Aurora Market
27/11/2025
မိတ်ကပ်မလိမ်းထားသလို လှနေစေမယ့် YSL ရဲ့ လျှို့ဝှက်ချက် ✨
"Blush ခြယ်ထားမှန်းသိသာလွန်းတာမျိုး မကြိုက်ဘူး၊ သဘာဝအတိုင်း ပန်းသွေးရောင်သန်းနေတာမျိုးပဲ လိုချင်တယ်" ဆိုတဲ့သူတွေအတွက်...
YSL Make Me Blush No.44 (N**e Lavallière) - 210000ks
Dusty Rose အရောင်လေးမို့...ပန်းရောင်လည်းမကျပဲ မျက်နှာကို နုဖတ်သွားစေပါတယ်
လိမ်းထားရင်လည်းအသားထဲကို စိမ့်ဝင်လွယ်သလို Blend လုပ်ရလည်းလွယ်ကူပြီး အကွက်လိုက်ဖြစ်မနေဘူးနော်.
ရုံးသွား၊ ကျောင်းသွား၊ Date လုပ်... ဘယ်နေရာသွားသွား နေ့စဉ်သုံးလို့ရတဲ့အရောင်လေး
အသားဖြူသူရော၊ ညိုသူရောနဲ့ လိုက်ဖက်တဲ့ Universal Shade လေးမို့ မရှိမဖြစ် ဆောင်ထားသင့်ပါတယ်.
100% Authentic
Import from USA
25/11/2025
မိတ်ကပ်လိမ်းလိုက်တိုင်း ကွက်တာ၊ ပြာတာ၊ အဆီပြန်တာတွေ ဖြစ်နေပြီလား?
ဒါဆိုရင်တော့ ကမ္ဘာကျော် Coty Airspun Loose Powder လေးကို စမ်းသုံးကြည့်နော်.
Price – 65000ks (Naturally Neutral)
နှစ်ပေါင်း (၈၀) ကျော်တိုင်အောင် MUA တွေနဲ့ Beauty Blogger တွေရဲ့ လက်စွဲတော် ပေါင်ဒါ လို့ပြောရင်လည်းမမှားဘူးနော်.
သူ့ပေါင်ဒါသားက လေလိုပဲ ပေါ့ပါးပြီး လိမ်းလိုက်တာနဲ့ မျက်နှာပေါ်က ချွေးပေါက်တွေ၊ အရေးအကြောင်းတွေ ကို ဝါးပေးလိုက်သလို ညက်ညက်လေးဖြစ်သွားစေပါတယ်
အဆီပြန်တတ်တဲ့သူတွေအတွက်တော့ တကယ်ကိုကောင်းတဲ့ပေါင်ဒါလေး ပါပဲ.
မိတ်ကပ်သားကို မရွေ့စေပဲ တနေကုန် Matte Finish လေးအတိုင်း လှနေစေပါတယ်.
မိတ်ကပ်သားပိုတက်စေဖို့ Baking လုပ်မယ်ဆိုရင်လည်း Coty Airspun powder လေးက အကောင်းဆုံးပါ
Quality က High-end တွေနဲ့ ယှဉ်နိုင်ပေမယ့် ဈေးနှုန်းက သက်သာပြီး ဘူးဆိုဒ်ကလည်း အကြီးကြီးမို့ တဘူးဝယ်ထားရင် တော်တော်နဲ့မကုန်နိုင်တော့ဘူး
ဈေးကြီးပေးစရာမလိုဘဲ Flawless Skin လိုချင်ရင် အခုပဲမှာယူလိုက်တော့နော်.
100% Authentic
Import from USA
25/11/2025
မရှိမဖြစ် ဆောင်ထားသင့်တဲ့ အသည်းကျော် Lancôme Lipstickလေး ❤️💄
Admin ရော Customer တွေပါ အရမ်းကြိုက်ကြတဲ့ Lancôme Drama Matte လေး
Price - 35000ks (1.6g)
ဘာလို့ ဒီလောက် Hot နေတာလဲဆိုတော့.
Powder Matte လေးမို့ ဆိုးရတာပေါ့ပါးတယ်၊ နှုတ်ခမ်းအရေးအကြောင်းတွေကို ဖုံးပေးပြီး ကြာရှည်ခံတယ်.
အရောင်လေးကလည်း အသားဆောင်တဲ့ Carrot Red/Burnt Orange ဘက်သွားတဲ့ အရောင်လေးမို့ မိတ်ကပ်ပါးပါးလိမ်းပြီး ဒါလေးဆိုးလိုက်ရင်တောင် မျက်နှာက သိသိသာသာ လှသွားမှာနော်.
နှုတ်ခမ်းသား ခြောက်တာ၊ ကွာတာမျိုး လုံးဝမရှိလို့ နေ့တိုင်းဆိုးလို့လည်းအဆင်ပြေနေရော.
လက်ဆောင်ပေးမလား၊ ကိုယ်တိုင်ပဲ သုံးမလား... ဒါလေးကတော့ Must Have ပါနော်
အမြန်ဆုံးသာ လာမှာလိုက်တော့ ရှင့်! 😍
100% Authentic
Import from USA
#နှုတ်ခမ်းနီ
#အလှအပ
Click here to claim your Sponsored Listing.