Success Move Travel &Tours

Success Move Travel &Tours

Share

Photos from Success Move Travel &Tours 's post 17/06/2026

Taiwan Famous Foods🍴🍴
ထိုင်ဝမ်မှာ ကမ္ဘာကျော်အစားအသောက်တွေ အများကြီးရှိတဲ့ အထဲမှာမှ အချို့ကို အောက်မှာပုံလေးတွေနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်နော်။
နောက်လည်း လည်ပတ်စရာ နေရာလေးတွေ၊ အစားအသောက်ကောင်းတွေအကြောင်းကို ဆက်ပြီးတင်ပေးသွားမှာဖြစ်လို့ Pageလေးကို Like & Followလေး လုပ်ထားပေးနော်။ ❤️❤️❤️
လူကြီးမင်းတို့အနေနဲ့ အလည်အပတ်သွားမယ်ဆိုရင်တော့ ညီမတို့ Success Move Travel & Tours ကို သတိရလိုက်ပါနော်။ 📞📞📞
☎️Office phone number- 09-400561608, 09-400561618
🏡Office Address- အမှတ် (88) ၊ ပထမထပ်၊ မြောင်းကြီးလမ်းနှင့် ဇီဇဝါလမ်းထောင့် ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

16/06/2026

Jade Dragon Snow Mountain
Jade Dragon Snow Mountain လို့ခေါ်တဲ့ ဒီနှင်းတောင်ကြီးကတော့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လီကျန့်မြို့မှာတည်ရှိတာဖြစ်ပါတယ်။ တိတိကျကျဆိုရရင်တော့ လီကျန့်မြို့ဟောင်းရဲ့ မြောက်ဘက် ၁၅ ကီလိုမီတာအကွာမှာတည်ရှိတာပါ။ ဒီနှင်းတောင်ကြီးရဲ့ တောင်ခြေက Ganhaizi Medow လို့ခေါ်တဲ့ မြက်ခင်းပြင်ကျယ်ကြီးပေါ်မှာ တည်ဆောက်ထားပြီး သဘာဝနှင်းတောင်ကြီးကိုပဲ
နောက်ခံတံတိုင်းကြီးအဖြစ် အသုံးပြုကာ တင်ဆက်ပြသတဲ့ သရုပ်ပြဖျော်ဖြေပွဲကြီးကို ပြုလုပ်ကြပါတယ်။ ဒီဖျော်ဖြေတင်ဆက်မှုကတော့ နာမည်ကျော်ဒါရိုက်တာ Zhang Yimou ရဲ့ လက်ရာဖြစ်ပြီး ‌ဒေသခံလူမျိုးတို့က ဖျော်ဖြေတင်ဆက်ပြသတာပဲ ဖြစ်ပါတယ်။ ဒီတင်ဆက်မှုမှာတော့ ဒေသခံ နာ့ရှီး (Naxi) တိုင်းရင်းသားတို့ရဲ့ ရိုးရာယဥ်ကျေးမှုတွေနဲ့ ဒဏ္ဍာရီပုံပြင်တွေကို ဖော်ကျူးထားတာပဲ ဖြစ်ပါတယ်။
ဒီ Jade Dragon Snow Mountain နဲ့ ပတ်သတ်ပြီး ဒီလိုမျိုး ဒဏ္ဍာရီ ဇာတ်လမ်းတစ်ပုဒ်လည်းရှိပါသေးတယ်။ ရှေးအခါက Jade Dragon နဲ့ Haba ဆိုတဲ့ ညီအကိုနှစ်ယောက်ရှိပါတယ်။ တစ်နေ့မှာတော့ Jinsha River ထဲကို ဆိုးဝါးတဲ့ ဘီလူးတွေဝင်လာပြီး ဒေသခံတွေကို ဒုက္ခပေးကြပါတယ်။ အဲဒီအခါမှာတော့ ညီအကိုနှစ်ယောက်က ပြည်သူတွေကို ကာကွယ်ဖို့အတွက် ဘီလူးကြီးနဲ့ တိုက်ခိုက်ခဲ့ကြပါတယ်။ တိုက်ခိုက်ခဲ့ကြတဲ့ အချိန်မှာ ညီဖြစ်တဲ့ Haba ကကျဆုံးသွားခဲ့ပါတယ်။ အကိုဖြစ်သူကလည်း ဝမ်းနည်းကြေကွဲပြီး ရန်သူကို ဓား၁၃လက်နဲ့ အနိုင်ယူပြီး ပြည်သူတွေကို ကာကွယ်ပေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ညီအကိုနှစ်ယောက်လုံးက နှင်းတောင်တွေအဖြစ် ပြောင်းလဲ သွားပြီးတော့ ဓား၁၃လက်ကလည်း တောင်ထိပ်၁၃ခု ဖြစ်သွားတယ်လို့ Naxi တိုင်းရင်းသားတွေက ယုံကြည်ကြပါတယ်။
ဒီ Show မှာဆိုရင် ရှေး‌ခေတ်ကုန်သွယ်ရေး လမ်းကြောင်းနဲ့ ပတ်သတ်ပြီး ကုန်သည်တွေ မြင်းစီးသူရဲတွေရဲ့ ဘဝနဲ့ ကြံ့ခိုင်မှုကို ပြသတဲ့ သရုပ်ဖော်မှုကိုလည်းထည့်သွင်းတင်ဆက်ထားတာပါ။
ဒါ့အပြင် Show ‌မှာပါတဲ့ ဒေသခံ Naxi လူမျိုးတို့ရဲ့ နာမည်ကျော် “Yulong Third Kingdom “ ကိုအခြေခံထားတဲ့ Snow Mountain Impression (နှင်းတောင်နဲ့ ချစ်ခြင်းမေတ္တာပုံပြင်) ကတော့တစ်ကယ်ကို နာမည်ကျော်တဲ့ ဝမ်းနည်းဖွယ်ရာဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ရှေးခေတ်က နာ့ရှီးလူမျိုး စုံတွဲလေးတွေဟာ အတားအဆီးတွေနဲ့ သဘောမတူညီမှုတွေကြောင့် ပေါင်းဖက်ခွင့်မရကြတဲ့အခါ ဒီနှင်းတောင်ကြီးပေါ်ကနေ အတူတူ ခုန်ချကာ အသက်စွန့်ခဲ့ကြပါတယ်။ ဒီလိုခုန်ချအဆုံးသတ်ခြင်းဟာ နှစ်ယောက်သားအတူတကွ စိတ်ကူးယဥ်ပန်းဥယျာဥ်ကြီးနဲ့ ထာဝရပျော်ရွှင်ရမယ့်ကမ္ဘာကို ရောက်သွားမှာလို့ ယုံကြည်ကြပါတယ်။ ဒီလိုယုံကြည်မှုတွေကြောင့်ပဲ လူ့လောကမှာ ပေါင်းဖက်ခွင့်မရကြတဲ့ နာ့ရှီးလူမျိုးစုံတွဲတွေဟာ ဒီနှင်းတောင်တန်းကြီးပေါ်ကနေ အတူတူ ခုန်ချအဆုံးသတ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် သဘာဝတရားကို ချစ်ခင်မြတ်နိုးပြီး နတ်တွေ ဘိုးဘွားတွေကို ရိုးရာဒရမ်တီးခတ်ကခုန်ပြီး ဆုတောင်းမေတ္တာ ပို့သတဲ့ အခမ်းအနားလည်း ဒီအစီအစဥ်မှာ ပါဝင်ပါသေးတယ်။
ဒါကြောင့်မို့လို့ သဘာဝတရားကြီးကိုနောက်ခံထားပြီး ဖျော်ဖြေတင်ဆက်တဲ့ ထူးခြားပြီးရင်သပ်ရှုမောဖွယ်ကောင်းတဲ့ Show ကို Lijiang ရောက်တုန်းရောက်ခိုက်မှာ ဝင်ရောက်ကြည့်ရှုခံစားခဲ့သင့်ပါတယ်နော်။
နောက်လည်း လည်ပတ်စရာ နေရာလေးတွေ၊ အစားအသောက်ကောင်းတွေအကြောင်းကို ဆက်ပြီးတင်ပေးသွားမှာဖြစ်လို့ Pageလေးကို Like & Followလေး လုပ်ထားပေးနော်။ ❤️❤️❤️
လူကြီးမင်းတို့အနေနဲ့ အလည်အပတ်သွားမယ်ဆိုရင်တော့ ညီမတို့ Success Move Travel & Tours ကို သတိရလိုက်ပါနော်။ 📞📞📞
☎️Office phone number- 09-400561608, 09-400561618
🏡Office Address- အမှတ် (88) ၊ ပထမထပ်၊ မြောင်းကြီးလမ်းနှင့် ဇီဇဝါလမ်းထောင့် ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

Photos from Success Move Travel &Tours 's post 15/06/2026

ကောက်ညှင်းထုပ်ပွဲတော် ( Duanwu Festival 端午节 )
အခုလာမယ့် ဇွန်လ ( ၁၉ ) ရက်နေ့ဟာ တရုတ်နိုင်ငံရဲ့ ရိုးရာပွဲတော်ဖြစ်တဲ့ ကောက်ညှင်းထုပ်ပွဲတော် ကျင်းပမယ့်နေ့ရက်ပဲ ဖြစ်ပါတယ်။ ကောက်ညှင်းထုပ်ပွဲတော် ( Duanwu Festival ) ကို တရုတ်နိုင်ငံမှာ နှစ်စဥ်နှစ်တိုင်း လပြက္ခဒိန်အရ ပဥ္စမလ၊ ပဥ္စမရက်ရောက်ရင် ကျင်းပလေ့ရှိတာ ဖြစ်ပါတယ်။ တရုတ်ပြည်မကြီးမှာ ဒီပွဲတော်ရက်တွေကို တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပြီး ကျင်းပကြတာပါ။ ဒီပွဲတော်ဟာ နှစ်ပေါင်း ၂၀၀၀ ကျော်ကြာ သမိုင်းကြောင်းရှိခဲ့ပြီဖြစ်ပါတယ်။ ရှေးခေတ်က ချူ Chu နိုင်ငံရဲ့ မျိုးချစ်ကဗျာဆရာ ချူယွမ် Qu Yuan ကို အစွဲပြုပြီး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူချစ်တဲ့ တိုင်းပြည်က ရန်သူတွေရဲ့ သိမ်းပိုက်ခြင်းကို ခံလိုက်ရတဲ့အတွက် မျိုးချစ်စိတ်ပြင်းပြတဲ့ Qu Yuan ဟာ ဝမ်းနည်းကြေကွဲပြီး မြစ်ထဲကို ခုန်ချကာ မိမိကိုယ်ကို အဆုံးသတ်ခဲ့တာပါ။ ဒေသခံတွေဟာ သိသိချင်း မြစ်ထဲကို လှေနဲ့ လိုက်ကာ ကယ်ဆယ်ကြပေမယ့် မမှီလိုက်နိုင်ခဲ့ကြပါဘူး။ ဒါကြောင့်ပဲ ချူယွမ်ရဲ့ ရုပ်ကလာပ်ကို ငါးတွေ မစားနိုင်အောင် ပြည်သူတွေက ဝါးရွက် သို့မဟုတ် ကြူရွက်တွေနဲ့ ထုပ်ထားတဲ့ ကောက်ညှင်းထုပ် ( Zongzi )တွေကို မြစ်ထဲ ပစ်ချခဲ့ကြရာမှ ကောက်ညှင်းထုပ်ပွဲတော်ကို ယနေ့ထိတိုင် စဥ်ဆက်မပြတ် ကျင်းပခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီပွဲတော်နေ့ ( Duanwu Jie)မှာတော့ ကောက်ညှင်း၊ မှို၊ ဝက်သား၊ ပဲစေ့၊ ဘဲဥဆားငန် အစရှိတာတွေနဲ့ ထုပ်ထားကြတဲ့ ကောက်ညှင်းထုပ် ( Zongzi )တွေကို မိသားစုစုံစုံလင်လင် စားသုံးကြတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် နဂါးလှေလှော်ပြိုင်ပွဲ ( Dragon Boat Racing ) ကတော့ ဒီပွဲတော်ရဲ့ အသက်ပါပဲ။ ဒီပြိုင်ပွဲမှာဆိုရင်တော့ နဂါးခေါင်းနဲ့ နဂါးမြီးတွေ တပ်ဆင်ထားတဲ့လှေတွေကို တစ်ဖွဲ့နဲ့တစ်ဖွဲ့က အပြိုင်အဆိုင် အကြိတ်အနယ် လှော်ကြတာပါ။ ဟောင်ကောင်၊ မကာအိုနဲ့ ထိုင်ဝမ် တို့မှာလည်း နဂါးလှေလှော်ပြိုင်ပွဲကို ခမ်းခမ်းနားနား ကျင်းပကြပါတယ်။
ဒါ့အပြင် ဒီပွဲတော်အချိန်ဟာ တရုတ်နိုင်ငံရဲ့ အပူဆုံးအချိန်ကို ရောက်ခါနီးအချိန်မှာ ကျင်းပတာဖြစ်တာမလို့ ရှေးခေတ်တုန်းက အင်းစက်ပိုးမွှားတွေ၊ ပိုးကောင်တွေနဲ့ ရောဂါဘယအပေါင်းမှ ကင်းဝေးစေရန်အတွက် နဂါးမင်းကို ပူဇော်ကြပါသေးတယ်။ အိမ်ရှေ့တွေမှာလည်း အင်းဆက်ပိုးမွှားတွေရန်က ကင်းအောင် မုရားပင် (艾草 – Àicǎo)နဲ့ လင်းနေပင် (菖蒲 - Chāngpú) စတဲ့ အရွက်လေးတွေကိုလည်း ချိတ်ဆွဲကြပါတယ်။ ရောဂါအန္တရာယ်အပေါင်းမှ ကင်းစင်အောင် ဆေးဖက်ဝင်အပင်လေးတွေကိုလည်း အဝတ်စနဲ့ချုပ်ထားတဲ့ နံ့သာအိတ်လေးတွေကို ဆောင်ကြပါသေးတယ်။ ယနေ့ထိတိုင် ဒီရိုးရာဓလေ့လေးကို ပြုလုပ်ကြဆဲပါပဲ။
ဒါကြောင့်မလို့ ကောက်ညှင်းထုပ်ပွဲတော်ဟာ တိုင်းပြည်အပေါ် ထားရှိတဲ့ သစ္စာတရားနဲ့ မျိုးချစ်စိတ်ကို ဖော်ပြနေသလို တစ်ဖက်မှာလည်း မိသားစုဝင်တွေ အသက်ရှည်ကျန်းမာ ဘေးကင်းစေရန် ဆုတောင်းတာ ဖြစ်တဲ့ ချစ်စရာ ရိုးရာဓလေ့လေးတစ်ခုပဲ ဖြစ်ပါတယ်။
နောက်လည်း လည်ပတ်စရာ နေရာလေးတွေ၊ အစားအသောက်ကောင်းတွေအကြောင်းကို ဆက်ပြီးတင်ပေးသွားမှာဖြစ်လို့ Pageလေးကို Like & Followလေး လုပ်ထားပေးနော်။ ❤️❤️❤️
လူကြီးမင်းတို့အနေနဲ့ အလည်အပတ်သွားမယ်ဆိုရင်တော့ ညီမတို့ Success Move Travel & Tours ကို သတိရလိုက်ပါနော်။ 📞📞📞
☎️Office phone number- 09-400561608, 09-400561618
🏡Office Address- အမှတ် (88) ၊ ပထမထပ်၊ မြောင်းကြီးလမ်းနှင့် ဇီဇဝါလမ်းထောင့် ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

Photos from Success Move Travel &Tours 's post 14/06/2026

နတ်သက်ကြွေအောင်လှတဲ့ မက်မွန်ပန်းကမ္ဘာဆီသို့ 🍑 🍑

တရုတ်နိုင်ငံမှာ မက်မွန်ပန်းတွေ ပေါများလှပြီးအလှပဆုံးနေရာကတော့ တိဘက်ဒေသအတွင်းက Nyingchi မြို့လေးပဲ ဖြစ်ပါတယ်။
နွေဦးရောက်ပြီဆိုရင် နှင်းဖုံးနေတဲ့ တောင်တန်းကြီးရဲ့အောက်မှာ ပန်းရောင်မက်မွန်ပန်းခင်းကြီးက ရင်သပ်ရှုမောဖွယ်ကောင်းအောင်လှပလွန်းပါတယ်။ ဒါ့အပြင် ဟူနန်ပြည်နယ်က Fenghuang နဲ့ Wuxi မြို့လေးတွေကလည်း မက်မွန်ပန်းတွေရဲ့အလှကြောင့် နာမည်ကျော်ကြားပါတယ်။ ဒီလို လှပပြီး နှစ်လိုဖွယ်ကောင်းတဲ့ မက်မွန်ပန်း မက်မွန်သီးတွေကို အသုံးပြုပြီး တရုတ်ရိုးရာအစားအသောက်တွေ လည်း ထုတ်လုပ်ကြပါတယ်။ မက်မွန်သီးအနှစ်နဲ့ ပြုလုပ်ထားတဲ့ မက်မွန်ကိတ်၊ မက်မွန်ယိုနဲ့ မက်မွန်ပန်း လက်ဖက်ရည် ( Peach Blossom Tea) ကလည်း လူကြိုက်များလှတာပဲ ဖြစ်ပါတယ်။ မက်မွန်နဲ့ ပတ်သက်လာရင်တော့ နာမည်ကျော် ဆရာကြီးစွန်းဝူခုန်းကိုလည်း မချန်ခဲ့သင့်ပါဘူးနော်။ စွန်းဝူခုန်းနဲ့ ပတ်သက်ပြီး ပြောပြရမယ်ဆိုရင်တော့ ဒီလိုပါ။ နတ်ပြည်က အနောက်မိဖုရားကြီး Xi Wangmu ရဲ့ ဥယျာဉ်ထဲက နှစ်ပေါင်းထောင်ချီမှ တစ်ခါသီးတဲ့ နတ်မက်မွန်သီးတွေရှိပါတယ်။ အဲ့ဒီမက်မွန်သီးကို စားမိရင် ထာဝရအသက်ကိုရရှိတယ်လို့ တရုတ်ဒဏ္ဍာရီမှာ ယုံကြည်ကြပါတယ်။ ဒီဥယျာဉ်ကြီးကို စောင့်ရှောက်ဖို့ တာဝန်ပေးခံထားရတဲ့ ဝူခုန်းက မက်မွန်သီးတွေကို အကုန်လုံး ခိုးစားပစ်ခဲ့တာပါ။ ဒီလိုမျိုး ဝူခုန်းရဲ့ မက်မွန်သီးတွေ ခိုးစားတဲ့ ဇာတ်လမ်းကြောင့်လည်း မက်မွန်ဟာ တရုတ်ဇာတ်လမ်းတွဲတွေထဲမှာ ပိုပြီး နာမည်ကျော်လာပါတယ်။ ဒီလို ဒဏ္ဍာရီဇာတ်လမ်းတင်မကပဲ တရုတ်ဇာတ်လမ်းတွဲချစ်သူတွေကြားမှာ နာမည်ကျော်ကြားခဲ့တဲ့ Eternal Love ( 三生三世十里桃林 ) ဇာတ်လမ်းတွဲမှာ ပါတဲ့ မက်မွန်ပန်းခင်းကြီးကလည်း ဆွတ်ပျံ့ကြည်နူးဖွယ်ရာပါ။ ဒါကြောင့်မလို့ ဒီလိုမျိုး လှပလွန်းတဲ့ မက်မွန်ပန်းတွေကို တစ်ခေါက်တစ်ခါတော့ အရောက်သွားကြည့်ခွင့်ရရင်တော့ အကောင်းဆုံးပါပဲ။
အခုလိုမျိုး အပြင်မှာ မိုးတွေအုံ့ပြီး အေးစိမ့်နေတဲ့ အချိန်မျိုးမှာ မြင်ရုံနဲ့တင် စိတ်ကို လန်းဆန်းသွားစေမယ့် ပန်းရောင်မက်မွန်ပန်းတောကြီးရဲ့ အလှတရားက တကယ့်ကို ရင်သပ်ရှုမောစရာပါ။ လှလည်းလှ၊ စားလို့လည်းရသလို ဒဏ္ဍာရီဆန်ဆန် ဇာတ်လမ်းတွေလည်း ရှိတဲ့ မက်မွန်ပန်းလေးတွေအကြောင်းက ဒီလိုမိုးရွာတဲ့နေ့မျိုးမှာ ဖတ်ရတာ စိတ်ချမ်းသာစရာပါ။ အားလုံးပဲ စိတ်အပန်းပြေ ပျော်ရွှင်နိုင်ကြပါစေကြောင်းမက်မွန်ပန်းအကြောင်းလေးတွေ မျှဝေရင်းနဲ့ ကံကောင်းခြင်းတွေ မျှဝေလိုက်ပါတယ်နော်။ 🌸 🌧️"

နောက်ထပ်လည်း လည်ပတ်စရာနေရာတွေအကြောင်းသာမက နာမည်ကျော် အစားအသောက်တွေကြောင်းကိုပါ ဆက်လက်ဖော်ပြပေးသွားမှာဖြစ်လို့ pageလေးကို like&followလေး လုပ်ပေးထားနော်။🥰

လူကြီးမင်းတို့အနေနဲ့ အလည်အပတ်ခရီးထွက်မယ်ဆိုရင်တော့ ညီမတို့ Success Move Travel& Tours ကို သတိရလိုက်ပါနော်။ 📞📞📞

☎️Office phone number- 09-400561608, 09400561618
🏡Office Address- အမှတ် (၈၈) ပထမထပ်၊ မြောင်းကြီးလမ်းနှင့် ဇီဇဝါလမ်းထောင့်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

Photos from Success Move Travel &Tours 's post 13/06/2026

"တမလွန်ဘဝအထိပါ အချုပ်အခြာအင်ပါယာအပြည့်အစုံနဲ့ လွှမ်းမိုးချင်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ဧကရာဇ်ချင်ရှီဟွမ်နဲ့ သူ​၏ရွှံ့စစ်သည်တော်များ "

1974ခုနှစ်မှာ တရုတ်နိုင်ငံ Shaanxi ပြည်နယ်၊ Xian မြို့နားက ရွာလေးတစ်ရွာမှာ လယ်သမားအချို့ဟာ ရေတွင်းတူးရင်းနဲ့ ဒီရွှံ့မြေစေးစစ်သည်တော်ရုပ်ထုတွေကို မထင်မှတ်ပဲ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ တိတိကျကျဆိုရရင်တော့ Xianမြို့ရဲ့ အရှေ့ဘက် လီရှန်တောင် Mount Li ခြေရင်းနားမှာရှိတဲ့ ဧကရာဇ်ချင်ရှီဟွမ်ရဲ့ ဂူဗိမာန်အနီးမှာ ရှာတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီရုပ်ထုတွေဟာ နှစ်ပေါင်း၂၂၀၀ ကျော်ကြာ သမိုင်းကြောင်းရှိခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကို ပထမဆုံး စတင်စည်းရုံးသိမ်းသွင်းခဲ့ပြီး ချင်မင်းဆက် Qin Dynasty ကို တည်ထောင်ခဲ့တဲ့ ဧကရာဇ် ချင်ရှီဟွမ်က သူ့ရဲ့ တမလွန်ဘဝ ယုံကြည်ချက်တွေကြောင့် ဒီရုပ်ထုတွေကို ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ စစ်သည်တော်ရုပ်ထုပေါင်း ၈၀၀၀ ကျော်ရှိတာ ဖြစ်ပြီး ရုပ်ထုတစ်ခုချင်းစီဟာ မျက်နှာအမူအရာနဲ့ ဆံပင်ပုံတွေကအစ တစ်ခုချင်းစီ ကွဲပြားလျက်ရှိတာကို အံ့ဩဖွယ်ရာ တွေ့ရှိရတာပါ။ ဒါ့အပြင် ခြေလျင်စစ်သည်တော်တွေတင်မကပဲ မြင်းစီးစစ်သည်၊ လေးသမားတွေနဲ့ ဗိုလ်ချုပ်ကြီးတွေအပြင် မြင်းရုပ်ထုတွေနဲ့ စစ်ရထားတွေပါ ပါဝင်ပြီး စစ်ဗျူဟာခင်းကျင်းထားတဲ့ ပုံစံအတိုင်း ပြုလုပ်ထားပါတယ်။ ဒါ့အပြင်ကိုမှ ရုပ်ထုတွေ ကိုင်ဆောင်ထားတဲ့ လက်နက်တွေကလည်း ကြေးညိုနဲ့ ပြုလုပ်ထားတဲ့ လက်နက်အစစ်တွေ ဖြစ်ပြီး ခရိုမီယမ် နည်းပညာသုံးကာ သံချေးမတက်အောင် ပြုလုပ်ထားတာကို အံ့အားသင့်ဖွယ် တွေ့ရှိရတာပါ။ ဒါတွေကြောင့် 1987 ခုနှစ်မှာ UNESCO World Heritage Site အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပြီး ယနေ့လက်ရှိအချိန်ထိ ကမ္ဘာလှည့်ခရီးသွားတွေ သွားရောက်လေ့လာကြတဲ့ ထင်ရှားကျော်ကြားတဲ့ သမိုင်းဝင်နေရာတစ်ခု ဖြစ်လာပါတယ်။ ဒီရုပ်ထုတွေကိုတော့ တူးဖော်တွေ့ရှ်ိခဲ့တဲ့ နေရာမှာပဲ ပြတိုက်ကြီး ဆောက်လုပ်ပြီး စနစ်တကျ ထိန်းသိမ်းထားပါတယ်။
ဧကရာဇ်ချင်ရှီဟွမ်ရဲ့ ဂူဗိမာန်ကိုတော့ နည်းပညာလိုအပ်ချက်အရရော အတွင်းမှာ ဖောက်ထွင်းမယ့်ရန်သူတွေလက်က ကာကွယ်ဖို့ရန်အတွက် ပြဒါးတွေနဲ့ ပြုလုပ်ထားတာကြောင့် အဆိပ်ငွေ့တွေနဲ့ ပြည့်နှက်နေတာကြောင့်ပါ ယနေ့ချိန်ထိ မတူးဖော်သေးကြပါဘူး။

နောက်ထပ်လည်း လည်ပတ်စရာနေရာတွေအကြောင်းသာမက နာမည်ကျော် အစားအသောက်တွေကြောင်းကိုပါ ဆက်လက်ဖော်ပြပေးသွားမှာဖြစ်လို့ pageလေးကို like&followလေး လုပ်ပေးထားနော်။🥰

လူကြီးမင်းတို့အနေနဲ့ အလည်အပတ်ခရီးထွက်မယ်ဆိုရင်တော့ ညီမတို့ Success Move Travel& Tours ကို သတိရလိုက်ပါနော်။ 📞📞📞

☎️Office phone number- 09-400561608, 09400561618
🏡Office Address- အမှတ် (၈၈) ပထမထပ်၊ မြောင်းကြီးလမ်းနှင့် ဇီဇဝါလမ်းထောင့်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

Photos from Success Move Travel &Tours 's post 12/06/2026

စပိန်နိုင်ငံဟာ သမုဒ္ဒရာတစ်ခုနဲ့ ပင်လယ်နှစ်ခုကြားမှာ တည်ရှိတာမလို့ လတ်ဆတ်တဲ့ပင်လယ်စာတွေလည်း ပေါများလှပါတယ်။ စပိန်နိုင်ငံရဲ့ လူကြိုက်များပြီး အများဆုံးစားဖြစ်ကြတဲ့ အစားအသောက်အချို့အကြောင်းကို အောက်မှာ ပုံလေးတွေနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်နော်။
နောက်လည်း လည်ပတ်စရာ နေရာလေးတွေ၊ အစားအသောက်ကောင်းတွေအကြောင်းကို ဆက်ပြီးတင်ပေးသွားမှာဖြစ်လို့ Pageလေးကို Like & Followလေး လုပ်ထားပေးနော်။ ❤️❤️❤️
လူကြီးမင်းတို့အနေနဲ့ အလည်အပတ်သွားမယ်ဆိုရင်တော့ ညီမတို့ Success Move Travel & Tours ကို သတိရလိုက်ပါနော်။ 📞📞📞
☎️Office phone number- 09-400561608, 09-400561618
🏡Office Address- အမှတ် (88) ၊ ပထမထပ်၊ မြောင်းကြီးလမ်းနှင့် ဇီဇဝါလမ်းထောင့် ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

Photos from Success Move Travel &Tours 's post 11/06/2026

ကဲ ဒီတစ်ခါမှာတော့ ဥရောပအနောက်တောင်ပိုင်း ၊ အိုင်ဘီးရီးယား ကျွန်းဆွယ် ( Iberian Peninsula ) မှာရှိတဲ့ စပိန်နိုင်ငံအကြောင်းလေး မျှဝေပေးချင်ပါတယ်။ စပိန်နိုင်ငံရဲ့ မြို့တော်ကတော့ မက်ဒရစ်မြို့ဖြစ်ပြီး နိုင်ငံရဲ့ အလယ်ဗဟိုနဲ့ ဥရောပသမဂ္ဂ မှာ ဒုတိယအကြီးဆုံးမြို့ဖြစ်ပါတယ်။ စပိန်နိုင်ငံ မက်ဒရစ်မြို့တော်က ဥရောပ ထိပ်တန်းခရီးသွားမြို့တစ်မြို့ဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၆၆၇ မီတာ ( ၂၁၉၀ ပေ ) အထက်မှာ တည်ရှိပြီး ဥရောပမှာ မြေပြင်အမြင့်ဆုံး မြို့တော်တွေထဲ အပါအဝင်ဖြစ်ပါတယ်။ ၉ ရာစုနှစ်အစမှာ အာရပ်လူမျိုးတို့က စတည်ထောင်ခဲ့ပြီး ၁၆ ရာစုမှာ ဖိလစ်(၂)က စပိန်အင်ပါယာရဲ့ မြို့တော်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ မက်ဒရစ်မြို့ဟာ ကမ္ဘာကျော်ပြတိုက်တွေ၊ ဗိသုကာလက်ရာတွေတင်သာမက ကမ္ဘာ့အအောင်မြင်ဆုံး ဘောလုံးအသင်းတွေထဲကတစ်ခုဖြစ်တဲ့ ရီးယဲလ်မက်ဒရစ် (Real Madrid) အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ ဆန်တီယာဂို (Santiago Bernabéu) အားကစားကွင်းတည်ရှိရာမြို့ပဲ ဖြစ်ပါတယ်။ စပိန်နိုင်ငံ မက်ဒရစ်မြို့ရဲ့ ကျော်ကြားတဲ့နေရာအချို့ကို အောက်မှာ ပုံလေးတွေနဲ့တကွ ဆက်လက်ဖော်ပြပေးလိုက်ပါတယ်နော်။
နောက်လည်း လည်ပတ်စရာ နေရာလေးတွေ၊ အစားအသောက်ကောင်းတွေအကြောင်းကို ဆက်ပြီးတင်ပေးသွားမှာဖြစ်လို့ Pageလေးကို Like & Followလေး လုပ်ထားပေးနော်။ ❤️❤️❤️
လူကြီးမင်းတို့အနေနဲ့ အလည်အပတ်သွားမယ်ဆိုရင်တော့ ညီမတို့ Success Move Travel & Tours ကို သတိရလိုက်ပါနော်။ 📞📞📞
☎️Office phone number- 09-400561608, 09-400561618
🏡Office Address- အမှတ် (88) ၊ ပထမထပ်၊ မြောင်းကြီးလမ်းနှင့် ဇီဇဝါလမ်းထောင့် ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

Photos from Success Move Travel &Tours 's post 10/06/2026

ချယ်ရီပန်းတွေကို သဘောကျနှစ်ခြိုက်သူတို့အတွက် ချယ်ရီပန်းတွေကို ဝေဝေဆာဆာလှပစွာ ကြည့်ရှုခံစားနိုင်မယ့် တရုတ်နိုင်ငံက မြို့လေးတစ်မြို့ဖြစ်တဲ့ ဝူရှီး ( Wuxi )

တရုတ်နိုင်ငံ Jiangnan ဒေသကြီးထဲက Wuxi မြို့လေးကတော့ တရုတ်နိုင်ငံမှာသာမက ကမ္ဘာ့အကောင်းဆုံး ချယ်ရီပန်းကြည့်ဖို့အကောင်းဆုံးနေရာကြီး ၃ နေရာအထဲ တစ်နေရာအပါအဝင်အဖြစ် သတ်မှတ်ခံထားရတဲ့အထိ ကျော်ကြားလှပါတယ်။ Wuxi ရဲ့ ချယ်ရီပန်းရာသီက များသောအားဖြင့်ဆို မတ်လလယ်ကနေ ဧပရယ်လဆန်းအထိ ဖြစ်ပြီး တစ်မြို့လုံးက ချယ်ရီပန်းတွေနဲ့ ဖုံးလွှမ်းနေပြီး အလွန်ကို လှပတာပါ။ ဒါတင်မက ချယ်ရီပန်းကို သုံးပြီးပြုလုပ်ထားတဲ့ အစားအသောက်တွေလည်း ရှိပါသေးတယ်။ Wuxi ကို ချယ်ရီပန်းတွေ ကြည့်ဖို့ သွားလည်မယ်ဆိုရင် သွားသင့်တဲ့နေရာတွေကို ပုံလေးတွေနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်နော်။
နောက်လည်း လည်ပတ်စရာ နေရာလေးတွေ၊ အစားအသောက်ကောင်းတွေအကြောင်းကို ဆက်ပြီးတင်ပေးသွားမှာဖြစ်လို့ Pageလေးကို Like & Followလေး လုပ်ထားပေးနော်။ ❤️❤️❤️
လူကြီးမင်းတို့အနေနဲ့ အလည်အပတ်သွားမယ်ဆိုရင်တော့ ညီမတို့ Success Move Travel & Tours ကို သတိရလိုက်ပါနော်။ 📞📞📞
☎️Office phone number- 09-400561608, 09-400561618
🏡Office Address- အမှတ် (88) ၊ ပထမထပ်၊ မြောင်းကြီးလမ်းနှင့် ဇီဇဝါလမ်းထောင့် ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

Photos from Success Move Travel &Tours 's post 09/06/2026

ပြင်သစ်နိုင်ငံဟာ ရိုမန့်တစ်ဆန်ဆန်လှပပြီး ပြင်သစ်ဝိုင်တွေလည်း နာမည်ကျော်လှသလို နာမည်ကျော်ကြားတဲ့ အစားအသောက်အချို့ကိုလည်း အောက်မှာ ပုံလေးတွေနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်နော်။
နောက်လည်း လည်ပတ်စရာ နေရာလေးတွေ၊ အစားအသောက်ကောင်းတွေအကြောင်းကို ဆက်ပြီးတင်ပေးသွားမှာဖြစ်လို့ Pageလေးကို Like & Followလေး လုပ်ထားပေးနော်။ ❤️❤️❤️
လူကြီးမင်းတို့အနေနဲ့ အလည်အပတ်သွားမယ်ဆိုရင်တော့ ညီမတို့ Success Move Travel & Tours ကို သတိရလိုက်ပါနော်။ 📞📞📞
☎️Office phone number- 09-400561608, 09-400561618
🏡Office Address- အမှတ် (88) ၊ ပထမထပ်၊ မြောင်းကြီးလမ်းနှင့် ဇီဇဝါလမ်းထောင့် ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

Photos from Success Move Travel &Tours 's post 08/06/2026

အနုပညာလက်ရာတွေ၊ ရိုမန့်တစ်ဆန်လှတဲ့အလှအပတွေနဲ့ပေါင်းစပ်ပြီး လှပနေတဲ့ ပဲရစ်မြို့လေးရဲ့ လည်ပတ်စရာနေရာလေးများ

နောက်လည်း လည်ပတ်စရာ နေရာလေးတွေ၊ အစားအသောက်ကောင်းတွေအကြောင်းကို ဆက်ပြီးတင်ပေးသွားမှာဖြစ်လို့ Pageလေးကို Like & Followလေး လုပ်ထားပေးနော်။ ❤️❤️❤️
လူကြီးမင်းတို့အနေနဲ့ အလည်အပတ်သွားမယ်ဆိုရင်တော့ ညီမတို့ Success Move Travel & Tours ကို သတိရလိုက်ပါနော်။ 📞📞📞
☎️Office phone number- 09-400561608, 09-400561618
🏡Office Address- အမှတ် (88) ၊ ပထမထပ်၊ မြောင်းကြီးလမ်းနှင့် ဇီဇဝါလမ်းထောင့် ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

Want your business to be the top-listed Travel Agency in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

No 88, 1st Floor, Myaunggyi Street, Pazundaung Tsp
Yangon
11171