43 Dynamics DV Service
10/02/2023
Menဆိုတိုင်း masculine မဖြစ်နိုင်သလို women ဆိုတိုင်းလည်း feminine ဖြစ်ရမယ်မရှိတော့ပါဘူး
🤷🏻♂️ “မင်းကွာ ယောက်ျားကြီးဖြစ်ပြီး ငိုစရာလား၊ နင်က မိန်းကလေးဖြစ်ပြီး ဟင်းမချက်တတ်ဘူးလား?” 🤷🏻♀️
🤯 ဒီလိုစကားတွေကို စာဖတ်သူတို့ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်မှာလည်း ကြားနေကျဖြစ်သလို စာဖတ်သူတို့ကိုယ်တိုင်လည်း ပြောခံရဖူးပါလိမ့်မယ်။
🌻 ဒါဟာ ယောက်ျားလေး၊ မိန်းကလေးဖြစ်တာနဲ့ ပတ်သက်ပြီး မဖြစ်မနေ ပုံစံခွက်တစ်ခုထဲကိုထည့်ပြီး ပတ်ဝန်းကျင်က Stereotyping လုပ်တာ ဖြစ်ပါတယ်။
လူမှုအဖွဲ့အစည်းက “မိန်းကလေးဖြစ်ပြီး” ဆိုတာကနေ အစချီပြီး မိန်းကလေးတစ်ယောက်ရဲ့ အပြုအမူ၊ အနေအထိုင်၊ အဝတ်အစားတွေနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်အမျိုးမျိုး၊ စံနှုန်းသတ်မှတ်ချက်အမျိုးမျိုး ချမှတ်လေ့ရှိပါတယ်။ Stereotyping လုပ်ရာကနေ တဖြည်းဖြည်းနဲ့ နိမ့်ချဆက်ဆံတဲ့ Discrimination အဆင့်ထိ ရောက်သွားတတ်ပါတယ်။
🌻 ဖိုဝါဒကြီးစိုးတဲ့ လူမှုအဖွဲ့အစည်းတွေမှာ အများဆုံးကြားရလေ့ရှိတဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဘုန်းနိမ့်တယ်ဆိုတဲ့ အယူအဆဟာ အမျိုးသမီးတွေကို အမျိုးသားတွေထက် အမြဲတဆင့်နိမ့် ဆက်ဆံစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ အဲ့လိုသတ်မှတ်ချက်ကို အမျိုးသမီးတွေကိုယ်တိုင်ကပါ လက်ခံထားတတ်ကြပြီး ကိုယ့်ကိုယ်ကို ယောက်ျားတွေထက် နိမ့်ကျတယ်လို့ စိတ်ထဲမှာ အမြစ်တွယ်နေတတ်ပါတယ်။ ဒီလိုနဲ့ပဲ မိမိမှာရှိတဲ့ အရည်အချင်းတွေကို မထုတ်ဖော်တော့ဘဲ သိမ်ငယ်မှု၊ နိမ့်ကျမှုတွေနဲ့ အသားကျနေတတ်ကြပါတယ်။
🌻 ပတ်ဝန်းကျင်ရဲ့ ယောကျ်ား၊ မိန်းမ ဖြစ်မှုအပေါ် မူတည်ပြီး Stereotyping လုပ်တာတွေဟာ မိန်းကလေးတွေတင်မကဘဲ ယောက်ျားလေးတွေပါ ခံစားရလေ့ရှိပါတယ်။ ငယ်ငယ်လေးကတည်းက ယောက်ျားဆိုတာ မျက်ရည်မကျရဘူး ဆိုတာကနေစပြီး ယောက်ျားလေးဆိုတာ အမြဲသန်မာနေရတယ်၊ စိတ်ဓာတ်ကြံ့ခိုင်ပြီး ရဲရင့်ရမယ်ဆိုပြီး ရိုက်သွင်းခံခဲ့ရတော့ ယောက်ျားလေးတွေဟာ အဆင်မပြေတာတွေကို မဖွင့်ပြရဲတော့ဘဲ ကြိတ်မှိတ်နေရင်း စိတ်ကျန်းမာရေး ထိခိုက်ရပါတယ်။ စစ်တမ်းတွေအရ မိမိကိုယ်ကို အဆုံးစီရင်မှုဟာ အမျိုးသားတွေမှာ ပိုအဖြစ်များတာကို တွေ့ရပါတယ်။
🌻 ကျား၊ မ Stereotyping တင်မဟုတ်ပါဘူး၊ အခြား လူမျိုးရေး၊ ဘာသာရေး၊ အသားအရောင်၊ လိင်စိတ်တိမ်းညွတ်မှု စတဲ့ လူတစ်ဦးတစ်ယောက်ရဲ့ အခြေခံ လွတ်လပ်ခွင့်တွေအပေါ် မူတည်ပြီး လူတစ်ယောက်ကို Stereotyping မလုပ်သင့်ပါဘူး။ လူဟာ လူပဲဖြစ်တာကြောင့် လူသားအားလုံး တန်းတူညီမျှအခွင့်အရေးတွေ ရသင့်ပါတယ်။
🌻 ကမ္ဘာကြီးမှာ ခွဲခြားဆက်ဆံမှုတွေ မရှိတော့ဘဲ လူသားတိုင်း တန်းတူညီမျှအခွင့်အရေး ရနိုင်ဖို့အတွက်ဆိုရင် ကျွန်ုပ်တို့တစ်ယောက်ချင်းစီက စပြောင်းလဲသင့်ပါတယ်။ အာဏာရှင်မရှိတော့တဲ့ ခေတ်ကြီးမှာ ခွဲခြားဆက်ဆံမှုတွေပါ ပပျောက်ပြီး အဆင့်မြင့်လူမှုအဖွဲ့အစည်းအဖြစ် ပြောင်းလဲနိုင်ဖို့ အတွေးအခေါ် တော်လှန်ရေးပါ တစ်ပါတည်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
🌻 ကိုယ့်မှာကိန်းအောင်းနေတဲ့ အတွေးအခေါ်အမှားတွေကို အရင်ရှင်းထုတ်ပြီး ခေတ်မီအဆင့်အတန်းမြင့်တဲ့ လူမှုအဖွဲ့အစည်းကြီးကို တည်ဆောက်ဖို့ ပါဝင်ချင်တယ်ဆိုရင် Burma Academy Website မှာ ဆရာဖြိုးသီဟ ဆွေးနွေးသင်ကြားပေးထားတဲ့ “အတွေးအခေါ်တော်လှန်ရေးနှင့် ကျားမရေးရာအခြေခံ သဘောတရားများ (Gender Concepts)” သင်ခန်းစာကို https://tinyurl.com/BA-GenderConcept ကတဆင့် တက်ရောက်လေ့လာနိုင်ပါတယ်။ Self-Paced သင်ခန်းစာဖြစ်လို့ မိမိအဆင်ပြေသလို ဝင်ရောက်လေ့လာလို့ ရပါတယ်။
📌 Burma Academy ဟာ တော်လှန်ရေးအထောက်အကူပြု ပညာရေး Platform တစ်ခုဖြစ်ပြီး တော်လှန်ရေးမှာ အင်တိုက်အားတိုက် ပါဝင်နေတဲ့ တက္ကသိုလ်ကျောင်းသားတွေအတွက် ရည်ရွယ်ပြီး သင်ကြားပေးနေတာကြောင့် Burma Academy က ပို့ချနေတဲ့ သင်ခန်းစာတွေ အကုန်လုံးဟာ အခမဲ့ ဖြစ်ပါတယ်။
19/10/2022
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Yangon