Luxe Lounge
New vibe loading
15/06/2026
Page မှာတော့ စျေးရောင်းတဲ့ post တွေနဲ့ ပျော်ပျော်ပါးပါး content တွေပဲ တင်ချင်တာပါ။ အရင်ကဒီလို post မျိုး မတင်ချင်ပေမယ့် customer တွေ သိသင့်တဲ့အခြေအနေမို့ မျှဝေလိုက်ပါတယ်။
Rubies Live တွေကို အရင်က မကြာခဏ လုပ်ခဲ့ပေမယ့် ပစ္စည်းအပ်တာ အရမ်းနောက်ကျတဲ့အတွက် နောက်ပိုင်း Live မလုပ်တော့တာပါ။
ဒါပေမယ့် return customers တွေက အမေးများပြီး ဆိုင်ဘက်ကလည်း production တွေတိုးထားပြီ၊ ပစ္စည်းတွေကို ပိုမြန်အောင် စီစဉ်ပေးမယ်၊ အဆင်ပြေအောင် လုပ်ပေးမယ်လို့ ပြောတဲ့အတွက် ပြန်လည်လက်တွဲခဲ့တာ ဖြစ်ပါတယ်။
25 ရက်နေ့ Live အတွက် order ကို စောစောပိတ်ပြီး 1 ရက်နေ့ကတည်းက တင်ပေးထားခဲ့ပေမယ့် 15 ရက်နေ့မှ အခြေအနေကို သိရတာပါ။ Live မစခင်ကလည်း 2 weeks အတွင်း ပစ္စည်းပေးမယ်ဆိုတဲ့ deal နဲ့ လက်ခံခဲ့တာ ဖြစ်ပါတယ်။ ဒီကြားထဲမှာလည်း အဆက်မပြတ် follow up လုပ်နေခဲ့ပါတယ်။
ပစ္စည်းအားလုံး ရမယ်လို့ မျှော်လင့်ထားပေမယ့် 2 weeks ကြာပြီးမှ items တချို့ sold out ဖြစ်နေပြီး တချို့က pre-order 3 weeks ထပ်စောင့်ရမယ်လို့ သိရပါတယ်။
ဒီ post ဟာ May လကစပြီး brand တွေရဲ့ လက်ရှိအခြေအနေကို customers တွေ သိရှိနားလည်နိုင်ဖို့ မျှဝေတာဖြစ်ပြီး တခြား brand တွေပါ control လုပ်နိုင်ဖို့ကြိုးစားနေပါတယ် ( before May က ပို့ဖို့ကျန်ရှိနေတဲ့အထည်တွေပါ အမြန်ဖြတ်နိုင်အောင်စီစဉ်ပေးနေပါတယ်)
Wholesale လာမေးတဲ့ အမတွေကိုလည်း လက်ရှိအချိန်မှာ ငြင်းနေရတာ ဒီအကြောင်းအရင်းကြောင့်ပါ။ Wholesale သွားရင် ပိုမနိုင်ဖြစ်မှာစိုးလို့ customer တွေအပေါ် တာဝန်ယူနိုင်တဲ့အတိုင်းအတာအထိပဲ လုပ်ဆောင်ဖို့ ရွေးချယ်ထားပါတယ်။
စောင့်ဆိုင်းပေးနေတဲ့ customers အားလုံးကို အမြဲကျေးဇူးတင်ပါတယ်။ ပစ္စည်းတွေကို အမြန်ဆုံးနဲ့ အကောင်းဆုံးပုံစံနဲ့ ရောက်ရှိအောင် ဆက်လက်ကြိုးစားနေပါတယ်
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon