Koe V_log

Koe V_log

Share

31/10/2021

နေ့တိုင်းတွေ့ချင်တာ

11/09/2021

ကောင်းကောင်းမွန်မွန် ပြောရင် ကျ အားလုံး
အဆင်ပြေပြီး။

သူတို့ဘက်က အချိုးမပြေလည်နားလည်
ဆက်ဆံ ပေးတတ်ပေမယ့်

ဒေါသထွက်အောင် လုပ်တာတောင်
အဆုံးအထိ သီးခံ ပေးနိုင်တဲ့အထိ သီးခံတယ်။

တခါတလေ စိတ်တွေရှုပ်နေလို့
စိတ်တိုအောင် လုပ်လို့ ပြောမိလို်က်ရင်

ရိုင်းတဲ့အခါကျရင် အရမ်းရိုင်းတာပဲ ဆိုပြီး
လူတွေ သတ်မှတ်လိုက်ကြတယ်။

စိတ်တိုအောင် အမြဲ လုပ်သူတွေရဲ့ အ​ေ၀းမှာပဲ
နေချင်တယ်။

နားလည်မှု ရှိရှိ သူဘက် ကိုယ့်ဘက် ကြည့်ပြီး
ဆက်ဆံ တတ်တဲ့ သူ အရမ်းရှားတယ်။

22/08/2021

ဒီလိုလူတွေကို ရှောင်ပါ
********************

သူများမကောင်းကြောင်း သင့်ကို ပြောတတ်သူက
သင့်မကောင်းကြောင်းလည်း သူများကို ပြောတတ်တယ်ဆိုတာ မမေ့ပါနဲ့

ဒီလိုလူက သင့်အပေါင်းအသင်းထဲမှာ ရှိနေရင် ...
သူမကောင်းကြောင်းပြောခံရတဲ့သူက သင်လည်း ဖြစ်လာနိုင်ပါတယ်

တစ်နေ့ သင့်အလှည့် ရောက်လာမယ်ဆိုတာ မမေ့ပါနဲ့

သူများမကောင်းကြောင်းကို မြိန်ရည်ရှက်ရည် နားထောင်တတ် . ပြောတတ်ရင် ...

သင့်မကောင်းကြောင်း ပြောခံရတဲ့အခါ ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားဖို့တော့ လိုပါတယ်

အကောင်းဆုံးကတော့ ... ကိုယ်နဲ့ဘာမှမဆိုင်ဘဲ ... သူများမကောင်းကြောင်းပြောတတ်သူတွေကို ... ရှောင်တာတော့ အကောင်းဆုံးပါ

ကိုယ့်အတွက် အကျိုးမရှိစေမယ့် ...
သူများအကြောင်း ပြောနေ. နားထောင်နေမယ့်အစား ...

ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို ... ကိုယ့်အတွက် အကျိုးရှိရှိပဲ အသုံးချတတ်အောင် ကြိုးစားကြပါနော် ...

ကိုယ့်ရဲ့အချိန်တွေတိုင်းက တန်ဖိုးရှိလွန်းပါတယ် ...

Photos from Koe V_log's post 21/08/2021

With Fri ရောက်ရှိခဲ့ကြသည်....

18/08/2021

ကျတော် ပုံစံ အမှန်က

စကားနည်းတယ်...
အနေအေးတယ်....
ကိုယ့်ဘာသာ အေးဆေးနေတတ်တဲ့ အကျင့်ရှိတယ်...
ပေါင်းသင်းဆက်ဆံရေး ညံ့တယ်လို့ ...
ကိုယ့်ကိုကိုယ် ထင်တယ်... ....

ကျတော် ပုံစံအတိုင်းပဲ နေရင် လူတေွက ကျတော့်ကို
ဘဝင်မြင့်နေတာလို့ ထင်ကြတယ် ဆိုလို့...

ကျတော် ပုံစံကို ဖျောက်ပြီး ရှင်သန်ဖို့ ကြိုးစားပေမယ့်
အဲ့လို ကြိုးစားရှင်သန်ရတာက ကျတော့် စိတ်ကို
ပင်ပန်းစေတယ်...

ဒါပေမယ့် ကျတော် ခင်တဲ့သူတေွနဲ့ဆို
ကျတော်က အရမ်းစကားများတတ်တယ်.... 😊

ဒါကြောင့် ပုံစံအမှန်အတိုင်းပဲ နေချင်တော့တယ်..

Want your business to be the top-listed Photography Service in Yangon?
Click here to claim your Sponsored Listing.

Website

Address

Sakura Tower
Yangon
11182