My Collection
24/08/2023
American Dream ရှိသူများအတွက် အမေရိကားမှာ အခြေချနေထိုင်နိုင်ဖို့အတွက် info ..
အမေရိကားအကြောင်း သိလိုသမျှ 👇🏼👇🏼
အမေရိကားကို ဘယ်အသက်အရွယ်ထိ လာလို့ရလဲ၊ ဘယ်လိုလူတွေလာလို့ရလဲမေးရင် -
ဘယ်သူမဆိုလာလို့ရတယ်လို့ဖြေရမှာပဲ။
အသက်အရွယ် အပိုင်းအခြားမရှိ၊ အင်္ဂလိပ်စာတတ်တတ် မတတ်လာလို့ရတယ်။
ပြီးရင် လာဖို့ဘာအရင်လုပ်ရမလဲ ?
ဗီဇာအရင်ရအောင်လျှောက်ရမယ်။
ဗီာဘယ်လိုလျှောက်မလဲ ?
လက်ရှိ အလည်နဲ့ ကျောင်းသားဗီဇာရှိတယ်။
ဟုတ်ပြီ၊ ဒီရောက်ပြီဆိုပါစို့။
ဘာလုပ်ကြမလဲ ?
လာကြိုပေးမယ့် အသိရှိလား၊ အမျိုးရှိလား ?
ရောက်ကာစ ခေတ္တနေလို့ရမယ့် အိမ်ရှိလား ?
ရှိတယ်ပဲထား၊ အဆင်ပြေတယ်။
ရောက်ရောက်ချင်း cash ပေးတဲ့ အလုပ်ရှာမယ်။
အလုပ်ခန့်ပေးမယ့်သူရှိလား ? ရှိတယ်ဆိုရင် အဆင်ပြေပြီ။
ကဲ အသိမရှိ၊ အမျိုးမရှိ ရောက်လာပြီ။
အိမ်ခန်းငှါးခ စပေးရတော့မယ်။
အနိမ့်ဆုံး $450 ကနေစမယ်၊ ၂ လစာပေးရမယ်။ $900 စကုန်မယ်။ အလုပ်ရှာမယ်၊ ချက်ချင်းအလုပ်မရဘူး၊ နေစားစရိတ်အလုံအလောက်ပါလာရမယ်။
အလုပ်စလုပ်ကြပြီ ?
စစရောက်ချင်း ဘာအလုပ်ရှိမလဲ ?
ဆူရှီအကူရှိမယ်၊ ဆူရှီလိပ်တာရှိမယ်၊ အိုးခွက်ပန်းကန်ဆေးရှိမယ်၊ စားသောက်ဆိုင် မီးဖိုးချောင်အကူ၊ ကလေးထိန်း (ဒါကတော်ရုံမရ) စတာတွေရှိမယ်။
ကိုယ့်ရဲ့ အသက်အရွယ်နဲ့
နောက်ခံအနေအထားနဲ့ ပြန်ချိန်တွက်ကြည့်ပါ။
အိုခေ၊ ငါကတော့ လုပ်နိုင်တယ်၊ ဘယ်လောက်ပင်ပန်းပင်ပန်းခံနိုင်ရည်ရှိတယ်။ အခုလက်ရှိဘဝမှာ နေမပျော်တော့ဘူး၊ ဖြစ်ချင်တာဖြစ် ရအောင်ကြိုးစားမယ်၊ ဖောင်ဖျက်ပြီး ထွက်မယ်ဟေ့ဆိုရင်တော့၊ ရတယ် လာသာလာခဲ့ ရေရှည်အဆင်ပြေသွားနိုင်တယ်။
ရောက်ရောက်ချင်း ကူညီမယ့်သူမရှိဘူးဆိုရင်
စိတ်မပူနဲ့ သေချာပေါက် ဒုက္ခရောက်တယ်၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်မယ်။ ပိုက်ဆံလေး အလုံအလောက်ပါလာရင်တော့ အလုပ်မရသေးခင်စပ်ကြား အဆင်ပြေပြေနေလို့ရသေးတာပေါ့လေ။
ဒါဆို ဘယ်လိုလုပ်မှာလဲ ?
ဗီဇာရပြီဟေ့ဆိုတာနဲ့ မြန်မာနိုင်ငံကနေ နေစားငြိမ်းဆူရှီအလုပ်ဖြစ်ဖြစ်ကြိုရှာထား၊ ပြီးရင် နေထိုင်ခွင့်ဘယ်လိုလျှောက်မလဲလေ့လာထား၊ ဘာသာစကားကိုကြိုပြီးလေ့လာထား (ထမင်းစားရေသောက်ကပြောတတ်မှအဆင်ပြေမယ်)
အမေရိကားမှာ ဖုန်းဆင်းကတ်ဘယ်လိုလုပ်လဲ၊ ဘဏ်ကတ်ဘယ်လိုလျှောက်လဲ၊ အဓိကအရေးကြီးတဲ့အချက်တွေက ဘာတွေလဲဆိုတာကို အကုန်မွှေနှောက်လေ့လာထားရမယ်။
အမေရိကားရောက်တာနဲ့ ငါနတ်ပြည်ရောက်ပြီဟေ့ဆိုတာမျိုးလို့တော့မမှတ်လိုက်နဲ့။
ဘဝက ဒီရောက််မှ တစ်ကပြန်စရမှာ။
ငါကတော့ ဘာဖြစ်ဖြစ်ကြိုးစားမယ်ဟေ့ဆိုရင်တော့ လာသာလာခဲ့၊ အနာဂတ်အခွင့်အလမ်းတွေအများကြီးရှိတယ်။
Crd- ဆရာမMixedElla 👩🏻⚖️
Click here to claim your Sponsored Listing.