SleepEzy Myanmar
18/05/2026
💤 ဆယ်ကျော်သက်တွေအတွက် လုံလောက်တဲ့ အိပ်စက်ချိန် ဘယ်လောက်ရှိသင့်လဲ❓
ဆယ်ကျော်သက်အရွယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ဖွံ့ဖြိုးပြောင်းလဲနေတဲ့ အချိန်ကာလတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဆယ်ကျော်သက်တွေမှာ အိပ်စက်ချိန် လုံလောက်ဖို့ လိုအပ်ပါတယ်။
အသက် ၁၃ နှစ်မှ ၁၈ နှစ်ကြားရှိတဲ့ ဆယ်ကျော်သက်တစ်ယောက်ဟာ တစ်နေ့ကို ၈ နာရီကနေ ၁၀ နာရီအထိ အိပ်စက်ဖို့ လိုအပ်ပါတယ်။ဒါပေမဲ့ အခြားအကြောင်းအမျိုးမျိုးကြောင့် ဆယ်ကျော်သက် အများစုဟာ ဒီအချိန်ထက် နည်းပြီး အိပ်စက်နေကြတာကို တွေ့ရပါတယ်။
🤷♀️ဘာကြောင့် ၈နာရီကနေ ၁၀ နာရီထိ အိပ်စက်သင့်တာလဲ❓
✅အိပ်စက်နေစဉ်မှာ ဦးနှောက်က တစ်နေ့တာ သင်ယူခဲ့သမျှကို သိမ်းဆည်းပါတယ်။ အိပ်ရေးဝမှသာ မှတ်ဉာဏ်ကောင်းပြီး စာသင်ခန်းထဲမှာ အာရုံစူးစိုက်နိုင်မှာဖြစ်ပါတယ်။
✅အရပ်ရှည်စေတဲ့ Growth Hormones တွေဟာ ညဘက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ်မှာပဲ ထွက်ရှိတာဖြစ်ပါတယ်။
✅အိပ်ရေးပျက်တဲ့အခါ စိတ်ခံစားချက် မတည်ငြိမ်တာ၊ စိတ်တိုလွယ်တာနဲ့ ရေရှည်မှာ စိတ်ဓာတ်ကျတဲ့အထိ ဖြစ်နိုင်ပါတယ်။
👉ကောင်းစွာ အိပ်ပျော်စေဖို့ နည်းလမ်းကောင်းများ
🔹ပုံမှန်အချိန်သတ်မှတ်ပါ။
ညအိပ်ရာဝင်ချိန်နဲ့ မနက်နိုးချိန်ကို နေ့တိုင်း (စနေ၊ တနင်္ဂနွေအပါအဝင်) ပုံမှန်ဖြစ်အောင် ကြိုးစားပါ။
🔹Screen Time လျှော့ချပါ။
အိပ်ခါနီး အနည်းဆုံး ၁ နာရီအလိုမှာ ဖုန်း၊ ကွန်ပျူတာ သုံးတာကို ရပ်လိုက်ပါ။ ဖုန်းကထွက်တဲ့ အပြာရောင်အလင်းတန်း (Blue Light) က အိပ်စက်ခြင်းကို နှောင့်ယှက်ပါတယ်။
🔹ညနေဘက် ကဖင်းရှောင်ပါ။
လက်ဖက်ရည်၊ ကော်ဖီနဲ့ အားဖြည့်အချိုရည်တွေကို ညနေပိုင်းမှာ သောက်ခြင်းမှ ရှောင်ပါ။
🔹အိပ်ခန်းကို မှောင်နေအောင်၊ အေးမြနေအောင်နဲ့ တိတ်ဆိတ်အောင် ထားပါ။
လုံလောက်စွာ အိပ်စက်ခြင်းဟာ ဆယ်ကျော်သက်တစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။
အိပ်ရေးပျက်ခံပြီး ကြိုးစားတာထက်၊ အိပ်ရေးဝဝအိပ်ပြီး လန်းဆန်းတက်ကြွတဲ့ စိတ်နဲ့ ကြိုးစားတာက ပိုမိုထိရောက်တဲ့ ရလဒ်ကို ပေးစွမ်းမှာ ဖြစ်ပါတယ်။ ဒါကြောင့် အိပ်ချိန်ကို စနစ်တကျ သတ်မှတ်ဖို့ လိုအပ်ပါတယ်။💙
#ဆယ်ကျော်သက်ကျန်းမာရေး #အိပ်စက်ခြင်း #ကျန်းမာရေးဗဟုသုတ
12/05/2026
ဒီနေ့ မေလ (၁၂) ရက်နေ့မှာ ကျရောက်တဲ့ International Nurses Day မှာ 🩺
လူနာတွေရဲ့ အသက်ဘေးကင်းအန္တရယ်ဝေးဖို့နဲ့ ပြန်လည်ကျန်းမာလာဖို့အတွက် နေ့ညမပြတ် ကိုယ်ကျိုးစွန့် အနစ်နာခံပေးနေကြတဲ့ "အဖြူရောင်သူရဲကောင်း" သူနာပြုဆရာ၊ ဆရာမများအားလုံးကို RCP မိသားစုမှ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုအပ်ပါတယ်။ 🙏💙
#မယ်လတိုနင် #အိပ်စက်ခြင်း #သဘာဝဖြည့်စွက်စာ #သူနာပြု #သူနာပြုနေ့
25/04/2026
☀️ အပြင်ထွက်ရသူတိုင်း မဖြစ်မနေ သိထားသင့်တဲ့ အပူဒဏ်ကာကွယ်ရေး အချက် ၅ ချက်
အခုရက်ပိုင်း မြန်မာနိုင်ငံရဲ့ အပူရှိန်က ပြင်းထန်နေပါတယ်။ဒါကြောင့် အလုပ်ကိစ္စကြောင့်ဖြစ်စေ၊ လူမှုရေးကိစ္စကြောင့်ဖြစ်စေ အပြင်ထွက်ရသူတွေအတွက် Heat Stroke (အပူလျှပ်ခြင်း) အန္တရာယ်မှ ကာကွယ်နိုင်ဖို့ ဒီအချက် (၅) ချက်ကို မဖြစ်မနေ လိုက်နာကျင့်သုံးဖို့ လိုအပ်ပါတယ်။
၁။ ရေကို နည်းနည်းနဲ့ ခဏခဏ သောက်ပါ။ 💧
ရေငတ်မှ သောက်တာမျိုးမဟုတ်ဘဲ ၁၅ မိနစ် တစ်ကြိမ်လောက် ရေကို ပုံမှန်သောက်ပေးပါ။ ဓာတ်ဆားရည် သို့မဟုတ် သဘာဝအုန်းစိမ်းရည် သောက်ပေးခြင်းက ချွေးကြောင့် ဆုံးရှုံးသွားတဲ့ ဓာတ်ဆားတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။
၂။ အဝတ်အစား ရွေးချယ်မှု သတိပြုပါ။ 👕
အပူစုပ်တဲ့ အမည်းရောင်နဲ့ အရောင်ရင့်တာတွေကို ရှောင်ပြီး အေးမြစေတဲ့ အဖြူရောင် ဒါမှမဟုတ် အရောင်ဖျော့ဖျော့ ချည်သားပွပွတွေကို ဝတ်ဆင်ပါ။ ဒါမှ လေဝင်လေထွက်ကောင်းပြီး ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးနိုင်မှာဖြစ်ပါတယ်။
၃။ နေရောင်ခြည်နဲ့ တိုက်ရိုက် မထိတွေ့ပါစေနဲ့။ ⛱️
အပြင်ထွက်ရင် ထီး၊ ဦးထုပ် သို့မဟုတ် နေကာမျက်မှန် အမြဲဆောင်ပါ။ ဖြစ်နိုင်ရင် မနက် (၁၁ )နာရီကနေ ညနေ (၄) နာရီအတွင်း နေပူထဲသွားလာတာကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။
၄။ ရေအေးအေးနဲ့ မျက်နှာသစ်ပေးပါ။ 💦
အပြင်မှာ သွားလာနေရင်း အရမ်းပူလာပြီလို့ ခံစားရရင် နားနေဆောင်တစ်ခုခုမှာ ခဏဝင်နားပြီး လက်ဖျံနဲ့ မျက်နှာကို ရေအေးအေးနဲ့ ဆေးကြောပေးပါ။ ဒါက ခန္ဓာကိုယ်အပူချိန်ကို ချက်ချင်း လျော့ကျစေပါတယ်။ (သတိပြုရန် - အပြင်က ပြန်လာပြီးချင်း ချက်ချင်း ရေချိုးခြင်းကိုတော့ ရှောင်ကြဉ်ပါ။)
၅။ အပူဒဏ်ဖြစ်စေမယ့် အစားအသောက်တွေကို ရှောင်ပါ။ ☕
နေပူထဲမှာ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အရက်သေစာ သောက်သုံးခြင်းက ဆီးခဏခဏ သွားစေပြီး ရေဓာတ်ကို ပိုမိုခန်းခြောက်စေပါတယ်။ ဒါ့အပြင် အစားအသောက်ကိုလည်း အပူအစပ်တွေထက် အစာကြေလွယ်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပါ။
❗အကယ်၍ ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ ရင်တုန်ခြင်းနဲ့ ကိုယ်အပူချိန် အလွန်တက်လာခြင်းတို့ ခံစားရပါက နီးစပ်ရာ အရိပ်အောက်မှာ အမြန်နားပြီး ကျန်းမာရေးစောင့်ရှောက်မှု ခံယူကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
အားလုံးပဲ ဒီနွေရာသီမှာ အပူဒဏ်ကနေ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်ကြပါစေ။ 🙏
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
Opening Hours
| Monday | 08:30 - 17:00 |
| Tuesday | 08:30 - 17:00 |
| Wednesday | 08:30 - 17:00 |
| Thursday | 08:30 - 17:00 |
| Friday | 08:30 - 17:00 |
| Saturday | 08:30 - 17:00 |