Digithoughts Myanmar

Digithoughts Myanmar

Share

28/06/2023

Facebook ရဲ့ Help and support function ကို အကျိုးရှိအောင်ဘလိုသုံးကြမလဲ?

facebook ရဲ့ cold customer တဦးလို့ပြောလို့ရတဲ့ user တယောက်တင်မက hot customer တဦးဖြစ်တဲ့ Advertiser တွေအတွက်ပါ အကျိုးရှိရှိ သုံးတတ်ရင် facebook ပြသနာတွေဖြေရှင်းဖို့ လွယ်ကူမှာပါ။
ဘာသာစကားအခက်အခဲတော့ရှိမှာပေါ့နော်။

ဒါပေမဲ့ အခုခေတ်မှာ ဘာသာစကားအခက်အခဲက တနည်းတဖုံပြေလည်နေပါပြီ။အဓိကက နည်းပညာတတ်ကျွမ်းမှုပါပဲ။
အခက်အခဲကို ကျော်ဖြတ်ဖို့ အသိပညာရယ် ကြိုးစားအားထုတ်မှုရယ် အဓိကကျပါတယ်ဆိုတာ​ေ၀မျှရင်း
အသေးစိတ်ထပ်ရေးပေးပါအုန်းမည်။

15/10/2020

Digital Era (ပြောင်းလဲချင်း နှင့် ဝိရောဓိ)

လူတွေဟာ ပြောင်းလဲလိုခြင်း၊မပြောင်းလဲလိုခြင်း နှစ်ခု ဝိရောဓိဖြစ်နေခြင်းမှာ အ​ကြောက်တရားကိုအခြေခံပါတယ်။

အကြောက်တရားရှိတာဟာ သဘာဝကျပါတယ်။ လူသားဆန်လို့ပါ။လူသားတိုင်း comfort zone ကို နှစ်ကြပါတယ်။နှစ်သက်စရာကောင်းလောက်အောင်လဲ အဆင်ပြေတာကိုး။

မဖြစ်မနေရင်ဆိုင်ရမဲ့ အပြောင်းအလဲမှာ အကောင်းပဲဖြစ်ဖြစ်၊အဆိုးပဲဖြစ်ဖြစ် သက်ရောက်မှုတွေဟာ လူတိုင်းအပေါ်မတူညီပါဘူး။

အပြောင်းအလဲကို ကြိုမြင်၊ကြိုပြင်ဆင်ထားသူတွေအတွက် ပြင်ဆင်မှုအတိုင်းအတာပေါ်မူတည်ပြီး သက်ရောက်မှုကိုခံစားရပါမယ်။

ကြိုမမြင်ထားသူ နဲ့ ကြိုမြင်သော်လဲမပြင်ဆင်ထားသူ တို့ကတော့ သက်ရောက်မှုကိုလက်ဗလာနဲ့ ခံစားရပါမယ်။
"သိရက်နဲ့မလုပ်ရင်မသိသလိုပါပဲ" လို့ဆိုတာကြောင့် သူတို့၂ဉီးလုံးဟာ အတူတူပဲ ခံစားရမှာပါ။

ကိုယ်တိုင်ဖန်တီးယူရမဲ့ ပြောင်းလဲခြင်းမျိုးကိုတော့ စွန့်ဉီးတီထွင်သူတွေကသာ လုပ်လေ့ရှိပါတယ်။သူတို့အောင်မြင်ပြီဆိုရင် နောက်ကလိုက်လုပ်တဲ့သူတွေပေါ်လာစမြဲပါ။

နောက်လိုက်တွေဟာ အပြောင်းအလဲကို သတိထားမိပြီးကြိုတင်ပြင်ဆင်ပါတယ်။ပြင်ဆင်မှုအားကောင်းလို့ စွန့်ဉီးသမားကိုတောင်ကျော်တက်သွားသူတွေ သမိုင်းမှာရှိခဲ့ပါတယ်။

ပြောင်းလဲခြင်းနောက်ကို မလိုက်သူတွေကတော့ ထုံးစံအတိုင်းရှိရင်းစွဲထက် အပြောင်းအလဲရဲ့အကျိုး ဖြစ်ဖြစ် အဆိုးဖြစ်ဖြစ် မခံစားရဘူးပေါ့။
Comfort zone ထဲမှာပဲကျန်နေခဲ့မှာပါ။

ယနေ့ digital ခေတ်ကြီးထဲမှာ ပြောင်းလဲလာခြင်းက အကျိိုးများမလား အဆိုးများမလား ဆိုတာမခန့်မှန်းနိုင်သေးခင်
ကျွန်တော်တို့တတွေ ဘယ်အုပ်စုထဲမှာပါနေပြီလဲ?
ကျွန်တော်တို့ဘယ်လို ပါဝင်ခဲ့ကြတာလဲ?
ဘာကြောင့်ပါဝင်ခဲ့တာလဲ

သေချာတာတော့ Digital era မှာကျွန်တော်တို့ရဲ့ ဘဝနေထိုင်မှုတွေသိသိသာသာ ပြောင်းလဲသွားပြီ။
တန်ဖိုးရှိလှတဲ့ ကျွန်တော်တို့အချိန်တွေကို ဘယ်သူကဝယ်နေမှန်းမသိပဲ၊ ဘယ်လိုအရောင်းခံနေရမှန်းမသိပဲကို ရောင်းခံနေကြရပါပြီ။Digital products တွေကို ကျွန်တော်တို့ရဲ့ အချိန်တွေနဲ့ ပျော်ပျော်ကြီး အလဲအထပ် လုပ်နေကြရပါပြီ။

ဒီလိုမျိုး ကျွန်တော်တို့ရဲ့ငွေနဲ့အချိန်ကိုပေးပြီးဝယ်ထားရတဲ့ digital products တွေကို ကိုယ့်အတွက်အကျိုးရှိအောင်ဘယ်လိုအသုံးချကြမလဲ။

တနည်းအားဖြင့်
အရင်းလဲမဆုံးရှုံးအောင်၊အမြတ်လဲထွက်အောင်လုပ်ဖို့အတွက်
Digital era ရဲ့အပြောင်းအလဲကို ကျွန်တော်တို့တွေ ဘယ်လိုလက်ခံပြီး ဘယ်လိုပြင်ဆင်ထားသလဲပေါ်မှာမူတည်ပါတယ် ဆိုတာဝေမျှရင်း

Digithoughts Myanmar

13/10/2020

Core Audiences(အဓိကပရိတ်သတ် နဲ့ ငါးကန်လေးတစ်ခု ဆောက်ကြမယ်)

ငါးမွေးဖို့အတွက်ကိုယ်မွေးမဲ့ငါးနဲ့ ကိုက်ညီမဲ့ ငါးကန် တစ်ခုလိုအပ်တာကြောင့်ငါးကန်တစ်ခုတည်ဆောက်ရသလိုမျိုး Fb page တစ်ခုတည်ဆောက်ရာမှာ Core Audienceဟာအရေးကြီးပါတယ်။ငါးတွေများလာရင် ကန်မကြပ်အောင် ထပ်ချဲ့ပေးဖို့လဲလိုပါ​သေးတယ်

အရင်ဆုံး ဘာကိုဆိုလိုတာလဲ ကြည့်ရအောင်

Page တစ်ခုဖွင့်ပြီးတာနဲ့ ကိုယ်လိုချင်တဲ့ ပရိတ်သတ်(like and follower)ကိုရှာရပါတယ်။

အရိုးရှင်းဆုံးနည်းလမ်းကတော့ (invite friends to like)ပါ။
Friends များရင် များသလို like လဲ များများရမှာပါ။
ကိုယ့်ရဲ့ အမာခံပရိတ်သတ်က ကိုယ့် friendsတွေဆိုတော့ ရှယ်ပေါ့လို့တော့မထင်လိုက်ပါနဲ့
အခြေအနေပေါ်မူတည်ပါတယ်။

like/follower များများရဖို့ထက် တန်ဖိုးရှိတဲ့ like/follower တွေများဖို့က ပိုအရေးကြီးပါတယ်။ကိုယ့်ရဲ့ business goals ကိုပြည့်မှီနိုင်မဲ့ တနည်းအားဖြင့် ကိုယ်ရောင်းတာဝယ်မယ့်သူတွေများများကိုယ့် page ကို likeလုပ် ထားအောင်ကြိုးစားရပါမယ်။

Page ထောင်ရတဲ့ရည်ရွယ်ချက်ကဘာလဲ
business အတွက်လား?
influencer ဖြစ်ချင်တာလား?
ဒါမှမဟုတ် အပျော်တမ်းလား?
ကိုယ့်ရဲ့ goal ပေါ်မူတည်ပြီး core audienceကို တည်ဆောက်ရမှာပါ။

အဲ့လိုတည်ဆောက်ဖို့အတွက်
Organic နည်း သဘာဝအတိုင်း (ရိုးရိုး)နည်းနဲ့
Paid နည်း တနည်းအားဖြင့် sponsor ပေးပြီး (ရှယ်)နည်း ဆိုပြီး နည်းလမ်း၂သွယ်ရှိပါတယ်။

(Organic ရဲ့သဘောတရားကတော့ ကိုယ်စိုက်ပျိုးတဲ့ မျိုးစေ့ပေါ်မူတည်ပြီး အသီးအပွင့်ရမယ်ပေါ့။
Paid ကတော့ မြေသြဇာသုံးမှ အသီးအပွင့်တွေပိုပြီးတော့ကြီးထွားမဲ့သဘောပါ။

ရိုးရိုးနည်းဆိုပြီးလျှော့တွက်လို့မရသလို
ရှယ်နည်းကိုလဲ ပိုတွက်လို့မရပါဘူး။
၂ ခုလုံးကို ကျွမ်းကျင်စွာ လုပ်တတ်မှ လိုရာခရီးရောက်မှာပါ။

ဆိုလိုချင်တာက
ဉပမာ
like and follower များသော်လဲ ကိုယ်ရဲ့ အဓိကပရိတ်သတ်က ကိုယ့်ရဲ့ post တွေကို မတုန့်ပြန်တာမျိုး(low engagement) သို့မဟုတ် စျေးမရောင်းရတာ(low conversion)ဖြစ်နေတာ။

like and follower မများ​ပေမယ့် (High engagement) နဲ့ (high conversion) ဖြစ်နေတာမျိုးလဲရှိပါတယ်။

အဓိကအကြောင်းအရင်းကတော့ အရေးကြီးဆုံးဖြစ်တဲ့ Core Audience ကို တည်ဆောက်ခဲ့ပုံခြင်း ကွာခြားသွားလို့ပါ။

Organic reach and engagement ကောင်းဖို့ရာအတွက် content idea အလန်းကြီးတွေ နဲ့ right audience ကိုရှာပြီး ချိန်ပြစ်ဖို့လိုသလို

Paid reach and engagement ကောင်းဖို့အတွက် ရည်မှန်းချက်နဲ့ကိုက်ညီတဲ့ audience ကို ရှာပြီး ​
အတိကျဆုံးချိန်ပြစ်နိုင်မယ်ဆိုရင်
နော်နော(အတိုင်းထက်အလွန်) ဖြစ်သွားပါပြီ ဆိုတာကို ဝေမျှရင်း

Core ကို အခြေခံပြီး Custom နဲ့ Lookalike audiences တွေအကြောင်းကိုလဲ ဆက်လက်ဝေမျှပါအုန်းမယ်ဆိုတာ သတင်းကောင်းပါးလိုက်ပါတယ်။

Digithoughts Myanmar

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon