Caring for Our Children
27/01/2021
ကလေး နဲ့ ကျောင်းပညာရေး
Caring For Our Children
ဝေမျှသူ - ကြီးကြီးခင် နှင့် ဘဘသက်
ကလေးများ၏ သင်ယူတတ်မြောက်နိုင်စွမ်းနှင့် ကျောင်းပညာရေး အတွဲ (၂)
ကလေးတွေကျောင်းတက်ဖို့ ဘာကြောင့် ဒီလောက်အရေးကြီးတာလဲ? မိသားစုကို အထောက်အပံ့ ဖြစ်အောင် သားကိုလယ်ထဲမှာ အတူတူ အလုပ်စလုပ်စေချင်ပြီ။
မေးခွန်းကိုကြည့်ခြင်းဖြင့် မိဘတွေက လယ်သမားတွေဖြစ်မယ်နော်။ သားလေး ငယ်ငယ်နဲ့ကျောင်းထွက်ပြီး လယ်ကွင်းမှာ အလုပ်လုပ်စေခြင်းဟာ မိဘနှင့် သားနှစ်ဦးစလုံးအတွက် အဖော်ရပြီး စီးပွားရေးအရရော အထောက်အကူဖြစ်စေပါတယ်။ ဒါပေမယ့် သားလေးကျောင်းတက်ခြင်းဖြင့် သူ့အတွက် မတူထူးခြားတဲ့အရာများ ရရှိနိုင်ပါတယ်။
ပညာရေးဟာ သားလေးကို နောက်ပိုင်းမှာ သူ့ကိုယ်သူပိုပြီး အောင်မြင်ပြီးမြောက်တဲ့သူလို့ခံစားရစေပြီး အလုပ်အကိုင်များစွာကိုလည်း ရွေးချယ်နိုင်အောင် ကူညီပေးနိုင်ခြင်းကြောင့် ပိုက်ဆံလည်း ပိုရှာနိုင်ပါတယ်။ လယ်ယာစိုက်ပျိုးရေးဟာ တန်ဖိုးရှိပြီး လေးစားထိုက်ကာ မရှိမဖြစ်လိုအပ်သော အလုပ်ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လယ်သမားတွေမရှိရင် စားစရာတွေလည်းရှိမှာမဟုတ်တဲ့အတွက် အားလုံးသေဆုံးနိုင်လို့ပါ။ အကယ်လို့ သားလေးဟာ လယ်သမားဖြစ်ချင်ရင်တောင် ကျောင်းကိုဆက်ပြီးတက်စေခြင်းဖြင့် သူ့ကို ပိုမိုအောင်မြင်သောလယ်သမားဖြစ်လာအောင် အထောက်အကူဖြစ်စေမယ့် စိုက်ပျိုးရေးနဲ့ဆိုင်တဲ့ နောက်ဆုံးပေါ်နည်းပညာတွေကို လေ့လာသင်ယူနိုင်မှာဖြစ်တယ်။
ဒါနဲ့ပတ်သက်ပြီး သိပ်တော့မသေချာဘူး။ ကလေးရဲ့ ကျောင်းပညာရေးအောင်မြင်ဖို့ ဘာတွေလိုအပ်လဲ?
ကလေးများ ကောင်းမွန်စွာ သင်ယူတတ်မြောက်နိုင်ရန် သူတို့ပြုလုပ်နေသောအရာအပေါ်မှာ စိတ်ဝင်စားပြီး ပျော်ရွှင်နေဖို့ လိုအပ်ပါတယ်။ အိမ်နဲ့ ကျောင်းပတ်ဝန်းကျင်မှာ သူတို့အတွက်လုံခြုံမှုရှိ ရပါမယ်။မိဘ ၊ ဆရာတွေရဲ့ချစ်ခြင်းမေတ္တာ၊ တန်းဖိုးထားမှုရရှိစေရန်လည်း လိုအပ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ကင်းဝေးဖို့ကတော့ အရေးကြီးဆုံးပါ။
“စိတ်ပိုင်းဆိုင်ရာ ပြဿနာများ” ဆိုတာဘာကိုဆိုလိုတာလဲ?
မည့်သည့်အကြောင်းအရာကြောင့်ဘဲဖြစ်ဖြစ် ကလေးဟာ ပျော်ရွှင်ခြင်းမရှိနေလျှင် ပညာသင်ယူရာမှာ အနှောင့်အယှက်ဖြစ်စေပါတယ်။ ကလေးတစ်ယောက်ဟာ သူ့ရဲ့ မိဘ၊ မွေးချင်း တစ်ဦးဦး ဆုံးရှုံးခဲ့ရင် အရမ်းဝမ်းနည်းပြီး စိတ်ဓာတ်ကျနိုင်ပါတယ်။ ထိုကဲ့သို့ စိတ်ဓာတ်ကျလျှင် ကောင်းမွန်စွာ အာရုံစူးစိုက်နိုင်စွမ်း မရှိတော့ဘဲ ကျောင်းပညာသင်ယူလေ့လာရာမှာလည်း စိတ်ပါဝင်စားနိုင်တော့မည် မဟုတ်ပါဘူး။ အိမ်တွင် မိဘများအနေဖြင့် ကလေးရှေ့မှာ ရန်ဖြစ်ခြင်း၊ ရိုက်နှက်ခြင်းများရှိပါက ကလေး၏ စိတ်ထဲတွင် ဘေးကင်းလုံခြုံမှုမရှိဘဲ စိုးရိမ်ပူပန်မှုများ အမြဲ ပြည့်နှက်နိုင်ပါတယ်။ ထို့အပြင် ကလေးဟာ သူကိုယ်တိုင် ရိုက်ခြင်းခံရပါက ကြောက်ရွံ့ခြင်းနှင့် ဒေါသထွက်ခြင်းတို့ ခံစားရနိုင်ပါတယ်။ ဒီအရာတွေဟာ ကလေးရဲ့ ကျောင်းပညာရေးကို အနှောင့်အယှက် အတားအဆီးဖြစ်နိုင်ပါတယ်။
သင်ယူလေ့လာရေးမှာ အနှောက်အယှက်ဖြစ်စေတဲ့ တခြားစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရှိသေးလား?
တချို့ကလေးတွေဆီမှာတော့ စိုးရိမ်ပူပန်တတ်သော စိတ်များရှိနေတတ်ပါတယ်။ အထူးသဖြင့် သူတို့နှင့် ရင်းနှီးမှု မရှိသော အခြေအနေများတွင် သူတို့ဟာ ပိုပြီးစိုးရိမ်စိတ်များတတ်ပါတယ်။ “စာကောင်းကောင်းကြိုးစားနော်” ဆိုတဲ့ မိဘများရဲ့ အားပေးမှုဟာ တချို့ကလေးများအတွက် တွန်းအားဖြစ်ပေမယ့် တချို့ကလေးတွေ အတွက်ကျတော့ စိတ်ဖိစီးမှု ဖြစ်သွားနိုင်ပါတယ်။ စိတ်ဖိစီးမှု ဖြစ်လာရင် ကျောင်းစာကို ပျော်ရွှင်စွာ သင်ယူနိုင်မှာ မဟုတ်ဘဲ စိုးရိမ်စိတ်တွေ ရှိလာနိုင်ပါတယ်။
လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ကလေးတွေမှာလည်း အလားတူ စိုးရိမ်စိတ်များရှိနေတတ်ပါတယ်။ ဆက်လက်စော်ကားခံရအုံးမှာလား၊ ဒီထက်ပိုပြီး စော်ကားခံရမှာလားဆိုပြီး တစ်ခြားဘာကိုမှ မစဥ်းစားနိုင်တော့ဘဲ အမြဲ စိုးရိမ် ကြောက်ရွံ့နေတတ်ပါတယ်။
ဒီအရာတွေ အိမ်မှာ မဖြစ်နေတာတော့ သေချာတယ်။
မိဘတွေကွာရှင်းတာ သို့မဟုတ် ကွာရှင်းဖို့လုပ်နေတာမျိုးဆိုရင် ကလေးတွေဟာ သူတို့အနာဂတ်၊ မိသားစု အနာဂတ်အတွက် စိုးရိမ်ပူပန်တတ်ပါတယ်။ တကယ်လို့ ကွာရှင်းပြီဆိုရင် မိဘတစ်ယောက်ကတော့ အိမ်က ထွက်သွားရမှာဖြစ်ပြီး ကလေးနဲ့ အရင်လို မတွေ့နိုင်တော့ပါဘူး။ တခြားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မိဘတွေဆိုရင်လည်း ကလေးနဲ့ အမြဲတွေ့ဖို့ခက်ခဲပါတယ်။ အိမ်မှာ ကလေးနဲ့အတူမရှိပေးနိုင်တဲ့ မိဘတွေထဲမှာ အစိုးရဝန်ထမ်းများလည်း ပါဝင်ပါတယ်။ ဥပမာ စစ်သားတို့ ဆရာဝန်တို့။ တခါတရံ မိဘ ၂ ယောက်လုံးက အလုပ်လုပ်တဲ့သူတွေဖြစ်ရင် တယောက်က အလုပ်ပြောင်းရွှေ့ပြီး တယောက်က မပြောင်းဘဲ ကျန်ခဲ့တတ်တာမျိုး ဖြစ်လေ့ရှိပါတယ်။
မိဘက မကြာခဏ အလုပ်ပြောင်းရွှေ့ရလျှင် ကလေးကလည်း ကျောင်းကို မကြခဏပြောင်းရွှေ့ရတတ်ပါတယ်။ ဒီလို ပြောင်းရတာဟာ ကလေးတွေအတွက် အခက်အခဲ ဖြစ်စေပါတယ်။. ကလေးတွေဟာ တနေရာမှာ မိတ်ဆွေတွေရပြီး အခြေကျခါစမှာဘဲ နောက်တနေရာကို ထပ်ပြောင်းရတဲ့အတွက် မိတ်ဆွေအသစ်တွေ ထပ်ရှာရပြန်ပါတယ်။
ဘဘရှင်းပြတော့မှ သတိထားမိတယ်။ မြန်မာနိုင်ငံမှာက မိသားစုတွေ အတူမရှိနိုင်တာကို အတွေ့များတယ်။
ဟုတ်ပါတယ်။ ဒီလိုအခြေအနေကို မိသားစုတော်တော်များများကြုံတွေ့နေရပြီး ရှောင်လွဲလို့မရကြပါဘူး။ ဒီအရာတွေဟာ ကလေးရဲ့ ကျောင်းပညာရေးကောင်းမွန်ဖို့ရန် အနှောင့်အယှက် အတားအဆီးဖြစ်စေပါတယ်။ မိဘများသိထားရမှာက သည်ကလေးတွေရဲ့အခြေအနေတွေဟာ တခြားအထီးကျန်စိတ်ဝေဒနာခံစားနေရတဲ့ကလေး၊ ဥာဏ်ရည်မသန်စွမ်းတဲ့ကလေး၊ စိတ်ကစဥ့်ကလျားဖြစ်တတ်တဲ့ကလေးဟာ အာရုံစူးစိုက်မှုနည်းပြီး မငြိမ်တဲ့ကလေးတွေရဲ့အခြေအနေခြင်းနဲ့မတူပါဘူး။
မိဘတစ်ဦးအနေနဲ့ မိသားစုတွေ ခွဲခွာနေရတဲ့အချိန်မျိုးနဲ့ မိဘတွေ စကားများ ရန်ဖြစ်တဲ့အချိန်မျိုးမှာ ကလေးကို ဘာလုပ်ပေးနိုင်သလဲ?
ကလေးတွေအနေဖြင့် အာရုံစူးစိုက်နိုင်ပြီး ကောင်းမွန်စွာ ပညာသင်ယူနိုင်ဖို့ရန်အတွက် ကြောက်ရွံ့မှု၊ ဒေါသစိတ်၊ စိုးရိမ်မှု၊ ဝမ်းနည်းမှုနဲ့ အခြားစိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ မရှိဖို့ လိုအပ်ပါတယ်။ အေးဆေးတည်ငြိမ်ပြီး စိတ်ဝင်တစားရှိတဲ့ မိဘများ၊ အဒေါ်များ၊ အဖိုး၊ အဖွား များဟာ ကလေးကို အခက်အခဲတွေကနေ ကျော်လွှားနိုင်အောင် ပံ့ပိုးပေးနိုင်ပါတယ်။ ကျောင်းမကြာခဏ ပြောင်းရလို့ စိတ်ညစ်နေတဲ့ ကလေးတွေကို ကူညီပေးနိုင်သလို ကျောင်းပညာရေးမှာ ပြန်ပြီး အာရုံစိုက်လာနိုင်အောင်လည်း ကူညီပေးနိုင်ပါတယ်။
အဘိုးအဘွားများ၊ အဒေါ်များနှင့် ဦးလေးများအားလုံးနီးနီးကပ်ကပ်ရှိပြီးတစ်အိမ်တည်းမှာဘဲအတူနေထိုင်ကြတဲ့ မိသားစုတွေမှာဆို မိဘတွေက အပြင်မှာ ရုန်းကန်နေရချိန် (သို့မဟုတ်) ကလေးနဲ့ကွဲပြီးနေရတဲ့အချိန်မျိုးတွေမှာ ကလေးကို ကောင်းမွန်စွာ ပံ့ပိုးပေးနိုင်ပြီး တည်တည်ငြိမ်ငြိမ်ရှိအောင် ကူညီပေးနိုင်ပါတယ်။
ဘဘအနေဖြင့် သားလေးရဲ့ သင်ယူမှုနဲ့ ပတ်သက်ပြီး အကြံပေးချင်တာများရှိသလား?
အရေးကြီးသောအချက်မှာ ကလေးတွေက နေမကောင်းဖြစ်တဲ့အချိန်၊ ခြေလက်ကျိုးနေတဲ့အချိန်တွေမှာ စိတ်အနှောက်အယှက်ဖြစ်တတ်ပြီး သူကြိုးစားသလောက် အရာမထင်တတ်ပါဘူး။ ဒီလိုအချိန်မျိုးမှာ မိဘတွေအနေဖြင့် သူတို့ရဲ့နေရာမှာဝင်ပြီး စာနာနားလည်ပေးခြင်းဖြင့် ကလေးတွေကို အခက်အခဲမျိုးစုံကနေ ကျော်လွှားနိုင်အောင် ကူညီပေးနိုင်ပါတယ်။
မိဘတွေ၊ ကလေးပြုစုသူတွေအနေနဲ့ ကလေးကို ကူညီနိုင်ဖို့ သူတို့ယုံကြည်ရတဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့လိုအပ်ပါတယ်။ ကလေးတွေက သူတို့ ယုံကြည်စိတ်ချတဲ့သူများကိုသာ သူတို့ရဲ့ စိတ်ပူပန်မှုတွေ စိတ်ခံစားမှုတွေကို ပြောလေ့ရှိကြပါတယ်။ ဒါကြောင့် နားထောင်တဲ့နေရာမှာ သူတို့နေရာက ခံစားနားထောင်ပေးဖို့ လိုအပ်ပါတယ်။ ကလေးတွေဟာ သူတို့ရဲ့ ပြဿနာတော်တော်များများကို သူတို့ကိုယ်တိုင်ဖြေရှင်းနိုင်ကြပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the organization
Website
Address
Yangon
Opening Hours
| Monday | 09:00 - 15:00 |
| Wednesday | 09:00 - 15:00 |
| Thursday | 09:00 - 15:00 |