4UAC Accounting Service
29/11/2020
တန်ဆောင်မုန်းလပြည့်ည၌ ပစ္စည်းခိုးရခြင်းအကြောင်း
(ကျီးမနိုးပွဲ)
••••••••••••••••••••••••••••••••••••••••••••••••••••
တန်ဆောင်မုန်းလပြည့်ညသည် သူခိုးညလုံးဝမဟုတ်ပါ။
တန်ဆောင်မုန်းလပြည့်ညသည် ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ဖြစ်ပါသည်။
မြတ်စွာဘုရားသည် အဇာတသတ်ရှင်ဘုရင်အား
သာမညဖလသုတ်တော်ကို ဟောတော်မူ၍
ဘုရင်နှင့်တကွ နောက်ပါပြည်သူ တစ်သိန်းခန့်
ဗုဒ္ဓဘာသာဖြစ်တဲ့ညကြီးပါ။
ဒီလိုကြီးကျယ်ခမ်းနားတဲ့ ဗုဒ္ဓဘာသာနေ့ကြီးကို
မသမာသူများက စုတ်ပြတ်အောင် သူခိုးညဆိုပြီး
နာမည်တပ်လိုက်တော့ အမှန်တရား ပျောက်ကွယ်သလို
ဖြစ်သွားပါတယ်။
လွန်လေပြီးသော ရှေးအခါက ယောက်ကျားသားများ
ရှင်လိင်ပြန်ကြရဝယ် ဆေးမင်ကြောင်ထိုးသည့်ဓလေ့သည်
အထင်အရှားရှိခဲ့၏။ ရှင်ဘုရင်မှအစချီကာ မင်းညီမင်းသား၊
မှူးမတ်သူကြွယ်၊ ကုန်သည်၊ လယ်လုပ် အစချီကာ
သူရင်းငှားများစသော လူယောက်ကျားတို့သည်
ဆေးမင်ထိုးကြလေသည်။
ယခုခေတ်ကဲ့သို့ ကြုံသလိုထိုးခြင်း မဟုတ်ချေ။
ဆေးမင်ထိုးသည့်အခါ နက္ခတ်ကောင်း၊ အခါကောင်းကို
စောင့်ဆိုင်းကာ မှောင်ခန်းခေါ်မှင်ထိုးသည့် အခန်းတွင်
ကန်တော့ပွဲပေး၍ ထိုးရသည်။
ထိုသို့ ထိုးခဲ့ပြီးသော ယောကျာ်းတို့သည်
တန်ဆောင်မုန်းလပြည့်ည နက္ခတ်စုံချိန်တွင် ထိုးထားသည့်
ကြောင်တက်ကြောင်ဆင်းဆေး အစောင့်တို့သည်
တန်ခိုးပြသည်ဟု အယူရှိသောကြောင့် အရှင်မသိသော
ပစ္စည်းကို ခိုးယူကာ ခိုးကွင်း၌ ထားမြဲဖြစ်၏။
ထိုးကွင်းဆိုသည်မှာ ခိုးရာပါပစ္စည်းအား
ဘယ်သူဘယ်ဝါ၏အိမ်မှ ပစ္စည်းဖြစ်ကြောင်း
ခိုးကွင်းတွင် စာကပ်၍ ထားကြသည်။
ထိုသို့ခိုးရာတွင် အသက်ရှိသောအရာကို
ခိုးယူနိုင်စွမ်းသောသူသည် လူစွမ်းကောင်းဖြစ်လေသည်။
ရှေးအခါက နွားများနှင့် လူအိပ်နေသောကုတင်ကို
လူမနိုးအောင် ထမ်း၍ခိုးကွင်း၌ လာထားကြသည်။
မနက်မိုးလင်းသောအခါ ပစ္စည်းရှင်များက သင်္ကန်းအစုံဖြင့်
မိမိတို့ပစ္စည်းကို လာရွေးယူကြပြီး ကထိန်ပွဲကို ဆင်နွဲရသည်။
ပစ္စည်းခိုး၍ လူမိသောအခါတွင် ထိုသူကိုဖမ်း၍
ခိုးကွင်းတွင် ကတုံးတုံးကာ ပြာလူး၍ ထားကြသည်။
ကထိန်ပွဲတွင် ထိုခိုးသားကို ရွာသူကြီးက
တရားသူကြီးလုပ်ကာ တရားဆိုင်ခန်းဖြင့်
ဟာသလုပ်ကြပြီး ရဟန်းဝတ်စေမြဲဖြစ်သည်။
ဒီဘက်ခေတ်ရောက်လာတော့ တန်ဘိုးရှိပစ္စည်းတွေကို
တကယ် ခိုးလာကြတယ်။
လမ်းတွေပေါ်မှာ ကျက်သရေမင်္ဂလာမရှိအောင်
ရုပ်ပျက် ဆင်းပျက် ဆိုင်းဘုတ်တွေ ဖြုတ်ချ၊
အရက် ဘီယာ အစားအသောက်တွေ ပလူပျံအောင်
ပြန့်ကျဲနေတယ်။
အပျော်ကနေ အပျက်ဘက်ကို ဦးတည်လာကြတယ်။
အမှန်တရားကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ သိစေချင်၍
ရည်ရွယ်ရင်း ရေးသားဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။
...........
``ကျီးမနိုးပွဲ နဲ့ တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်´´
ကျီးမနိုးပွဲဆိုတာ ညဘက်မှာ ရပ်ကွက်ထဲက ရှိတာတွေပတ်ခိုးတာ၊ ကြက်ခိုးသတ်ပြီး ဘူးသီးနဲ့ချက်စားကြတဲ့ ပွဲများလား?
အဲ့ဒီလို မဟုတ်ပါဘူး။ ရှေးအခါက ကျီးမနိုးပွဲဆိုတာ ကိုယ်စွမ်းကိုယ်စ၊ ဆေးမှင်အစွမ်းကို စမ်းသပ်ကြတဲ့ပွဲဖြစ်ပြီး ချစ်စရာကောင်းတဲ့ ရိုးရာအလေ့အထ တစ်ခု ဖြစ်ပါတယ်။
တန်ဆောင်မုန်း လပြည့်ကျော် (၁)ရက်နေ့ဟာ ကြတ္တိကာနက္ခတ်နဲ့ ယှဉ်တဲ့နေ့ဖြစ်တဲ့အလျောက် ဆေးမှင်ထိုးပြီးသား ကာလသားတွေကို ထပ်ဆင့်ထိုးနှံပြီး သိဒ္ဓိအသစ် ထပ်တင်ပေးကြပါတယ်။ ဒါဟာ မှင်ကြောင်ထိုးတဲ့ ဒုတိယမြောက်တစ်ခေါက်ဖြစ်ပြီး ဂဝံ၊ ကြောင်ရုပ်၊ သူရဿတီ နတ်သမီးရုပ် တို့ကို ဖြည့်သွင်းထိုးနှံကြပါတယ်။ ကြတ္တိကာနက္ခတ်ဟာ အဟန့်၊အမှောင့်စတာတွေအတွက် အကာအကွယ်ဖြစ်တယ် အကျိုးပေးတယ်လို့ ယုံကြည်ကြတာကြောင့် ဒီလို အဟန့်အမှောင့်နဲ့ဆိုင်တဲ့ ဆေးအင်းတွေကို ဒီညမှာထိုးပြီး သိဒ္ဓိတင်ကြတာပါ။
ဒီလို ဆရာတွေက ထိုးပြီးရုံနဲ့ ကာလသားတို့ရဲ့ တာဝန်က မပြီးသေးပါဘူး။ ထိုးခဲ့တဲ့ ဆေးမှင်တွေဟာ ဘယ်လောက်အောင်မြင်ပြီးစီးတယ်ဆိုတဲ့ အကြောင်းကို လက်တွေ့စမ်းသပ်ရပါသေးတယ်။ ဒါကြောင့် ဆေးမှင်ဝိုင်းကနေ ထွက်လာပြီး မှောင်ရိပ်ခိုလို့ သန်းခေါင်ဗိုလ် လုပ်ကြရပါတယ်။ ဆိုလိုတာကတော့ မှောင်ရိပ်ခိုပြီး ရွာထဲက ပစ္စည်းတွေ ပတ်ခိုးရတယ်ပေါ့။ ခိုးတယ်ဆိုသော်ငြား လွယ်ကူလှတာတော့မဟုတ်ပါဘူး။ လရောင် ထိန်ထိန်လင်းနေတဲ့အပြင်ကို လူအားလုံးကလည်း မအိပ်ဘဲစောင့်နေကြတာပါ။ ဒါပေမဲ့ ဆေးမှင်ဝိုင်းက ထလာတဲ့ ကာလသားတို့ အတွက်တော့ ဆေးအောင်ရင် မှောင်ရိပ်ခိုလိုက်တာနဲ့ ကိုယ်ပျောက်တယ်လို့ ယုံကြည်ကြပါတယ်။
ဒီလိုနဲ့ ခိုးလို့ရလာတဲ့ပစ္စည်းတွေကို ရွာလယ်စည်းဝိုင်းထဲ စုပုံပြီး ထည့်ထားရပါတယ်။ ခိုးနေတာကို မိသွားရင်တော့ ရွာလယ်မဏ္ဍပ်မှာတင် တစ်ကိုယ်လုံးရွှဲစိုအောင် ရေလောင်းပြီး ဆံပင်တွေကို ညှပ်လို့ ကတုံးပါ ရိတ်ပေးလိုက်ကြပါတယ်။ ပြီးရင်တော့ မဏ္ဍပ်တိုင်မှာ ကြိုးနဲ့ချည်နှောင်ထားပါတယ်။
ရောင်နီလာရင်တော့ အခိုးခံရတဲ့အိမ်တွေက ကိုယ့်ပစ္စည်းကို အခကြေးငွေနဲ့ ပြန်ပြီးဝယ်ယူရပါတယ်။ ပုံထားတဲ့ အပုံက မြင့်လွန်းလို့ ကိုယ်ကိုယ်တိုင် မဖြုတ်နိုင်ရင်လည်း ဖြုတ်ယူခပေးပြီး ဖြုတ်ခိုင်းရပါသေးတယ်။ ဒီလိုမှမဟုတ်ဘဲ ကိုယ်ကိုယ်တိုင် တက်ဖြုတ်လိုက်လို့ အခြားပစ္စည်းတွေ ပြုတ်ကျပျက်စီးခဲ့သည်ရှိသော် လျော်ရပါသေးတယ်။ ဒီလို ခိုးရာပါပစ္စည်းတွေကို မူလပိုင်ရှင်တွေကို ရောင်းလို့ရတဲ့ငွေနဲ့ သင်္ကန်း ပရိက္ခရာတွေကိုဝယ်ယူပြီး ခေါင်းတုံးပြီးဖြစ်နေတဲ့ ဆေးမှင်သိဒ္ဓိမအောင်တဲ့ ခိုးသားတွေကို ရှင်ပြု၊ ရဟန်းခံခြင်းအမှုကို ပြုပါတယ်။ ကျီးမနိုးခင်အချိန်မှာ ဒါတွေအားလုံးကို အပြီးအစီးလုပ်ဆောင်ကြတဲ့ပွဲမို့ ဒီပွဲကို ကျီးမနိုးပွဲလို့ခေါ်ပါတယ်။
ရှေးအခါက ချစ်စရာဓလေ့တစ်ခုဖြစ်ပေမယ့် ခုချိန်မှာတော့ ကျီးမနိုးပွဲကို အခွင့်ကောင်းယူပြီး ပစ္စည်းတွေခိုးသွားကြကာ ပြန်မပေးတာမျိုးတွေ၊ သူများအိမ်က ကြက်ကိုခိုးလို့ သတ်ပြီး ချက်စားတာမျိုးတွေဟာ အချို့သော နယ်တွေမှာ ရှိနေဆဲပါ။ ရိုးရာဓလေ့ကို ထိန်းသိမ်းတယ်ဆိုသော်လည်း လွဲမှားနေတာမို့ အခိုးခံရတဲ့ ပိုင်ရှင်တွေမှာလည်း ဒုက္ခရောက်ကြတာမျိုးတွေ ရှိပါတယ်။
ဒါ့ကြောင့် ဒီလို ချစ်စရာကောင်းတဲ့ ရိုးရာဓလေ့တွေကို ပျောက်ပျက် အရုပ်ဆိုးအကျည်းတန်အောင် မလုပ်ကြဖို့ တိုက်တွန်းရင်း ရိုးရားဓလေ့ကို အများက ချစ်ခင်နှစ်သက်လာစေခြင်းဖြင့် ထိန်းသိမ်းလိုက်ကြပါစို့လား ခင်ဗျာ။
မူရင်းရေးသားမျှဝေသူအား လေးစာလျက်.......
(မဆင်မခြင်တလွဲယူခြင်းတွေ
ထိုလွဲမှားချက်တို့ကို တစ်ဆင့်မျှဝေပြောကြားခြင်းတွေ
အသိအမှတ်မှားအောင် လက်ဆင့်ကမ်းခြင်းတွေ
ကလေးသူငယ်များအား အမှားအယွင်းတွေ
မှတ်သားခြင်း ကင်းဝေးစေလိုသော
စေတနာဖြင့် မျှဝေပါသည်။)
#ရက္ခိတမဟာနွယ်
27/11/2020
ယူနီကုတ် သုံးလျှင် သင့်အတွက် ရလာမည့် အကျိုးကျေးဇူးများ
၁။ Gboard Keyboard သုံးလို့ ရသွားပါလိမ့်မယ်။ Gboard Keyboard မှာ မြန်မာလို ပါးစပ်က ပြောရုံနဲ့ အလိုအလျောက် စာရိုက်လို့ ရသွားပါလိမ့်မယ်။
၂။ Google Lens သုံးလို့ ရသွားပါလိမ့်မယ်။ Google Lens မှာ စာတွေကို ကင်မရာနဲ့ဓာတ်ပုံ ရိုက်ပြီး မြန်မာစာကနေ ကြိုက်တဲ့ ဘာသာစကားကို ပြောင်းလဲတာတို့၊ အင်္ဂလိပ်စာကို ဓာတ်ပုံရိုက်ပြီး မြန်မာစာပြောင်းတာတို့ ရသွားပါလိမ့်မယ်။ ဒါ့အပြင် မြန်မာလိုရေးထားတဲ့ စာရွက်ထဲက စာသားတွေကို ဓာတ်ပုံ ရိုက်ပြီး စာသားအဖြစ် ပြောင်းလဲသိမ်းဆည်းတာကိုပါ ရသွားပါလိမ့်မယ်။
၃။ ကိုယ် သွားချင်တဲ့နေရာကို မြန်မာလို ရိုက်ထည့်ရှာနိုင်မယ်၊ ကိုယ့်တည်နေရာကိုလည်း မြန်မာလို လမ်းပြပေးနိုင်မယ့် Google Maps သုံးလို့ ရသွားပါလိမ့်မယ်။
၄။ မြန်မာလို ပါးစပ်က ပြောပြီး ကမ္ဘာပေါ်ရှိ တခြားဘာသာစကားတွေကို ဘာသာပြန်ပေးနိုင်မယ့် Google Translate သုံးလို့ ရသွားပါလိမ့်မယ်။
၅။ ဝီကီပီးဒီးယားလို ကမ္ဘာကျော်စွယ်စုံကျမ်းထဲက အချက်အလက်တွေကို မြန်မာလို ဖတ်ရှုနိုင်ပါလိမ့်မယ်။
၆။ Youtube မှာ တင်ထားတဲ့ မည်သည့်ဗီဒီယိုကိုမဆို မြန်မာ စာတန်းထိုးနဲ့ ကြည့်နိုင်သွားပါလိမ့်မယ်။
၇။ Facebook မှာ ကိုယ်နဲ့ ဘာသာစကား မတူသူတွေနဲ့ ဆက်သွယ်တဲ့အခါမှာ ကိုယ့်ဘက်က မြန်မာလို ပြောရင် တဘက်လူ နားလည်မယ့် ဘာသာစကားကို အလိုလို ဘာသာပြန်ပေးပါလိမ့်မယ်။
၈။ စိတ်ခွန်အားပြည့်စရာ၊ ဗဟုသုတ ရစရာ ဗီဒီယိုတွေများစွာရှိတဲ့ TED Talk ကို မြန်မာလိုသုံးလို့ ရသွားပါလိမ့်မယ်။
၉။ အခမဲ့ ပညာသင်ကြားရေး Website ဖြစ်ပြီး လေ့လာသင်ယူစရာ များစွာရှိတဲ့ Khan Academy မှာ မြန်မာလို လေ့လာ သင်ကြားနိုင်သွားပါလိမ့်မယ်။
၁၀။ ကိုယ့်လက်ရေးနဲ့ ရေးထားတဲ့ စာတွေကို ကွန်ပျူတာစာစီတာမျိုးအတွက် Google OCR စနစ်ကို သုံးလို့ ရသွားပါလိမ့်မယ်။ ကွန်ပျူတာ သို့မဟုတ် ဖုန်းနဲ့ စာပြန်စီစရာမလိုတော့ပါဘူး။
အထက်ဖော်ပြပါ အကျိုးကျေးဇူးများဟာ သင့်အနေနဲ့ ဇော်ဂျီ သုံးနေသမျှ မရနိုင်မယ့်အရာတွေမို့ ဒီနေ့ပဲ ယူနီကုတ် ပြောင်းသုံးဖို့ တိုက်တွန်းပါရစေ။
: Zaw Thurein
Covid-19 ရောဂါရှာဖွေကုသပေးရာတွင်
ရှေ့တန်းမှ မလျော့သော ဇွဲလုံ့လတို့ဖြင့် ဦးစီးဦးဆောင်
ကိုယ်ကျိုးမဖက်ပဲကြိုးပမ်းဆောင်ရွက်နေကြသော
ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများ၊
စေတနာ့ဝန်ထမ်းများ နှင့်
အဖက်ဖက်မှပါဝင်ကူညီပေးကြသည့်
စေတနာရှင်များအား MBC မိသားစုမှ
အထူးလေးစားဂုဏ်ပြုလျက်...
Covid-19 ရောဂါရှာဖွေကုသပေးရာတွင်
ရှေ့တန်းမှ မလျော့သော ဇွဲလုံ့လတို့ဖြင့် ဦးစီးဦးဆောင်
ကိုယ်ကျိုးမဖက်ပဲကြိုးပမ်းဆောင်ရွက်နေကြသော
ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများ၊
စေတနာ့ဝန်ထမ်းများ နှင့်
အဖက်ဖက်မှပါဝင်ကူညီပေးကြသည့်
စေတနာရှင်များအား MBC မိသားစုမှ
အထူးလေးစားဂုဏ်ပြုလျက်...
https://m.facebook.com/story.php?story_fbid=4344504505623396&id=691804947560055
24/10/2020
ပရဟိတသမားကြီးဦးကျော်သူ
လေးစားရပါသောဦးကျော်သူ
အမြန်ဆုံးသက်သာ ပျောက်ကင်းကျန်းမာပြီး
ပရဟိတ အလုပ်တွေကို
ပြန်လည်လုပ်ဆောင်လာနိူင်ပါစေ...
ပရဟိတသမားကြီးဦးကျော်သူ
လေးစားရပါသောဦးကျော်သူ
အမြန်ဆုံးသက်သာ ပျောက်ကင်းကျန်းမာပြီး
ပရဟိတ အလုပ်တွေကို
ပြန်လည်လုပ်ဆောင်လာနိူင်ပါစေ...
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
11181
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:30 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:30 |
| Saturday | 09:00 - 17:00 |