Winner Sports
28/06/2026
ရွှေပြည်တော် မျှော်တိုင်းဝေးဦးမယ့် ပေါ်တူဂီ
ဂုတ်ကြီးရဲ့ ပေါ်တူဂီအသင်းဟာ ဒီမနက်ကစားခဲ့တဲ့ အုပ်စု (K) နောက်ဆုံးပွဲစဉ်မှာ ကိုလံဘီယာအသင်းကို သရေသာ ကစားနိုင်ခဲ့တာကြောင့် ဒုတိယနဲ့ပဲ နောက်တစ်ဆင့် knockout ကို တက်ခဲ့လိုက်ရပါပြီ
ဒီအဆင့်မှာ တွေ့ရမယ့် အသင်းက ခရိုအေးရှားဖြစ်ပြီး ကိုလံဘီယာကတော့ ဂါနာလိုအသင်းနဲ့တွေ့ရမှာဖြစ်တာကြောင့် လမ်းကြောင်းတစ်ဆင့်ပိုချောင်သွားခဲ့ပြီဖြစ်ပါတယ် ။
ခရိုအေးရှားကိုကျော်ဖြတ်နိုင်ပြီးသွားရင်တောင် စပိန်နဲ့ ထပ်တွေ့မှာမို့ ပွဲအတော်လေး ကျပ်သွားခဲ့တာပါ။ ဒီလိုပုံစံ စုဖွဲ့ကျစ်လစ်မှု အားနည်းနေဦးမယ်ဆိုရင်တော့ဖြင့် ၁၆သင်းအဆင့်ကနေ ကိုယ့်အထုပ်ကိုယ်ဆွဲပြီး အိမ်ပြန်ရဖို့ပဲ များနေပါတယ်။ ဂုတ်ကြီးရဲ့ နောက်ဆုံး လိုအပ်နေတဲ့ ရွှေရောင်အနားသတ်ကို အပြည့်ဝဆုံး ဖြည့်ဆီးဖို့ တစ်သင်းလုံး ညီမှ ရုန်းမှရပါလိမ့်မယ် သို့မဟုတ်ရင်တော့ ရွှေပြည်တော် မျှော်တိုင်းဝေးနေရဦးမှာပဲဖြစ်ပါတယ်။
WinnerSports
27/06/2026
အထူးထုတ် ရွှေအိုရောင်ဖိနပ်နဲ့ တွေ့ရတဲ့ ရော်နယ်ဒို
ဒီဖိနပ်ကို NIKE Company က သူ့အတွက် သီးသန့် စပွန်ဆာ CR7 Limited Edition ထုတ်ပေးထားတာဖြစ်ပြီးတော့ မနက်ဖြန်မနက် မြန်မာစံတော်ချိန် 6:00 မှာ ကစားမယ့် ကိုလံဘီယာနဲ့ပွဲမှာ ဝတ်ဆင်ကစားသွားမှာဖြစ်ပါတယ် ။
GOAT ရဲ့ The last dance က အကောင်းဆုံးအပြည့်စုံဆုံး သီးသန့်ဖြစ်တည်မှု ပံပိုးမှုတွေအပြည့်နဲ့ပါ၊ ရလာဒ်ကောင်းတွေ မြင်ရဖို့ ပရိတ်သတ်တွေလည်း မျှော်နေကြပါပြီ 🔥🐐
Winner Sports
26/06/2026
ဒမ်ဘီလီဟက်ထရစ်နဲ့ ပြိုင်ဆိုင်မှုပိုပြင်းလာတဲ့ ဂိုးသွင်းဘုရင်ဆု
နော်ဝေး 1:4 ပြင်သစ် (ပွဲပြီးရီဗျူး)
လူစာရင်းနဲ့တင် ပြင်သစ်နိုင်သွားတဲ့ပွဲပါ။ နော်ဝေကအရန်တွေချည်းထုတ်လာတယ်။ ပြင်သစ်လည်းလူချန်တယ်ဆိုပေမယ့် နော်ဝေလောက်ရုပ်မပေါက်ခဲ့ဘူး။ အမ်ဘာပေ၊ ဒမ်ဘီလီတို့အပါအဝင်ပဲကစားခဲ့တယ်။ လူစာရင်းကအရမ်းကွာနေတော့ အေးဆေးပဲနိုင်သွားတယ်။
ဒီပွဲမှာ ဒမ်ဘီလီကတော့မဖြစ်မနေချီးကျူးရမှာပဲ။ လူစုံထည့်တာမထည့်တာက တစ်ဖက်အသင်းကိစ္စ။ ပရော်ဖက်ရှင်နယ်ဆိုတာ ကိုယ့်အလုပ်ကိုယ်လုပ်ဖို့လိုတယ်။ ဒမ်ဘီလီရဲ့ပထမပိုင်းဟက်ထရစ်ကပွဲရဲ့အဖြေပဲ။ ပြင်သစ်တိုက်စစ်ဘယ်လောက်စွမ်းတယ်ဆိုတာကိုလည်း ထပ်ပြီးပြသသွားတယ်။ ဒူဝေးလေးနည်းနည်းလုပ်ပြချင်စိတ်များနေတာကတော့ စိုးရိမ်မိတယ်။
ပွဲရလဒ်ထက်ပိုပြီးစိတ်ဝင်စားစရာဖြစ်လာတာက ဂိုးသွင်းဘုရင်ဆု။ အခုဆို မက်ဆီ ငါးဂိုး၊ ဟာလန်း၊ ဗီနီ၊ အမ်ဘာပေ၊ ဒမ်ဘီလီ လေးဂိုးဆိုပြီးဖြစ်လာတယ်။ ဒီထဲမှာ ဟာလန်းကလွဲရင် ကျန်တဲ့သူတွေက နောက်ထပ်သုံးပွဲလောက်သေချာပေါက်ကစားရဦးမှာ။ ဆိုတော့ ပွဲပိုဆော့ရတဲ့အသင်းက ကစားသမားက နှာတစ်ဖျားသာသွားဖို့ရှိတယ်။
Click here to claim your Sponsored Listing.