BioHealth Clinical Laboratory
01/05/2026
🔬 ခန္ဓာကိုယ်ရဲ့ သဘာဝ ပြုပြင်ထိန်းသိမ်းရေးစနစ်
ကျွန်တော်တို့ အိမ်မှာ နေ့တိုင်း အမှိုက်ပစ်တယ်နော်။ မပစ်ဘူးဆိုရင် အိမ်ထဲ ရှုပ်ပွနေမယ်။ ကြွက်ဝင်မယ်၊ အနံ့ထွက်မယ်။ ခန္ဓာကိုယ်ထဲကလည် ဒီလိုပါပဲ။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဆဲလ်တွေထဲမှာ နေ့စဉ် အလုပ်လုပ်ရင်းနဲ့ ပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေ၊ အသုံးမဝင်တော့တဲ့ ပရိုတိန်းအဟောင်းတွေ စုလာတတ်တယ်။ ဒါတွေကို ခန္ဓာကိုယ်ထဲက အမှိုက်လို့ ယူဆလိုက်ပါ။ ဒီအမှိုက်တွေ များလာရင် ဆဲလ်တွေ အလုပ်မလုပ်တော့ဘူး။ အားလျော့တယ်။ အိုမင်းရင့်ရော်တာ မြန်တယ်။ နာမကျန်းဖြစ်လွယ်တယ်။ ဒါပေမဲ့ စိတ်ချပါ။ ခန္ဓာကိုယ်က ဒီပြဿနာကို ဖြေရှင်းဖို့ အထူးတပ်ဖွဲ့ တစ်ခုလုံး ထားရှိပေးထားတယ်။ အဲဒါကတော့ 𝗔𝘂𝘁𝗼𝗽𝗵𝗮𝗴𝘆 (အော်တိုဖေဂျီ) ပါ။
🧹 𝗔𝘂𝘁𝗼𝗽𝗵𝗮𝗴𝘆 ဆိုတာ ဘာလဲ
ဒီစကားလုံးကို ကြားရင် မကြောက်နေပါနဲ့။ အဓိပ္ပာယ်က “ကိုယ်တိုင်စားခြင်း” ဖြစ်ပေမယ့် တကယ်တမ်းကျတော့ ကိုယ့်ခန္ဓာကိုယ်ထဲက အမှိုက်တွေကို သိမ်းဆည်းရှင်းလင်းပေးတဲ့ စနစ်တစ်ခုပါပဲ။
ဥပမာ – အိမ်မှာ သန့်ရှင်းရေးသမား တစ်ယောက်က အမှိုက်တွေ ကောက်သိမ်း၊ ရှင်းလင်းပြီး ပြန်သုံးလို့ရတဲ့ ပစ္စည်းတွေကို ပြန်စီစဉ်ပေးနေသလိုပါပဲ။ 𝗔𝘂𝘁𝗼𝗽𝗵𝗮𝗴𝘆 က ဆဲလ်ထဲမှာ အတိအကျ ဒီအတိုင်း လုပ်ပေးတယ်။
အဲဒါ ဘာတွေ လုပ်လဲဆိုရင်
• ပျက်စီးနေတဲ့ ဆဲလ်အပိုင်းအစတွေကို ရှာဖွေဖျက်ဆီးပစ်တယ်
• အဟောင်းတွေကို ကောက်သိမ်းပြီး ပြန်လည်အသုံးပြုတယ် (𝗥𝗲𝗰𝘆𝗰𝗹𝗲 လုပ်ပေးတယ်)
• ပြန်ကောင်းလာနိုင်တဲ့ အရာတွေကို အသစ်ပြန်တည်ဆောက်ပေးတယ်
ဒါကြောင့် 𝗔𝘂𝘁𝗼𝗽𝗵𝗮𝗴𝘆 ကောင်းနေတယ်ဆိုရင် ခန္ဓာကိုယ်က 𝗙𝗿𝗲𝘀𝗵 ဖြစ်ပြီး လန်းဆန်းနေမယ်။
⚠️ ဒီစနစ် ပျက်သွားရင် ဘာဖြစ်မလဲ
𝗔𝘂𝘁𝗼𝗽𝗵𝗮𝗴𝘆 အလုပ်မလုပ်တော့ဘူး (ဒါမှမဟုတ် အားနည်းနေတယ်) ဆိုရင်
• ဆဲလ်ထဲမှာ အမှိုက်တွေ တစ်ပုံကြီး ပုံလာမယ်
• ကိုယ်ခံအားစနစ် ဒုက္ခရောက်ပြီး ရောင်ရမ်းမှုတွေ ဖြစ်လာနိုင်တယ်
• ဆဲလ်တွေ အားနည်းလာမယ်၊ လုပ်ငန်းဆောင်တာ နှေးကွေးမယ်
ရေရှည်မှာ တွေ့ရနိုင်တဲ့ လက္ခဏာတွေကတော့
• ဘာအကြောင်းမှမရှိဘဲ ပင်ပန်းနေရခြင်း
• အိုမင်းရင့်ရော်မှု မြန်ခြင်း (အရေပြားတွန့်ခြင်း၊ အဆစ်နာခြင်း)
• ဇီဝကမ္မဆိုင်ရာ ပြဿနာများ (ဝိတ်ကျခက်၊ ဆီးချိုသွေးချိုစတဲ့ အန္တရာယ်)
ဒါကြောင့် 𝗔𝘂𝘁𝗼𝗽𝗵𝗮𝗴𝘆 ကို ဂရုမစိုက်ဘဲ နေလို့ မဖြစ်ပါဘူး။
⏰ ဘယ်အချိန်မှာ 𝗔𝘂𝘁𝗼𝗽𝗵𝗮𝗴𝘆 အကောင်းဆုံး အလုပ်လုပ်သလဲ
𝗔𝘂𝘁𝗼𝗽𝗵𝗮𝗴𝘆 က တစ်နေကုန် အလုပ်မလုပ်ပါဘူး။ ခန္ဓာကိုယ်က အနားရတဲ့အခါ၊ စွမ်းအင်နည်းတဲ့အခါမှ ဒီပြုပြင်ရေး စနစ်ကို စတင်ပါတယ်။
အထူးသဖြင့်
• အစာရှောင်တဲ့အခါ (နောက်ဆုံးစားပြီး နာရီပိုင်းကြာတဲ့အခါ၊ အစာမစားရသေးတဲ့အခါ)
• ညဘက် နက်နက်ရှိုင်းရှိုင်းအိပ်စက်ချိန်
• လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်ပြီး အနားယူချိန်
ဒါကြောင့် 𝗙𝗮𝘀𝘁𝗶𝗻𝗴 + 𝗦𝗹𝗲𝗲𝗽 = 𝗕𝗲𝘀𝘁 𝗥𝗲𝗽𝗮𝗶𝗿 ပါပဲ။
🍕 ခေတ်သစ်လူနေမှုပုံစံက ဘယ်လို ဖျက်ဆီးသလဲ
အခုခေတ်မှာ ဒီအလုပ်လုပ်တဲ့ စနစ်ကို ကျွန်တော်တို့ ကိုယ်တိုင် သတိမထားမိဘဲ ဖျက်စီးနေတတ်ကြပါတယ်။
ဥပမာ –
• မနက်စာ၊ နေ့လည်၊ ညနေ၊ ညသန်းခေါင် သရေစာ။ ခန္ဓာကိုယ်က “အစာစဉ်ဆက်ချေဖျက်နေရတော့ ပြုပြင်ဖို့ အချိန်မရှိတော့ဘူး
• ညနှောင်းပိုင်း ဖုန်းကြည့်၊ အိပ်ချိန်မမှန်တော့ဘူး။ အိပ်ချိန်မှာ 𝗔𝘂𝘁𝗼𝗽𝗵𝗮𝗴𝘆 အလုပ်လုပ်ရမယ့်အစား လူကနိုးနေတယ်
• 𝗦𝘁𝗿𝗲𝘀𝘀 များနေရင်လည်း ခန္ဓာကိုယ်က “အရေးပေါ်အခြေအနေ” လို့ ထင်ပြီး ပြုပြင်ရေးကို ရပ်ထားလိုက်တယ်
• ပြုပြင်ထားတဲ့အစားအစာ၊ အချိုများတာ စားတာတွေက ဆဲလ်တွေကို ပိုပျက်စီးစေပြီး 𝗔𝘂𝘁𝗼𝗽𝗵𝗮𝗴𝘆 အလုပ်ပိုရှုပ်စေတယ်
ရလဒ်အနေနဲ့က ခန္ဓာကိုယ်က သန့်ရှင်းရေးလုပ်ဖို့ အခွင့်အရေးမရတော့ဘူး။ အမှိုက်တွေ တစ်နေ့တစ်ခြား ပိုများလာမယ်။
ခင်ဗျားအနေနဲ့့
• အလုပ်များလို့ မဟုတ်ဘဲ အကြောင်းရင်းမရှိပဲ အားမရှိတာမျိုး
• အိပ်ရေး ဝပေမဲ့ ပြန်အားမဝင်တာမျိုး
• 𝗱𝗶𝗲𝘁 လည်း လုပ်ကြည့်တယ်၊ အိပ်ချိန်လည်း ပြင်ကြည့်ပေမဲ့ မတိုးတက်ဘူးဆိုရင်
ဒါဟာ ဆဲလ်အဆင့်မှာ ချို့ယွင်းချက် ရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။ 𝗔𝘂𝘁𝗼𝗽𝗵𝗮𝗴𝘆 အားနည်းတာဟာ ဇီဝကမ္မ (𝗺𝗲𝘁𝗮𝗯𝗼𝗹𝗶𝘀𝗺) နဲ့ ခန္ဓာကိုယ်အတွင်းပိုင်း လုပ်ဆောင်မှုတွေကို ထိခိုက်စေတတ်ပါတယ်။
ဒါကြောင့် အကြံပြုချင်တာက
အကြောင်းရင်းမသိရတဲ့ နာတာရှည် ပင်ပန်းနွမ်းနယ်မှု (𝗖𝗵𝗿𝗼𝗻𝗶𝗰 𝘂𝗻𝗲𝘅𝗽𝗹𝗮𝗶𝗻𝗲𝗱 𝗳𝗮𝘁𝗶𝗴𝘂𝗲) ခံစားနေရသူ၊ ခန္ဓာကိုယ်အတွင်း ဟော်မုန်းနဲ့ စွမ်းအင်စနစ် မညီမျှသူများ အနေနဲ့ သင့်ရဲ့ 𝗰𝗲𝗹𝗹𝘂𝗹𝗮𝗿 𝗵𝗲𝗮𝗹𝘁𝗵 အခြေအနေကို စစ်ဆေးကြည့်ဖို့ အရေးကြီးပါတယ်။
ခေတ်မီကျန်းမာရေးစစ်ဆေးမှုတွေမှာ 𝗔𝘂𝘁𝗼𝗽𝗵𝗮𝗴𝘆 လုပ်ဆောင်ချက်ကို သွယ်ဝိုက်ပြီး အကဲဖြတ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး
• ဇီဝကမ္မ စစ်ဆေးမှု
• အိပ်ရေးဝမဝ သေချာအကဲဖြတ်ခြင်း
• စိတ်ဖိစီးမှုအဆင့် အကဲဖြတ်မှု
တွေ လုပ်ကြည့်ဖို့ အကြံပြုပါတယ်။
----------------------------------------
📑 ဒီလိုမျိုးကျန်းမာရေးဆောင်းပါးတွေနဲ့ ဗဟုသုတတွေကို စဉ်ဆက်မပြတ်ဆက်လက်ဖတ်ရှုနိုင်ဖို 𝗕𝗶𝗼𝗛𝗲𝗮𝗹𝘁𝗵 (ဇီဝကျန်းမာ ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း) ရဲ့ 𝗖𝗵𝗮𝗻𝗻𝗲𝗹 များကို 𝗟𝗶𝗸𝗲 𝗮𝗻𝗱 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ထားဖိုမမေ့ပါနဲ့နော်
𝗩𝗶𝗯𝗲𝗿 : 𝗵𝘁𝘁𝗽𝘀://𝗶𝗻𝘃𝗶𝘁𝗲.𝘃𝗶𝗯𝗲𝗿.𝗰𝗼𝗺/?𝗴𝟮=𝗔𝗤𝗕𝗬𝗬%𝟮𝗕𝘁𝘆𝗪𝗠𝗣𝗪𝗹𝗹𝗛𝟭𝗶𝘀𝘇𝗩𝗾𝘅𝗶𝗱𝗿𝗝𝗽𝗧𝗼𝗘𝗢𝟲𝗤𝘂𝗽𝗻𝗽𝗚𝟴𝗽𝗦𝟰𝗻𝗞𝗗𝗤𝗨𝗙%𝟮𝗙𝗴𝟰𝗭𝟲𝟬𝗠𝗪𝗔𝗥%𝟮𝗕𝗥𝗣𝗳𝟯�
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 : 𝗵𝘁𝘁𝗽𝘀://𝘁.𝗺𝗲/𝗯𝗶𝗼𝗵𝗲𝗮𝗹𝘁𝗵𝗺𝘆𝗮𝗻𝗺𝗮𝗿
𝗧𝗶𝗸𝗧𝗼𝗸 : 𝗵𝘁𝘁𝗽𝘀://𝘄𝘄𝘄.𝘁𝗶𝗸𝘁𝗼𝗸.𝗰𝗼𝗺/@𝗯𝗶𝗼𝗵𝗲𝗮𝗹𝘁𝗵.𝗺𝘆𝗮𝗻𝗺𝗮𝗿
𝗪𝗲𝗯𝘀𝗶𝘁𝗲 : 𝘄𝘄𝘄.𝗯𝗶𝗼𝗵𝗲𝗮𝗹𝘁𝗵𝗺𝘆𝗮𝗻𝗺𝗮𝗿.𝗰𝗼𝗺
#𝗔𝘂𝘁𝗼𝗽𝗵𝗮𝗴𝘆 #အော်တိုဖေဂျီ #ဆဲလ်သန့်ရှင်းရေး #𝗖𝗵𝗿𝗼𝗻𝗶𝗰𝗙𝗮𝘁𝗶𝗴𝘂𝗲 #အကြောင်းရင်းမသိရတဲ့ပင်ပန်းမှု #𝗜𝗻𝘁𝗲𝗿𝗺𝗶𝘁𝘁𝗲𝗻𝘁𝗙𝗮𝘀𝘁𝗶𝗻𝗴 #𝗗𝗲𝗲𝗽𝗦𝗹𝗲𝗲𝗽 #ဇီဝကမ္မမညီမျှခြင်း #𝗛𝗲𝗮𝗹𝘁𝗵𝘆𝗟𝗶𝗳𝗲𝘀𝘁𝘆𝗹𝗲 #𝗠𝘆𝗮𝗻𝗺𝗮𝗿𝗛𝗲𝗮𝗹𝘁𝗵 #𝗕𝗶𝗼𝗛𝗲𝗮𝗹𝘁𝗵 #𝗛𝗲𝗮𝗹𝘁𝗵𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 #ဇီဝကျန်းမာ
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Yangon
11031