HCF Myanmar

HCF Myanmar

Share

18/04/2022

HCFI မှ Daily Dose

အဘဘုရား
ကျွန်ုပ်တို့သည် ကိုယ်တော်၏ အလိုတော်အတိုင်း အသက်ရှင်လိုပါသည်။
ကိုယ်တော်၏ စစ်ဆေးခြင်းကို ခံယူလိုပါသည်။
ထာဝရအသက် လက်ဆောင်ကို လက်ခံလိုကြပါသည်။

ကျွန်ုပ်တို့အား ကိုယ်တော်၏ သစ္စာရှိသော ငယ်သားကောင်းများ ဖြစ်စေတော်မူပါ။
ကိုယ်တော်၏ နိုင်ငံတော်ကို ဦးစွာ ရှာတတ်သူများ ဖြစ်စေတော်မူပါ။

ကိုယ်တော်၏ ဘုန်းတော် သာ၍ ထင်ရှားပါစေသော်။
သခင်ယေရှု၏ နာမ၌ ဆုတောင်းကြပါ၏။
အာမင်။

ယုံကြည်သူ ကျန်းမာရေးဝန်ထမ်းအချင်းချင်း ပြန်လည် ဝေမျှခြင်းအားဖြင့် ခွန်အားယူကြပါစို့။

08/04/2022

အဘဘုရား
ကျွန်ုပ်တို့​၏ အမှားများ၊အားနည်းချက်များ၊အပြစ်များကိုဝန်ချတောင်းပန်ခြင်းဖြင့်ကျွန်ုပ်တို့အချင်းချင်းအလင်းထဲတွင်အသက်ရှင်နိုင်ကြောင်းကိုယ်တော်သွန်သင်ပါသည်။

ထိုသို့ဖြင့် ဖြောင့်မတ်ခြင်း၌အရှိန်ကြီးစွာဆုတောင်းနိုင်လာပါမည်။
ကျွန်ုပ်တို့​၏လျှို့ဝှက်ခြင်းကိုပယ်ရှင်းပြီးအောင်ခြင်းအခွင့်ပေးသည့်အတွက်ကျေးဇူးတင်ပါ​၏

နာခံခြင်းဖြင့်ပြည့်ဝသောအသက်တာဖြစ်စေတော်မူပါ
မိဿဟာရဖွဲ့ခြင်းဖြင့်ငြိမ်သက်ဝမ်းမြောက်စေပါ
အချင်းချင်းအသင့်အတင့်နေထိုင်ကြစေပါ

ကိုယ်တော်သည်ကျွန်ုပ်တို့အားကြွယ်ဝသောအသက်တာ၌အသက်ရှင်စေလိုပါသည်။

ဟာလေလုယ
အာမင်

07/04/2022

HCF Daily Dose 442
၁ ပေ ၄း၉

အဖဘုရား
အခြားသူတဦးသည် သူစိမ်းပင် ဖြစ်စေကာမူ ကျွန်ုပ်တို့၏ အိမ်ကိုသာမက နှလုံးသားကိုပါ ဖွင့်၍ ကြိုဆိုဧည့်ခံရန် ကိုယ်တော် အလိုတော် ရှိပါသည်။

ကျွန်ုပ်တို့တွင် ရှိသော အပြစ်သဘောကြောင့် ထိုကဲ့သို့ ပြုမူရသည့်အခါ မကျေမနပ်ဖြစ်ပြီး ညည်းတွားမြည်တမ်းတတ်သည်ကို ဝန်ခံကြပါ၏။

ကျွန်ုပ်တို့အား လွတ်မြောက်စေသော ကိုယ်တော်၏ မေတ္တာတော်နည်းတူ ကျွန်ုပ်တို့ကိုယ်တိုင်လည်း အခြားသူများကို ကောင်းကြီးပေးတတ်သူများ ဖြစ်စေတော်မူပါ။

သခင်ယေရှုဘုရား၏ နာမတော်မြတ်၌ ဆုတောင်းပါ၏။
အာမင်။

Want your place of worship to be the top-listed Place Of Worship in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

N0. (1209) U Pho Tun Street
Yangon
11011