Human Resources Development Institute
20/03/2025
Academic Democracy Studies (ADS2001) တွင် ဘာတွေသင်ကြရမလဲ
#သင်တန်းလက်ခံပေးမည့်ရက်နီးကပ်လာတာမို့ဒီနေ့ပဲ လျှောက်ထားကြဖို့ဖိတ်ခေါ်အပ်ပါသည်။
ဒီမိုကရေစီဟူသည် လူထုဗဟိုပြုသည့် ကျင့်သုံးရမည့် အတွေးအခေါ်လို့ပြောပြော၊ကျင့်သုံးရမည့် သဘာဝလို့ပြောပြော စသည့် အကြောင်းအရာများကို ပေါင်းစုသိရှိထားရမည့် အရာတွေဖြစ်ပါသည်။
အကယ်ဒမစ်ဒီမိုကရေစီလေ့လာမှုသင်တန်းဟာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအင်စတီကျူ့၏ ပထမဦးဆုံး အကယ်ဒမီသင်ရိုးဖြစ်ပြီး အဆိုပါ သင်ရိုးမှနေ၍
- ဒီမိုကရေစီ၏ သမိုင်းကြောင်း၊ဒီမိုကရေစီမူများ
- ဒီမိုကရေစီအမျိုးအစားများနှင့် နှိုင်းယှဉ်ချက်များ
- ဒီမိုကရေစီတွင် မရှိမဖြစ် ပါဝင်ကြရမည့် ကဏ္ဍများ
- လူ့အခွင့်အရေးနှင့် ပြည်သူ့လွတ်လပ်ခွင့်များ
- ဒီမိုကရေစီအား စိန်ခေါ်နေမှုများ
- ဒီမိုကရေစီဆိုင်ရာ အသွင်ကူးပြောင်းရေး
- ကမ္ဘာပေါ်ရှိ ဒီမိုကရေစီနိုင်ငံများ၏ စာရင်းနှင့် ဒီမိုကရေစီပုံစံများ
- ဒီမိုကရေစီယဉ်ကျေးမှု တည်ဆောက်ရေး စသည့် အကြောင်းအရာများကို အလေးထားသင်ကြားပို့ချပေးသွားမှာဖြစ်ပါသည်။
ဒါ့အပြင် အခန်းတစ်ခန်းပြီးတိုင်းတွင် ကျောင်းသား/ကျောင်းသူများ အနေဖြင့် နားလည်သဘောပေါက်မှုဆိုင်ရာ စစ်ဆေးမှုများကို ဖြေဆိုကြရမည်ဖြစ်ပြီး
- သင်တန်းရက်ပြည့်တက်ရောက်မှု ၃၀%
- ပါဝင်ဆွေးနွေးမှု ၂၀%
- စစ်ဆေးမှုများတွင် ဖြေဆိုနိုင်မှု ၂၀% နှင့်
- နားလည်သဘောပေါက်မှုဆိုင်ရာ Assignments တင်သွင်းမှု ၃၀%
တို့တွင် အခြေခံကာ အနည်းဆုံး ၈၀% ပြည့်မှီမှသာ သင်တန်းပြီးဆုံးကြောင်း (Certification of Completion)ကို ပေးအပ်သွားမှာဖြစ်ပါသည်။
ယနေ့ နွေဦးတော်လှန်ရေးသည် ဒီမိုကရေစီပြန်လည်တည်ဆောက်ရေးအတွက် အရေးပါသည့် စနစ်ပြောင်း၊ခေတ်ပြောင်း တော်လှန်ရေးတစ်ရပ် ဖြစ်သည်နှင့်အညီ ဒီမိုကရေစီစနစ် သန့်ရှင်းရေး(Purification)၊တည်တံ့ရေး (Perpetuation) နှင့် ပြန့်ပွါးရေး (Progression) တို့အတွက် ပူးပေါင်းစွမ်းဆောင်နိုင်ကြဖို့ မျှော်လင့်ယုံကြည်အပ်ပါသည်။
သင်တန်းကာလ - ၅ပတ်
သင်တန်းချိန်- ညနေ ၆:၃၀ မှ ၇:၃၀ အထိ
သင်တန်းနေ့ - အပတ်စဉ် ကြာသပတေးနှင့် သောကြာ
သင်တန်းလက်ခံမည့် နောက်ဆုံးရက်
မတ်လ #၂၅ရက်နေ့
သင်တန်းလျှောက်ထားရန် ဤနေရာတွင် နှိပ်ပါ။
https://forms.gle/kHsuL55m59ZjWvLZ7
နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဌာန
လူ့စွမ်းအားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးအင်စတီကျူ့
29/06/2024
နိုင်ငံရေးစီမံခန့်ခွဲမှု နှင့် လူမှုစီးပွါးရေးဆိုင်ရာ ပညာရပ်များကို မိမိစိတ်တိုင်းကျ ရွေးချယ်တက်ရောက်နိုင်မယ့် ဒီမိုကရက်တစ်လူငယ်ကောင်စီ၊လူငယ်မှလူငယ်သို့ အစီအစဉ်မှ ဖေါ်ဆောင်မည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအင်စတီကျူ့ (HRDI) ၏ ဇွန်လတန်းခွဲများ လေ့လာဆည်းပူးလက်တွေ့ ဆောင်ရွက်လိုကြသော အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းလေးများထံကို ရောက်ရှိလာခဲ့ပါပြီ။ထူးထူးခြားခြား အစီအစဉ်အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ဒီမိုကရေစီအင်အားစုများ နှင့် ကျောင်းသားကျောင်းသူများကိုပဲ သီးသန့် လက်ခံသင်ကြားပေးသွားမှာဖြစ်ပါသည်။
မိဘပြည်သူများနှင့် ကျောင်းသား/သူများအားလုံးကို “Human Resources Development Institute ” မှ တန်းခွဲများနှင့် မိတ်ဆက်ပေးပါရစေ။
ဇူလိုင်လတန်းခွဲမှာတော့ ပုံမှန်ဖွင့်လှစ်နေကြ နိုင်ငံရေးစီမံခန့်ခွဲမှုတန်းခွဲများသာမက လက်တွေ့ လုပ်ငန်းခွင်မှာ အင်မတန် အသုံးဝင်တဲ့ ပညာရပ်တွေဖြစ်ကြတဲ့
Sustainable Political Development Sharing Program Department (SPDSP)မှ နေ၍
(1) Certificate in International Relationship Studies,
(2) Certificate in Studies of Federal
Democracy Charter,
Sustainable Social Economic Development Sharing Program Department (SSESDP)
(1) Certificate Course in Basic LAW Studies
တို့ကို ဖွင့်လှစ်သွားမှာပဲ ဖြစ်ပါတယ််။
မိမ်ိစိတ်ဝင်စားရာ နယ်ပယ်အသီးသီးမှ ဘာသာရပ်များကို ရွေးချယ်နိုင်မယ့် အခွင့်အရေး တစ်ရပ်ဖြစ်တဲ့အပြင် တန်းခွဲအများစုကို အတွေ့အကြုံရှိ ပို့ချသူများ မှ သင်ကြား မျှဝေပေးမှာ ဖြစ်လို့ အမြန်ဆုံး လျှောက်ထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။
သင်တန်းများလျှောက်ထားရန် ဤနေရာတွင် နှိပ်ပါ။
https://docs.google.com/forms/d/e/1FAIpQLSdZfZzgIvf91RZH6kmiONj8X_ReZyXs5GVTI_dZ9ZRF6nD0kQ/viewform?usp=sf_link
သင်တန်းများနှင့် ပတ်သတ်၍ ပိုမိုသိရှိလိုပါက အောက်ဖေါ်ပြပါ သင်တန်း Link အား ချိတ်ဆက်ပေးထားနိုင်ပါသည်။
https://t.me/YouthProgram_DYC
ကျောင်းသားရေးရာဌာန၊
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအင်စတီကျူ့ (HRDI)
31/05/2024
ဒီမိုကရက်တစ်လူငယ်ကောင်စီ၊လူငယ်နိုင်ငံရေးအဖွဲ့အစည်း၏ လူငယ်ရေးရာကော်မတီ၏ လူစွမ်းအားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးအင်စတီကျူ့မှ ဖွင့်လှစ်သည့် သင်တန်းများတွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊သူများအား HRDI နှင့် လူ့ငယ်ရေးရာလုပ်ငန်းများ မိတ်ဆက်ခြင်း အစီအစဉ်အား ဆောင်ရွက်ခဲ့ပါသည်။
ကျောင်းသားရေးရာဌာန
လူစွမ်းအားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးအင်စတီကျူ့
Click here to claim your Sponsored Listing.