Monica’s Floral Lab

Monica’s Floral Lab

Share

Photos from Monica’s Floral Lab's post 08/09/2024

Monica Floral Lab ဆိုပြီးဖြစ်လာတဲ့ အကြောင်းလေးတစ်ဖြတ်ပေါ့ 💐

2019 February ဝန်းကျင်လောက်ကစမယ် အဲ့အချိန်မှာ ကိုယ့်ရဲ့ရည်းစားလေးနဲ့ စတွဲတဲ့အချိန်ပေါ့ သူကဘွဲ့ယူမယ်ဆိုတော့ ကိုယ်က ပန်းစည်းပေးချင်တာ 🤭 ပန်းစည်းကိုလဲ သူများနားကမှာတာထက် ကိုယ်တိုင်စည်းပေးချင်တာ အမှတ်တရဖြစ်အောင်ဆိုပြီးတော့ပေါ့ (ပန်းတောင်နေကြာပန်းပေးချင်တာ) ကိုယ့်နားမှာနေတာကြာအောင် 🤫 စတာပါ

နေကြာပန်းဆိုတာ ဂုဏ်ပြုတဲ့ သဘောလို့တော့ Google မှာဖတ်ရတာပဲ (မှန်မမှန်မသိ)

ကိုယ်ဆိုတာလဲ ပန်းစည်းဆိုတာကို တစ်ခါမှမစည်းဖူး ပန်းဆိုတာလဲ ဘယ်နားရှာဝယ်ရမလဲမသိ 🙂‍↕️
အဲ့တာနဲ့ ဇွဲမလျော့ဘူး ရှာဝယ်မယ်ကွာပေါ့ စည်းကြည့်မယ်ဆိုပြီး လိုက်ရှာဝယ် တကယ်မောနေရောပဲ (တစ်ခါမှမလုပ်ဖူးတာကိုး)

မှတ်မှတ်ရရ အဲ့ဘွဲ့ယူတဲ့နေ့က Work from home ရက် ဒါမဲ့ကိုယ်ကပန်းလဲစည်းရမယ် သူနဲ့လဲဓါတ်ပုံရိုက်မယ်ဆိုတော့ ခွင့်ယူလိုက်တယ် 📸👨‍🎓(ဤကား စကားချပ်)

အဲ့နေ့မှာ ဝတ်တဲ့ထမီကလဲ မေမေငယ်ငယ်ကဝတ်တဲ့ ကီမိုနိုလေး အရင်ခေတ်ဒီဇိုင်းပေါ့ အဲ့တာလေးကိုကိုယ့်အတိုင်းနဲ့ ပြန်ပြင်ပြီး ဝတ်ထားတာ အရမ်းကြိုက်လို့ဆို ဒါကိုလဲ ကိုယ်ကအမှတ်တရဝတ်ချင်တာ ♥️

ပွဲနေ့ဆိုတော့လဲ လူတွေကများ ဓါတ်ပုံရိုက်ပေးမဲ့သူကလဲမရှိပေါ့ အဲ့လိုနဲ့ပဲ ၂ ယောက်ပုံက ဖြတ်သွားတဲ့အစ်ကိုတစ်ယောက်ကို ရိုက်ခိုင်းခဲ့တာ အခုထိဒီပုံလေးကို အကြိုက်ဆုံးပေါ့ အသက်ဝင်လို့ 🥰

ဒီလိုနဲ့ပဲ ပန်းစည်းရရင်ပျော်လာတယ် သူငယ်ချင်းမွေးနေ့ဆိုလဲ ကိုယ်ကစည်းပေး ရုံးကလူကြီးမွေးနေ့ဆိုလဲ ကိုယ်ကအရင်းအတိုင်းပဲ အမြတ်ဆိုတာ မယူခဲ့ (ကိုယ်စည်းတာ လူတွေ သဘောမကျမှာစိုးခဲ့တာ) တစ်ခါတစ်လေအိတ်စိုက်ပြီး ရှုံးတောင်ရှုံးတယ် 😆

အခုထိလဲ ပန်းစည်းလေးတွေကို စျေးအသင့်တင့်နဲ့ လှတောင် အမြဲစည်းပေးဖြစ်တယ် (စီးပွါးရေးလုပ်ဖို့ ရည်ရွယ်ခဲ့တာ မဟုတ်တော့)

ဒီလိုနဲ့ပဲ ဒီ Monica Floral Lab လေးက ရပ်လိုက်လုပ်လိုက်နဲ့ ၅ နှစ်လောက်ရှိခဲ့ပြီပေါ့ 🎉

အခုထိလဲ YouTube ကပဲလေ့လာပြီးစည်းပေးဖြစ်နေတုန်းပါပဲ လိုအပ်ချက်တွေရှိပေမဲ့ ယုံယုံကြည်ကြည်နဲ့ မှာပေးတဲ့သူတွေကိုလဲ ကျေးဇူးပါရှင့် ♥️

Page လေး Active မဖြစ်တာကြာပြီမို့ စာအရှည်ကြီးရေးလိုက်ပါတယ် 😘

မင်မင်က ဟာသတွေပြောပြီးမွေးရာပါမျက်နှာမာပေမဲ့ သဘောကောင်းပါတယ်လို့…

Page

Photos from Monica’s Floral Lab's post 17/03/2024

မိုးလေးဖွဲတုန်း သတိရတယ် ☔️

အကြိုမိုးလေးတွေလဲ ရောက်လာပြီဆိုတော့ ပိတောက်ပန်းလေးတွေလဲ ပွင့်တော့မယ်နော် 🥰

ကိုယ်ချစ်ရတဲ့သူအတွက်ပေးချင်ရင်တော့ အခုပဲ ကြိုမှာထားလိုက်တော့နော် 🌼

📞 09259355770
📢 ဘရဏီလမ်း တောင်ဥက္ကလာပမြို့နယ် ရန်ကုန်မြို့

Photos from Monica’s Floral Lab's post 25/12/2023

🎄🥰Merry Christmas to you All 🎅

Jingle Bell Jingle Bell Jingle All the way 🎼🎶

Want your business to be the top-listed Interior Service in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon
120103