Nmh
အဖြေမှန်မှ အဆင့် (၁)ရတာမလား၊
ကမ္ဘာကြီးကတော့ ပုံမှန်ပါပဲ...
နွားခြေရာခွက်ကို
စာလုံးပေါင်း မှားရေးလိုက်တယ်၊
နှင်းဆီပန်းတွေဟာ သိပ်ကိုလှတယ်၊
ကြောင်ပျင်းကြောဆန့်တာကို
လက်ခံနိုင်စရာ အကြောင်းမရှိ။
ကိုယ်စားနေတဲ့ မုန့်တွေက ရယ်ပြတာကို
မြင်ဖူးသလား၊
ကိုယ်ထူကိုယ်ထ စနစ်နဲ့မလို့
ခံတွင်း၀ကို လက်ဆွဲနှုတ်ဆက်ခဲ့တယ်၊
အာပေါင် အာရင်းကောင်းကောင်းနဲ့
လောကဓံကို ရင်ဆိုင်ဖို့မလို၊
ခေါင်းငုံ့တတ်အောင်
အမေက သင်ပေးခဲ့တာ။
ဆုတောင်းပေးမယ့်သူ_ #ဘန်နီဖြိုး
"How such a beautiful art 🥰"
My lucky
😖
Click here to claim your Sponsored Listing.