Xepa Myanmar

Xepa Myanmar

Share

07/05/2026

💁🏻 ဓာတ်မတည့်မှု (Allergy) ဆိုတာဟာ ပြင်ပမှာရှိတဲ့ အရာဝတ္ထု တစ်ခုခု ခန္ဓာကိုယ်နဲ့ ထိတွေ့မိချိန်မှာ 💢 ကိုယ်ခံအားစနစ် လွန်ကဲစွာတုံ့ပြန်ရာကနေ စပြီး ဖြစ်လာတဲ့ ကျန်းမာရေး ပြဿနာတစ်ခုဖြစ်ပါတယ်။

⚠️ ဒီနေ့မှာတော့ Xepa Myanmar ကနေပြီး Allergy မဖြစ်အောင် ဘာတွေရှောင်ရမလဲဆိုတာကို မျှဝေပေးချင်ပါတယ် 💯

🚫 ဓာတ်မတည့်စေသော အမှုန်အမွှားများ

👉🏻 Allergy မဖြစ်အောင်ကာကွယ်ဖို့အတွက် အိမ်ခန်း၊ ရုံးခန်းအတွင်းမှာရှိတဲ့ ဖုန်မှုန့်၊ ပိုးမွှားများနဲ့ အတတ်နိုင်ဆုံး မထိတွေ့အောင်နေသင့်ပါတယ် 🦠

ဖုန်မှုန့်နဲ့ ဘက်တီးရီးယားတွေက ❗အရေပြားယားယံပြီး ဓာတ်မတည့်မှု ဖြစ်စေပါတယ် 🤕

ဒါကို ကြိုတင်ကာကွယ်ဖို့ဆိုရင်တော့ ကိုယ်နေထိုင်တဲ့ နေရာကို လေဝင်လေထွက်ကောင်းအောင်လုပ်ပြီး သန့်ရှင်းခြောက်သွေ့အောင် ထားဖို့လိုပါတယ် 🍃

🐕 တိရစ္ဆာန်များ

👉🏻 အိမ်မွေးတိရစ္ဆာန်နဲ့ အခြားတိရစ္ဆာန်တွေရဲ့ အမွေးတွေက ဓာတ်မတည့်မှုကို ဖြစ်စေနိုင်တာမလို့ အနီးကပ်ထိတွေ့တာကို ရှောင်သင့်ပါတယ် ‼️

ကိုင်တွယ်ထိ‌‌တွေ့ပြီးချိန်တိုင်းလည်း လက်ကို သေချာဆေးကြောဖို့လိုပါတယ် 🧼 အိမ်မွေးတိရစ္ဆာန်လေးတွေကို သန့်ရှင်းရေးလုပ်ပေးချိန်တိုင်းမှာလည်း နှာခေါင်းစည်း (Mask)ကို တပ်ဆင်သင့်ပါတယ် 😷


🥜 ဓာတ်မတည့်သော အစားအစာများ

👉🏻 Allergy မဖြစ်အောင် ကိုယ်နဲ့ ဓာတ်မတည့်တဲ့အစားအစာတွေကို ရှောင်ကြဥ်ဖို့လည်း လိုပါတယ်❗

ဓာတ်မတည့်တဲ့အရာတွေကတော့ တယောက်နဲ့တယောက် မတူညီကြပါဘူး။ ပင်လယ်စာနဲ့ ဓာတ်မတည့်တဲ့သူ 🦐 မြေပဲ၊ အခွံမာသီးတို့နဲ့ ဓာတ်မတည့်တဲ့သူ 🌰 နို့ထွက်ပစ္စည်းနဲ့ ဓာတ်မတည့်တဲ့သူ 🥛 စသဖြင့် အမျိုးမျိုးရှိပါတယ်။ ကိုယ်နဲ့ ဓာတ်မတည့်တဲ့အရာကို သေချာမှတ်ထားပြီး ရှောင်ဖို့လိုပါတယ် 💯


အကြောင်းအမျိုးမျိုး ကြောင့် Allergy ဖြစ်ပြီး အရေပြား နီမြန်း ယားယံတာနဲ့🤧 နှာစေး၊ နှာချေဖြစ်တာတွေကို အချိန်တိုအတွင်း သက်သာပျောက်ကင်းစေဖို့ Adezio ကိုလည်း သောက်သုံးနိုင်ပါတယ် 💙

◼️ Adezio ကို အနံ့မရှိ၊ အရသာမရှိတဲ့ အလွှာပါးလေးနဲ့ ဖုံးအုပ်ထားပြီး 10mm*4mm နေကြာစေ့တစ်စေ့ထက် ပိုသေးငယ်တဲ့ အရွယ်အစားလေးဖြစ်လို့ အလွယ်တကူသောက်သုံးနိုင်မှာပါ 🤗

Adezio ဟာ ဥရောပအသိအမှတ်ပြု 🏆EU GMP လက်မှတ်ရရှိထားပြီး မလေးရှားနိုင်ငံက ထုတ်လုပ်ထားတာဖြစ်လို့ ယုံကြည်စိတ်ချစွာနဲ့သုံးစွဲနိုင်ပါတယ်။
အမြို့မြို့အနယ်နယ်မှာရှိတဲ့ 🏥ဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်သလို Xepa Myanmar page မှာလည်း မှာယူနိုင်ပါတယ်။

Update တွေ အမြဲသိရအောင် Xepa Myanmar Viber Channel (Xepa Myanmar on Viber ) ကိုလည်း Join ထားလို့ရပါတယ်နော်။

#နှာစေးပျောက်ဆေး #ဓာတ်မတည့်မှု

30/04/2026

❤️‍🩹 “စိတ်ချမ်းသာမှ ကိုယ်ကျန်းမာမယ်” ဆိုတဲ့စကားအတိုင်း ကျန်းမာရေးပြဿနာ အများစုရဲ့ အရင်းမြစ်က စိတ်ဖိစီးမှုများရာကနေ စတင်တာပါ 💢

👉🏻 စိတ်ဖိစီးမှုခံစားရတဲ့အခါ ခန္ဓာကိုယ်က cortisol ဟော်မုန်းတွေကို ထုတ်လွှတ်ပါတယ် 🧬 အဲ့ဒီအခါ အစာခြေစနစ်အပါအဝင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို များစွာ ဆိုးကျိုးသက်ရောက်နိုင်ပါတယ်‼️

👉🏻 အထူးသဖြင့် စိတ်ဖိစီးမှုက အစာအိမ်ပြဿနာနဲ့ တိုက်ရိုက်ဆက်နွယ်နေတယ်လို့ ဆိုရင်လည်း မမှားနိုင်ပါဘူး 🙅🏻

⭕ အစာအိမ်နာကျင်ခြင်း

စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်ထဲက cortisol ဟော်မုန်းထုတ်လွှတ်မှုများတာနဲ့အမျှ အဲ့ဒီဟော်မုန်းတွေက အစာအိမ်နံရံကို ထိခိုက်ပြီး အစာအိမ်နာတာ၊ အစာအိမ်အောင့်တာတွေ ဖြစ်လာနိုင်ပါတယ်။

မကုသဘဲ ထားမယ်ဆိုရင် အချိန်ကြာတာနဲ့အမျှ အစာအိမ်အနာ၊ အစာအိမ်အနာကနေမှ အစာအိမ်ကင်ဆာအထိ ဖြစ်သွားနိုင်ပါတယ်။

⭕ အက်ဆစ်ထုတ်လုပ်မှုကို တိုးမြှင့်ခြင်း။

စိတ်ဖိစီးမှုကြောင့် အဖြစ်များဆုံး အစာအိမ်ပြဿနာကတော့ အစာအိမ်အက်ဆစ်ထုတ်လုပ်မှု တိုးလာတာပဲဖြစ်ပါတယ် 📈 စိတ်ဖိစီးနေတဲ့အခါ ခန္ဓာကိုယ်က ပုံမှန်ထက် အက်စစ်ပိုထုတ်နိုင်ပြီး ရင်ပူခြင်း ဒါမှမဟုတ် အက်ဆစ်ပြန်တက်ခြင်းကို ဖြစ်စေပါတယ် 🤒 အဲ့ဒီအခါ ဝမ်းဗိုက်နဲ့ အစာအိမ်ကို မသက်မသာဖြစ်စေမှာပါ။

⭕ အစာခြေနှေးခြင်း။

စိတ်ဖိစီးမှုက အစာခြေတဲ့ ဖြစ်စဉ်ကို နှေးကွေးစေနိုင်ပါတယ် ✅ စိတ်ဖိစီးနေချိန်မှာ ခန္ဓာကိုယ်က အခြားအရာတွေကို ပိုပြီးအာရုံစိုက်တာဖြစ်လို့ အစာခြေစနစ် သေချာ အလုပ်မလုပ်ဘဲ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ဝမ်းချုပ်ခြင်း၊ မအီမသာဖြစ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ် 💢

⭕ အူလမ်းကြောင်းစနစ်အပေါ် သက်ရောက်မှုရှိခြင်း။

စိတ်ဖိစီးမှုကြောင့် အူလမ်းကြောင်းအတွင်းမှာရှိတဲ့ microbiome ဖွဲ့စည်းမှုကို ပြောင်းလဲနိုင်ပြီး 😢 ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်နာခြင်းတို့ကို ဖြစ်စေနိုင်ပါတယ် ❗

ဒီလိုမျိုး ကျန်းမာရေးပြဿနာတွေမဖြစ်ရအောင် စိတ်ဖိစီးမှုကို အကောင်းဆုံးလျှော့ချပေးဖို့လိုပါတယ် ☘️

👉🏻 Stress ကို အကောင်းဆုံးထိန်းညှိနိုင်ဖို့အတွက်...

🧘🏻တစ်နေ့ကို အနည်းဆုံး (၁၅)မိနစ် တရားထိုင်ပါ
🌬️ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ
⛹🏻 ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပါ
💤 လုံလောက်စွာ အိပ်စက်အနားယူပါ
🍛 အစာအာဟာရ လုံလောက်မျှတအောင်စားပါ

စိတ်ဖိစီးမှုအပြင် အခြားအကြောင်းအရင်းတွေကြောင့်ဖြစ်တတ်တဲ့ 💢 အစာမကြေတဲ့ ဝေဒနာကို သက်သာဖို့ Hydrosil ကိုလည်း ဆောင်ထားဖို့ မမေ့ပါနဲ့နော် 🤍

Xepa Myanmar မှ သိထားသင့်တဲ့ ကျန်းမာရေးဗဟုသုတတွေကို ဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ Viber Channel (https://bit.ly/4gRTWE5 ) ကိုလည်း Join ထားလို့ရပါတယ်နော်။

#အစာကြေဆေး #အစာအိမ်ပြဿနာ #စိတ်ဖိစီးမှု

11/04/2026

🚗 ပိတ်ရက်ရှည်မှာ ခရီးထွက်ဖို့ ပလန်ရှိနေပြီလား 🏖️

ဒါဆို ခရီးစဉ်တိုင်းရဲ့ ဟီးရိုးဖြစ်တဲ့ 💪 Novomin ကားမူးပျောက်ဆေးကိုလည်း သေချာပေါက် ခေါ်သွားဖို့လိုတာပေါ့ 💊

⏰ Novomin ကို ခရီးမစခင် ၁၅ မိနစ် ဒါမှမဟုတ် ၃၀ မိနစ်လောက် ကြိုသောက်ထားရုံနဲ့ 🙂‍↔️ ကားမူးမှာ စိုးရိမ်စရာမလိုဘဲ လန်းလန်းဆန်းဆန်း ခရီးထွက်နိုင်မှာဖြစ်ပါတယ် 🍃ခရီးစဉ် (၈)နာရီကြာရင်တော့ ထပ်သောက်ဖို့မမေ့နဲ့နော် (!)

Syrup (ဆေးရည်) နဲ့ Tablet (ဆေးပြား) ပုံစံ နှစ်မျိုးထုတ်ထားလို့ မိသားစုတစ်စုလုံးအတွက် 👨‍👩‍👧‍👦💖 အကောင်းဆုံး အဖော်မွန်ဖြစ်စေမှာ အသေအချာပါပဲ 🫶🏻

Novomin ဟာ ဥရောပအသိအမှတ်ပြု 🏆EU GMP လက်မှတ်ရရှိထားပြီး မလေးရှားနိုင်ငံက ထုတ်လုပ်ထားတာဖြစ်လို့ ယုံကြည်စိတ်ချစွာနဲ့သုံးစွဲနိုင်ပါတယ်။ အမြို့မြို့အနယ်နယ်မှာရှိတဲ့ 🏥ဆေးဆိုင်တွေမှာဝယ်ယူရရှိနိုင်သလို Xepa Myanmar page မှာလည်း မှာယူနိုင်ပါတယ်။

Update တွေ အမြဲသိရအောင် Xepa Myanmar Viber Channel (https://bit.ly/4gRTWE5 ) ကိုလည်း Join ထားလို့ရပါတယ်နော်။

Xepa_Myanmar #ကားမူးပျောက်ဆေး

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

Dagon Township
Yangon