UCSY Students' Guide

UCSY Students' Guide

Share

Photos from UCSY Students' Guide's post 30/08/2022

ယခု ၂၀၂၂ ခုနှစ် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ဝင်ခွင့်လျှောက်ထားလိုသူများအတွက်
===================

အမှတ်သတ်မှတ်ချက် - သိပ္ပံတွဲ နှင့်ဝိပ္ပံတွဲ ဘာသာစုံ စုစုပေါင်းရမှတ် ၄၅၀ နှင့်အထက် (သို့မဟုတ်) အင်္ဂလိပ်နှင့်သင်္ချာနှစ်ဘာသာပေါင်းရမှတ် ၁၄၀ နှင့်အထက်

ဝင်ခွင့်ပြုမည့်အများဆုံးလူဦးရေ - ၅၀၀ ဦး

Photos from UCSY Students' Guide's post 12/07/2021

ဒီတစ်ပတ်မှာပြောပြပေးချင်တဲ့အကြောင်းအရာကတော့ Operating Systems (OS) အကြောင်းပဲဖြစ်ပါတယ်။

🍓🍓Operation Systems ဆိုတာဘာလဲ?

ကွန်ပျူတာမှာHardware and Software အပိုင်း(၂)ပိုင်းပါရှိပါတယ်၊Operating Systems က ကွန်ပျူတာ ရဲ့ Software ပိုင်းမှာပါရှိပါတယ်၊
Software မှာ Application Software ရှိတယ်၊System Software ရှိတယ်၊ OS က System Software ဖြစ်ပါတယ်၊OS ရဲ့အလုပ်ကကွန်ပျူတာပါရှိတဲ့ Hard-wares နဲ့ ၊Soft-wares အားလုံးကို စီမံကွပ်ကဲထိန်းချုပ်လုပ်ဆောင်နိုင်ပါတယ်၊ ကွန်ပျူတာရဲ့ Operation တစ်ခုလုံးလည်ပတ်အောင်လုပ်ဆောင်ပေးတာလည်း OS ဖြစ်ပါတယ်၊ ကွန်ပျူတာမှာ OS ထည့်မထားရင်အလုပ်လုပ်လို့မရပါဘူး၊ ကွန်ပျူတာအသုံးချမယ်ဆိုရင် မရှိမဖြစ်ထည့်ပေးရမှာက OS ဘဲဖြစ်ပါတယ်၊

🌞🌞OS မရှိမဖြစ်ဘာကြောင့်လိုအပ်တာလဲ?

ကွန်ပျူတာကိုပါ၀ါဖွင့်ရင် ပထမဆုံးပေါ်လာမှာ Window ပါ Window ဆိုတာ(OS)အမျိုးအစားတစ်ခုဖြစ်ပါတယ် ၊ Window တက်ပြီဆိုရင် ကွန်ပျူတာ ကိုအလုပ်တွေခိုင်းမယ်၊ ဥပမာ စာရိုက်လေ့ကျင့်မယ်ဆိုကြပါစို့ စာရိုက်လို့ရနိုင်မယ့် application software ရှိရမယ်၊ Keyboard ပါရမယ်၊ Mouseပါမယ်၊ အသုံးပြုသူ User ပါမယ်၊ User ကပထမဆုံး စာမရိုက်ခင်မှာ Mouse ကိုအသုံးပြုပြီး စာရိုက်လေ့ကျင့်ရမယ့် apps ကိုဖွင့်ရမယ်အဲလိုဖွင့်တဲ့အခါမှာ Mouse ကနေကလစ်နှိပ်လိုက်မယ်၊ အဲလိုနှိပ်လိုက်တဲ့အခါမှာ Application Software က တစ်ခါထဲဖွင့်မရပါဘူး၊ကြားမှာလုပ်ဆောင်ပေးရတာက OS ပါ။

🍓🍓ကွန်ပျူတာနားလည်တဲ့ဘာသာစကားက (01 )ပါ။ User နားလည်တာက(GUI)ပါ ( Graphic User Interface) ရုပ်ပုံစာတွေကိုဆိုလိုတာဖြစ်ပါတယ်၊ Application Software ကိုဖွင့်လိုက်ရင် ရုပ်ပုံစာတွေမြင်ရပါတယ်။အဲဒါက User နားလည်အောင် OS ကလုပ်ဆောင်ပေးတာပါ၊

🎈🎈OS က User နားလည်တဲ့ဘာသာစကားကိုလည်းပြောင်းပေးနိုင်သလို ကွန်ပျူတာ နားလည်တဲ့ (01) ကိုပြောင်းပေးနိုင်ပါတယ်၊ အဲဒါကြောင့်ကွန်ပျူတာမှာအဓိကမရှိမဖြစ်ထည့်ရမှာက OS ဖြစ်ပါတယ်၊ (OS) ပါမှအလုပ်လုပ်လို့ရမှာဖြစ်ပါတယ်၊

ဒါတင်ဘယ်ကမလည်း ကွန်ပျူတာမှာတခြား devices တစ်ခုခုချိတ်ဆက်တဲ့အခါ ကြားမှာ drivers ထည့်ပေးရပါတယ်။အဲဒီအခါမှ ကွန်ပျူတာက devices ကိုသိမှာပါ၊ သိမှအသုံးပြုလို့ရမှာဖြစ်ပါတယ်၊ Drivers ထည့်ရခြင်းအကြောင်းမှာ Operating System နဲ့ Devices ချိတ်ဆက်ပေးတာဖြစ်ပါတယ်။ OS သိရင် ကွန်ပျူတာ နဲ့အလုပ်လုပ်လို့ရပါတယ်၊

🌞🌞ဥပမာပြောရမယ်ဆိုရင် ကွန်ပျူတာမှစာရွက်ကိုအပြင်ကိုထုတ်မယ်ဆိုရင် Printer နှင့် ကွန်ပျူတာ ချိတ်ဆက်ရပါတယ်၊ Printer ကြိုးက ကွန်ပျူတာ မှာတပ်ဆင်ထားပေမယ့် ကွန်ပျူတာပေါ်မှာ Printer ကိုမတွေ့ရသေးပါဘူး။ ဘာလို့လည်းဆိုတော့ OS ကမသိသေးလို့ပါ OS သိအောင် Driver ထည့်ပေးရပါတယ်၊ OS က Printer ကိုသိရင် ကွန်ပျူတာကနေ စာရွက်ထုတ်လို့ရနိုင်ပါသည်၊

🌞🌞ကွန်ပျူတာ၀ယ်ရင်(OS) ကို တစ်ခါထဲ build-in ထည့်ထားပါတယ်၊ပြောင်းသုံးချင်လည်းသုံးနိုင်ပါတယ်၊OS အမျိုးအစားတွေအများကြီးရှိပါတယ်။ မိမိကွန်ပျူတာနှင့်ကိုက်ညီမည့်ဟာကို ပြောင်းသုံးလို့ရနိုင်ပါတယ်။

🎈🎈အခုနောက်ပိုင်းကွန်ပျူတာနည်းပညာကိုအသုံးပြုပြီးထုတ်လုပ်ထားသော devices တွေရှိပါတယ်။ Phone, Tablet, Apples Watch, Game Consoles စတဲ့ devices တွေမှာ OS ကမရှိမဖြစ်ပါရမှာဖြစ်ပါတယ်၊ ကွန်ပျူတာ မှာအသုံးအများဆုံး OS အမျိုးအစားတွေကတော့ Windows, OS X, Linux တို့ဖြစ်ပါတယ်၊ Mobile devices တွေမှာအသုံးအများဆုံး OS တွေကတော့ Android, iOS, တို့ဖြစ်ပါတယ်၊

🙋 OS ထုတ်လုပ်သောကုမ္ပဏီတွေကတော့
Microsoft, Apple, Google စသည်တို့ဖြစ်ပါတယ်။

စာဖတ်သူအားလုံးကိုကျေးဇူးတင်ပါတယ်၊
ဆက်လက်ကြိုးစားသွားပါအုံးမယ်ရှင့်😊😊😊

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon
11181