှ အားနာစွာ တောင်းပန်ပါတယ်ရှင်။
- IT Team မှ ဒီနေ့ ရအောင် ကြိုးစားနေသောကြောင့် ခေတ္တခဏစောင့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်။
- ကာကာတွေ ငွေထုတ်မရတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး အကယ်၍ System ပြန်မရခဲ့ပါက 12.4.2026 မှ စပြီး Manual နဲ့ ငွေပြန်လည်ထုတ်ပေးမှာ ဖြစ်ပါတယ်ရှင်။ System ပြန်မရခဲ့ပါက သင်္ကြန်ပိတ်ရက် အတွင်းလည်း ပိတ်ရက်မရှိ ငွေများကို ထုတ်ပေးသွားမှာဖြစ်ပါတယ်ရှင်။ Manual Cash Out ကိုလည်း Cash, Wave, Kpay, AYA Pay. KBZ Bank, AYA Bank, CB Bank မှတစ်ဆင့် ပြန်လည် ထုတ်ပေးမှာပါရှင်။
- System Breakdown ဖြစ်လို့ ပစ္စည်းများ လာမကောက်ခဲ့ပါက ဒီနေ့ နေ့လည် ၂နာရီကို နောက်ဆုံးထားပြီး 09 777 100 101 ကို ဆက်သွယ်ပေးပါက ဒီနေ့ လာကောက်ပေးမှာဖြစ်ပြီး မနက်ဖြန် ပို့ပေးပါမယ်ရှင်။ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်သို့ ပို့သောပစ္စည်းများအတွက်)
- SAFE Delivery မှ ကာကာများကို အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် အစဉ်အမြဲ ကြိုးစားနေသောကြောင့် ကာကာများ စိတ်ချလို့ရပါတယ်ရှင်။ အဆင်မပြေမှု များဖြစ်သွားခဲ့အတွက်လည်း တောင်းပန်ပါတယ်ရှင့်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. (1), Zezawah Garden, Thanthumar Road, South Okkalapa Township
Yangon