Smash
03/10/2023
ASIAN GAMES မှာ ရွှေတံဆိပ်ဆုရယူနိုင်ခဲ့တဲ့ နာမည်ကြီး Team China ‼
Dota 2 Player တော်တော်များများရဲ့ Idol တွေဖြစ်ကြတဲ့ Ame, Somnus, XinQ တို့ပါဝင်တဲ့ Team China ကတော့ သူတို့ရဲ့အိမ်ကွင်း Hangzhou မြို့မှာကျင်းပတဲ့ ၁၉ ကြိမ်မြောက် Asian Games မှာချန်ပီယံဖြစ်ခဲ့ပြီး ရွှေတံဆိပ်ဆုကိုဆွတ်ခူးနိုင်ခဲ့ပါပြီ။
သူတို့အနေနဲ့ ဆီမီးဖိုင်နယ်မှာ NothingToSay, xNova, JT- တို့ပါဝင်တဲ့ Team Malaysia ကို ၂-၁ ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့ပြီးနောက် Grand Final အဆင့်ကိုတက်လှမ်းလာခဲ့တာဖြစ်ပါတယ်။
Grand Final မှာလည်း Team Mongolia ကို Game 1 ရှုံးနိမ့်ခဲ့ပြီးနောက် Game 2 နဲ့ Game 3 ကို ခက်ခက်ခဲခဲပြန်အနိုင်ရအောင်ဆော့ပြီး ချန်ပီယံဖြစ်လာခဲ့တာပါ။
ဒါဟာ TI6 နောက်ပိုင်း International Dota 2 Scene မှာ Chinese အသင်းတွေအနေနဲ့ ကြီးမားတဲ့အောင်မြင်မှုပြန်လည်ရရှိခဲ့တာဖြစ်သလို Grand Final တိုင်းရှုံးနိမ့်နေကြ Ame အတွက်လည်း သူ့ရဲ့ Curse ကိုချေဖျက်နိုင်ခဲ့တဲ့ပွဲတစ်ပွဲလို့ဆိုရမှာဖြစ်ပါတယ်။
TI12 ကလည်းနောက်တစ်ပတ်ဆိုစတင်တော့မှာဖြစ်လို့ European အသင်းတွေလွှမ်းမိုးနေတဲ့ Dota 2 Scene မှာ Chinese အသင်းတွေတစ်ဖန်ပြန်လည် Comeback နိုင်မလားဆိုတာတော့ ကျွန်တော်တို့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။
Team China Asian Games Roster
1. Ame
2. Somnus
3. Chalice
4. XinQ
5. Fantasy
Congratulations Team China 🏆
Dota 2 ကို အမိုက်စား Experience နဲ့ဆော့နိုင်မယ့် Viewsonic VX2728 Monitor အကြောင်းကို ဒီမှာလေ့လာလိုက်ပါ - https://www.viewsonic.com/mm/products/lcd/VX2728
29/09/2023
‼️M5 MM Qualifier Play-off ယခုစနေပါပြီ ‼️
မင်္ဂလာပါ Smash media မှ ကြိုဆိုပါတယ် ။
ဒီကနေ့မှာတော့ M5 အတွက် မြန်မာကိုယ်စားပြုခွင့်
ဘယ်အသင်းရသွားမလဲဆိုတာ စတင်အဖြေရှာကြ
မယ့် Day 1 စပါပြီ ။
( ၁၂ ခွဲဆိုပေမယ့် Technical Issue များကြောင့်
ခုထိ စဖို့ အဆင်မပြေသေးတာလို့ ကြားရပါတယ် )
Lower Bracket Match 1 - Ai vs Wrecking Crew
Lower Bracket March 2 - Falcon vs 9K MG နဲ့
နိုင်တာနဲ့ Grand Final ကို တန်းရောက်မယ့်
Upper Bracket Burmese Ghouls vs Mythic Seal
စတဲ့ ပွဲစဉ်တွေပဲ ဖြစ်ပါတယ် ။
သတိထားမိလား ပွဲကြိုသုံးသပ်ချက်တွေ ကစားပုံ
တွေအရင်လို တစ်ပွဲချင်းစီ မရေးပြတော့တာ ။
မြန်မာအသင်းတွေဟာ strong ပါတယ် ။ သူ့နည်း
သူ့ဟန်နဲ့ကို မဖြစ်နိုင်ဘူးထင်တာတွေ ပြည်တွင်း
ရော ပြည်ပမှာပါ လုပ်ပြတတ်သလို လူငယ်ကစား
သမားတွေ ပိုများလာတဲ့ ဒီလို ပြိုင်ပွဲမျိုးကိုတော့
ကျွန်တော့အနေနဲ့ ဘယ်ပွဲစဉ်ပဲဖြစ်ဖြစ် ပွဲပြီးမှပဲ
လက်ခုပ်တီးမှာဖြစ်ပါတယ် ။ ဒါကြောင့် ပွဲစဉ်
တွေအားလုံးကတော့ ရင်ခုန်စိတ်လှုပ်ရှားစရာ
အပြည့်စောင့်ကြည့်သွားရမှာဖြစ်ပါတယ် ။
(တစ်ချိန်ထဲမှာ ယှဉ်ပြိုင်နေတဲ့ Echo vs BLCK တို့
ပွဲစဉ်မှာ Echo က hero kill ၁၂ ကောင်လောက် ကွာ
နေရာကနေ နိုင်သွားပြန်ပါတယ် 😂 that ECHO )
နောက်ဆုံးရ Esports သတင်းတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်စေဖို့အတွက် Smash ကို ယခုပဲ Follow ထားလိုက်ပါ 👈
28/09/2023
‼️တစ်ပတ်တာ Hot အဖြစ်ဆုံးသတင်းများ
စုစည်းတင်ဆက်မှု ‼️
မင်္ဂလာပါ Smash media မှ ကြိုဆိုပါတယ် ။
ကဲ … ဒီရက်ပိုင်းအတွင်း ဘာတွေထူးလဲ
ဘာသတင်းတွေရှိနေမလဲဆိုတာ တူတူကြည့်
လိုက်ရအောင်ဗျာ ။ Hot အဖြစ်ဆုံး
သတင်းတွေကို တစုတစည်းထဲ ကျစ်ကျစ်
လေးတင်ဆက်ပေးလိုက်ပါတယ် ။
(1) BG's new assistant coach DJ
ပြည်ပထွက်ကစားမှု အဆင်မပြေဖြစ်ခဲ့တဲ့ DJ
အနေနဲ့ အခုချိန်မှာတော့ Burmese Ghouls ရဲ့
Assistant Coach ဖြစ်လာခဲ့ပါပြီ ။ MPL MY နဲ့
Moontoon တို့ ဆုံးဖြတ်ချက်ထဲအသက်သာဆုံး
ဖြစ်ခဲ့တဲ့ DJ ဟာ တကယ်ဆို အချိန် ၃ လစောင့်
စရာမလိုပဲ တခြားအသင်းဆီကို သွားလို့ရနေပါပြီ ။ ဒါဆို ခု M5 qualifier မှာ ဘာလို့ တရားဝင် drafting phase မှာ ဝင်မပါတာလဲဆို M5 qualifier အတွက် ကစားသမား ၊ နည်းပြစာရင်း
တွေက အစောကြီးကြိုပေးရတဲ့အတွက်
DJ က အရောက်နောက်ကျလို့
မပါဖြစ်တာလို့ ပြောလို့ရပါတယ် ။
(2) ပြိုင်ဘက် ၇သင်းလုံးကို နိုင်ထားတဲ့ ECHO
MPL PH မှာတော့ Farmer League ဖြစ်နေပြီ
လား ထင်ရလောက်အောင် ECHO က
လက်စောင်းထက်နေပါတယ် ။ Total 8 သင်း၊
ပြိုင်ဘက်၇သင်း ရှိတာမှာ ၇သင်းလုံးကို
အနိုင်ယူခဲ့တဲ့ ECHO ဟာ အင်ဒိုရဲ့ aggressive
အထာ ၊ ဖိလစ်ပိုင်ရဲ့ ညက်ညောခြင်း နှစ်မျိုး
လုံးကို ပေါင်းစပ်ပြီးဆော့နိုင်/ဆော့ပြတဲ့အသင်း
ဖြစ်နေတာကြောင့် ECHO မြန်မာပြည်လာတဲ့အခါ ဘာဆေးတွေများစားထားလို့လဲ ဆိုပြီး
စိတ်ပါရင်မေးဖြစ်အောင်မေးလိုက်ပါဦး ပရိသတ်ရေ
(3) အကြီးစားပြင်ဆင်မှုလုပ်သွားမယ့် AE
Play off မတက်တဲ့အပြင် ခါတိုင်း MPL ID မှာ
ကြမ်းတိုက်နေကြ အသင်းတွေရဲ့ ကျော်တက်မှု
တွေခံလိုက်ရတဲ့နောက် AE ရဲ့ CEO အနေနဲ့
အကြီးစားပြင်ဆင်မှုတွေ လုပ်သွားမယ်လို့
ဆိုပါတယ် ။ Roster / Coach အစုံကို ဘယ်မျက်နှာမှမထောက်ပဲ ချိန်းမယ်လို့ပြောပုံအရ
ဒေါသထွက် စိတ်ပျက်နေပုံရပြီး တစ်လက်ဆထဲမှာ MDL က အသင်းဖြစ်တဲ့ AE X အနေနဲ့လဲ
Group stage မကျော်ခဲ့တာမို့ လာမဲ့ကာလ
တွေမှာ အသင်းကြီးရော အသင်းငယ်ရောမှာ
ကြီးကြီးမားမားပြောင်းလဲမှုတွေ မြင်ကိုမြင်ရ
တော့မှာဖြစ်သလို Fancy ဆန်တဲ့ကစားပုံထပ်
Direct ကျတဲ့ ကစားပုံတွေဆီ ပြန်လည်
ရောက်ရှိလာဖို့ မျှော်လင့်မိပါတယ် ။
(4) RRQ ဆီ R7 တစ်ကယ်ပြန်လာတော့မှာလား
လက်ကောက်ဝတ်ဒဏ် ရှိလို့ဆိုပြီး အချိန်ကြာ
မြင့်စွာ အနားယူနေတဲ့ offlaner R7 ကတော့
RRQ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်တစ်ပွဲကို TV ကြီးနဲ့
ကြည့်ရင်း ကြိတ်မနိုင်ခဲမရ ခုံကထလာတာကို
သူ့ကိုယ်ပိုင် ig acc မှာ တင်ခဲ့ပါတယ် ။
Caption ကလဲ အချိန်တန်ပြီလားဆန်တဲ့
အရေးအသားဖြစ်တာကြောင့် သို့လောသို့လော
တွေ ဖြစ်နေပါတယ် ။ BANANA ဘယ်လောက်
ကောင်းအောင်ဆော့ပြပြ R7 လောက် ပိုမချစ်
နိုင်သေးတဲ့ RRQ Kingdom ကတော့ R7
Comeback ကို အမျှော်ကြီးမျှော်နေပြီပဲဖြစ်ပါတယ် ။ နောက်ထပ် ကပ်တိုးသတင်းလေးအနေနဲ့
Albert ဟာ Game livestream တစ်ခုမှာ
အသင်းဟောင်းကို ပြန်လာချင်ကြောင်း ပြောခဲ့
သလို RRQ CEO ကလဲ live မှာ ONIC ပြန်
ရောင်းရင် albertt ကို ပြန်ဝယ်ချင်ကြောင်း
ပြောဆိုခဲ့ပါတယ် ။ ဒါပေမယ့်လဲ contract တွေ
တစ်သီကြီးနဲ့ သွားရတဲ့ကိစ္စတွေမို့
ပါးစပ်ပြောတွေက လေထိုးလေလျော် လောက်ပဲ
မို့ သတင်းအဖြစ် သီးသန့်မဖော်ပြပေးတော့တာ
ဖြစ်ပါတယ် ။
(5) MPL ID Regular season MVP အတွက်
vote လို့ရနေပါပြီ ။
MPL ID ရဲ့ group stage ပွဲစဉ်တွေ အားလုံး
ပြီးဆုံးတဲ့နောက်မှာ award တွေအတွက်
ဆန်ကာတင်စာရင်းတွေ ထွက်ပေါ်လာပါပြီ။
အာ့ထဲမှာမှ ကျွန်တော်တို့မြန်မာ့ဂုဏ်ဆောင်
NAOMI အနေနဲ့ Regular Season MVP ,
First team roamer နဲ့ Rising star သုံးမျိုးမှာ
Nominee ဖြစ်ပါတယ် ။ ဒါကြောင့် ပုံမှာပါတဲ့
QR ကို scan ဖတ် link ထဲဝင် မိမိ gmail ဖြည့်
ပြီး voting လုပ်ရင်း NAOMI ကို ကျွန်တော်တို့
လက်နဲ့ ဆုတစ်ခုလောက်ဖြစ်ဖြစ် ပေးနိုင်ဖို့
Voting လေးတွေနဲ့ ဝိုင်းကြိုးစားပေးလိုက်ရအောင်ဗျာ
(6) MLBB scenes ထဲ China အသင်းတွေဝင်လာတော့မလား ။
နောက်ဆုံးသတင်းအနေနဲ့ MLBB ပြိုင်ပွဲတွေဆီ
China အသင်းတွေ လာနိုင်ချေရှိနေပြီ ဆိုတာလေး ပြောပြချင်ပါတယ် ။ Moontoon ကိုယ်တိုင်က China အခြေစိုက်ဆိုပေမယ့်
သူ့နိုင်ငံမှာတော့ ဆော့ကစားခွင့်ပိတ်ထားခဲ့ပြီး
လွန်ခဲ့တဲ့ လအနည်းငယ်ကမှသာ Beta
verison ထုတ်ခွင့်ပြုခဲ့တာပါ ။ ဒါဟာလဲ MLBB
ရဲ့ မားကတ်တအားကြီးမားလာတာကြောင့်လဲ
ပါကောင်းပါပါလိမ့်မယ် ။ Game အသီးသီးမှာ
တအားတော်ကြတဲ့ China နိုင်ငံသားတွေ
ဖြစ်တာနဲ့အညီ China အခြေစိုက်
ဂိမ်းမှာ အင်ဒို ၊ ဖိလစ်ပိုင်တွေ ကြီးစိုးနေမှုကို
အဆုံးသတ်တော့မလား စိတ်ဝင်စားဖို့ကောင်းနေပါတယ် ။ MLBB official page မှာ china စာနဲ့
နှုတ်ခွန်းဆက် post တင်ခဲ့မှု ၊ ယခုနှစ်
M5 Qualifier ကို ထပ်ပိုးအနေနဲ့
wildcard region လုပ်ပေးခဲ့မှုမှာ နောက်ဆုံး
region ကို ယခုထိ ထုတ်ဖော်ပြခြင်းမရှိသေးမှု
တွေကလဲ ဒီ ဖြစ်နိုင်ချေတွေကို ပိုပြီး
အားကောင်းစေခဲ့ပါတယ် ။ ဘာနေနေပါ တကယ်သာ China အသင်းတွေပါလာမယ်
ဆိုရင်တော့ အရင့်ရင် ပွဲတွေကထပ် ပိုမြိုင်ပြီး
ကြည့်ကောင်းလာမှာတော့ အမှန်ပဲ ဖြစ်ပါတယ် ။
နောက်ဆုံးရ Esports သတင်းတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်စေဖို့အတွက် Smash ကို ယခုပဲ Follow ထားလိုက်ပါ 👈
25/09/2023
Dreamleague Season 21 ချန်ပီယံဖြစ်လာခဲ့တဲ့ Team Spirit ‼
Riyadh Master ပြိုင်ပွဲမှာဘယ်သူမှမထင်မှတ်ပဲချန်ပီယံဖြစ်ခဲ့တဲ့ Team Spirit ကတော့အခုဆိုရင် နောက်ထပ် Tournament တစ်ခုဖြစ်တဲ့ Dreamleague Season 21 ကိုပါထပ်မံအနိုင်ရခဲ့ပါပြီ။
Team Spirit အနေနဲ့ Group Stage မှာပုံစံကောင်းတွေပြသခဲ့တဲ့အပြင် Play-Offs မှာလည်းအမှားအယွင်းမရှိပဲ Upper Bracket ကနေ Grand Final ကိုတက်ရောက်လာခဲ့တာပါ။
ဒါ့အပြင် Grand Final မှာလည်း Arteezy တို့ရဲ့ Shopify Rebellion ကို 3-0 ဆိုတဲ့ရလဒ်နဲ့ ပြတ်ပြတ်သားသားအနိုင်ရခဲ့ပြီး ချန်ပီယံဆုကိုထိုက်ထိုက်တန်တန်ဆွတ်ခူးခဲ့တာပဲဖြစ်ပါတယ်။
ဒီပြိုင်ပွဲရဲ့အောင်မြင်မှုမှာတော့ ထုံးစံအတိုင်း Carry Player 'YATORO' က အခရာကျခဲ့ပြီး 'Collapse' ရဲ့မထင်ရင်မထင်သလို ထ Carry တဲ့တစ်ပေါက်နဲ့ Midlaner 'Larl' ရဲ့အသင်းနဲ့တဖြည်းဖြည်းအံဝင်လာတဲ့ကစားပုံကလည်း Team Spirit ကို ပို Strong တဲ့အသင်းတစ်သင်းဖြစ်လာစေတာပါ။
လာမယ့်အောက်တိုဘာလမှာကျင်းပတော့မယ့် TI12 အရမ်းနီးကပ်လာချိန်မှာ ဒီပွဲရဲ့အောင်မြင်မှုက TI10 ချန်ပီယံ Team Spirit အတွက်တွန်းအားဖြစ်လာပြီး OG ခေတ်အလွန် 2 Times TI Champion အသင်းနောက်တစ်သင်းထွက်ပေါ်လာမလားဆိုတာတော့ ကျွန်တော်တို့ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။
Congratulations Team Spirit 🏆
Dota 2 ကို အမိုက်စား Experience နဲ့ဆော့နိုင်မယ့် Viewsonic VX2728 Monitor အကြောင်းကို ဒီမှာလေ့လာလိုက်ပါ - https://www.viewsonic.com/mm/products/lcd/VX2728
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon